Photobucket

Wednesday, June 4, 2008

ချစ်သူမသိသောသံစဉ်

ချစ်သူ
မင်းမသိတဲ့ငါ့ရဲ့နန်းတော် မှာ
မင်းမသိသေးတဲ့ရင်ခုန်သံတွေ
ရှိနေသေးတယ်ဆိုတာ
မင်းမှသိပါရဲ့လား..................

ချစ်သူ
မင်းပေးတဲ့အချစ်တွေကို
ခွန်အားအဖြစ်နဲ့မှတ်ယူရင်း
ကံကြမ္မာမုန်တိုင်းတွေကို
အပြုံးမပျက်ရင်ဆိုင်အံတုနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား..............

ချစ်သူ
မင်းပေးတဲ့အနမ်း
မင်းထားခဲ့တဲ့အလွမ်းတွေကို
တစ်နင့်တစ်ပိုး
ရင်မှာသိမ်းလို့
အပြုံးမပျက်လွမ်းနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား..................

ချစ်သူ
မိုင်ပေါင်းများစွာ၊ပင်လယ်တွေခြား
ဝေးကွာပါလည်း၊ငါ့ဝိဥာဉ်တိမ်တိုက်တွေက
ရင်ခုန်သံတွေနီးစပ်ေ၇းအတွက်
လွင့်မျောနေတာကို
မင်းမှသိပါရဲ့လား..................

ချစ်သူ
ဝေးကွာခြင်းနဲ့ခွဲခြာခြင်းဆိုတဲ့စကားလုံးတွေ
ငါ့တို့တွေရဲ့ ချစ်ခြင်းသမိုင်းမှာ
မြူတစ်မှုန်တောင်မရှိလေအောင်
ငါ့ရဲ့အကြင်နာတွေနဲ့ဖယ်ရှားနေတယ်ဆိုတာ
မင်းမှသိပါရဲ့လား.............

ချစ်သူ
တစ်ကယ်လို့များ ငါ့ကိုသာ ဘုရာသခင်က ဆုတစ်ခုပေးမယ်ဆိုရင်
ဟိုးးးးးး မီကီဝေးကိုမင်းနဲ့အတူသွားဘို့အချစ်ယာဉ်လေးတစ်စင်းသာဖန်ဆင်းပေးပါလို့
ငါဆုတောင်းနေမယ်ဆိုတာ
မင်းမှသိပါရဲ့လားချစ်သူ..................

အလွမ်းများစွာနဲ့

မေသူပိုင်

5 comments:

Anonymous said...

Ma May Thu,

Nice poem,I also got 1.Wanna share with every 1.May I ,pls?

Cheers

Tea said...

cool poem :D hehe

ဟိုးးးးးး မီကီဝေးကိုမင်းနဲ့အတူသွားဘို့အချစ်ယာဉ်လေးတစ်စင်းသာဖန်ဆင်းပေးပါလို့

RePublic said...

မမေသူ က အလွမ်းတွေလည်းပိုင်တယ်ဗျာ ၊၊ အသည်းကွဲဖူးပါသလားခင်ဗျ၊၊ အဟီး..နောက်တာပါ

အိတာ said...

အမမေသူရေ...လန်းတယ် as usual :D

Lin Sit Thu said...

ချစ်သူတော့မသိဘူး…စစ်သူတော့သိနေတယ်…ဟဲဟဲ…