Photobucket

Tuesday, March 24, 2009

Myhome16.com အား ရပ်နားခြင်း

ဆက်ဖတ်ရန်...(To Continue)

Wednesday, March 11, 2009

ကုန်ပြီ

အိမ်ကို လာလည်ကြသူ အပေါင်းမင်္ဂလာပါ (ကော်နီ လေသံဖြင့်)
ပို့စ်မတင်တာ ကြာသလို ဘလောခ်လည်း မလည်ဖြစ်တာကြာပါပြီ။
မြန်မာပြည်အရေးက လည်းတိတ်တိတ်လေးဘဲ ကြေကွဲနေရတော့ ဘလောခ်တွေမှာလဲ ငြိမ်လို့ ပေါ့.......
ဒါပေမယ့် စိတ်ထဲ မှာ စာလေးတော့ရေးချင်နေတော့ ပေါက်က ရ တွေးစလို့ ဘဲ ပြောရမလား ဗရုတ်သုတ်ခ အတွေးစလို့ဘဲ ပြောရမလားတော့မသိဘူး ခံစားကြည့်ကြကုန်လော့.......


ပရောဂျက်လည်း ကုန်
ကန်ပိန်း ကုန် ပြီ
ငါ့ကို ဘီယာပြန်တိုက် ကြပါတော့ ......
.


ထိသူ မှန်၍ ဟုတ်သူ နာကြလော့
မေသူ


ကော်ပီ ကူးချသူတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်။ ။ဆရာကြီးဦးတင်မိုးရဲ့ ကဗျာကို ခပ်တည်တည်နဲ့ ဘယ်သူဆီကမှ ခွင့်ပြုချက်မတောင်းမိဘဲ ကူးယူလိုက်မိပါတယ်...
မြန်မာပြည်ကို ချစ်သော ဆရာကြီး ဦးတင်မိုး တစ်ယောက် ဘ၀ ခြားနေပေမယ့် ခွင့်လွှတ် နိုင်လိမ့်မည် ထင်ပါတယ်။
အန်တီ မိုးချိုသင်း ဘလောခ်က စီဘောက်ကလဲ မရှိ အီးမေလ်း ကလည်း မသိမို့ပါ နားလည်နိုင် လိမ့်မယ်လို့ ထင်ပါတယ် ဆရာကြီးကိုလဲ စော်ကားလိုတဲ့ သဘောမပါဘူး ဆိုတာလေးပါ ရှေ့ရေးကို တွေးပြီး ကြိုတင် တောင်းပန် လိုက်ပါတယ်။
အန်တီ မိုးချိုသင်း မျက်စိလည်လမ်းမှားပြီး ရောက်ခဲ့သော် ဒီနေရာမှာ ဘဲ ခွင့်ပြုချက် တောင်းရင် တောင်းပန် လိုက်ပါတယ်ရှင် ...

ဆက်ဖတ်ရန်...(To Continue)

Sunday, March 1, 2009

ဘန်းကျော်မြို့မှ ကျွန်တော်လွမ်းသော ....

အခုတလော ငတ်ပြတ် ဆာလောင် မွတ်သိပ် နေသဖြင့် အရင်က စာရင်းဟောင်း တစ်ခုကို ရှေ့သို့ ပြန်ထုတ်လိုက်သည်။

အခုတလော ဘာဖြစ်နေမှန်းမသိဘူး။ သူတို့ကို အရမ်းလွမ်းတာဘဲ။ သူတို့လေ။ အင်း၊ သူတို့ဆို တာကလည်း ရန်ကုန်မြို့က ကျွန်တော်အရင်တုန်းက အားတိုင်း ယားတိုင်း သွားသွားပြီး စားလိုက်လွေးလိုက် လုပ်နေ ခဲ့တယ့် မုန့်တွေ စားစရာ တွေပါ။ တခြားမဟုတ်ပါဘူး။ အခု ဒီမှာတော့ အဲ့လိုမျိုး သွားသွားပြီး စားစရာ တူတဲ့ မုန့်တွေလည်း မရှိဘူးလေ။ သနားပါတယ်။ ကျွတ်ကျွတ်ကျွတ်။

ပြောရဦးမယ်။ တီးက အရင်က ရန်ကုန်မှာ ဆိုရင် အားရင် ထိုင်စားနေတာ။ နေ့လည်ဘက် တို့ ညဘက်တို့ ဆိုရင် လျှောက်လျှောက်ပြီး ဟိုဟာ သွားစားလိုက် ဒီဟာ သွားစားလိုက်၊ ဟိုကော်ဖီ ဆိုင်ထိုင်လိုက်၊ ဒီလဘ္ဘရည်ဆိုင် ထိုင်လိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာ။ ဒီကြားထဲ သူငယ်ချင်း တွေနဲ့ ဂိမ်းကလည်း ဆော့ရသေး။ ဟုတ်ကဲ့။ ဒီလိုပါဘဲ - အလုပ်ကတော့ တော်တော် ရှုပ်ခဲ့တာ။ အားလပ်ချိန်ကို မရှိဘူး။ ညတော်တော် မိုးချုပ်တဲ့ အချိန်တွေ ဆိုရင်လည်း ရွှေတိဂုံဘုရား သွားရ သေးတယ်။ ထိုင်ရတာ ငြိမ်းချမ်း လွန်းပြီး အရသာရှိလို့ဗျာ။

