Photobucket

Thursday, June 5, 2008

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂



အပိုင်း - ၁ လေးက ဒီမှာ။ ကြည့်ချင်ရင် မျဉ်းတားထားတာလေးကို နှိပ်ပြီးသွားကြည့်ပါ။

ဒီတစ်ခါ အပိုင်း-၂ ကို အထူးအဆန်းလေး ဖြစ်သွားအောင် ကျွန်တော်က မစ္စတာ အော်ပိုးဇစ် နှင့် ဂျီတော့ခ်မှာ သွား ချက်ပါသည်။ ကျွန်တော့်အိမ်ရဲ့ စကားဝိုင်းလေး အတွက်ပေါ့ဗျာ။

ကျွန်တော်ကတော့ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကိုအော်ပိုးဇစ်က အစိုးရ ဘက်တော်သားဆိုတော့ သူ့ကို ချက်ဖို့ ကျွန်တော်က ဒီ စကားဝိုင်းလေး အတွက် အစိုးရရဲ့ အမှားတစ်ချို့ကို ထောက်ပြတယ်။ သူက အဲ့ဒါတွေကို ပြန်ရှင်းပြတယ်။ သူ့အမြင်နဲ့ပေါ့လေ။ ကျွန်တော်က သူ့ရဲ့ ဆန့်ကျင်ဘက် နေရာမှာ နေပေးပြီးတော့ သူနဲ့ ဆွေးနွေးတာပေါ့ဗျာ။ ကိုအော်ပိုးဇစ်ရဲ့ မူရင်း နိုင်ငံရေး ပေါ်လစီလေးတွေကို သေချာ ရှင်းချင်လို့ပေါ့ဗျာ။ အဲ့တော့ ကျွန်တော်က စကားဝိုင်းအတွင်းမှာ ကိုအော်ပိုးဇစ်ကို ရှင်းပြချက်ပေးနိုင်ဖို့ လက်ရှိ နအဖ စစ်အစိုးရရဲ့ မှားယွင်းချက် အနည်းငယ်ကို ပြောတယ်လေ။

ရယ်စရာလေးတွေလည်း ပါတယ်။ ပျင်းမှာဆိုးလို့ပါ။ ကျွန်တော့်အိမ်က မည်သူမဆို ယဉ်ကျေးစွာ ဆက်ဆံသော ကြောင့် ဤစကားဝိုင်းတွင် ကိုအော်ပိုးဇစ်လို အစိုးရလူတွေနဲ့ လည်း ချိုသာစွာ ဆွေးနွေးပြီး စကားဝိုင်းလေးကို အောင်မြင်စွာ ပြောကာ နှစ်ဦးနှစ်ဘက် အပြုံးမပျာက် နိဂုံးချုပ်လာပါတယ်။

တောင်းဆိုချက် - လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ပြောဆိုပိုင်ခွင့် သည် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကိုအော်ပိုးဇစ်၏ အမြင်များကို အပြစ်အပြောလို။ သူ့တွင်လည်း သူ့ပြောပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ၂ယောက် ကိုယ့်ထောင့် ကိုယ်ယူကာ ဆွေးနွေးခဲ့သည်။

ကယ် - စကားဝိုင်းစပြီဟေ့


Intro
3:33 PM me: ကိုအောပိုးစစ်ကြီး
နေကောင်းလား
Oppositeye: ဗျာ
တီင်္းရှော့
ကောင်းပါတယ်
me: ဒါနဲ့ နာမည်ဘယ်လိုခေါ်တုံး
ကိုအော်ပိုးစစ်မျက်လုံးလို့တော့ မခေါ်ခင်ျဘူး
Oppositeye: ပြောရတာလဲ အားနာပါတယ်ဗျာ
ကျွန်တော် ၂၅ ပါ
ညီဆိုညီ
အစ်ကိုဆိုအစ်ကိုပဲပေါ့
me: ကျွန်တော်က 20 ပဲရှိသေးတယ်
Oppositeye: ကောင်းပေါ့
3:34 PM me: ကောင်းဘူး
အိုလာပြီ


Talking about MyHome
Oppositeye:
ညီလေး တီးရှော့ဝင်ဖတ်ဖြစ်ပါတယ်
me: ဟုတ်လား
ဟီးး
3:35 PM Oppositeye: ဟားဟား
me: နိုင်ငံရေးတွေဆို ကျော်ဖတ်ပေါ့
ဟဲဟဲ
Oppositeye: ညီလေးလဲ စစ်တပ်ကိုဖိုက်နေတာပဲလေ
တွေ့ပါတယ် ညီလေးရ
me: စစ်တပ်ကို မဖိုက်ဘူး
Oppositeye: are you understand?
me: သန်းရွှေကိုဖိုက်နေတာ
Oppositeye: ဟားဟား
အေးပေါ့ကွာ
ဒါက ညီလေးတို့အမြင်ကိုး
me: အင်းပါ
စစ်တပ်ကို ချစ်လွန်းလို့
3:36 PM မုန်းတာက ၁၀ယောက်တောင် မပြည့်ဘူး
ထိပ်ပိုင်းက
Oppositeye: အင်း
အတော်များများက အဲလိုပါပဲ
ဒါကိုလဲ အစ်ကိုတို့လက်ခံပါတယ်


Leaders' Education Level
me:
သိပ်တော်တယ်နော်
Are you understand?
:P
3:37 PM Oppositeye: ဒါက အစ်ကိုတို့ရဲ့ အားနည်းချက်ပဲလေ
me: တိုင်းပြည်ခေါင်းဆောင် ပြီသတယ်။ နိုင်ငံတကာအလယ်မှာ
မျက်နှာပွင့်စရာ
Oppositeye: နိုင်ငံခေါင်းဆောင်တစ်ယောက်အတွက် ဒါကလေ့လာဖို့လိုပါတယ်
me: ခေါင်းဆောင်ဖြစ်ပြီး မတတ်ရင်သင်ပေါ့
ဘုရင်မှမဟုတ်တာ
ထိုင်နေလို့ရမလား
ဟိုတစ်ယောက်ဆိုပိုဆိုး
Oppositeye: အီရန်သမ္မတလဲ ဘယ်မိန့်ခွန်းမဆို အီရန်လိုပဲပြောတယ်ထင်တယ်
me: ဘာသာပြန်ကြီးနဲ့
အာဏာရှင်တွေလေ
3:38 PM မြန်မြန်ချောင်းမှအေးမယ်
Oppositeye: စစ်သားတစ်ယောက်ရဲ့ဘ၀ကို ကြည့်ရင်တော့ အစ်ကိုတို့စစ်တပ်ခေါင်းဆောင်တွေ ဘာလို့ အင်္ဂလိပ်စာအားနည်းလဲဆိုတာကို
နားလည်မှာပါ
me: မဖြစ်သင့်ဘူး။
အစ်ကိုရေ
3:39 PM အခုခေတ်ကြီးက ၂၀၀၈
Oppositeye: အင်း
အဲဒါတော့ အမှန်လေ
me: ဦးသန်းရွှေလို လူမျိုးက A B C D မှ မရွတ်နိုင်ရင် လဲသေဖို့ကောင်းတယ်
Oppositeye: ဒါပေမယ့် သူကလုပ်ဆောင်ချက်တွေကို လုပ်နိုင်ဖို့အဓိကပဲလေ
me: အောင်မလေး
လုပ်ဆောင်ချက်
တော်ပီ
ပြောတော့ဝူး
Oppositeye: ကိုယ်တို့မြန်မာလူမျိုးအချင်းချင်းပဲ ဒီကိစ္စကိုအပြစ်တင်တာညီလေးရ


