Photobucket

Saturday, May 31, 2008

အဲလက်စ် သီချင်းများ စုဆောင်းမှု

အဲလက်စ်သီချင်းလေး တွေကို စုစည်း တင်ပြီးတော့ Album တစ်ခုလုပ်ပြီး အားလုံးနားထောင်ရအောင် တင်ပေးလိုက်တာပါ။ နောက်ကျရင်လည်း တစ်ခြား အဆိုတော်များကို တင်ပေးပါဦမည်။ နားထောင်ချင်တာရှိရင် ရေးခဲ့။ ရှိရင်စမ်းကြည့်မယ်။ :)





သီချင်းကမ္ဘာတွင် ပျော်မွေ့နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)

ကျွန်မကြုံခဲ့ရတဲ့မုန်တိုင်းရဲ့နောက်ကွယ်မှာ

မမေ (မြန်မာပြည်ကိုလွမ်းသူ) က သူ့ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်များကို ရေးပြီး ဆောင်းပါးတစ်ပုဒ် လုပ်ထားတာကို ကျွန်တော်က တစ်ဆင့် ပြန်လည် ဖော်ပြတာပါ။




တကယ်တော့စာမရေးချင်လောက်အောင် စိတ်ပင်ပန်းနေခဲ့တာပါ။ သူငယ်ချင်းတီးနဲ့တွေ့လို့ ကျွန်မကအဖြစ်အပျက်တချို့ကို ပြောပြထားပါတယ်။ သူ့ဘလော့မှာတင်လိုက်တော့ စီဘောက်မှာ သူ့ခမျာလာလာဆဲတာခံရတာကို စိတ်မကောင်းစွာပဲတွေ့လိုက်ရပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေကိုမြန်မာပြည်မှာလည်း ကျွန်မတွေ့ခဲ့၊ကြုံခဲ့ရပါတယ်။ အလှူပစ္စည်းတွေကို စစ်အစိုးရဂိုဒေါင်တွေမှာ ကိုယ်တိုင်တွေ့ခဲ့ရ၊ လှူတဲ့ပစ္စည်းတွေကိုရ.ယကတွေ၊ ကြံ့ခိုင်ရေးတွေက ကိုယ့်မျက်စိရှေ့တင် ခိုးယူနေကြတာတွေကို ကျွန်မရင်နာစွာနဲ့တွေ့ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ ဒုက္ခရောက်နေတဲ့ရွာတွေကရ.ယ.ကတွေ ကိုယ်တိုင်ကရွာသားတွေကို ခွဲဝေပေးခြင်းမရှိတာတွေပါပဲ။ ကျွန်မပထမတစ်ခေါက်ဧရာဝတီတိုင်းကို သွားခဲ့စဉ်က ဘိုကလေးအနီးပတ်ဝန်းကျင်ရွာတစ်ချို့ကိုပဲဖြစ်ပါတယ်။ ဒုတိယတစ်ခေါက်ကတော့ဘိုကလေးမှာ(၅)ရက်လောက်နေပြီး ပဲ့တောင်ငှားပြီး ပင်လယ်ပြင်ဘက်ကခပ်ဝေးဝေးရွာတွေကို ထွက်လှူခဲ့ပါတယ်။ ပဲ့တောင်ကြီးပေါ်ကို တစ်နေ့ကိုဆန်အိတ်၁၀၀ကျော်တင်ပြီး တခြား ဆီ၊ဆား၊မုန့်မျိုးစုံ၊ ငါးပိထောင်းဗူး၊ငါးသေတ္တာ၊ ခေါက်ဆွဲမျိုးစုံ၊ခြင်ထောင်စောင်၊ ရေခွက်၊စတီးပန်းကန်ဆိုက်စုံ၊ရေဗုံး၊ ရေသန့်ဆေး၊ဖယောင်းတိုင်၊မီးခြစ်၊ခြင်ဆေးခွေ၊ သကြားလုံး၊မိုးကာဖျင်လိပ်၊ မိုးကာဖျင်အိတ်၊ကလေးဝတ်၊လူကြီးဝတ်၊မိန်းမ၀တ်၊ထဘီ၊ ပုဆိုး၊အိုးခွက်၊သကြားစသဖြင့် အမျိုးစုံအောင်တင်ယူသွားခဲ့ပါတယ်။ ရွာတစ်ရွာကိုရောက်တာနဲ့ယောကျာင်္း၊ မိန်းမ၊ကလေး၊ သက်ကြီးရွယ်အိုသတ်သတ်စီ နေစေပါတယ်။ ပြီးရင်တော့ လူတစ်ကိုယ်စာစုံလင်အောင်ဝေပေးရပါတယ်။ ကျွန်မသွားခဲ့တဲ့ရွာတွေဟာ ဘိုကလေးကနေသွားရင် အနည်းဆုံးရေစုန်နဲ့ သွားခဲ့တာတောင်မှ(၄)နာရီလောက်သွားရတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါကြောင့်လဲရွာတစ်ရွာထဲမှာ အချိန်အကြာကြီး ကျွန်မတို့မပေးနိုင်ခဲ့ပါဘူး။ ပစ္စည်းအမျိုးက များလေတော့ဝေရတာကြန့်ကြာတဲ့ဆန်နဲ့ ဆီကိုကျွန်မတို့က ရွာသူရွာသားတွေရှေ့မှာ စုပုံထားပြီး ရွာလူကြီးများကိုဝေစေပါတယ်။ ကျွန်မတို့ကတော့ နောက်တစ်ရွာကိုခရီးဆက်ကြပါတယ်။ ဒီလိုဆုံးဖြတ်တိုင်းမှာ ကျွန်မလက်ကိုဖြစ်စေ၊ ကျွန်မအကျီင်္စလေးကိုဖြစ်စေ အမျိုးသမီးတစ်ချို့ကလာလာဆွဲပြီး ကျွန်မတို့ကိုပစ္စည်းတွေကိုဒီလိုမထားခဲ့ပါနဲ့၊ တစ်ခါတည်းဝေသွားခဲ့ပါနော်လို့ တောင်းပန်ကြပါတယ်။ ဒီလိုအခါတိုင်းမှာ ကျွန်မရင်ထဲမှာသိပ်ကိုမွန်းကြပ်ပြီး သက်ပြင်းမောကြီးကိုချမိရတာပါပဲ။ ကဲ..တစ်ခါတည်းဝေမယ်လို့ ခပ်မြန်မြန်ဆုံးဖြတ်ပြီး ကိုယ်တိုင်ဝေခဲ့ရတာများပါတယ်။ ဒါဟာရွာတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ရွာတိုင်းလောက်နီးနီးပါပဲ။ စစ်အစိုးရကကြော်ညာလိုက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးပါပြီ ဆိုတဲ့နေ့ဟာကျွန်မဘိုကလေးကို ရောက်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မရောက်ခဲ့တဲ့ရွာတွေ တော်တော်များများဟာအစိုးရဆီက အကူအညီကို ဆန်တစ်စေ့တောင်မရသေးကြပါဘူး။ ကျွန်မရင်ကိုနာပြီး ရင်းနာစေတဲ့အဖြစ်တွေကတော့ တန်းစီပြီးအကူအညီပစ္စည်းတွေကို စောင့်ယူနေတဲ့ရွာသားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ သိပ်ကိုကျဆင်းနေတာပါပဲ။ ပစ္စည်းရပြီးပြီလားဆိုရင်တောင် မျက်လုံးကြီးတွေပြူးပြီးပြန်ကြည့်နေတာတွေ၊ ကျွန်မတို့ကိုကြည့်ပြီးအမေ့သမီးကို သတိရလိုက်တာဆိုပြီး လာလာဖက်ငိုတာတွေ၊ ညည်းဒေါ်ကြီးအလောင်းကို တောင်ပြန်မရပါဘူးသမီးရယ်၊ ညည်းဦးကြီးအလောင်းကို နေ့တိုင်းသွားရှာတယ်လို့ငိုယိုပြောနေတာတွေ..