အဲ့လို အစား အရမ်း သောင်းကျန်း လွန်းလို့ တီးကို ၀တုတ်ကြီးလို့တော့ မထင်လိုက်နဲ့။ ပုံမှန်ဘဲ။ ဘာလို့လဲ ဆိုတော့ လျှို့ဝှက်တဲ့ နည်းလမ်းတွေနဲ့ ထိမ်းထား တာလေ။ စတာပါ။ မနက်တိုင်း လိုလို ရန်ကုန်မှာ Gym သွားဆော့ ဖြစ်ပါတယ်။ ကျွန်တော် Gym မဆော့ခင်က အလေးချိန် ၁၈၀ ပေါင် လောက်ရှိတယ်။ ဂျင်မှာ ၁ လ အတွင်း အားကြိုး မန်တက် ဆော့ပြီး ပွဲကြမ်း လိုက်တာ ၁၃၅ ဖြစ်သွားရော။ နောက်တာ မဟုတ်ဘူးနော်။ အားလုံးက မှတ်တော် မမှတ်မိ လောက်အောင် ပိန်သွားအောင် ဆော့ပြ လိုက်တာ။ ရှိတဲ့ ဘီယာဗိုက် ကြီးလဲ တစ်ချက်ထဲ ပျောက်သွားတာ။ Gym က အဒေါ်ကြီး တွေဆိုရင် သားရေ - ပိန်အောင် ဘာလုပ် လိုက်တာလဲ ဘာလဲ ညာလဲနဲ့ စိတ်တောင် ညစ်တယ်။ ဗိုက်အတွက် အဲ့ဒီတုန်းက ၁ရက်ကို အိပ်ထမတင် အခါ ၁၅၀၀ လုပ်ရတာ။ သနား၏။

ဒါတွေ ထားပါတော့။ မုန့်အကြောင်း ပြောရမှာ။ ဘယ်ရောက် ကုန်မှန်း မသိဘူး။ လွဲလွဲ သွားတယ်။ အဲ့ဒီ မုန့်တွေ စားစရာတွေ လွမ်းလွန်းလို့ ဒီတစ်ခါ ရန်ကုန် ပြန်ရင် အပြတ် တီးမယ်ဟေ့ ဆိုပြီး စာရွက် တစ်ရွက်ယူ ပြီး စားချင်တဲ့ အရာတွေ ချရေး လိုက်တာ နည်း နည်းတော့ များသွားတယ်။ အဲ့ဒါတွေကို ပြောပြမလို့ ဒီပိုစ့်လေးနဲ့။ ကြိုက်တာတူတာ တွေရှိရင်လည်း ဖလှယ်လို့ ရတာပေါ့။