HIS DAUGHTER'S WEDDING PARTY
3:40 PM me: လုပ်ဆောင်တာတွေ တော်တော်များနေတယ်
သူ့ဖို့
သူ့မိန်းမဖို့
သူ့သမီးဖို့
Oppositeye: ဟားဟား
me: တိုင်းပြည်ကြီးဒီလောက်မွဲတေနေတာ
သူ့သမီး မင်္ဂလာဆောင်မှာ
အောင်မလေး လေ့
Oppositeye: ဟားဟား
me: မီးတောင် ဖွင့်ဖို့မလိုဘူး
3:41 PM Oppositeye: စိန်တွေကို သဘောကျနေတယ်ပေါ့
me: မကျဘူး
ရင်နာတာ
Oppositeye: ယူနီဖောင်းဝတ်တိုင်း စိန်တွေရတာမှမဟုတ်တာညီလေးရ
me: အဲ့ဒါ မြန်မာပြည်သူပြည်သားတွေရဲ့ သွေးတွေ
ချွေးတွေ
အားမကျပရစေနဲ့


Oppositeye: အဖေက စစ်တပ်ခေါင်းဆောင်ဖြစ်ပြီး သားသမီးဆွေမျိုးက စီးပွားရေးသမားဖြစ်ရင် စီးပွားရေးအလုပ်လုပ်မှာပေါ့
3:42 PM ဘယ်သူတေတေ ငတေမာပြီးရောလေ
me: အဲ့ဒီစီးပွားရေးသမားတွေဆိုတာကလဲ
ရိုးတာမှ မဟုတ်တာလေ
အစ်ကိုရေ မျက်စိကြီးကို စုံမှိတ်ပြီးမနေပါနဲ့
Oppositeye: စီးပွားရေးသမားပဲ ညီလေးရ
အင်း
me: နည်းနည်းလေး ဖွင့်ပါဦး
အော်ပိုးစစ်တွေကိုပဲ တွေးတယ်လား.. ဒီမျက်လုံးက
Oppositeye: သူ့သားသမီးဆွေမျိုးတွေ စီးပွားရေးလုပ်တာကို
3:43 PM သူဘယ်လို စကားနဲ့တားမလဲ
me: မတားတာက ဟုတ်ပါတယ်
ပုံမှန်သူလိုငါလို ရိုးသားစွာ ရှာစားတာမှ မဟုတ်တာ
Oppositeye: စီးပွားရေးသမားကို
ရိုးပါဆိုပြိးပြောရင်
me: အစ်ကိုရေ ကျွန်တော်လဲ စီးပွားရေး အသိုင်းအ၀ိုင်းကလာတာပါ
Oppositeye: ကိုယ်တို့နိုင်ငံ ကုန်ဈေးနှုန်းဒီလောက်တက်မှာမဟုတ်ဘူးလေ
3:44 PM me: ဘယ်သူတွေ ဘယ်လို လုပ်နေလဲဆိုတာ သိပါတယ်
Oppositeye: ဆန်ကုန်သည်တွေ ထောင်ထဲရောက်မှာမဟုတ်ဘူး
မိဘနဲ့သားသမီးကိုခွဲမြင်စေချင်တာ
me: အစ်ကိုရဲ့ အတွေးတွေက တစ်ခါတစ်လေ လန့်ဖို့ကောင်းတယ်
3:45 PM Oppositeye: ဟားဟား


me: တကယ်ပြောတာ
Oppositeye: ဟုတ်ပါတယ်
me: ကျွန်တော်ကတော့
Oppositeye: အမြင်တွေမတူတာလေ
me: ပုံမှန် ပုထုဇဉ်လူသားမို့လို့ အစ်ကို့ကို မရှင်းပြနိုင်ဘူး
Oppositeye: အင်း
me: မြတ်စွာဘုရား ပွင့်တာကို ပဲ စောင့်တော့မယ်


DASSK
3:46 PM Oppositeye: လူတွေက အမျိုးမျိုးရှိတာလေ
အောင်ဆန်းစုကြည့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ခွဲမြင်ကြည့်လေ
me: လုပ်ပါဦး
ဘယ်လိုတုန်း
Oppositeye: အဖေက နိုင်ငံအတွက် ဘ၀ကိုပေးချင်တဲ့သူ
3:47 PM သမီးက နိုင်ငံကထွက်ခွာချင်တဲ့သူ
me: အောင်မလေး
ဘုရားရေ
ဘုရားဘုရား
Oppositeye: အမေနေမကောင်းလို့ပြန်လာရာကနေ
နိုင်ငံရေးထဲရောက်လာတယ်
me: ဘုရားဘုရား
အစ်ကိုရေ
နောက်တစ်ခေါက်လေက် ပြန်ပြောပါဦး
Oppositeye: ကျန်တဲ့သားသမီးတွေက အခုပိုင်တဲ့အိမ်ကိုလုနေကြတယ်
ဘယ်သူပိုင်တယ် ဘာညာပေါ့
me: ကျန်တဲ့ သားသမီးတွေထားပါ
3:48 PM Oppositeye: ဦးအောင်ဆန်းဦးတို့လဲပါတယ်
me: ဒေါ်စုအကြောင်း နောက်တစ်ခေါက်လောက်
ပြန်ပြောပါ
Oppositeye: အမေနေမကောင်းလို့ပြန်လာရာကနေ
နိုင်ငံရေးထဲရောက်လာတယ်
me: နိုင်ငံရေးထဲ ရောက်တယ်ဆိုတာ
Oppositeye: အဲဒီမတိုင်ခင်ထိမှာ သူဟာသူ့ဘ၀တစ်ခုကို
me: တိုင်းပြည်အခြေအနေကြီးကို ကြည့်ဦးလေ
Oppositeye: အေးဆေးစွာပဲ နိုင်ငံခြားသားကိုလက်ထပ်ပြီး ပုံမှန်ဘ၀တစ်ခုကို ရွေးချယ်ခဲ့တာ
3:49 PM မှန်တယ်လေ
ဗိုလ်ချုပ်သမီးတစ်ယောက်အနေနဲ့
me: ဒေါ်စုခင်မျာ
Oppositeye: သူဟာ နိုင်ငံရေးအတွက်လုပ်နိုင်တယ်
me: သူ့ဘ၀.. နှစ်ပေါင်းများစွာ
ဖမ်းချုပ်ခြင်းခံနေရတာ
ဘ၀တောင် ဘ၀လို့ မခေါ်နိုင်တော့ဘူး
Oppositeye: ဥပဒေကို သူကျော်လို့မှ မရတာလေ


