Photobucket

Sunday, June 22, 2008

United States တွင် ပထမဦးဆုံး ကြုံတွေ့ခဲ့ရသော ကျောင်းသား ဘဝ


ကောင်းကင်ကြီး ညိုမဲနေသည်။ ပြင်းထန်စွာ အေးခဲလှသော လေများသည် ကျွနိုပ်အား ပြင်းထန်စွာ တိုက်ခတ် နေ လေသည်။ ဤရာသီ ဥတုမျိုး သည် ကျွနိုပ် ရှင်သန် ပေါက်ဖွားခဲ့သော ရာသီမျိုး လုံးလုံး မဟုတ်ပါချေ။ ကျွနိုပ်အဖို့ အလွန် စိတ်ညစ် စရာ ကောင်းသော နေ့တစ်နေ့ ပင်တည်း။ အချိန်က နံနက် ၉နာရီ တိတိ။ ကျွနိုပ် အရမ်းကို ဆာလောင် နေပါသည်။ နံနက်က စောစော ထကာ ဘတ်စ်ကား ဂိတ်ကို ပြေးပြီး ကားသွား စောင့်ရ သောကြောင့် နံနက်စာ နှင့် ဝေးခဲ့ပါသည်။ ဒါတောင် ဘတ်စ်ကား နှစ်စီး မရပ်ပဲ လူပြည့် နေသဖြင့် ကျွနိုပ်ရှေ့မှ ဖြတ်သွား ခဲ့သည်။ ကျွနိုပ် တက်ရမည့် ကျောင်းတော်ကြီး ထဲတွင် လမ်းလျှောက် နေပါသည်။ သခ်ျာ အခန်းကို တက်မည့် နေရာကို လိုက်လံ ရှာဖွေနေ ပါသည်။ မြင်ရသမျှ တွေ့ရသမျှ လူတွေ အားလုံး သုတ်သုတ် ခါခါနှင့် ပြေးလွှား နေကြသည်။ ကျွနိုပ်၏ ကောလိပ်တွင် ကောလိပ် စဖွင့် သည့် ပထမဦး ဆုံးသော ရက်ပင် ဖြစ်သည်။ ကျွနိုပ်အဖို့ ကောလိပ်၏ ပထမဦးဆုံး ရက်ဖြစ်သလို အမေရိကန် ပြည်ထောင်စု တွင် လည်း ကျောင်းသား ဘ၀၏ ပထမဦး ဆုံးသော နေ့ရက် ဖြစ်ပါသည်။ အမေရိကန်တွင် ကျွနိုပ်၏ ထိုနေ့ရက်ကား ရှုပ်ထွေးခြင်း၊ အထီးကျန် ဆန်ခြင်း၊ အပေါင်း အဖော် မရှိခြင်း အစရှိသည့် ပေါင်းစည်း ထားသော ခံစားချက်များ ဖြင့် ဖြတ်သန်း ခဲ့ရပါသည်။

အရာ အားလုံး ရှုပ်ထွေး နေပါသည်။ ကျွနိုပ်လည်း စိတ်အရမ်း ရှုပ်နေသည်။ ကျွနိုပ်၏ သခ်ျာ အခန်းအား တက်ဖို့ အခက်အခဲ ပေါင်း များစွာကို ရင်ဆိုင် ခဲ့ရသည်။ ကျွနိုပ် အတန်း အပ်ရသော နေ့သည် ပထမဦးဆုံး semester ဖြစ်သောကြောင့် အင်မတန်မှ နောက်ကျ သဖြင့် ကျွနိုပ် ကောလိပ် မဖွင့်ခင် အပ်ဖို့ အခွင့် အရေး မရရှိခဲ့ပါ။ ဒါကြောင့် သူတို့ ထုံးစံ အတိုင်း အတန်းထဲ သွားပြီး ထိုင်ကာ စောင့်ဆိုင်းသူ စာရင်းထဲ ထည့်ထား ရပေမည်။ ဤ ပထမနေ့တွင် ကျွနိုပ် ရှိရှိ သမျှ ထိုင်လို့ အားသည့် အချိန် မှန်သမျှကို သခ်ျာ Calculus အခန်းတွေ ထဲတွင် လိုက်လံပြီး ထိုင်ကာ စာရင်း သွင်းနေ ခဲ့ရပါသည်။ ကျွနိုပ်အဖို့ လှပသော ကျောင်းဆောင် အား ကြည့်ရှု ခံစားဖို့ အချိန် မရှိခဲ့ပါချေ။ ကျွနိုပ် မြန်မာပြည်က တွေးခဲ့သည့် အမေရိကန် ပြည်ထောင်စု ၏ ကောလိပ်ကျောင်းသား တစ်ဦး၏ ပုံစံများနှင့် အလွဲကြီး လွဲနေခဲ့ပါသည်။

