
လောကကြီးတွင် လူတစ်မျိုးရှိသည်....
ကိုယ်နှင့် အတူ ရှိနေသော အချိန်များ တွင် အစား အသောက် ကောင်းများကို ကိုယ့်အတွက် အမြဲ ချန်ထား တတ်ပြီး ရာသီ ဥတု အေးလျှင် အနွေးထည် ထပ်ဖို့၊ အပြင် ထွက်လျှင် အစစ အရာရာ သတိနှင့် နေဖို့ ဂရု တစိုက် အမြဲ မှာတတ်သည်။ တစ်ခါ တစ်ရံ ထိုအပြော များကို ကိုယ်က နားပူ သည်ဟု ထင်ခဲ့ သော်လည်း စိတ်ထဲ တွင်မှု နွေးထွေးသော မေတ္တာကို ခံစား ရသည်။ ကိုယ့်မုန့်ဖိုး လိုသော အချိန်တွင် လက်ဖြန့် တောင်းလျှင် ပိုက်ဆံ ရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြ တတ်သည်။ ပါးစပ်က တပျစ် တောက်တောက် ရေရွတ် နေသော်လည်း လက်က ပိုက်ဆံ ကမ်းပေး နေတတ်သည်။
ထိုလူမျိုးကို မိဘ ဟု ခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်....
အမှား အမှန် ခွဲခြား သိမြင်အောင် သွန်သင် ဆုံးမတတ်ပြီး သားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင် လမ်းညွှန် တတ်သည်။ စည်းကမ်းတွေ ချမှတ် ပေးတတ်ပြီး ဗဟုသုတ များကို မျှဝေ ပေးတတ်သည်။ ဆူပူ ကြိမ်းမောင်း ခြင်းမှာလည်း လူတော် လူကောင်း ဖြစ်စေ ချင်သော စေသနာ သာလျှင် ဖြစ်သည်။
ထိုလူမျိုးကို ဆရာဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်....
တစ်ခါ တစ်ရံ ကိုယ်နှင့် ရန်ဖြစ်တတ်ပြီး စကားနိုင် လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကို လုစား တတ်ပြီး မိဘ ကိုလည်း အတိုင် အတော လုပ်တတ် သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြား လူများထက် ပိုချစ်ပြီး ပိုဂရုစိုက် တတ်သည်။ အရေး ကြုံပါက သွေးနီး ကြသည်။
ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်....
မတွေ့ မမြင်ရလျှင် လွမ်းနေ တတ်ပြီး တွေ့ပြန်လျှင် ရင်တွေ ခုန်ကာ ဆွံအ နေတတ်သည်။ စိတ်ထဲ၊ အတွေး ထဲတွင် အမြဲ လွှမ်းမိုး နေတတ်ပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော် အောင်လည်း အိမ်မက် ထဲထိ ကြီးစိုး နေတတ်သည်။ ကိုယ့်အတွက် အလှပ ဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။
လောကကြီးတွင် လူတစ်မျိုးရှိသည်....
တခြားလူ မသိသော ကိုယ့်၏ လျှို့ဝှက်ချက် များကို သူသိသည်။ ကိုယ်စာ မရသော အချိန်တွင် ရှင်းပြ တတ်ပြီး ကိုယ်အမှား လုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး ၀န်ခံ ပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေး တတ်ပြီး ၀မ်းနည်းသည့် အချိန် များတွင် နှစ်သိမ့် တတ်သည်။ ကိုယ် အဆင်ပြေလျှင် သူ့ကို မေ့နေ တတ်ပြီး အဆင် မပြေသော အချိန်များ တွင် ကိုယ်ရင်ဖွင့် သမျှကို စိတ်ရှည်ရှည် နားထောင် ပေးတတ်သည်။ ကိုယ်နှင့် အတူရှိ နေမည့် အချိန်များက ချစ်သူ တစ်ယောက် ထက်ပင် ကြာရှည် ခိုင်မြဲတတ်သည်။
ထိုသူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
* * * * * * * * * * * * * * * * * * * * * * * * *
ဘာရယ် ညာရယ်မှ မဟုတ် ပါဘူးဗျာ။ ပေဖူးက ကျွန်တော့် မေးလ်ထဲကို Forward Mail တစ်ခု ပို့လာလို့ အထက်ပါ စာသားလေးတွေ ပါလာပြီး စိတ်ဝင်စားမယ် ကောင်းတာ ထင်လို့ တင်ပေး လိုက်တာပါ။ ဒါပေမယ့် စာကတော့ မိုက်ပါရဲ့။ တစ်ခု လိုနေသေးတယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ထပ်ဖြည့်ကြည့်မလို့လေ။ :)
နောက်ဆုံး စာကြောင်း၌ ကွက်လပ်ဖြည့်ပါ။ :)
လောကကြီးတွင် လူတစ်မျိုးရှိသည်....
အမှားနှင့် အမှန် ခွဲခြား နိုင်စွမ်း လုံးဝမရှိပဲ သူတစ်ပါးကို နှောက်ယှက်ရာမှာ မွေး ကထဲကပင် ပါရှိ လာသော ပင်ကိုယ် ဗီဇ ဖြစ်သည်။ မိမိကိုယ်ကို ကောင်းအောင် အရင် မကြိုးစားပဲ တစ်ခြား သူများကို မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ မခွဲခြား နိုင်ပဲ ပြစ်တင်၊ ရှုံ့ချ၊ ဝေဖန်၊ တိုက်ခိုက်၊ စော်ကား ဖို့ကို ၀န်မလေး သော သူများ ဖြစ်ကြသည်။ မိမိ၏ အားလပ်သော အချိန် များကို အကျိုးရှိစွာ အသုံး မချသည့် အပြင် တစ်ပါး သူကို ထိရောက် စော်ကားဖို့ လိုလားသော သူများ ဖြစ်ကြသည်။ တကယ်တော့ ထိုသူများ သည် အတ္တ ဆန်ပြီး လူတိုင်းကို အရောင် ဆိုးလိုသော စိတ်ဓာတ်များ ပိုင်ဆိုင်ထား ကြသည်။ ယုတ်မာ ကောက်ကျစ်သော စိတ်ဓာတ် များဖြင့် ဖွဲ့စည်း ထားသော သူများလည်း ဖြစ်ကြ ပေသည်။ လက်တွေ့ ဘ၀တွင် မျက်နှာဖုံး များကို ကိုယ်စီ ကိုယ်စီ တပ်ထား ကြရင်း မိမိတို့ ဘယ်သူ ဘယ်ဝါ ဆိုတာ အသိ မပေးပဲ အမှောင် ထဲမှ နေပြီး သူများ အတင်းကို ထိုင်တုတ် တတ်ကြသည်။ မနာ လိုခြင်း၊ အူတိုခြင်း၊ သိမ်ငယ် ခြင်းများ အမြဲလိုလို ဖြစ်တတ် ကြပြီး သူတစ်ပါးအား စိတ်အနှောက် အယှက် ပေးဖို့ ၀ါသနာ ပါသော လူများ ဖြစ်ကြသည်။ လောကကြီး၏ ကောင်းကျိုးကို မသယ်ပိုးပဲ မြင်သူ အပေါင်းကို အမုန်းပွားကာ ကြိမ်ဆဲ နေတတ်ကြသည်။
ထိုသူများကို ................... ဟုခေါ်သည်။
သေချာစဉ်းစားကြနော်။ ဟဲဟဲ။ ဘာမှ မဟုတ်ပါဘူး။ အပျင်းပြေ ပါဗျာ။ အခုတလော ရာသီဥတု တွေက သိပ်မကောင်းဘူး ဆိုတော့ အားလုံးကို မိုးလေ၀သ အခြေအနေ တွေကို ပြောပြ ထားတာပါ။
အားလုံး အတွက် အစဉ်ကြိုးစား အားထုတ်လျှက် လေးစား စွာဖြင့်
Tea
 



