Photobucket

Monday, June 9, 2008

Hip to the Hop (Popping and Locking)

အားလုံးကို နှူတ်ခွန်းဆက်သပါတယ်။ မနေ့က ကိုတီးနဲ့ စကားပြောဖြစ်ရင်းကနေ ပေဖူး Dance Corner ကနေ ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဟင်း…..ကိုတီးလို အရေးအသားကောင်းတဲ့ လူဆီမှာ ရေးရမှာ ခပ်လန့်လန့်ပဲ။ :)

ပေဖူးက အကကို ၀ါသနာပါတော့ ရန်ကုန်မှာတဲက လေ့လာဖြစ်တယ်။ ကလည်း ကဖြစ်တယ်။ သူများတွေလို ဆိုကရေးတီးဒိုင်းဆုကြီးတော့ မရဘူးသေးဘူး။ (အခွင့်အရေးရရင်တော့ ကြိုးစားချင်သေးဧ။်) US ရောက်တော့လဲ အနောက်တိုင်းအကတွေ လေ့လာနေပါတယ်။ အကဆိုတာ မျိုးက စည်းမျဉ်းတွေ၊ အကန့်အသတ်တွေ ရှိတာမျိုးမှ မဟုတ်ဘဲ။ ကိုယ်လေ့လာရင် လေ့လာသလောက်၊ မိမိရဲ့ တီထွင်ကြံဆဥာဏ် ရှိရင် ရှိသလောက်၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် နားလည်နိုင်တာ အောင်မြင်တာ ကြီးပါပဲ။

အကဆိုတာ စိတ်ဓါတ်ရဲ့ ခံစားချက်ကို ကိုယ်နဲ့ သရုပ်ဖော်တာလို့ အများအားဖြင့် ယုံကြည်ကြပါတယ်။ အက ကတော့ နေရာတိုင်း လိုလိုမှာ အသုံးဝင်ပါတယ်။ မင်းပွဲ စိုးပွဲက အစ၊ မင်္ဂလာဆောင်နဲ့ ပြဇာတ်တွေ အလယ်၊ ပါတီပွဲတွေ အဆုံး အသုံး ၀င်ပါတယ်။အကဘယ်နှစ်မျိုးရှိလဲလို့ မေးရင်တော့ မရေမတွက်နိုင်အောင်ပါပဲ။ ပေဖူးလွှာကတော့ ဘာအမျိုးအစားပဲ ဖြစ်ဖြစ်လေ့လာလိုက်တာပါပဲ။ တစ်ပါတ်တစ်မျိုးတော့ တင်ဆက်သွားမယ်လို့တော့ ရည်ရွယ်ထားပါတယ်။

ဒီတစ်ပါတ်တော့ အခုဒီဘက်ခေတ်မှာ အရမ်းခေတ်စားနေတဲ့ ဟစ်ဟော့နဲ့ပဲ စလိုက်မယ်။ ဟစ်ဟော့ဆိုလို့ ရိုးရိုးလေး မထင်လိုက်နဲ့နော်။ အခု US မှာ ဟစ်ဟော့ရဲ့ လမ်းခွဲတွေ ဖြစ်တဲ့ Krumping တို့ Popping တို့ထဲက Popping (ပေါ့ပင်) အကြောင်းလေးပေါ့။ ပေါ့ပင်အကဆိုတာ ၁၉၇၀ လောက်က စပြီး ကယ်လီဖိုးနီးယားက လမ်းမတွေမှာ ကရင်းကနေ ဖြစ်ပေါ်လာတဲ့ အကတစ်မျိုးပါ။

အရင်ကြည့်လိုက်ကြစို့။




အဲ့ဒါလေး ကြည့်ပြီးတော့ ဘယ်လိုထင်ပါသလဲရှင့်။ Popper ပေါ့ပါ အကဆိုတာ အဲ့ဒါကို ပြောတာပါပဲ။ ပေဖူးလွှာတို့တော့ ကြည့်ပြီးပြီးချင်း ပါးစပ်တောင်ပြန် မပိတ်နိုင်ဘူး။ သူ့ရဲ့ ကပုံကကွက်တွေ၊ လှုပ်ရှားပုံတွေ၊ ဟန်တွေ အမူအယာတွေက လူကို တကယ်ပဲ ဖမ်းစားထားနိုင်ပါတယ်။ ဘယ်လိုကလဲလို့ မေးရင်တော့ အလေ့အကျင့်ပဲပေါ့။ Body Control ပဲပေါ့။ အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ် ကနိုင်တဲ့ အကတစ်မျိုးပါ။ အပေါ်က YouTube video ထဲမှာတော့ Robert ကနေ ကပြထားတာ ဖြစ်ပါတယ်။ သူကလည်း အရမ်းကို တော်တဲ့ ပေါ့ပါ အကပညာရှင်တစ်ဦးပါ။ သူက အထဲမှာ ပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့ အချိန်တုံးက ကပြတဲ့အကပါ။ ပြိုင်ပွဲက Fox Channel ကနေ လာတဲ့ SYTYCD (So You Think You Can Dance - မင်းကနိုင်တယ်ဆိုတာ သေချာလို့လား) ဖြစ်ပါတယ်။ အရမ်းကို နာမည်ကြီးတဲ့ အကပြိုင်ပွဲတစ်ခုပါ။ အဲ့ဒီ ပြိုင်ပွဲအကြောင်းက စရင် ရှည်လွန်းလို့ နောက်ကျရင် ပိုစ့်တစ်ခုနဲ့ ရှင်းပြပါမယ်။ Robert က အခုဆိုရင် အရမ်းကို နာမည်ကြီးနေပါပြီ။


