Photobucket

Wednesday, June 18, 2008

ကြေကွဲခြင်းတည်းဟူသော ရသများဖြင့်


အားလုံး၏ ယုံကြည်ချက်တွေ...
မြန်မာပြည်၏ မျှော်လင့်ချက်တွေ...
တိုင်းသူပြည်သားတွေ၏ ရင်ခုန်သံတွေ...
ဆိုးရွားသော ဘ၀၏ အပိုင်းအခြားတွေ...

ဆက်လက် ဖြန့်ကျဲထားသော အတောင်တွေ...
ရင်ဆိုင် တွန်းလှန်နေသော တိုက်ခိုက်မှုတွေ...
ခိုင်မာ ပြင်းထန်ကုန်သော စိတ်ဓာတ်တွေ...
ရဲ့ရင့် တည်ကြည်သော အတွေးအခေါ်တွေ...

ပျံ့လွင့် ပျောက်ဆုံးကုန်သော အချိန်တွေ...
တစ်ကိုယ်တည်း ချုပ်နှောင်ခံရသော အချိန်တွေ...
အရာရာကို အမြဲလိုလို ပူဆွေးနေရသော အချိန်တွေ...
ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုတွေ ရင်ဆိုင်ရသော အချိန်တွေ...

ပေးဆပ်ခြင်း၊
တွန်းလှန်ခြင်း၊
သည်းခံခြင်း၊
ဝမ်းနည်းခြင်း၊
ပူဆွေးခြင်း၊
အိုမင်းခြင်း၊
ရင်ဆိုင်ခြင်း၊
ကျော်လွှားခြင်း။

ဒါတွေအားလုံး အတွက်.....
အတိုင်းမသိ၊
အဆုံးမရှိ၊
အမြဲထာဝရ၊
လေးစား ချင်ခင် ကြည်ညို အားပေးလျှက်...

ကြေကွဲခြင်းတည်းဟူသော ရသများဖြင့် ယခုလို နေ့ထူးနေ့မြတ်မှာ အမေစုအား မွေးနေ့မင်္ဂလာပါဟု နှုတ်ခွန်းဆက်သလိုက်ပါသည်။

Tea(ရင်တွင်းဖြစ်)

6 comments:

Welcome said...

မင်္ဂလာရှိသော မွေးနေ့မင်္ဂလာဖြစ်ပါစေဗျာ...

Welcome said...

မင်္ဂလာရှိသော မွေးနေ့မင်္ဂလာဖြစ်ပါစေလို့.....

ကိုရင်နော်ခင်လေးငယ် said...

အမေကျန်းမာပါစေ..

Anonymous said...

အမေ မွေးနေ့မှ ၆၃ရက်အတွင်း အကြာခင်ကာလ မှာ လွတ်လပ်တဲ့အမေရဲ့ ဒီမိုကရေစီနည်းလမ်းကောင်းတွေကို ကြားနာရပါစေ လို့ ဆုတောင်းလိုက်ပါတယ်

မွေးနေ့မှစ မဂ်လာအပေါင်းခညောင်းပါစေ

Anonymous said...

"She".. still the One.
" *** HAPPY BIRTHDAY *** "

nyiyekhaung said...

ခိုငှက်ကလေးတွေနဲ့ အတူသူမအမြန်ဆုံးပျံသန်းနိုင်ပါစေဗျာ