Photobucket

Thursday, June 5, 2008

An Impressive Building of Beijing

ဒီအပတ်မှာတော့ မကြာမီ ကျင်းပမယ့် အိုလံပစ်နဲ့စပ်ဆက်လို့ အိမ်ရှင် ပေကျင်းမြို့တော်က ဗိသုကာလက်ရာမြောက် အဆောက်အအုံတစ်ခုကို တင်ဆက်ပါမယ်။ ဝေဖန်မှုတွေပြင်းထန်နေသလို၊ ချီးမွမ်းခန်းတွေလည်း တွေ့ရပါတယ်။ ကျွန်တော်ပြောတာ ဗိသုကာနယ်ပယ်ပါ။ နိုင်ငံရေး နယ်ပယ်ကို မဆွေးနွေးလိုပါဘူး။ (မဆွေးနွေးချင်လို့ မဟုတ်ပါ။ တော်ကြာ ဗိသုကာကို နိုင်ငံရေးနဲ့ ရောနှောနေပါတယ် ဆိုပြီး ဆီကျူးရတီကောင်စီကနေ ဗီတိုသုံး ဖျက်ခိုင်းနေမှာစိုးလို့။) နံမည်ကြီး ငှက်သိုက်ကစားကွင်းနဲ့ ပူစီပေါင်းရေကူးရုံ ကြီး ဟာ (ကျွန်တော်ပေးထားတဲ့ မြန်မာပြန်နာမည်တွေပါ) ဝေဖန်ခံရတဲ့အထဲမှာ ထိပ်ဆုံးပါ။ ငှက်သိုက်ကြီးကတော့ အဆောက်အအုံဝန် အရမ်းကြီးတဲ့အတွက် အန္တရာယ် အလွန်များပါတယ်၊ သံမဏိတွေကိုလည်း မလိုအပ်ပဲ ဖောဖောသီသီ သုံးထားတဲ့ အတွက် ကမ္ဘာသယံဇာတတွေ ကို ဖြုန်းတီးရာရောက်ပါတယ်ဆိုပဲ။ တခြားတစ်ဖက်ကတော့ ဒီဇိုင်းက အရမ်းထူးခြားတဲ့အတွက် ဗိသုကာလောကရဲ့ အောင်မြင်မှုတစ်ခုပါတဲ့။ ကောင်းမကောင်းကတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ကြပါ။ ပူစီပေါင်း ရေကူးရုံကြီးကတော့ ကျွန်တော်ကြိုက်တဲ့ ထဲပါတယ်။ ဒီဇိုင်းကို ကြိုက်တာတော့ မဟုတ်ဘူး။ အယူအဆ(concept)ကို ကြိုက်တာ။ ပူစီပေါင်းမော်လီကျူးတွေကို အသုံးချှဆွဲထားတာပါ။ အဆောက်အအုံရှေ့က ရင်ပြင်ကြီးလည်းကြိုက်တယ်။ တော်ပြီ ပြောချင်တာ လိုရာမရောက် ဖြစ်တော့မယ်။ အခုလို နိုင်ငံခြား ဗိသုကာပညာရှင်တွေကိုသုံး ခေတ်အမှီဆုံး ဒီဇိုင်းတွေဆွဲဆောက်၊ ကမ္ဘာ့ဗိသုကာ ဇာတ်ခုံမှာ ပေကျင်းလည်းပါပြီလို့ ကြွေးကြော်ချင်နေပေမယ့် တရုတ်ဗိသုကာ ပညာရှင်တွေက ရိုးရာအငွေ့အသက်တွေ ပျောက်သွားမှာ ကြောက်နေပါတယ်။ ဘယ်လောက်ခေတ်မှီတဲ့ အဆောက်အအုံရှိပါစေ ၂၀၀၈ အိုလံပစ်ရဲ့ သင်္ကေတက Tienanman Square နဲ့ Temple of Heaven ပါပဲလို့ အထင်အမြင်ပေးသူတွေ လည်းအများကြီးပါ။