ဒီအောက်က ပေါ့ပါလေးကတော့ Engineering Physics မေဂျာနဲ့ ကျောင်းတက်ရင်းနဲ့ ကျင့်ထားတာပါတဲ့။ ဒီ YouTube video လေးထဲမှာ Phillip ကနေတာကို တွေ့နိုင်ပါတယ်။ Philip လည်း SYTYCD ပြိုင်ပွဲပြီးကထဲက အရမ်းနာမည်ကြီးနေပါပြီ။ ပေါ့ပါ ဆိုတာက အဲ့ဒီအက ကို လေ့ကျင့် ပြီးသွားရင် သူတို့ တခြား အကတွေကို မကနိုင်ကြတော့ဘူး။ အထူးသဖြင့် လက်တင် (latin) အကတို့၊ ဘောလွန်း (ballroom) အကတို့ကို မကတတ်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ရဲ့ ခြေထောက်တွေ က ပေါ့ပါကကွက်တွေ လေ့ကျင့်ပြီးသွားရင် မြန်တဲ့ အကွက်တွေ၊ လှုပ်ရှားမှုတွေ ကလို့ အဆင်မပြေတော့ဘူး။ ကဲအောက်မှာ Phillip ရဲ့ ထူးဆန်း လှပတဲ့ ပေါ့ပါ ကကွက်လေးတွေကို ရှုစားကြစို့။




Popping Guide
ဒီအောက်ကတော့ လိုက်ကချင်တဲ့ ကိုကိုမမတို့အတွက် အခြေခံလမ်းညွှန်လေးပါ။ အဓိက ကတော့ လက်မောင်း၊ ရင်ဘတ်၊ လည်ပင်းနဲ့ ခြေထောက်တို့ကို အချိုးကျကျ ထောင့်ကျကျ ရွှေ့တတ်အောင် လေ့ကျင့်ပေးရတာပါ။ ပေါ့ပါ အကကို ကရင်တော့ အများအားဖြင့် hiphop သီချင်းတွေနဲ့ ကရပါတယ်ရှင်။ ကတဲ့သူက သံစဉ်တွေ၊ beat တွေ ကို သေချာလေး လိုက်ပြီး ညီအောင် ကဖို့ အရမ်းအရေးကြီးပါတယ်။ Popping ဆိုတာ Popcorn pop မှ ဆင်းသက်လာတာပါ။ Popcorn ပေါက်ပေါက်ဆုပ် ကလေးတွေ ပေါက်ပေါက်သွားသလိုက ကိုယ့်ခန္ဓာကိုယ် ကိုလည်း ပေါက်သွားစေချင်တဲ့ သဘောမျိုးနဲ့ ရည်ရွယ်ပြီး ကရတာပါ။ အခုဒီအောက် က YouTube Popping Gude မှာ အခြေခံ Popping ကနည်းလေး တွေကို ပြထားပါတယ်။ အားလုံး လေ့လာချင်ရင် လေ့လာဖို့ အတွက်ပါ။ ဒါလေးကြည့်ပြီး အိမ်မှာ လိုက်မကကြပါနဲ့နော်။ အရိုးတွေ ကျိုးကုန်ရင် ပေဖူးလွှာကော တီးကော တာဝန်မယူပါ။ ဟဲဟဲ…… တော်ကြာ ကျိုးကုန်လို့ အိမ်ကို တရားလာစွဲရင် ဒုက္ခတွေ ရောက်ကုန်ပါဦးမယ်။




ကဲ။ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်လိုက်ကြပါတော့။ နောက်တစ်ခေါက် ကျရင် အခုနက အပေါ်မှာ ပြောသွားတယ့် Fox Channel က လွှင့်တဲ့ SYTYCD (So You Think You Can Dance - မင်းကနိုင်တယ်ဆိုတာ သေချာလို့လား) ဆိုတဲ့ ပြိုင်ပွဲ အကြောင်းကို ရှင်းပြပြီး တင်ဆက်ပါဦးမယ်။ ပြီးတော့ တခြားပြိုင်ပွဲများ ဖြစ်တဲ့ ABC channel ကလာတဲ့ Dancing with stars (ကြယ်စင်များနှင့် ကခုံခြင်း) ပြိုင်ပွဲ အကြောင်းကိုလည်း ပြောပြပါမည်။

ပေဖူးလွှာ

9 comments:

Tea said...