ကျွန်မရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်လောက်အောင်နာကြည်းဝမ်းနည်းခဲ့ရပါတယ်။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ သူတို့ကိုရင်ခွင်ထဲမှာထားပြီး အင်မတန်သနားတတ်တဲ့ ကျွန်မဟာသူတို့နဲ့ရောပြီးငိုခဲ့ရပါတယ်။ ကျွန်မလဲအဒေါ်တို့၊ဦးကြီးတို့နဲ့ဘ၀တူပါ၊ မနေ့ကမှကျွန်မမေမေရက်လည်ပြီးတာပါလို့ သူတို့ကိုပြောပြရပါတယ်။ လေတိုက်တာနဲ့လှိုင်းရှိတဲ့ဒီနေရာတွေမှာ ကျွန်မလှိုင်းမူးလို့နေ့တိုင်းအန်ရပါတယ်။ ဘိုကလေးမြို့ကိုပြန်ရောက်ရင် ဆေးသွားထိုးပြီး၊နောက်နေ့တွေအတွက် အင်အားမွေးရပါတယ်။ မျက်လုံးတွေမှိတ်လိုက်တိုင်းမှာတရိပ်ရိပ်မူးပြီး လှိုင်းစီးနေရသလိုခံစားနေရတဲ့ ဒီဝေဒနာထက် ကျွန်မသိပ်ချစ်တဲ့ မြန်မာပြည်သူပြည်သားတွေကို ကျွန်မကိုယ်တိုင်အားမပေးနိုင်မှာကို ကျွန်မစိတ်ပူမိပါတယ်။ ကျွန်မတို့ပုဆိုးအသစ်(၁)ထည်၊ အဟောင်း(၂)ထည်လောက်နဲ့ လူတိုင်းကိုလှူပါတယ်။ ကျွန်မလှူထားတဲ့ပုဆိုးအသစ်၊ ထဘီအသစ်လေးတွေကိုမြေကြီးပေါ်မှာ ခင်းထားကြပြီး၊ဆန်တွေ၊ပစ္စည်းမျိုးစုံကို ကျွန်မကပုဆိုး၊ ထဘီလေးတွေပေါ်တင်ပေးရပါတယ်။ ပစ္စည်းတစ်ခုကိုပုဆိုး၊ထဘီလေးပေါ်ကိုတင်လိုက်ရတိုင်း ကျွန်မမျက်ရည်ကျချင်မိပါတယ်။ ငါတို့မြန်မာရယ်လို့ ဇာတိမာန်အင်မတန်ရှိကြတဲ့ ကျွန်မတို့မြန်မာပြည်သူပြည်သားတွေဟာ လမ်းဘေးမှာသူတောင်းစားတွေလို ပုဆိုးလေးခင်းပြီး ပေးသမျှကို မျှော်နေကြရတဲ့အဖြစ်ဟာ ကျွန်မရင်ကိုသိပ်ကိုနာကြည်းစေပါတယ်။ စစ်အစိုးရဆီက ဘာအကူအညီမှမရပါဘူးလို့ သူတို့တွေကခပ်အေးအေးပြောနိုင်ပေမဲ့၊ ဂိုဒေါင်တွေမှာ၊ဈေးတွေမှာ ကျွန်မကိုယ်တိုင်တွေ့ခဲ့ရတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကြောင့် ကျွန်မကတော့ခပ်အေးအေးမပြောနိုင်ခဲ့ပါဘူး။ ပစ္စည်းတွေရှိနေပါတယ်၊ နောက်ကိုအများကြီးရောက်လာမှာပါလို့ မရောက်လာနိုင်တာသိရက်နဲ့ သူတို့ကိုကျွန်မရင်နာနာနဲ့ ညာပြောခဲ့ရပါတယ်။ ရွာတွေမှာကျွန်မမေးခဲ့မိတဲ့ မေးခွန်းတစ်ခုကတော့ မုန်တိုင်းဖြစ်မှာမသိကြဘူးလား ဆိုတဲ့မေးခွန်းပါ။ တော်တော်များများဟာမသိကြပါဘူး။ သူတို့ဆီမှာရေဒီယိုမရှိဘူးလို့ဆိုကြပါရဲ့။ ရေဒီယိုရှိပေမဲ့ လေတိုက်နှုန်း၅၀လောက်ပဲရှိတယ်လို့ ပြောထားပြီး၊ လေတွေမိုးတွေစတိုက်မှတစ်နာရီ၁၅၀နှုန်းပြောတော့သေတာပေါ့၊ မချိမဆန့်သေတာပေါ့ လို့ငိုပြီးပြောကြပါတယ်။ စစ်အစိုးရဟာမုန်တိုင်းမတိုက်ခင်မှာ သတိပေးတာကိုသေချာမလုပ်ခဲ့ပါဘူး။ မုန်တိုင်းပြီးလို့ လူတွေအများကြီးသေပြီးတာတောင် ကယ်ဆယ်ရေးသဘောင်္တွေက ချက်ချင်းမရောက်ပဲနှစ်ရက်ကျော်မှ သဘောင်္တွေရောက်လာခဲ့ပါတယ်။ အခုလက်ရှိလဲဒုက္ခရောက်နေသူတွေအတွက် ဘာတစ်ခုမှထိထိရောက်ရောက်မကူညီခဲ့ပါဘူး။ ကျွန်မပြောချင်တဲ့ထိထိရောက်ရောက်ဆိုတာကဒီလိုပါ။ ကျွန်မသွားလှူခဲ့တဲ့ပစ္စည်းမျိုးစုံကို မဆိုထားနဲ့၊ပဲ့တောင်ငှားခတစ်နေ့ကို မြန်မာငွေငါးသောင်းကျပါတယ်။ဆီဖိုးမပါသေးပါဘူး။ ကျွန်မသွားလှူတဲ့ပစ္စည်းတွေကလည်း ဘယ်အဖွဲ့အစည်း၊ဘယ်မျက်နှာစိမ်းရဲ့အကူအညီမှမရယူခဲ့ပါဘူး။ ကျွန်မတို့မိသားစု၊ကျွန်မဖေဖေရဲ့တပည့်များနဲ့ ကျွန်မမေမေရဲ့နာရေး အလှူငွေတွေကိုသွားရောက်လှူဒါန်းခဲ့တာပါ။ ဒီလိုပစ္စည်းမျိုးစုံကို ကျွန်မတို့ ဘယ်နှစ်ခေါက်များ သွားရောက်လှူနိုင်မှာပါလဲ။ ကျွန်မတို့လှူတဲ့ ပမာဏဟာ ရွာသူရွာသားတွေအတွက် နှစ်ရက်စာရိက္ခာလောက်ပဲရှိပါတယ်။ ဒီတစ်ခေါက်တင်သိန်း(၅၈၀)ကျော်ပါတယ်။ ရွာတွေကိုရောက်ဖို့ တင်လမ်းမှာ(၄)နာရီကျော်လောက်ကြာတဲ့ အတွက်ခရီးကလဲမတွင်လှပါဘူး။ ကျွန်မရွာပေါင်း၂၀၀ကျော်လောက်ကိုရောက်ခဲ့ပေမဲ့ ကျွန်မတို့မရောက်ခဲ့တဲ့ရွာတွေကတော့ အများကြီးရှိနေပါတယ်။ စစ်အစိုးရအနေနဲ့ ထိထိရောက်ရောက်လှူဒါန်းလိုရင်၊ ရဟတ်ယာဉ်လေးနဲ့သွားလိုက်ပစ္စည်းလေး တွေချပေးလိုက်ရုံပါပဲ။ ရဟတ်ယာဉ်ဆိုလို့ ဟာသလေးတစ်ပိုဒ်တော့ပြောချင်ပါရဲ့။ ဘိုကလေးမြို့၊အ.ထ.က(၁)ကဒုက္ခသည်အမေကြီးတစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။ တစ်ရက်တော့ ဘိုကလေးမြို့ပေါ်ကဒုက္ခည်တွေကိုကွင်းပြင်ကြီး မှာစုနေစေပါသတဲ့။ ပြီးတော့ဗီဒီယိုတွေရိုက်ပါသတဲ့။ သိပ်မကြာခင်ပဲ ရဟတ်ယာဉ်တစ်စင်းမိုးပေါ်ကနေပျံလာပြီး ဒုက္ခသည်တွေကိုလက်ပြပါသတဲ့။ ဒုက္ခညည်တွေကလဲဝမ်းသာအားရလက်ပြကြပါသတဲ့။ ပြီးတော့ရဟတ်ယာဉ်ကြီးပေါ်ကနေ ပစ္စည်းတွေကိုကြဲချလေတော့ဝမ်းသာအားရကောက်ယူကြတာ၊ လူတွေများတောင်နင်းမိကြကုန်သတဲ့။ ရဟတ်ယာဉ်ကြီးပေါ်ကနေကြဲချပေးတာကတော့ ယမ်ယမ်ခေါက်ဆွဲတွေဆိုပဲ။ အထုပ်ရေကတော့(၂၃)ထုပ်တဲ့။ ကြားလို့ကောင်းကြရဲ့။