မုန့် ဈေးတန်းမှာ ထိုင်ပြီး နေ့လည်စာ စားဖို့ ဟန်ပြင်တော့ အချိန်က နေ့လည် နှစ်နာရီတောင် ရှိပြီ။ ကျွနိုပ် တစ်ကိုယ်လုံး အင်အား ပြတ်လပ် သလို ခံစားရသည်။ တစ်မနက်လုံး ဘာမှ မစား နိုင်ပဲ ပြေးလွှားကာ အတန်း များကို လိုက် အပ်နေရသဖြင့် အင်မတန် စိတ်ရှုပ်လှ ပေသည်။ ကျွနိုပ် တစ်ယောက်တည်း စားသောက် နေတုန်း အခြားသူများ အုပ်စုများ အုပ်စုများဖြင့် စကား ပြောကာ လမ်းတွေ ဖြတ်လျှောက် သွားသည်ကို တွေ့ရသည်။ သူတို့အဖို့ အင်အား အပြည့်ဖြင့် ပြုံးပျော် ရွှင်မြူး နေကြသည်။ ကျွနိုပ် စဉ်းစား မိလေသည်။ ငါ အမေရိကန် ပြည်ထောင်စုကို လာဖို့ ဆုံးဖြတ်ချက် ချခဲ့တာ မှန်ရော မှန်ပါ သလား? ငါရှင်သန်ရာ ပတ်ဝန်းကျင်ကို နှုတ်ဆက် ခွဲခွာပြီး ဒီကို လာခဲ့တာ မှန်ရော မှန်ပါ သလား? အစရှိ သည့် မေးခွန်းများ ခေါင်းထဲတွင် ပလူပျံ နေခဲ့သည်။ ထိုအချိန်တွင် အဖြေက တစ်ခွန်းတည်း ရှိခဲ့သည်။ "ငါမှားပြီ" ဟု ဖြစ်သည်။ ငါအမြဲတမ်း ဘာလို့ ဒီလို မြန်ဆန်သော ဆုံးဖြတ်ချက်များ ချနေ သနည်းဟု မိမိ ဘာသာ အပြစ်တင် မိသည်။ လူတိုင်းက ပြောသည်။ အမေရိကန်က သိပ်သိပ် ကောင်းပါသည်။ အရမ်း မိုက်ပါသည်။ လူငယ်တွေ ရှေ့ရေး အဖို့ စွန့်စားမှုတွေ လုပ်ပြီး လာသည်။ မိမိတို့ မိဘ ထိန်းချုပ်မှု အောက်မှ ခွဲခွာပြီး ဒီရောက်ရင် ကြုံတွေ့ရမည့် အခက်အခဲများကို မစဉ်းစားပဲ လာခဲ့မိတာ ငါ့အမှားပါလား။ အစရှိသည့် နောင်တများ ဖြင့်..

အမိ မြန်မာမြေကို ခွဲခွာ ခဲ့သည်။ ဆေးတက္ကသိုလ်တွင် ပညာသင် ရမည့် ကျောင်းသား ဘ၀ကို စွန့်ပြီး အမေရိကန်ကို ခြေလှမ်းခဲ့သည်။ ကျွနိုပ် အားလုံးကို ချန်ခဲ့ပြီ.. ကျွနိုပ် ချစ်ရတဲ့ သူတွေ၊ ကျွနိုပ် နှလုံးသားကို မြှပ်နှံခဲ့သော မြန်မာပြည်၊ ကျွနိုပ် မွေးရပ်မြေ၊ ကျွနိုပ် ရှင်သန်နေကျ ရာသီဥတု၊ ကျွနိုပ် ကြိုက်သော အစား အစာတွေ၊ အားလုံး တစ်ချို့ ရေးချလို့ မရသည့် အရာများပါ အားလုံးကို ချန်ခဲ့ကာ ထွက်ခွာ လာခဲ့သည်။ ဒီလို အားလုံး စွန့်စားမှုတွေ အပြီးမှာ၊ ကျွနိုပ်က အခု ကျောင်းဆောင် တစ်ခု၏ အရှေ့တွင် ခုံတန်းတစ်ခု ပေါ်၌ ထိုင်ကာ ဗလာ နတ္တိ နှင့် စဉ်းစား နေသည်။ ကျွနိုပ်တွင် စိတ်ပျက်ခြင်းနှင့် အထီးကျန်ဆန်ခြင်းမှ တစ်ပါး ဘာမှ မရှိပါချေ။