BURMA's LAW
me: ဥပဒေ
Oppositeye: ၁၂ လေးပါ
me: ဥပဒေ
3:50 PM ဥပဒေ
Oppositeye: ၁၂ နှစ်လောက်ပါပဲ
me: ၁၀ခါလောက်ရွတ်ကြည့်
Oppositeye: အင်း
me: တိုင်းပြည်မှာ ဘယ်ဥပဒေရှိသလဲလို့
Oppositeye: တပ်မတော်မှာလဲ စစ်စည်းကမ်းဥပဒေရှိတယ်လေ
me: တိုင်းပြည်ကြီးရဲ့ ဥပဒေ
ဘယ်အဆင့်ရောက်နေသလဲလို့
တွေးကြည့်
Oppositeye: အခု အစ်ကို ဒီရုရှားကလူတစ်ယောက်ကို ပြေးရိုက်ကြည့်လိုက်
မြန်မာမှာပါ အရေးယူခံရမယ်
3:51 PM မြန်မာနိုင်ငံတွင်း စစ်ဗိုလ်တစ်ယောက်ကလဲ
me: နေပါဦး
နေပါဦး
မြန်မာပြည်မှာ
ဥပဒေကို စဉ်းစားကြည့်
ပြည်သူတွေရဲ့ ဥပဒေကို စဉ်းစားကြည့်
Oppositeye: အင်း
me: မျှတမှုဆိုတာရှိသေးလား
Oppositeye: ဒါဆို
ပြည်တွင်းက ရှေ့နေတွေ
တရားသူကြီးတွေ
ထောင်ကျနေသူတွေ
me: ပြည်တွင်းက ရှေ့နေတွေ
3:52 PM Oppositeye: အမှုရင်ဆိုင်နေသူတွေ
me: ဘာမှ အလုပ်လုပ်လို့မရဘူး
တရားသူကြီးချုပ် ဦးအောင်တိုးဆိုရင် ဥစ္စာဒါနတွေ ပွားပြီးရင်းပွား
လာဘ်တွေ စားပြီးရင်းစား
Oppositeye: ဒါပေါ့ ညီလေးရာ
me: အမှုရင်ဆိုင်တာက
Oppositeye: အစ်ကိုတို့နယ်ပယ်လဲ မဟုတ်ဘူးလေ
me: ပိုက်ဆံအဓိကလေ
Oppositeye: စမ်းကြည့်ပေါ့
me: ပိုက်ဆံရှိရင် ဥပဒေဖြစ်လာရော
3:53 PM မှန်တဲ့သူက မှားနေတတ်တယ်
အဲ့ဒီမှာမှ တရားသူကြီးဆိုတာ ဖြစ်လာတာ
Oppositeye: တရားကို နတ်စောင့်တယ်ညီလေးရ
ကောင်းပေါ့
me: နတ်တော့မစောင့်
သန်းရွှေစောင့်သည်
Oppositeye: တရားသူကြီးချုပ်က တစ်ယောက်ထဲဆိုပေမယ့် တရားသူကြိးတွေက အများကြီး
me: နတ်က ရွံ့လို့ဆိုပြီး ဝေးဝေးကနေ ရှောင်နေတယ်တဲ့လေ
Oppositeye: လူတိုင်းအတွက် ဥပဒေရှိပါတယ် ညိလေးရာ
me: ရှိတော့ရှိတယ်
3:54 PM ဥပဒေမှာ အစွမ်းမရှိဘူး
အစွမ်းက ပိုက်ဆံပေါ်ရောက်နေတယ်
လက်ရှိ မြန်မာ့ဥပဒေ
Oppositeye: ကောင်းပေါ့
ဒါဆိုလဲ ပိုက်ဆံတွေချမ်းသာအောင်ပဲ လုပ်ကြတော့မှာပေါ့ ညီလေးရ
ရန်ကုန်ကလူတွေ
me: အစ်ကိုရေ
Oppositeye: အခု သိန်းထောင်ချီလှုတဲ့သူတွေ
3:55 PM ဟားဟား
me: တရားကျဖို့ကောင်းလိုက်တာ
ပုံမှန်လူတစ်ယောက်ဆို အစ်ကို့စကားတွေ ကြားရင် ရူးသွားမလားမသိဘူ

3:56 PM Oppositeye: ဟားဟား
me: နောင်ပွင့်မယ့် မြတ်ဘုရားကို စောင့်မှပဲ အစ်ကိုလဲ နားလည်တော့မယ်


Oppositeye: အခု လော တက်နေသူတွေကို
ဒီစကားညီလေးသွားပြောရင်
သူတို့က ပိုရှင်းပြမှာပေါ့
3:57 PM me: တွေ့ဘူးသမျှထဲမှာ အစ်ကို က ကမ်းကုန်ပဲ
နတ်ရှင်နောင်တို့
မင်းကျန်စစ်တို့
ကိုစိုးထက်တို့
Oppositeye: ဟားဟား
me: တကယ်ပြောတာ
သူတို့က အေးဆေးပဲ
တို့တောင် မတို့ချင်ဘူး
Oppositeye: ကောင်းဗျာ
အစ်ကိုက လူတွေကို စုမြင်တာမဟုတ်ဘူး
3:58 PM တစ်ကန့်စီပဲ မြင်တာ
me: ကို အော်ပိုးစစ်အိုင်းတော့
Oppositeye: ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးလေ
me: အော်ပိုးစစ်လုပ်ပြီး မြင်နေတာ
ဘာတွေ မှန်းကို မသိတော့ဘူး
ငိုတောင် ငိုချင်လာပြီ
3:59 PM မြန်မာပြည်ကြီး အစားရင်လေးတယ်
Oppositeye: ဖြစ်ရလေ
အစ်ကိုပြောတာက ရှင်းရှင်းလေ
ကိုယ့်အလှည့်မှာ ကောင်းအောင်လုပ်မယ်
ဝေဖန်တာ အကုန်လက်ခံတယ်


CHECKING
me: အစ်ကိုရေ
အတိတ်ကို နည်းနည်းပြန်စဉ်းစားလို့ရမလား
အစ်ကို့ရဲ့ အတိတ်
Oppositeye: အင်း
4:00 PM ရိုးရိုးလေးပါ
me: တစ်စုံတစ်ယောက်သောသူက ဆေးတွေပါတွေ ကျွေးဖူးလား
Oppositeye: မကျွေးဖူးပါဘူး
ဟားဟား
me: တော်ပါသေးရဲ့
ပြီးတော့
နည်းတစ်နည်းနည်းနဲ့ ပြုမူခြင်းခံခဲ့ရဘူးလား
ပြောင်းသွားအောင်လို့
Oppositeye: ဟားဟား
ဒီလောက်လွယ်မလားညီလေးရာ
လူတစ်ယောက်ကို ပုံသွင်းရတာ
4:01 PM me: ဒါမှမဟုတ် ဘ၀မှာ အဖြစ်အပျက် ကိုယ်တွေ့ တစ်ခုခု ဖြစ်ခဲဘူးလား
?
Oppositeye: အင်း
me: ပြီးတော့ ကိုယ်အရမ်း ချစ်တဲ့သူ တစ်ဦးဦး ဒုက္ခအကြီးအကျယ် ရောက်ဖူးလား
Oppositeye: ဟားဟား
ဖြစ်မှဖြစ်ရလေ
me: တစ်ခုမှ မဖြစ်ဖူးဘူးလား
4:02 PM Oppositeye: ကြေကွဲစရာတွေတော့ ခံစားဖူးပါတယ်
me: ဒါဆိုရင်တော့ ကျွန်တော်လေ မြန်မာ့တပ်မတော်ကို အရမ်းလေးစားသွားပြီ
Oppositeye: အသဲကွဲတာတို့ပေါ့
me: လူတစ်ယောက်ကို
အခုလို
သိမ်းသွင်း ပြုစု ပျိုးထောင်ပေးနိုင်တဲ့အစွမ်း
ဘုရားရှင်းမှ ရမည့် အစွမ်းမျိုး
4:03 PM Oppositeye: မဟုတ်ဘူး ညီလေးရ
အစ်ကိုတစ်ယောက် မကဘူးလေ
me: အံ့သြခြင်းပန်းတွေ ဖြာဝေမိပါတယ်


Oppositeye: အခု သူတို့အမြင်ဆိုတဲ့ ပို့စ်တွေဖတ်ကြည့်
ဂျပန်က
အယ်အေက
me: အောင်မလေး ဘုရားရေ .. တစ်ယောက်တောင်မကဘူး
Oppositeye: ထိုင်းက
အဲဒါတပ်မတော်က လူတွေမဟုတ်ဘူး
me: ဘုရားရေ။ ဘုရားတော့ ဒုက္ခပဲ
ရှင်းရမယ့်လူက နည်းနည်းနောနောမဟုတ်ဘူး
4:04 PM Oppositeye: ဟားဟား
ကြံ့ခိုင်ရေး
စွမ်းအားရှင်
နောက် နေပြည်တော်က ၀န်ထမ်းတွေ
me: ဘုရား ၅ဆူလောက် ပြိုင်တူ ပွင့်မှနဲ့တူတယ်
Oppositeye: ပြန်ကြားရေးက အရာရှိတွေ
4:05 PM me: တော်တော်များများ က ရှင်းရင်ရပါတယ်
Oppositeye: နောက်ပြီး သားသမီးကို ဗိုလ်ဖြစ်စေချင်တဲ့ မိဘတွေ
me: အစွန်းရောက်တွေက ခက်နေတာ
Oppositeye: စစ်ဗိုလ်တွေရဲ့ ဇနီးတွေ
ဟားဟား
4:06 PM ညိလေး နည်းနည်းခွဲပြီး မြင်ကြည့်ပေါ့
me: လုပ်ပါဦး
ပြောပါဦး
4:07 PM ဖလော်ဆော်ဖီလေးတွေ
Oppositeye: တပ်ချုပ်ကြီးကို ဒီလောက်ငွေတွေ စိန်တွေဝယ်လို့ရအောင် ဘယ်သူကပုံပေးလဲ
me: တိုင်းပြည်က ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေ
Oppositeye: သူက ဘယ်လိုမျက်နာနဲ့ငါ့ကိုပေးဆိုပြီး
me: သယံဇာတတွေ
Oppositeye: တစ်ခြားခေါင်းဆောင်တွေကြားမှာ ပြောမလဲ
me: ဒါတွေကို ကိုယ်ချင်းစာနာစိတ်မရှိပဲ တစ်ကိုယ်ကောင်းဆန် အတ္တကြီးမားးစွာနဲ့
လက်ဝါးကြီး အုပ်ထားတဲ့လူတွေ
4:08 PM Oppositeye: ဟားဟား
me: ဥပဒေမယ့် ထင်ရာစိုင်းသူတွေ
တရားမရှိ မိုက်မဲသူတွေ
အစရှိသဖြင့်
Oppositeye: ညိလေး မြင်တာက အဲဒါပဲလေ..


me: ဘယ်ကဦးမလဲ
အများကြီးကျန်သေး
Oppositeye: လက်ဝါးကြိးအုပ်တယ်ဆိုတာ လွယ်တယ်ထင်တာကိုး
me: ဘယ်လွယ်ပါ့မလဲလေ
4:09 PM Oppositeye: အားလုံးက သေနတ်ကိုင်ထားတာညီလေးရ
me: သေနတ်လိုတယ်၊ ကျည်ဆံလိုတယ်။ အာဏာလိုတယ်
Oppositeye: ကောင်းပေါ့
me: အကြင်နာမဲ့တဲ့ နှလုံးသားတွေ လိုတယ်
စက်ရုပ်တွေပေါ့
Oppositeye: သေနတ်ကိုင်တိုင်းရလို့ကတော့ ကျော်နေ၀င်း၊ဇွဲနေ၀င်းတို့
အမှုမှာကြည့်လိုက်လေ
me: အခုလို အော်ပိုးစစ်တို့လို ဘာကြောင့်မှန်းမသိဖြစ်နေတယ့် အစွန်းရောက်သမားတွေလည်း လိုတယ်
Oppositeye: တကယ့် ထိပ်ပိုင်းတွေ အများကြီး
4:10 PM me: လိုတယ့် ပစ္စည်းတွေက အများကြီးပါ
Oppositeye: နောက်ဆုံး သူဒီလိုနေရာရောက်လာဖို့
me: တိုင်းပြည်ကြီးက စနစ်တစ်ခုလုံး ပျက်သုံးနေပြီ
Oppositeye: ဗိုလ်အဆင့်ကနေ
ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေအများကြီး
အဆင့်ဆင့်
အမှုမဖြစ်အောင်
me: :s


Oppositeye: ညီလေး စစ်တပ်ကရာထူးတွေ နားလည်လား
4:11 PM me: လည်သပေါ့
Oppositeye: ဘယ်လိုရာထူးတက်လဲဆိုတာ သိလား
me: သိပါ့
Oppositeye: အင်း
me: အထက်နဲ့ ကပ်ပေါင်း
တက်သွားရော
Oppositeye: ဒုဗိုလ်ကနေ ဗိုလ်မှုးကြီးထိ
ဘယ်နှစ်နှစ်ကြာလဲ
me: အဲ့ဒါတော့ စိတ်မ၀င်စားဘူး..
4:12 PM Oppositeye: အင်း