 
 
 
 


 
 
 
 




14 comments:
သြော်သြော်။ ဖြည့်မယ်နော်
ခွေး
HA-ha! တော်ပါပီတော်၊ ခွေးသိက္ခာကျတယ်ရ်
အဲ့ကောင်တွေကို အလေးမလုပ်စမ်းပါနဲ့
အလုပ်ရှုပ်လို့
ဟတ်
ဒါနဲ့ ပြောရဦးမယ်.. အဖြမှန်တဲ့သူတွေကို ရှယ်ဖျော်တိုက်မှာနော်.. ဟဲဟဲ
ကတီးး..အနော်.. စောစောစီးစီး အဆဲချင်ဘူးနော်... အဲ့လိုလူက ဆဲပေါက်ကြီးပေါ့... ဆဲပြီဗျာ.... “@..#$%.&..^!....#@$...%*” :D
ရန်သူ
Every movement we make there is a reason behind it... Just wondering that what would be the reason there...Can I just give my wild guess...??The answer is .......!
:D
အောက်တန်းကျသောခွေး
ဟီ ဟီ ဟီ
တီးရေ..အင်္ဂလိပ်လို ဖြေကြည့်မယ်ဗျာ..ဟက်ဟက်
*** IDIOT ***
တီးရေ အနှစ်သာရရှိတဲ့ တယောက်သောသူတွေကို တင်စားနေချိန်မှာ အဲဒါကြီးက တကယ်ကို ရုပ်ပျက်ပါတယ်။ အပြင်က ဘလော့လောကမှာ အတိုင်းပဲ။ ^.^
ဘလော့ဂ်အရောင်ဆိုးသူများ
အဖြေမှားလဲ တီးတော့ဆွဲလို့ရပါသေးတယ်။ ဇွန်းတပ်ပြီးသား.................
”ဆိုးသူ” မင်းသားဟုတ်ဘူးနော်
တင်ပြပုံကောင်းတယ်ဗျ
Bastard? Asshole? Moron?
LMAO~!% =O
I think "Those who act like dogs" since u put a dog pic in the start.
အရေးအသားကြိုက်ပါတယ်။
၁၀၀၁ ဘလော့ဂါတွေပေါ့၊
Post a Comment