Photobucket

Sunday, June 15, 2008

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင့် စကားဝိုင်း အမှတ်-၃


Updated News::

စကားဝိုင်း အမှတ်-၃ကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး စီဘောက်စ်မှာ ပျော်ရွှင်စွာ ဆွေးနွေးခဲ့ပါသည်။ ကျွန်တော် ပုံမှန် ၁နာရီ ကြာမည့်အစား စကားဝိုင်းသည် ၂နာရီ ကြာခဲ့ပါသည်။ ဒေါ်စု၏ ခင်ပွန်း သားသမီးများမှ အစ မြန်မာပြည်၏ ရှေ့ရေး အတွက်ပါ အားလုံး ပြောဖြစ်ခဲ့ပါသည်။ အားလုံးကလည်း ဒေါ်စု အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ပါသည်။ ဆီဗုံးမှာ ၀င်ပြောတာကတော့ ၆ယောက်ကနေ ၉ ယောက်ကြားရှိပါသည်။ ဒါပေမယ့် ထိုင်ကြည့်ပြီး အားပေးနေ သူတွေက ပိုများပါသည်။ သူတို့ကတော့ ဘာပြောရမှန်း မသိလို့ပါတဲ့။ :) အားပေးသူတွေကလည်း အယောက် ၂၀လောက် ရှိပါတယ်။ ကျွန်တော်တို့ အားလုံး စကားဝိုင်း မစခင် ၆၃ စက္ကန့် ငြိမ်သက်စွာ နေပြီး ဒေါ်စုအတွက် ရည်ညွှန်းပြီး အထိမ်းအမှတ်တစ်ခု ပြုလုပ်ခဲ့ပါသည်။

ပြီးတော့ ဒေါ်စုနှင့် မြန်မာပြည် ရှေ့ရေးအကြောင်း ပြောဖြစ်ပါတယ်။ မိုက်ယယ်အေးရစ်(စ်)၊ အောင်ဆန်းဦး တို့ အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသည်။ ပြီးတော့ ဒေါ်စု ၏ အိမ်ထောင်ရေးနှင့် ရွေးကောက်ပွဲ အကြောင်းများ၊ ဒေါ်စု တက်လာခဲ့လျှင် မြန်မာပြည် အခြေအနေများ အကြောင်းများ၊ ပြည်သူပြည်သားတွေ သူမအပေါ်ထားသော ယုံကြည်မှုများ၊ ဒေါ်စု လွတ်မြောက်ရေးများ အစရှိသည်တို့ကို စုံလင်စွာ ပြောခဲ့ကြပါသည်။ မြန်မာနိုင်ငံကြီး၏ ရှေ့ရေးကိုလည်း ပူပင်စွာ ပြေဆိုခဲ့ကြပါသည်။ စည်းလုံးခြင်းတို့၊ ညီညွတ်ခြင်းတို့၊ စိတ်ဓာတ်တို့၊ အားနည်းချက်တို့၊ မှားယွင်းနေတာတွေ၊ စိတ်ဝမ်းကွဲနေတာတွေ ကိုလည်း ပြောဖြစ်ခဲ့ကြပါသည်။ စစ်တပ် အကြောင်းတွေ၊ နအဖအကြောင်းတွေ၊ စတာတွေကိုလည်း ပြောဖြစ်ခဲ့ပါသည်။

နောက်ဆုံး ၂နာရီကြာဆွေးနွေးသွားပြီးလို့ စကားဝိုင်းလေးကို သိမ်းပြီး ကိုယ်စီ ပြန်သွားခဲ့ကြပါသည်။ သူငယ်ချင်း ၅ယောက် လောက်ကလည်း စကားဝိုင်း အပြီး ကျွန်တော့်ကို အိမ်ကူရှင်းပြီး ဖျာတွေ ကူလိပ်ပေးခဲ့ပါတယ်။ :)