အတွေး များဖြင့် အိုင်ဖွဲ့ ထိုင်နေရာမှ ထကာ အင်္ဂလိပ်စာ အတန်းသို့ ပြေးရ ပြန်သည်။ မနက်က တစ်မနက်လုံး သခ်ျာအခန်းကို လိုက်တက် ခဲ့ရသည်။ ၃ခန်းလောက် တက်ခဲ့ရသည်။ အင်္ဂလိပ်စာ အတန်း ပြီးတော့ ကွန်ပျူတာ အတန်းသို့ သွားသည်။ ကွန်ပျူတာ အတန်းပြီးတော့ အချိန်က ည ၆နာရီ ကျော်သွားပြီ။ အိမ်ပြန်လို့ မရသေးပေ။ ညစာလည်း မစားရသေးပေ။ သခ်ျာအတန်းကို ရဖို့ ညအခန်း ၂ ခုလောက် လိုက်ထိုင်ပြီး စာရင်း သွင်းရဦးမည်။ အားလုံး အတန်းတွေ ပြီးသွားတော့ အိမ်ကို ဘတ်စ်စီးကာ ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ အင်အား မရှိတော့ပီ။ အချိန်ကလည်း ည ၁၀နာရီ ခွဲကျော် သွားလေပြီ။ ကုတင်ပေါ်တွင် တစ်ခါတည်း အိပ်ပျော်သွားသည်။ ညစာပင် မစားနိုင်ကာ အိပ်ပျော် သွားပါသည်။

တကယ်တော့ ကိုယ့် မွေးရပ်မြေနှင့် ခွဲခွာပြီး လာခဲ့ရသည့် အလျောက် အခက်အခဲ ပေါင်းများ စွာကို အလျင်းသင့် သလို ရင်ဆိုင် ရမည်။ အမေရိကန်တွင် အားလုံး ကိုယ့်ဘာသာကို ရှင်သန်ကြရသည်။ ကျွနိုပ်၌ အရေးရယ် အကြောင်းရယ်ဆို အရင်ကလို အော်ခေါ်ဖို့ ဖေဖေနှင့် မေမေ အနားမှာ မရှိတော့ပြီ။ မိုးလင်းတွင် အဆင်သင့် ချက်ထား ပေးသော မေမေ၏ နံနက်စာ လည်း မရှိတော့ပြီ။ ခေါက်ဆွဲ ပြုတ်ဘူး တွေသာ ရှိသည်။ ကမန်း ကတမ်း ကားဂိတ်ကို အမှီ ပြေးရသော ဘ၀မှာ တိုက်ခတ်နေသော လေတွေကလည်း အေးလှသည်။ မိုးရွာလာရင် ထီးမပါ လာသဖြင့် ကြွက်စုပ် ဖြစ်သော နေ့၇က်တွေလည်း ရှိသည်။ အဝေးကြီးကို လမ်းလျှောက် သွားပြီး ဈေးသွားဝယ် ရပြီး ပြန်လာလျှင် အထုပ် အပိုးပေါင်း များစွာကို သယ်လာ ခဲ့ရသော နေ့ရက်များလည်း ရှိသည်။

အချိန်တွေ တစ်ဖြေးဖြေး ကုန်ဆုံးသွားရင်း ကြာလာတော့ ကျင့်သား ရလာလေပြီ။ အကောင်း ဘက်ကနေ တွေးတတ်လာပြီး အခြေအနေ တစ်ခုကို သင့်တော်အောင် ရှင်သန်တတ်ဖို့ ကျွနိုပ် နားလည် သိရှိလာခဲ့ပြီ။ ယနေ့ ယခုတော့ ကျွနိုပ်သည် ကောလိပ် တစ်ခု ၏ အနှစ်သာရကို နားလည် စ ပြုလာလေပြီ။ ကောလိပ်သည် စာတစ်ခုသာ သင်ပေးရုံမျှ မက ဘ၀ တစ်ခု၏ အကွေ့အကောက် များကိုပါ သင်ပေးနေပါသည်။ ယခု ကျွနိုပ် အများကြီး နေသား ကျသွားလေပြီ။ အခြေအနေ တွေလည်း အများကြီး တိုးတက် ကောင်းမွန်လာခဲ့ပြီ။ အင်မတန် ကောင်းသော သူငယ်ချင်းများစွာကို လည်း ရရှိခဲ့ပါပြီ။ တစ်ချိန်က အထီးကျန် ဆန်ပြီး ကြေကွဲလေ့ရှိသော ကျောင်းသား လေး တစ်ဦးလည်း ယခု မရှိတော့ပြီ။ သူယခု ရင့်ကျက်ကာ အနာဂတ်အဖို့ အင်အား အပြည့်ဖြင့် ချီတက် လျှောက်လှမ်း နေသော ကျောင်းသား အဖြစ်သို့ အသွင် ပြောင်းသွားခဲ့ပြီ။ သူ့၏ အားနည်းချက်များကို ခွန်အား အဖြစ် ပြောင်းလဲကာ အခြေအနေတွေကို အခက် အခဲတွေ ကြုံလာရင် ညှိနှိုင်း တတ်လာပြီ။ အကောင်းဘက်က နေပြီး တွေးတတ်လာပြီ။ အင်မတန်မှ အကျိုးရှိသော သင်ခန်းစာ များကို လေ့လာ ခဲ့ပါသည်။