HOW IS BURMA?
me: အစ်ကိုရေ။
အဲ့ဒါတွေကို
ခဏလောက်မေ့ထား
လက်ရှိမြန်မာပြည်ကို ကြည့်
Oppositeye: လူကြီးတစ်ယောက် လုပ်ဆောင်ချက်ကိုဝေဖန်မယ်ဆိုရင် သူဘာလုပ်ခဲ့ရတယ်ဆိုတာ သိရမယ်လေ
me: မျက်စိနှစ်လုံး ပျူးပြီးကြည့်
ပိတ်တာတွေ ကို ဖွင့်ထားလိုက်
အသက်ပြင်းပြင်းရှု
Oppositeye: လူတွေဆင်းရဲတာကို ပြောတာလား
me: လေကောင်းလေသန့်ရတဲ့နေရာသွား
ဟုတ်ပြီ
တစ်ခုထွက်လာပြီ
ဆက်ကြည့်
4:13 PM ဆက်ကြည့်
အသက်ပြင်းပြင်းလေး ရှုပေး
စိတ်ကို တည်ငြိမ်စွားထား
Oppositeye: ၁၈ နှစ်ပြည့်ရုံမက ၂၅ နှစ် ၃၀ အထိမိဘကျွေးတာကိုစားပြီး
မိဘပဲ လုပ်ခိုငးတာအများဆုံးက
ကိုယ်တို့နိုင်ငံ
အလုပ်မရှိဘဲ လက်ထပ်ရဲတာ
me: အဲ့ဒါတွေ ထားဦး
Oppositeye: ကိုယ်တို့နိုင်ငံ
me: အရေးကြီးတာ စဉ်းစား
ပြည်သူတွေ စားစရာမရှိတာတွေ ဦးစားပေးပေး
မျက်လုံးကျယ်ကျယ်ထား
4:14 PM Oppositeye: ဖြစ်ရလေ
ညီလေး အလုပ်လုပ်ရင်
me: ပြည်သူတွေနဲ့
Oppositeye: အစားစားရပါလိမ့်မယ်
အနိမ့်ဆုံး
အုတ်ဖုတ် ပန်းရံလုပ်
me: အားလုံးရဲ့ သွေးတွေ ချွေးတွေကို ကြည့်ပေးပါ
Oppositeye: ထမင်းတော့ မငတ်ဘူးလေ
me: အစ်ကို့ရဲ့ အေးခဲ့ပြီး မာကျောလှတဲ့ သံမဏိ နှလုံးသားကြီးကို
4:15 PM Microwave ထဲ ခဏလောက် သွားထည့်ပြီး စဉ်းစားပေးပါ
Oppositeye: ဟားဟား
me: တိုင်းပြည်ထဲက ပြည်သူပြည်သားတွေကို
စဉ်းစားပေးပါ
Oppositeye: အင်း
me: သူတို့ရဲ့
Oppositeye: ဥပမာတစ်ခု
me: ဘ၀တွေကို နားလည်ပေးပါ
Oppositeye: သူတို့ခြံထဲမှာ အပင်တွေစိုက်လို့ရတယ်
me: သူတို့ရဲ့ ပညာမဲ့ ဘ၀တွေကို နားလည်ပေးပါ
Oppositeye: သူတို့ ပတ်ဝန်းကျင်မှာ အလုပ်တွေပြည့်လို့
4:16 PM အခုဆိုရင် ပိုတောင်ဆိုးသေး
ရွေ့ပြောင်းကျောင်းဆိုတာ
အလုပ်အတည်တကျမရှိတဲ့
မိသားစုတွေအတွက် ရည်ရွယ်ထားတာ
အစ်ကိုတို့လုပ်ရမှာက ပညာသင်ဖို့


me: အစ်ကိုရေ။ အစ်ကို တစ်ကယ်ပဲ မသိတာလား.. ဇွတ်ကြီးကို ငြင်းနေတာလားတော့ မသိဘူး
Oppositeye: ဘာကိုတုန်းညီလေးရ
me: နာမည်ပြောင်းမလား
4:17 PM Oppositeye: ညီလေးပြောကြည့်လေ
me: အော်ပိုးဇစ် ဇွတ် ဆိုပြီးတော့
Oppositeye: အစ်ကိုဘာကိုဇွတ်ညင်းလဲဆိုတာ
me: ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်ပြောဖူးတယ်
အစ်ကို့အကြောင်း
Oppositeye: အစ်ကိုက လူတစ်ယောက်ချင်းစီရဲ့ အသိစိတ်ကိုခွဲပြောတာ
အင်း
me: အစ်ကို့ကို သူက စွေစောင်းလို့ခေါ်တယ်
ဆော်တီး
ပြောပြတာ
Oppositeye: ဟားဟား
4:18 PM me: ကျွန်တော်ကတော့ ပုံမှန်ပဲခေါ်ပါတယ်
စွေစောင်းတဲ့လေ
Oppositeye: အင်း
me: နေဦး
သူကပြောသေးတယ်
ဒီစွေစောင်းကို လွှတ်ထားလိုက်တဲ့။ သူက ဘုရားချွတ်တောင် မကျွတ်တော့ဘူးတဲ့လေ။
4:19 PM Oppositeye: ဟားဟား
me: ကျွန်တော်ကတော့ နေပါဦး။ အစ်ကို အော်ပိုးစစ်က ဒီလောက်လဲမဟုတ်ပါဘူးဆိုပြီး
Oppositeye: ကောင်းပါ့
me: ရှင်းပြမယ်ကြံတာ
Oppositeye: ညီလေးပြောကြည့်ပါဆို
me: ရူးချင်သွားပြီ


TRUTH
Oppositeye: ဘာကို လက်မခံချင်လဲဆိုတာကို
တစ်ချက်ချင်းစီပြော
me: အမှန်တရားဘက်က ရပ်တည်ပါ
Oppositeye: အိုကေ
အမှန်တရားဆိုတာကိုပြော
4:20 PM me: မျက်စိဖွင့်လို့မှ မရရင်
Oppositeye: နိုး
me: ရှိတဲ့ အော်ပိုးဇစ် မျက်စိတွေကို
Oppositeye: ဘာကို အမှန်တရားလဲလို့ပြော
me: ခဏလောက် ချွတ်ပြီး
ကြည့်
အမှန်တရားကို မြင်လား
မမြင်ဘူးလား
Oppositeye: အစ်ကို့ကို မြင်စေချင်တဲ့အမှန်တရား
လူတွေဆင်းရဲတာ
me: ဘယ်ကပါ့မလဲ
Oppositeye: ပြောလေ
me: ဖြစ်ပျက်နေတာ တွေ ဘယ်ကပါ့မလဲ
Oppositeye: ညီလေးတစ်ခုကိုပဲပြောပါဆို
4:21 PM me: ကျွန်တော်မပြောချင်ဘူး
ဘာလို့လဲ
သိလား
Oppositeye: အစ်ကို့အမြင်ကိုပြောပြမယ်
အင်း
me: ကိုယ့်ဘာသာကိုယ်မှ မမြင်နိုင်ရင်လေ
အရမ်း ရင်နာဖို့ကောင်းတယ်
အစ်ကိုလဲ ပညာတတ်တစ်ယောက်
Oppositeye: ကောင်းရော
me: ဦးနှောက်ရှိတဲ့
နှလုံးသားမှာ
သွေးတွေ လည်ပတ်နေတဲ့
လူသားစစ်စစ်
4:22 PM Oppositeye: အစ်ကိုပြောတာတွေကိုမှ ညီလေးပြန်ဖြေရှင်းတာ ပြောဆိုတာမှမဟုတ်တာ
me: ကိုယ့်ဘာသာကို ဆွဲစိတ်ကြည့်ပါလား။ တစ်ချက်လောက်
Oppositeye: ညီလေးက ပြောချင်တာတွေပဲပြောတာကိုး
me: ထာဝရ မနိုးထနိုင်တဲ့ အိမ်မက်ထဲက နိုးများ နိုးသွားမလားလို့
တစ်ချက်လောက်
ဆွဲစိတ်ကြည့်
Oppositeye: အစ်ကိုပြောတယ်လေ
4:23 PM me: ဒါမှမဟုတ် အပ်နဲ့ထိုးကြည့်
Oppositeye: အခြေခံ အကြောင်းအရာတစ်ခုကို အစ်ကိုတို့ဆွေးနွေးကြည့်ရအောင်လို့
me: အပ်မှ မရရင် ပုဆိန်နဲ့ ပေါက်ကြည့်
ပြောပါဦး