ကျွန်တော်တင်ပြမှာကတော့ ငှက်သိုက်လည်းမဟုတ်၊ ပူစီပေါင်းလည်းမဟုတ်။ ပေကျင်းမြို့တော် အပြည်ပြည် ဆိုင်ရာလေဆိပ်ပဲဖြစ်ပါတယ်။ နံမည်ကျော် ဗိသုကာပညာရှင် ပရစ်ခ်ဇာဆုရ (ပရစ်ခ်ဇာဆုက ဗိသုကာလောက ရဲ့နိုဗယ်လ်ဆုပါ။) ဗြိတိသျှလူမျိုး ဆြာ နော်မန် ဖို့စ်တာ က ဒီဇိုင်းဆွဲပေးတာပါ။ ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ နည်းပညာအရ သာမက ခရီးသည် ၀န်ဆောင်မှု၊ အလေအလွင့် အနည်းပါးဆုံးနဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်း၊ ပတ်ဝန်းကျင် ထိခိုက်မှူ အနည်းဆုံးနဲ့ ခေတ်အမှီဆုံး လေဆိပ် အဆောက်အအုံ ဖြစ်လာမှာဖြစ်ပြီး ဝေဟင်မှ ခရီးသည်များကို နွေးထွေးစွာ မြေပြင်မှ ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ၂.၈ ဘီလီယံတန်တဲ့ ဒီလေဆိပ်ဟာ ၂၀၀၈ခုနှစ် သြဂုတ်လအတွင်း ကျင်းပမည့် ၂၉ကြိမ်မြောက် ကမ္ဘာ့နွေရာသီ အိုလံပစ်မှာ ပါဝင်တဲ့ အားကစားသမားတွေနဲ့ ဧည့်သည်တွေအတွက် ရည်ရွယ်တည်ဆောက် ထားတာပါ။ အင်္ဂလန်မှာရှိတဲ့ နာမည်ကြီး ဟိသရိုးလေဆိပ် အဆောက်အအုံ ၅ခုပေါင်း ထက်ကြီးပါတယ်။ သူ့ရဲ့ လေထုကိုအံ့တုမဲ့ အမိုးနဲ့ နဂါးလို ဆင်တူတဲ့ ပုံသဏ္ဌာန်ဟာ တရုတ်ရိုးရာ အရောင်တွေ၊ အမှတ်အသားတွေကို နိုးကြားလားစေရုံမက ဂန္တ၀င်ဆန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လူသားတွေရဲ့ လေကြောင်းပျံသန်းမှုကို အောင်ပွဲခံမည့် ပေကျင်းမြို့ရဲ့အမှတ်အသား ပြယုဒ်တစ်ခုအဖြစ် တည်ရှိနေတော့မှာပါ။




အစ ပထမက ရှိပြီးသား ရှေ့ဘက်ခြမ်း လေယာဉ်ပြေးလမ်းနဲ့ အနာဂတ် တတိယ ပြေးလမ်းကြားမှာတည်ရှိပြီး လေဆိပ်အဆောက်အအုံနဲ့ မြေအောက် သယ်ယူပို့ဆောင်ရေး စင်တာက စုစုပေါင်း ကြမ်းဧရိယာ ၁.၃ မီလီယံ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ နော်မန် ဖို့စ်တာက လေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် အကြမ်းဖျင်း စုစုပေါင်း မီလီယံ ၅၀ ကို ၀န်ဆောင်မှု ပေးနိုင်ပါလိမ့်မယ်။ (သတင်းကတော့ ၇၆ မီလီယံပါတဲ့။) ခန့်မှန်းလို့မရတဲ့ လေကြောင်း ခရီးသွားလာရေး လုပ်ငန်းကို အံဝင်ဂွင်ကျ ဖြစ်စေဖို့ ဒီဇိုင်းဆွဲထားကာ ရှင်းလင်းတဲ့ အခန်းဖွဲ့စည်းပုံ၊ အဆင့်အတန်းမြင့်တဲ့ ၀န်ဆောင်မှုတို့နဲ့ ရှုပ်ထွေး လွန်းလှတဲ့ ယနေ့လေကြောင်း ခရီးသွားလာရေး ကိုဖြေရှင်းနိုင်ဖို့ ရည်မှန်း ထားပါတယ်။ အများ ပြည်သူသုံး ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ အပြည့်စုံဆုံး ချိတ်ဆက်ထားပြီး၊ ခရီးသည်တွေ အတိုတောင်းဆုံး အကွာအဝေးနဲ့ သွားလာနိုင်အောင် အထပ်အနည်းဆုံး ဆောက်လုပ်ထားပြီး လေယာဉ် ပြောင်းလဲရာတွင် အချိန်အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ လေဆိပ်အတွင်းမှ အပြင်မြင်ကွင်း ရှိပြီး ခေါင်းမိုးတစ်ခုတည်း အောက်မှာတည်ရှိပါတယ်။ အဆောက်အအုံအတွင်းမှာ သွားရင်းနဲ့ မျက်စိပဿာဒ အတွက် အခန်းတွေ ရဲ့အရောင်ဟာ အနီ၊ လိမ္မော်မှ အ၀ါသို့ တဖြည်းဖြည်း ပြောင်းလဲသွား ပါလိမ့်မယ်။ မြန်မာလိုခေါ်ရင် ရေစိုပေါ့။ အတွင်းထဲမှာ ပေကျင်းမြို့ တားဆီးခံ နန်းတော် (forbidden city ကို အတတ်နိုင်ဆုံး ပြန်ထားတာပါ။) ထဲက ဧရာမ ဖလားကြီးတွေ၊ နွေရာသီ နန်းတော် (Summer Palace) ထဲက ပန်းဥယျာဉ် အငယ်စားလေးတွေနဲ့ အလှဆင်ထားပြီး ခရီးသည်တွေ ရောက်ရောက်ချင်း ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုတဲ့ ဆိုင်းဗုတ် မမြင်ပဲ တရုတ်ပြည်ရောက်နေပြီလို့ သိနိုင်မှာပါ။