ဟုတ်တယ်။ မနေ့က ကျွန်တော် ပေဖူးနဲ့ ဂျီတော်ခ် ကနေ ချက်ဖြစ်တယ်။ သူက ကျွန်တော့်ကို အက တွေ ကောင်းတယ် ဆိုပြီး လာပြတာ။ ကျွန်တော်လည်း ကြည့်လိုက်တာ။

အရမ်းကို ကြိုက်သွားတယ်။ အခု ဒီပိုစ့်ထဲက ပထမဦးဆုံး YouTube ဗီဒီယိုကို ကြည့်ပီးထဲက တော်တော် စိတ်ဝင်စားသွားတယ်။

ဒါနဲ့ ဆက်တိုက် အက ဗီဒီယိုတွေ ၁၀ခု လောက် ကြည့်လိုက်တယ်။ ပေဖူးကလဲ အဲ့ဒါက ဒါလေ။ ဟိုဟာက ဘာဘာညာညာ.. အစုံလာပြောတော့..

ဆက်လက်ပြီး ပေဖူးရေ.. တစ်ခါထဲ အိမ်ကိုသာ ကြွခဲ့တော့ ဆိုပြီး ခေါ်လိုက်တာလေ။ ဟီးး.. :)

အိမ်မှာလည်း အကဆိုလို့ ကျွန်တော်က လှုပ်တတ်လောက်ရုံ တတ်တာ။ သိလဲသိဝူး။ နားလည်း လည်ဘူး။ မေသူကလည်း ကဖို့သွားတာ အကင်သွားစားနေတယ်တဲ့လေ။ ဟီးး.. လင်းစစ်သူဆို ကဖို့ မပြောနဲ့ လှုပ်တောင် မလှုပ်ချင်ဘူးတဲ့။ ကဲ စဉ်းစားကြည့်တော့။

အဲ့တော့ အိမ်သား အမှတ် ၄.. ပေဖူးကို တစ်ခါထဲ ပင့်လာလိုက်တယ်။ ဟီးး..

ဒီပိုစ့်လေးက Popping Dance အကြောင်းလေးကိုလည်း အရမ်းကြိုက်ပါတယ်။

Anonymous said...

ညီ့စိတ်ကူးကောင်းသွားတယ် .. ညီမလေးပေဖူးလွှာကရော .. ဒီအကတွေ အကုန်ကတတ်သလား ... :D အကိုလဲ ကချင်တယ် တနေ့တနေ့ ရုံးမှာထိုင်ချည်းပဲနေနေရတာ .. :)

Anonymous said...

WHAT AN EXCELLENT POST!!

OH GOD! I L0VvvvEEEEeeeee POpppPPiiinnngg!

=)

:-)

:-D

;-)

RePublic said...

အဲ..ပေါ့ပင်း အက တယ်ဟုတ်ဟ ၊clipကြည့်ပြီးလှုပ်ကြည့် တာ အိမ်ကသူကြီးတွေ့ပြီး
မျက်မှောင်ကြုံ့သွားတယ် ၊ အဟီး.. တော်ကြာ ဆေးလာတိုက်နေရင်ဒုက္ခ ၊၊
ပျော်ရွှင်ပါစေဗျာ၊၊

Anonymous said...

ပေဖူးလွှာရေ..! ကိုရင်လည်း အိပ်ခါနီးမှ ချိုစိမ့်လေးသောက်ဦးမှဆိုပြီး ကိုတီးရဲ့အိမ်ကိုဝင်လာတာ ဆန်းဆန်းပြားပြား Dancing Floor ဆိုတာကို စိတ်ဝင်စားသွားတယ်.. ဝင်ကြည့်လိုက်တော မျက်လုံးပါပြူးသွားတယ်.. ကိုရင်တစ်ခါမှ အမြင်ဖူးဘူး ပျော်စရာကြီး.. ကိုရင်က အကဆို ကမှက ရွာမှာ ရုပ်သေးလည်းဆွဲဘူးတာကိုး.. ဒါနဲ့ တီးလည်းသောက်ပြီးရော လိုက်ကကြည့်တာ .. ဟီးးးးးးးးး…. အုန်းလွှဲသွားရော.. အခု ခေါင်းလည့်လို့မရတော့ဘူး.. နာလိုက်တာ.. အီးဟီး…….. (ကိုရင်နော်)

PP said...

ကိုရင်နော် ရုပ်သေးဆွဲရင် ပေဖူးကိုလည်း ခေါ်လေ။ နောက်အပါတ်ကျရင် ကဗျာလွတ်ရှိတယ်။
ကိုတီးရဲ့ APOLOGIZE သီချင်းကို ကထားတဲ့ post လေးလဲ ရှိမယ်။
လာလည်ပါ။

Anonymous said...

I love Robert so much.
He is an amazing dancer.
But I felt so sad because he quit from the competition.

Thinzar said...

dancing floor ပါလာတော့ MyHome မှာ ပိုစုံသွားတာပေါ့။ :-) Robert ဆိုတဲ့ တစ်ယောက်ကတာ ရေလည် ကြည့်လို့ကောင်းတယ်။ ရုပ်သေးလိုလို ဘာလိုလိုနဲ့။

Anonymous said...

That is awesome. great skills, both poppers and writer. Hee hee