ထိုးနည်းတူ ကျွနိုပ်တို့ သင်တို့ အားလုံးသည် အရာရာကို တွေးတော ဆုံးဖြတ်တော့မည် ဆိုလျှင် လျင်မြန်စွာ တွေးဖို့ မသင့်ပါချေ။ အားလုံးကို ခေါင်း အေးအေး ဖြင့် သေချာ စဉ်းစားပြီး အကောင်းဘက်မှ တွေးကာ၊ အခြေ အနေတွေကို သင့်တော်သလို ညှိနှိုင်း တတ်သွားမည် ဆိုလျှင် အနာဂတ်တွင် ထွန်းလင်း တောက်ပသော နေ့ရက်များသည် သင်တို့ ကျွနိုပ်တို့အား အမြဲတမ်း စောင့်မျှော် နေပါသည် ဟု ယုံကြည်လျှက်

Tea

မှတ်ချက်။ ။ ကျွနိုပ်အား Gtalk တွင် ဘလောခ့်ဖတ်သူ တစ်ဦးမှ လွန်ခဲ့သော ၁လ တွင် ယူအက်စ်တွင် စာသင်ရသော ကျောင်းသား ဘ၀၏ အခြေအနေများကို ခံစားလို့ ရအောင် မျှဝေပေးပါဟု တောင်းဆို ဖူးသဖြင့် ဤဆောင်းပါးလေးကို တင်ဆက်ရခြင်း ဖြစ်သည်။

21 comments:

ပါဂနာ said...

ကောင်းမွန်သော Post လေးပါ.
တက်နေဆဲ.နောက်ဆက်တက် ရဦးမယ့် ..
လှေကားထစ် တွေပါ.
(အစစ အရာရာ အဆင်ပြေ ပါစေဗျား)

နို့ . (ကျွန်ုပ် တို့ တော့မလုပ် လိုက်ပါနဲ့ . ညီရာ) ::P

Anonymous said...

We all are survivor who away from home and family.

We keep rolling with our hope, believe and confident for the best.

Good luck, Tea!! :)

PP said...

ပေဖူးတော့ ကျောင်းတက်စ ပထမအပတ်တုံးက Chemistry အတန်းသွားတာ ဂေါက်ကွင်းရောက်သွားတယ်။ အဲဒီက စပြီး golf ရိုက်ဖြစ်သွားတာ။ ^.^

Anonymous said...

အခုလို ပြောပြတာ ကျေးဇူးတင်၏

Welcome said...

အတွေ့အကြုံလေးတွေ မျှဝေပေးတဲ့ အတွက် ပါဝင်ခံစားနိုင်ပါတယ်။ ပို့စ်ကောင်းတစ်ပုဒ်ပါ။ အဆင်ပြေပါစေ.................

ကိုရင်နော်ခင်လေးငယ် said...

ကိုတီးရေ.. စာသားလေးတွေကြိုက်တယ်.. ဖတ်ပြီးတစ်မျိုးလေးခံစားရတယ်..

Welcome said...

အတွေ့အကြုံလေးတွေ မျှဝေပေးတဲ့ အတွက် ပါဝင်ခံစားနိုင်ပါတယ်။ ပို့စ်ကောင်းတစ်ပုဒ်ပါ။ အဆင်ပြေပါစေ.................

Anonymous said...

တီးတို့ကတော့ ထိတယ်။ ဆွေးသွားပြီနော်ာ်ာ်

=P

=)

=D

=]

Anonymous said...

Hey,

Today is my first day at your blog. Your blog appearance is the best I have seen. I am not bragging you and I am telling the truth. I like the post about your first day at your first college in the USA. I am willing to read more about your experiences and views about the college you attend. I will be a freshman studend too in coming semester. So, write more about your student's life and I will come tomorrow to read more, OK?