ရှည်သွားမှာစိုးလို့ အပိုင်း ၂ ကို မျှော်……နှစ်ရက်အတွင်းလာမည်…

6 comments:

Anonymous said...

လေဆိပ်ကြီးက မိုက်လိုက်တာနော်။ လင်းစစ်သူကြီးကိုအခုလိုပြောပြလို့လည်းကျေးဇူးတင်တယ်။ မြန်မာနိုင်ငံမှာလဲတစ်ခုလောက်ရှိရင်ကောင်းမယ်။ =P

Tea said...

နေခြည်ရေ :) နေခြည်ပြောမှပဲ ရန်ကုန်လေဆိပ်ကို သတိသွားရမိတော့တယ်။ ဟီးးးး

ကျွန်တော်ကတော့ နှိုင်းပြီး စဉ်းစားကြည့်လိုက်တယ်။

လေဆိပ်ကြီးက တကယ်မိုက်တယ်နော်။ အကြီးကြီးမှ အကြီးကြီးပဲ။ တရုတ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ အကြီးဆုံးတွေဆို သိပ်ကြိုက်တယ်ထင်တယ်။

လင်းစစ်သူကြီး အခုလို စနစ်တကျ တင်ပြထားတာ မိုက်တယ်။

YouTube မှာရော အရင်တစ်ခုကလို မရှိဘူးလား.. ဟီးး..


Tea

Anonymous said...

အပိုင်း၂ကိုမျှော်နေမည် ----

Anonymous said...

i'm still curious about why china wants to do so much about olymipic 2008. nobody did build an airport like that for olympic in the whole history. anyways, it is a very great one!

guys and gals, we need to wait a thousand years to have an airport like that in burma. =D

Lin Sit Thu said...

to dk...

It is just coincidence that China built this airport with Olympics Games... They already needed an airport in order to compete with regional rivals... Incheon Airport in Korea and Narita Airport in Japan... plus...their old airport is very congested and many flights are delayed or cancelled everyday... you'll see why in the next part... if you can't wait search in Youtube ;)

err...err..not a thousand years, we have to wait... just few years if this government with bad management extincts... and a new gov' with "good" managment rises... not every new government will bring this if they keep breaking up into small parties like in the history (Pha sa pa la)...

မေသူပိုင် said...

လင်းစစ်သူေ၇ ရှာဖွေပြီး ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူးဘဲဝေ့ . မေသူတို့က ဗိသုကာဆိုတာအခုမှခံစားတတ်လာတာ နောက်တစ်ပတ်ကြဘာဖြစ်မလဲဆိုတာစောင့်နေမယ်