EDUCATION?
Oppositeye: ညီလေးမှာ ဆွေးနွေးစရာမှ မရှိတာ
me: ဘယ်အခြေခံလဲ
နားထောင်ကြည့်ရအောင်
Oppositeye: ညီလေးကြိုက်ရာတစ်ခုကိရွေးလိုက်လေ
me: အစ်ကိုပဲရွေးပါ
Oppositeye: အင်း
4:24 PM လူတွေဘာကြောင့်ဆင်းရဲလဲဆိုတာ ပြောပြီးပြီ
ပညာဘာလို့မတတ်လဲ ဆိုတာကိုပြော၇အောင်
me: ကောင်းတယ်
ပြောမယ်
အစ်ကိုစပြော
Oppositeye: ကိုယ်တို့ပညာရေး အဆင့်နိမ့်တယ်
me: agree
Oppositeye: သူများနိုင်ငံတွေနဲ့ ယှဉ်ရင်
me: totally!
Oppositeye: ဘွဲ့တစ်ခုရပြီးရင်
me: အဆင့်တန်းမရှိ
Oppositeye: အလုပ်ရဖို့မသေချာဘူး
me: မှန်၏
ထောက်ခံ၏
4:25 PM Oppositeye: အဲဒီဘွဲ့က အိမ်မှာပဲ ရှိတယ်
me: ဟုတ်လိုက်လေခြင်း
Oppositeye: အိုကေ
me: ဘာလို့တုန်း
စာမှ မတတ်သွားတာ
ဟုတ်လား
Oppositeye: အသက်မွေးဝမ်းမှု တက္ကသိုလ်က သင်ပေးလိုက်တာတွေကို
အသုံးချတဲ့နေရာမရှိတာ
me: ဘယ်ရှိမလဲ
Oppositeye: ဒါပေမယ့်
me: အားလုံးကို လက်ဝါးကြီးအုပ်ထားတာကို
နေရာမှ မရှိတာ
Oppositeye: ပညာတတ်တစ်ယောက်ရဲ့ အသိတော့ရသွားတယ်
4:26 PM သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ပြီးရင်
သူ့ဥာဏ်ရည်အလိုက်
ရှေ့ဆက်လေ့လာဖို့
me: အသိတော့ရပေမယ့်
Oppositeye: တွေးခေါ်တတ်လာတယ်
me: စာတွေ ဖတ်ပြီးသွားရင်
Oppositeye: စာဖတ်တတ်လာတယ်
me: တိုင်းပြည်မှာ နေရာ မရှိဘူးလေ
Oppositeye: သင်ဖူးတဲ့သူတွေထဲက အားကျစရာတွေရှိလာတယ်
me: နေပါဦး တစ်ခုလောက် မေးပါရစေ။
Oppositeye: လမ်းကြောင်းတွေဖြစ်လာတယ်
အင်း
4:27 PM me: အခုလက်ရှိအခြေအနေပေါ့
ဒါက
မြန်မာပြည်မှာ
ဟုတ်တယ်ဟုတ်
Oppositeye: အင်း
me: ဒီလို ဒီလို ဖြစ်ပျက်နေတာ
သုံးမရတာ
နိုင်ငံတကာအလယ်မှာ မြန်မာ့ပညာရေး
မျက်နှာမရှိတာတွေ
ဒါတွေ ဟုတ်တယ်ဟုတ်
Oppositeye: အင်း
me: ဒါဆိုရင်
4:28 PM အစ်ကို့ရေ
နောက်ကို နည်းနည်းလောက် ပြန်သွားကြည့်ဦး
အရင်က မြန်မာ့ပညာရေး
ဟိုးတစ်ချိန်
ရန်ကုန် တက္ကသိုလ်ကြီး
အင်ဂျင်နီယာကျောင်းတော်ကြီး
4:29 PM အခုဒါတွေ ဘာဖြစ်နေပြီလဲ
ချုံပုတ်ကြားမှာ
မြုပ်နေတယ်
Oppositeye: ဟားဟား
me: တကယ်ပါ
Oppositeye: နှစ်စဉ်အင်ဂျင်နီယာတွေ
me: နေဦး
နေဦး
Oppositeye: ရန်ကုန်တက္ကသိုလ်ဘွှဲုရတွေ
me: အဲ့ဒီအချန်က
အချိန်က
ပညာရေးကို
စဉ်းစားကြည့်
4:30 PM ကမ္ဘာ့အလယ်မှာ ထည်ဝါစွာနေခဲ့တာ
အင်းယားကန်ကို မေးတင်ပြီး
ထည်ဝါစွာ တည်ရှိနေတဲံ
ရန်ကုန်တက္ကသိုက်ကြီး
အင်မတန်မှ
အရည်အချင်းရှိတဲ့ ပညာတတ်တွေ မွေးထုတ်ပေးရာ
Oppositeye: အစ်ကိုတို့စကားလိုပဲ ပြောရအောင်
me: ကျောင်းတော် မဟာကြီး
Oppositeye: ဟားဟား
me: အခု ဘာာာာာာာာာာာာာာဖြစ်နေပြီလြ
လဲ
ပြော
ပြော
ပြော
Oppositeye: တကယ်လို့
4:31 PM အဲဒါကြီး မီးလောင်သွားတယ်ဆိုရင်
me: အစ်ကိုရေ
မမြင်နိုင်တော့ဘူးလား
Oppositeye: အစ်ကိုတို့နိုင်ငံမှာ ပညာတတ်တွေမဖြစ်နိုင်တော့ဘူးလား
me: တမင်သက်သက် ကျောင်းသားတွေ ကို ချိုးနှိမ်ထားတာတွေကို
မမြင်ဘူးလား