အခုလို စကားဝိုင်းလေးအတွက် ပါဝင်ဆွေးနွေးသူများ၊ ကြည့်ရှုအားပေးသူများ အားလုံးကို ကျေးဇူးတင်ပါသည်။

ဒီအောက်က အပိုင်းက စကားဝိုင်းမစခင် ကြိုတင် ပိုစ့်ပေးထားတဲ့၊ ဒေါ်စု၏ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေ၊ ဖြစ်ပါတယ်။




အမှာစကား ပြောကြားခြင်း

ဟုတ်ကဲ့ - ကျွန်တော့်အိမ်မှ စကားဝိုင်း - အမှတ် ၃ ကို မကြာမီ စတင်ပါတော့မည်။ ကျွန်တော်တို့ ဒီစကားဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ၁၉ရက်နေ့ တွင် ကျရောက်မည့် မွေးနေ့အား ဂုဏ်ပြုကာ ပြုလုပ်ခြင်းဖြစ်သည်။ ကျွန်တော်တို့ သူမနှင့် ပတ်သက်သော ကိစ္စများကို ယနေ့ စကားဝိုင်းတွင် ဆွေးနွေးတိုင်ပင် သွားမည်ဖြစ်သည်။

ကျွန်တော် မောင်တီးမှ နေပြီး Organizer အနေဖြင့် စီစဉ်သွားမည်ဖြစ်သည်။ ဤအချိန်အတွင်း ၀င်ရောက် နှောက်ယှက်သူများကို စီစဉ် ထုတ်ပယ်သွားမည် ဖြစ်ပါသဖြင့် အနှောက် အယှက်များအား ကြိုတင်သတိ ပေးအပ်ပါသည်။ Animated Icons များကို ဤအချိန် အတွင်းတွင် အတတ်နိုင်ဆုံး လျှော့သုံးပေး ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ကျေးဇူးတင်ပါသည်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * *

ပထမဦးဆုံး လာမည့် ဇွန်လ ၁၉ရက်နေ့တွင် ကြရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃နှစ်ပြည့် မွေးနေ့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု အမေ့အတွက် ကျွန်တော့်အိမ်မှ လူငယ်များနှင့် သူငယ်ချင်းများ၊ စာဖတ်သူများ မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ကျန်းမာပါစေ။ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။



အားလုံး ကြည့်လို့ ရအောင်အခု၊ ကျွန်တော် ဒေါ်စု ဓာတ်ပုံလေး တွေကို စုစည်းမိသမျှ အားလုံးကို တင်ပေးလိုက်ပါတယ်။ Sildeshow လေး လုပ်ပြီး စုလိုက်တာပါဗျာ။



SONGS

လောလောဆယ် စကားဝိုင်းလေးကို မစခင် ဒေါ်စုအတွက် သီချင်းလေးတွေ ကို နားထောင်ကြည့်ရအောင်။ တော်ကြာ စကားဝိုင်းလေး အတွင်းမှာလဲ ဒီ သီချင်းလေးတွေ ကို ဖွင့်ထားလို့ ရပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ဆို ပိုကောင်းတာပေါ့ဗျာ။ ဒီအောက်က YouTube က သီချင်းတွေကလည်း ကျွန်တော် အမြဲလိုလို နားထောင်ဖြစ်တဲ့ သီချင်းတွေပါ။ ငြိမ်းချမ်းရေး နတ်သမီးတို့လို သီချင်းတွေ တစ်ခါ တစ်ခါ နားထောင် မိရင် မျက်ရည် ၀ဲရပါတယ်ဗျာ။














ARTICLE

သီချင်းလေး နားထောင် ပြီးသွားရင် .. ဒေါ်စု အကြောင်း ကျွန်တော် ရေးထားခဲ့ဖူးတဲ့ ဆောင်းပါးလေးကို လည်း သွားရောက် ဖတ်ရှုနိုင်ပါသည်။ ဤနေရာကို နှိပ်ပါရန်။


သူမအစား ဆုတောင်းပေးလျှက်
Tea

No comments: