Photobucket

Friday, June 13, 2008

ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ် - အမှတ် ၂



ကိုထိုက်မင်း၏ ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။
ဒါကတော့ ကိုထိုက်မင်းကနေ အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးထားတာ ဖြစ်တယ်။ ဒီအစီအစဉ်ဟာ ပြည်ပနိုင်ငံတွေပိုမိုပြီး မြန်မာပြည်အကြောင်း နားလည်စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျဉ်းထောင်းမှာ ဆက်လက် ရှိနေဆဲဆိုတာကို မေ့မသွားကြရန်နှင့် ဒေါ်စု လွတ်မြောက်ရန်အတွက် ပိုမိုပြီး လှုပ်ရှားမှုများ ပြုလုပ်သွားနိုင်ရန် ဖြစ်ပါတယ်။ သွားရောက် လေ့လာနိုင်ပါသည်။


မုတ်သုံလေ၏ ဒီလိုပါပဲ
မုတ်သုံလေကနေ ဒီလိုပါပဲ ဆိုတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ သွားခံစားကြည့်ပါ။ ကျွန်တော်လဲ တစ်ချို့ လူကြီးတွေ မေးလာတဲ့ မေးခွန်းတွေဆိုရင် ဒီလိုပါပဲ ဒီလိုပါပဲ လို့ ဖြေဖြေဖူးတော့ မှတ်မှတ်ရရ ပြန်ညွှန်းပေးလိုက်ပါတယ်။


ထူးမြတ်၏ Myanmar Blogger နန်းတော်ရှေ့က ကျောက်ရုပ်ကြီ:
ကိုထူးမြတ်ကနေ မြန်မာ့ ဘလောခ့်လောကအကြောင်း ရေးသားထားတာပါ။ ဘလောခ့်လောက ကို ရောက်တာ ကြာနေပြီ ဖြစ်တဲ့ ကိုထူးမြတ်ရဲ့ ဆောင်းပါးလေး ဖတ်ပြီး သမိုင်းအကြောင်း လေ့လာနိုင်အောင် ထည့်သွင်း ညွှန်းလိုက်ပါသည်။ ကျောက်ရုပ်ကြီး ကိုထူးမြတ်ကို ကလိသွားထိုးနိုင်ပါသည်။


ကိုအောင်သာငယ်၏ အပြုံးကိုဆောင်ပြီး နှလုံးသားကို အလှဆင်ကြပါ
ကိုအောင်သာငယ်က ဘလောခ့်တိုက်ပွဲတွေကို မမြင်ချင်လို့ အပြုံးဆောင်ပြီး နှလုံးတွေကို အလှဆင်ဖို့ တိုက်တွန်းလိုက်တာပါ။ အလှဆင်လိုက်ကြပါစို့။


ကိုညီလင်းဆက်၏ အလှူပုံရိပ်များ
ဘလောခ့်ကိုပဲ သွားဖို့ ညွှန်းလိုက်သည်။ အလှူအကြောင်းတွေ ပိုစ့်တွေနဲ့ တင်ပြထားတယ်။ သာဓုသွားခေါ်နိုင်တာပေါ့ဗျာ။ :)


ကိုဟန်သစ်ငြိမ်၏ Blogger တို့၏ Burglish များ (၂)
အပိုင်း ၁ ကိုလည်း အရင် ဂျာနယ်-၁ မှာ ပြောပြပြီးပြီ။ အခုလည်း အပိုင်း - ၂ ကို ဆက်လက် အားပေးလိုက်ပါဦး။


မခင်လေးငယ်၏ မုဆိုးမတစ်ယောက်ရဲ့ အခန်း
မခင်လေးငယ်က အသံရှိတယ် အသံရှိတယ် ဆိုပြီး ကဗျာလေးတစ်ပုဒ် စပ်ထားတာ။ အခန်းထဲက အသံတွေပါ။ သွားနားထောင်ကြည့်ပါဦးနော်။


မမေ၏ ချစ်တဲ့တိုင်းပြည်နှင့်ချစ်ရသောပန်းပွင့်ကလေးများ
မမေရဲ့ ပိုစ့်လေးမှာ ဓာတ်ပုံလေးတွေနဲ့ အတူ မမေ သွားလှူလာတုန်းက အဖြစ်အပျက်လေးတွေကို သွားပြီး ခံစားကြလို့ရပါတယ်။ ကိုယ်တွေ့လေးတွေပေါ့ဗျာ။


ချစ်တဲ့ မနောမြေ မှ အော်ရီဂန်၊ ပို့တ်လန်းက နှင်းဆီပွဲတော် ( Rose Festival )
၁၀၁ကြိမ်မြောက် နိုင်ငံတကာ နှင်းဆီပွဲတော်ကို အမေရိကန်နိုင်ငံ အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ ပြီးခဲ့တဲ့ အပါတ် စနေနေ့က ပွဲတော် အထွတ်ထိပ်နေ့ အဖြစ် ကျင်းပစဉ် ဒူကဘာ ကိုယ်တိုင်သွားရောက် ရိုက်ကူးထားတဲ့ ပုံတွေပါ တဲ့။ သွားရောက် ကြည့်ရှုနိုင်ပါတယ်။


Republic ၏ လောင်စာ
လောင်စာဆီတွေ ဈေးတက်ပုံအကြောင်းကို ဟာသ ဗီဒီယိုလေးတစ်ခုနဲ့ ပြထားတာပါ။ မိုက်တယ်ဗျ။ :)


မီးပြတိုက်၏ အားနည်းချက်မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်
အင်မတန်မှ ကောင်းမွန် လှပသော အချက် ၁၁ချက်ကို သွားရောက် ဖတ်ရှုပါလို့ တိုက်တွန်းပါရစေ။


ကဗျာချစ်သူ၏ ကြေကွဲနေပေမယ့်လည်း…
မုန်တိုင်းကဗျာလေးကို ကဗျာချစ်သူက သီကုံးထားတာပါ။ ကြေကွဲစရာလေးပါ။ ခံစားနိုင်ပါတယ်။


ကိုဇီးကွက် ရဲ့ လက်ဆောင်
စိတ်အင်အားအတွက် ကဗျာလေး တစ်ပုဒ်ပါ။ နာမည်ကတော့ Charachter တဲ့။ သင်တန်းတက်တုန်းက ဆရာတွေက လက်ဆောင်ပေးခဲ့တာကို ပြန်မျှဝေတာတဲ့။ အသံထွက်ပြီး ဖတ်ကြည့်ပါတဲ့။ သွားဖတ်လိုက်ပြီး စိတ်အင်အားတွေ မြှင့်တင်လိုက်စို့။

Tea

2 comments:

ကိုရင်နော်ခင်လေးငယ် said...

ကို TeA ရေ....
အသံတွေ လာနားထောင်တယ်ဆိုတော့
ယုံကြည်ပါတယ် ..အားလုံး ကြားသွားတယ်ဆိုတာ.
ဒါပေမဲ့ တစ်သံတော့ ကြားလိုက်ဖူး ဟုတ် !!
ကိုရင်နော်ပေါ့....ထန်းပင်အောက်မှာ ထိုင်နေတာ....
ခေါင်းပေါ် အုန်းသီး ပြုတ်ကျလို့ တဲ့......အ..ဟီး
ံ(ခင်လေး)

RePublic said...

တီးရေ..ပို့စ်လေးအတွက်ကျေးဇူးလည်းတင်ပါတယ် ၊
ဝမ်းလည်းသာတယ်ဗျာ ၊