Oppositeye: အစ်ကိုဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်
me: ၈၈ က လို
ထပ်ဖြစ်မှာကို
မလိုလားလို့
အားလုံးကို
ဖျက်ဆီးခဲ့တာ
မမြင်နိုင်ဘူးလား
4:32 PM Oppositeye: အစ်ကိုတို့နိုင်ငံက လူငယ်တွေ သူများနိုင်ငံတကာကလုပ်တဲ့ စာမေးပွဲမှာထူးချွန်စွာ အောင်တယ်ဆိုတာ
me: နေပါဦး
အဲ့ဒါကို မပြောဘူး
လက်ရှိ
တက္ကသိုလ် ပညာရေး
Oppositeye: လူတော်လူတတ်ဆိုတာ အုံလိုက်ကျင်းလိုက် ထွက်နိုင်လား
me: အဲ့ဒါကို ချိုးနှိမ်ထားတော့
Oppositeye: ဖြစ်ရလေ
me: တိုင်းပြည်မှာ လူတွေ ဘယ်လိုစာဖတ်မလဲ
Oppositeye: ညီလေး စာမဖတ်ခဲ့ရဘူးလား
4:33 PM ညီလေး ဘွဲ့ရပြီးပြီလား
me: ဖတ်ခဲ့တယ်
Oppositeye: အင်း
me: ဘွဲ့တော့ မယူလာဘူး
နေဦး
သူငယ်တန်းကနေ ၁၀တန်းအထိ ပြီးလာတာ
ပညာရေးစနစ်ဘာဖြစ်နေလဲ ဆိုတာ သိတယ်
Oppositeye: အစ်ကိုလဲ တူတူပဲလေ
me: စာမေးပွဲနီးရင် ---- ကျူရှင်ကနေ ---- ရွေးပေးတာတွေ
4:34 PM ဆရာမကို သွားကန်တော့ရင်
အမှတ်ကောင်းတာတွေ
စုံပလုံကို စိနေတာပဲ
Oppositeye: ဖြစ်ရလေ
me: လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို
Oppositeye: အစ်ကိုတို့ နယ်မြို့လေးတွေမှာ
me: နည်းနည်းလောက် မြန်ပေးပါ
မြင်ပေါးပ
Oppositeye: မြင်တယ်လေ
4:35 PM me: အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေလည်း အများကြီးလိုနေတယ်
Oppositeye: မှန်တာပေါ့
အခု သူတို့အမြင်ပို့စ်မှာ
ဂျပန်ကရေးတာ
me: တစ်ချိန်က RIT ကို လွမ်းတယ်ဗျာ
Oppositeye: အဲဒါ ဒေါက်တာဘွဲ့တက်နေတဲ့
အစိုးရက စေလွှတ်ထားသူတွေပေါ့
me: ဒီလို ကျောင်းတော်ကြီးတွေ ရှိနေသေးရင်
ဟိုးးးးးးးးးးးးးးးးးးးးး
အရင်ကလို
4:36 PM ဖြစ်နေသေးရင်
ကျွန်တော် အခု မွေးရပ်မြေမှာ ပျော်ရွှင်စွာ စာသင်နိုင်ပြီ
ဘယ်သူက ဒီလို တိုင်းတစ်ပါးခြားကို လာပြီးနေချင်ပါ့မလဲ
Oppositeye: အစ်ကိုတို့က အပြစ်တင်ရင်း ကျေနပ်နေကြမှာလား..ကိုယ့်အနာဂတ်ကို အကောင်းဆုံးလုပ်ကြမှာလား
me: ဘယ်သူက ဒီလို ကိုယ့်တိုင်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေ ကို
ခွဲခွာပြီး
4:37 PM လာနေချင်ပါ့မလဲ
ပြောပါ
Oppositeye: အစ်ကိုတို့ကကော
ဘယ်မှာ စာလာသင်နေရတယ်
ထင်လို့လဲ
me: အဲ့ဒါကို ပြောနေတာလေ
တိုင်းပြည်တွင်းမှာ ပညာရေးကို
ချိုးဖျက်ခြင်းခံထားရတော့
အစ်ကိုရေ
Oppositeye: ဒီနိုင်ငံမှာ ကို၇ီးယားကလူတွေလဲ စာလာသင်ကြတယ်
ညီလေးတို့ဆီမှာလဲ
လူစုံရှိမှာပေါ့
4:38 PM me: သူတို့လာတာက တစ်မျိုး
အစ်ကိုရေ
ရည်ရွယ်ချက်မတူကြဘူး
သိလား
Oppositeye: အင်း
me: များသောအားဖြင့်
သူတို့လို
လူတွေကလေ
အမေရိကန် ပညာရေးကို လေ့လာချင်လို့
ကျွန်တော်တို့က
တိုင်းပြည်မှာ သင်စရာ မရှိလို့
Oppositeye: အစ်ကိုတို့ နိုင်ငံက တက္ကသိုလ်ဆရာမတွေ၊ကျောင်းဆရာ ဆရာမတွေ နှစ်စဉ်ပညာတော်သင်လွှတ်နေတာကော သိလား
me: တိုင်းပြည် ပညာရေးက အဆင့်အတန်းမရှိလို့
4:39 PM တိုင်းပြည်ကြီးမှ ဖြစ်ပျက်နေတာတွေ
ကြည့်မရလို့
မြန်မာပြည်က လူပေါင်းစုံက
နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ
မွေးရပ်မြေနှင့်ခွဲပြီ
စာသင်ရတယ်
ဒါကို ကျွန်တော်တင်မကပဲ
တစ်ခြား များလှစွာသော ပြည်ပရောက်
4:40 PM ကျောင်းသူကျောင်းသာတွေ ရင်ထဲက တူညီတဲ့
Oppositeye: အင်း
me: သံစဉ်တွေ
ထွက်လာမယ်လို့
Oppositeye: ဒါကို အစ်ကိုလက်ခံတယ်လေ
me: ယုံကြည်တယ်
Oppositeye: အစ်ကို့ညီလေးတွေကိုလဲ ဒီလိုပဲသင်ဖို့ အစ်ကိုလဲလွှတ်မှာပါပဲ


အခုလို စကားဝိုင်းထဲမှာ ပါဝင်ပြီး ဆွေးနွေးသည့် အတွက် ကိုအော်ပိုးဇစ်ကို ကျွန်တော့်အိမ်မှ ကျေးဇူးတင်ပါသည်။
Tea

အပိုင်း - ၃ (လာမည်)

23 comments:

မေသူပိုင် said...

တီးရေ မင်းက မြန်မာနိုင်ငံဥပဒေကို သိချင်တာလား ? :P မေသူပြောပြမယ်လေ မြန်မာနိုင်ငံမှာ ဥပဒေသိပ်ရှိတာပေါ့ တစ်မျိုးတောင်မဟုတ်ဘူး၂ မျိုး“ အခုတစ်မျိုးတော်ကြာတစ်မျိုးတဲ့“ :P
May Thu :P

Anonymous said...

ကောင်းပါ့ မောင်တီးလေးရာ...လုပ်လိုက်ဟ

Anonymous said...

Excellent

thanks to Oppositeye and Tea for this polite and frank discussion..

You guys rock !!

Anonymous said...

Excellent

thanks to Oppositeye and Tea for this polite and frank discussion..

You guys rock !!

Unknown said...

အချိန်ပေးပြီး view တာကောင်းပါတယ်။ သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်လို့ရတာပေါ့ကွာ။ ဘာအဖြေမှ မထွက်တာ အရေးမကြီးဘူး။ ဘာကြောင့်ဆိုတော့ သူက ဘာမှ ဆုံးဖြတ်နိုင်သူ မဟုတ်ဘူးလေ။ အရာရှိငယ် တယောက်ရဲ့ အတွေးကို တစေ့တစောင်း မြင်ရတော့ တွေးစရာတခု ရတာပေါ့။

Htoo Myat said...

ကြိုက်တယ်ဗျာ... သူတို့ အမြင်တွေကလည်း တစ်မျိုးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ထပ် မျှော်လင့်နေမယ်ဗျို့...

Anonymous said...

ဒီလို ၂ဖက်အမြင်ကို လွတ်လပ်စွာ တင်ပြခွင့်ပေးတဲ့ အိမ်ကို အရမ်း မြတ်နိုးပါတယ်။

Anonymous said...

me: တကယ်ပြောတာ
Oppositeye: ဟုတ်ပါတယ်
me: ကျွန်တော်ကတော့
Oppositeye: အမြင်တွေမတူတာလေ
me: ပုံမှန် ပုထုဇဉ်လူသားမို့လို့ အစ်ကို့ကို မရှင်းပြနိုင်ဘူး
Oppositeye: အင်း
me: မြတ်စွာဘုရား ပွင့်တာကို ပဲ စောင့်တော့မယ်

haha =P funny

Anonymous said...