Have a good day!

Gu Gu said...

ဒီပို့စ်လေး မိုက်တယ်... အားပေးလျက်ပါ...

နတ္ထိ said...

Erich Segalရဲ့ The Classနဲ့ နင်လားငါလားပဲဗျာ။ အစပဲလို့ ထင်တယ်။ ဆက်ရေးအုံးမလား မသိ။

Anonymous said...

တီးရေ.. ဒီပိုစ့်လေးဖတ်ရင်းနဲ့ မဗေဒါရဲ့စင်္ကာပူရောက်စ ကျောင်းသူနေ့ရက်လေးတွေကိုပြန်သတိရမိတယ်.. တီးလိုပဲ..ကျောင်းရဲ့အလှအပကိုမခံစားနိုင်.. သူများတွေလိုလှလှပပမဟုတ်ပင်ပန်းနေတဲ့ရုပ်နဲ့...ပြေးပြေးလွှားလွှား ရောင်ရောင်ပေါင်ပေါင် အတန်းတွေမနဲရှာပြီးတက်ခဲ့ရတယ်.... ကျေးဇူးပဲ.. အတွေ့အကြုံလေးတွေမျှဝေတာ.. life in US လေးတွေကိုများများရေးပေးပါ..ကြော်ငြာစရာမလိုပဲမှန်မှန်လာဖတ်ပေးမယ်နော်...

Anonymous said...

တီးရေ.. ဒီပိုစ့်လေးဖတ်ရင်းနဲ့ မဗေဒါရဲ့စင်္ကာပူရောက်စ ကျောင်းသူနေ့ရက်လေးတွေကိုပြန်သတိရမိတယ်.. တီးလိုပဲ..ကျောင်းရဲ့အလှအပကိုမခံစားနိုင်.. သူများတွေလိုလှလှပပမဟုတ်ပင်ပန်းနေတဲ့ရုပ်နဲ့...ပြေးပြေးလွှားလွှား ရောင်ရောင်ပေါင်ပေါင် အတန်းတွေမနဲရှာပြီးတက်ခဲ့ရတယ်.... ကျေးဇူးပဲ.. အတွေ့အကြုံလေးတွေမျှဝေတာ.. life in US လေးတွေကိုများများရေးပေးပါ..ကြော်ငြာစရာမလိုပဲမှန်မှန်လာဖတ်ပေးမယ်နော်...

nyiyekhaung said...

တီးတစ်ယောက် ဘဝတက်လမ်းတွေကိုဖြည်းဖြည်းနဲ့
မှန်မှန်လျှောက်လှမ်နိုင်ပါစေဗျာ
good post fri go on>>>>>>

RePublic said...

ညီ တီးကတော့ ရိုက်ပ်ီဗျာ ၊၊အဲလိုခံစားရအောင် မလုပ်နဲ့ဗျာ၊၊ ..ဟီး
တီးရေ နေရာသစ်မှာ အစတော့အနည်းနဲ့အများ အားလုံးဒီလိုပါပဲဗျာ ၊၊ ခံစားနားလည်ပါ၏ ၊၊

Tea said...

အားလုံးကို ကျေးဇူးတင်၏။
နောက်နောင် အဆင်ပြေရင် ပြေသလို ကျောင်းသားဘ၀များ အကြောင်းကိုလည်း ရေးသွားပါဦးမည်။
လေးစားလျှက်..

Taungoo said...

အင်း...
အတီးတို့ကတော့ လုပ်ပြန်ပြီ
ကလေးပီပီ “သား“ တို့ “ကျွန်တော်“ တို့ လောက်မရေးဘူး။ “ကျွန်ုပ်“ တဲ့။ ဖတ်ရတာ စုံထောက်ဝတ္ထုရေးတာနဲ့တူနေတယ်။ “ကျွန်ုပ်“ ဆိုတာကြီးက ထောင့်တောင့်တောင့်နဲ့။
(ကျွန်ုပ်က အားမနာတမ်းဝေဖန်တတ်တယ်နော်း)

မေတ္တာဖြင့်

Unknown said...

Thanks for sharing. what the truth you wrote! I still remember those days I ate $1 burger to save money, I got together with other Burmese friends to try making long-missed Burmese food, occasions to get cheap phone cards to call home, and experience of using internet/ email for the first time.

Anonymous said...

I know that feeling.

Anonymous said...

this article is really amazing!

Anonymous said...

i'll be waitin' to read furthermore!