  • ခြင်း ၁၆ - ၀က်သားဒုတ်ထိုး
  • YKKO မှ ၀က်သား ကြေးအိုး
  • ၉၉၉ လက်ဘ္ဘရည်ဆိုင်မှ ချို့ဆိမ့် လက်ဖက်ရည်
  • လမ်း ၂၀ မှ ၀က်သားပေါင်း
  • ၁၉လမ်း ကတ်ကြေးကိုက်
  • လသာလမ်း ရဲစခန်းရှေ့ ကြေးအိုး
  • အလုံမြို့ ချမ်းလုံမှ ၀က်စတူး
  • ချမ်းလုံမှ ပဲနို့ရည်
  • Oriental House မှ နိုင်လွန်ပုဇွန်
  • အဖွား၏ ကော်ပြန့်စိမ်း
  • ယူဂျီးနီးယားမှ ရေခဲမုန့်ကြော်
  • မြောင်းမြဒေါ်ချို မုန့်ဟင်းခါး
  • အင်းယားလမ်း မဖြူ မုန့်ဟင်းခါး
  • မဖြူမုန့်ဟင်းခါး ဆိုင်မှာ ပဲကြော်မွမွနဲ့ မန်းကြော်
  • တော်ဝင်နှင်းဆီ မှ ရွှေတောင်ခေါက်ဆွဲ
  • စိတ်တိုင်းကျ မှ ဆိတ်စွတ်နံပြား
  • အလုံမှ ကြိုင်းတုံပေါက်စီ
  • YKKO မှ အားလူးကင်၊ အသီးအရွက်ကင်
  • ရွှေခိုင်မှ ပြည်ကြီးငါးကင်
  • အင်းယားလမ်း ခေမရပ် မှ ရှမ်းဟင်းထုပ်
  • ခေမရပ်မှ ကြက်သားသာကူ
  • ခေမရပ်မှ ကောက်ညှင်းငှက်ပြော
  • အမေ၏ တရုတ်ရိုးရာ အာလူးမုန့်
  • အမေ၏ အုန်းနို့ခေါက်ဆွဲလက်ရာ
  • ရွှေပုဇွန် မှ ဖာလူဒါ
  • ရွှေပုဇွန် မှ ငှက်ပြော ဆနွင်းမကင်း
  • ရွှေတောင်တန်း အလယ်လန်း မှ ကော်ပြန့်စိမ်း
  • ကမာရွတ် ရွှေတောင်ကြားလမ်းမှ ဘူးသီးကြော်
  • အင်းယားလမ်း မုန့်ဟင်းခါးဆိုင် မှ ပဲကြော်
  • အထက်ပါဆိုင်မှ မန်းသလေးပဲကြော်
  • ၁၂ လမ်း အောက်လမ်း မှ ရခိုင်မုန့်တီ
  • လှည်းတန်းလမ်း မှ ဆီချက်ခေါက်ဆွဲ
  • အောင်သပြေထမင်းဆိုင် မှ ကြက်သားဆီပြန်
  • မြေနီကုန်း မီးပွိုင့်အနီးမှ မြန်မာ ထမင်းပေါင်း
  • ၂၁ လမ်းမှ ဘဲသွေးသုပ်
  • ရွှေပုစွန် မှ ကူဖီမလိုင်
  • ချယ်ရီမန်းမှ ဆာတေးကင်
  • ကုံးထက် ကြက်ဆီထမင်း
  • လသာလမ်းအေက်လမ်းမှ အီကြာကွေ့
  • စိတ်တိုင်းကျမှ ပဲပလာတာ
  • YKKO မှ ကြံရည်
  • ကျောင်းများရှေ့က ဘယာကြော်နှင့် ဆမူဆာ
  • ကျောင်းများရှေ့က ငါးဖယ်သုတ်
  • BlackCanyon မှ သဘောင်္သီးသုပ်
  • စကော့ဈေး မှ မုန့်ကျွဲသဲ
  • မောင်ခိုင်လမ်း မှ ၀တုတ်မ အုန်းနို့ခေါက်ဆွဲ
  • ကန်စွန်းဥ သာကူ
  • ကိုကာဆူကီ Hot Pot
  • ရွှေကောင်း Hot Pot
  • 7 up Hot Pot
  • ရေမုန့်ကြော်
  • မုန့်လင်မယားကြော်
  • ၁၅ လမ်း အောက်လမ်းထိပ်မှ ခေါက်မုန့်
  • ၁၈လမ်း ဈေး ထဲမှ တို့ဖူးသုတ်
  • ကြက်လျှာစွန်း ဒန်ပေါက်
  • ယုဇန ဒန်ပေါက်
  • လမ်း ၂၀ အထက်လမ်း ဘုံကျောင်းဘေးမှ ဆန်ပြုတ်
  • လားရှိုးခုနှစ်လွှာပေါက်စီ
  • လှည်းတန်းလမ်း အလယ်လမ်းထိပ်မှ ဆီချက်ခေါက်ဆွဲ
  • Royal Garden မှ ၀က်စတူး
  • Royal Garden မှ အရိုးမဲ့ ကြက်ကြော်
  • Sabai Sabai မှ ငါးခူမွကြော်
  • Moon Bakery မှ ညှပ်ခေါက်ဆွဲ ကော်ရည်
  • Saint မုန့်ဆိုင်မှ ဟန်ဘာကာ ပေါက်စ
  • Shake မှ ကြက်ဥပြုတ် အမဲရောင်
  • အင်းစိန် မှ ဆီထမင်း
  • ကောက်ညှင်းငချိတ်နှင့် ပဲပြုတ်ပူပူလေး
  • မောင်ခိုင်လမ်းထိပ်မှ ရေခဲသုတ်

တော်ပါပြီ။ ဒီလောက်ဆိုရင် - ခဏလေးအတွင်း စဉ်းစားလို့ ရသမျှ မြန်မြန်ရေးထားတာ ဆိုတော့ အများကြီးတော့ ကျန်ပါသေးတယ်။ ဟဲဟဲ။ ပြောရင်းဆိုရင်းနဲ့ ဗိုက်ဆာလာပြီ။ တော်ပြီ၊ အခု ကိုယ့်ဘာသာ ကိုယ် ချက်ထားတဲ့ ဆန်ပြုတ်ရယ်။ ၀ယ်ထားတဲ့ ပလာတာရယ်၊ Owl တီးမစ့် ရယ် သွားတီးတော့မယ်။ ရန်ကုန်က တော့လောက်တော့ မကောင်းဘူးပေါ့။ ဒီလိုဘဲ အာသာဖြေရတာ။

အားလုံးဘဲ ကိုယ်စားချင်ရာ စားရပြီး ပါးစပ်အရသာ ပြည့်ဝကြပါစေ။
Tea

ဆက်ဖတ်ရန်...(To Continue)