ညီလေးရေ ... ဆရာလုပ်တယ်လို့တော့ မထင်နဲ့ကွာ..
Private မှာ ပြောခဲ့တဲ့စကားတွေကို တခြားလူတွေသိအောင် တင်မယ်ဆိုရင်တော့ မူရင်းစကားပြောသူနှစ်ယောက်လုံးဆီကနေ ခွင့်ပြုချက်တောင်ဖို့လိုမယ်လို့တော့ ထင်ပါတယ်။
မူရင်းတစ်ယောက်က ညီလေးကိုယ်တိုင်ဖြစ်နေတော့ ကျန်ယောက်ဆီက ဖွင့်ပြုချက်ရပြီးမှ တင်သင့်တယ်ညီလေး...။

Tea said...

Dear anonymous,

I already requested to the one I discussed on that day. And He said "YES".

OF cuz, I will NEVER do it without his "YES".

Thanks!

Tea

CrazyCAT said...
This comment has been removed by the author.
CrazyCAT said...

Good For You Oppositeeye!!! @.@
Our good-and-kind-very generous-hearted leaders always need serviles like you.
Well-trained DSA i guess.

မေငြိမ်း said...

အင်းး Tea ရေ.. ခမျာ သနားစရာပဲ.. အံ့သြစရာတော့ မဟုတ်ပေဘူး။ တခါတလေမှာ လူတွေ အစုလိုက်အပြုံလိုက် ရူးတတ်ကြတယ်။ ဥပမာ ဟစ်တလာနဲ့ နာဇီအုပ်စုတွေ..။ အဲလိုပဲ.. အမကတော့ သနားတာပါပဲ..။ အကုသိုလ်ကြီးလိုက်တဲ့ ကလေးတွေ..။ ဘုရားကတောင် ချွတ်ချင်မှ ချွတ်မှာနော်..။ ဒေ၀ဒတ်လို ဘုရားဖူးခွင့်လေးမှ ရလိုက်ပါ့မလား။ အမတော့ သားသမီးချင်း ကိုယ်ချင်းစာပြီး ဒီကလေးလွဲနေတာ စိတ်မကောင်းဘူး။ သဘောထားမကြီးဘူးဘဲပြောပြော သူ့ဘလော့လည်း မဖတ်နိုင်တော့ပါဘူး။ ပိုးသာကုန်၊ မောင်ပုံ စောင်း မတတ် ဆိုတာမျိုး ရှိတတ်တာကိုး။ :(

Cypher said...

တီးရေ..
ဘာပဲပြောပြော ခင်ဗျားက ဆွေးနွေးဖို့ လိုလားတဲ့အတွက် တစ်ခြားသူတွေထက် သာပါတယ်။ လောကမှာ လူတွေ အားလုံး အမြင်မတူကြပါဘူး။ အဲဒီ မတူညီတဲ့အမြင်တွေကို မျှမျှတတ မြင်တတ်တဲ့သူကိုသာ လူတော်လို့ သတ်မှတ်လို့ ရပါတယ်။

အိတာ said...

အင်းတီးရေ...ပြန်ပြောပြဖို့ တော်တော်ခက်နေပြီ....

Anonymous said...

I like what Anty May Nyein said.

Anonymous said...

ဒေါ်စုအကြောင်းကို သူစဉ်းစားတာတော့ မကျေနပ်ဘူး@!#$#

Anonymous said...

မိုက်တယ်...။

နောင်ပွင့်မယ့် မြတ်ဘုရားကို စောင့်မှပဲ

ဆိုတဲ့စကားကိုတော့ ကြိုက်သွားပြီ

Anonymous said...

ဖတ်ရင်းဖတ်ရင်းဒေါသထွက်လာလို့ ခဏနားဖတ်မယ်.. အဆုံးထိတော့မရောက်သေးဘူး.. ဆက်ဖတ်လို့ရပါအုံးမလားတော့မသိ.. ဒေါသပြေမှဆက်ဖတ်မယ်...

Anonymous said...

me : ဆို တဲ့ oppositeye နဲ့ chat နေ တဲ့ tea က ကောင် မ လေး နဲ့ တူ တယ် နော်
ကျနော် ကျနော် လို့ သုံး နေ ပေ မယ့် 
ကောင် မ လေး တ ယောက် ရဲ့ စာေ၇း ဟန် နဲ့ ပို တူ နေ သ လား ဘဲ

Tea said...

I have no idea how you checked that.
I'm sorry to tell you but you need to be better at observation.

Thanks.

Anonymous said...

အောက် ပါ အရေး အသား လေး တွေ ကြောင့် ( me) ဆိုသူ ညီ လေး(tea) ကို ကောင် မ လေး ဖြစ် နိုင် မယ် လို့ သုံးသပ် ကြည့်တာပါ။

me: တိုင်းပြည်ကြီးဒီလောက်မွဲတေနေတာ
သူ့သမီး မင်္ဂလာဆောင်မှာ
အောင်မလေး လေ့
me: အောင်မလေး
လုပ်ဆောင်ချက်
တော်ပီ
ပြောတော့ဝူး
me: ဘုရားဘုရား
အစ်ကိုရေ
နောက်တစ်ခေါက်လေက် ပြန်ပြောပါဦး
me: အော်ပိုးစစ်လုပ်ပြီး မြင်နေတာ
ဘာတွေ မှန်းကို မသိတော့ဘူး
ငိုတောင် ငိုချင်လာပြီ
me: အောင်မလေး ဘုရားရေ .. တစ်ယောက်တောင်မကဘူး
Oppositeye: ညီလေး စစ်တပ်ကရာထူးတွေ နားလည်လား
4:11 PM me: လည်သပေါ့
Oppositeye: ဘယ်လိုရာထူးတက်လဲဆိုတာ သိလား
me: သိပါ့
Oppositeye: အင်း
me: အထက်နဲ့ ကပ်ပေါင်း
တက်သွားရော
Oppositeye: ဒုဗိုလ်ကနေ ဗိုလ်မှုးကြီးထိ
ဘယ်နှစ်နှစ်ကြာလဲ
me: အဲ့ဒါတော့ စိတ်မ၀င်စားဘူး..
me: အစ်ကို့ရဲ့ အေးခဲ့ပြီး မာကျောလှတဲ့ သံမဏိ နှလုံးသားကြီးကို
4:15 PM Microwave ထဲ ခဏလောက် သွားထည့်ပြီး စဉ်းစားပေးပါ
me: ကိုယ့်ဘာသာကို ဆွဲစိတ်ကြည့်ပါလား။ တစ်ချက်လောက်
Oppositeye: ညီလေးက ပြောချင်တာတွေပဲပြောတာကိုး
me: ထာဝရ မနိုးထနိုင်တဲ့ အိမ်မက်ထဲက နိုးများ နိုးသွားမလားလို့
တစ်ချက်လောက်
ဆွဲစိတ်ကြည့်

Tea said...

သုံးသပ်ချက်ကတော့ ခွက်ခွက်လန်အောင် မှားသွားပါတယ်ဗျာ့။ စိတ်မကောင်းပါဘူး.. အမြဲမှားနေကျဆိုတော့... သေချာချင့်ချိန်ဖို့ပြောချင်ပါတယ်..
ပြန်သုံးသပ်နိုင်ပါတယ်။