(မြန်မာပြည်၊ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှအချက်အလက်များကိုကျွန်မတွင်စာရွက်အထောက်အထား၊ဓာတ်ပုံအထောက်အထား၊ဗီဒီယိုအထောက်အထားများပါရှိပါတယ်။မယုံကြည်နိုင်သူများရှိပါကLovelycherry702@gmail.com)ကိုလာရောက်စုံစမ်းမေးမြန်းနိုင်ပါကြောင်း။စစ်အစိုးရယုတ်မာပုံနှင့်ပတ်သတ်၍ရှေ့ဆက်ပြီးအမှန်တရားများကိုဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း)

ဆက်ဖတ်ရန်...(To Continue)

မေ ၃၀ - မြန်မာ့သတင်းများ


  • ခြင်ထောင်မရှိ၊ ဆန်မရှိ၊ မျှော်လင့်ချက်မရှိ - ရှင်သန်သူတွေ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသည်။
  • 134,000 သေဆုံးသူ (ပျောက်ဆုံးသူ)
  • 750,000 ကယ်ဆယ်ရေးလိုအပ်နေ
  • 280,000 နွားနှင့်ကျွဲသေဆုံးမှု
  • 1 million acres စိုက်ပျိုးလို့ရသော မြေများ နစ်မြုပ်
  • $243 million အစိုးရက လယ်သမားများအတွက် တောင်းဆိုမှု (အစိုးရထံပေးရန်)
  • $20 million အစိုးရက တိရစ္စာန်တွေ သေဆုံးမှုအတွက် တောင်းဆိုမှု (အစိုးရထံပေးရန်)
  • 4,000 ကျောင်းပေါင်း ပျက်စီးသွားပြီး ၁.၁သန်း ကျောင်းသားကျောင်းသူများ အပေါ်သက်ရောက်မှုရှိသည်။
  • မြန်မာ့အလင်းမှ ဒုက္ခသည်များအား မှာကြားပုံ - ငတ်ပြတ်ခြင်းသည် ပြဿနာမဟုတ်၊ လယ်သမားတွေက ရေထဲဆင်းပြီး water clover (အပင်တစ်မျိုး) ကို သွားရှာလို့ရတယ်။ ဒါမှမဟုတ် ညဘက်ကျရင် မီးအိမ်နှင့် ဖားဖမ်းစားလို့ ရတယ်ဟု ပြောသည်။
  • US Defense Secretay Gates က စစ်အစိုးရကို ယခုလို မုန်တိုင်းဖြစ်ပြီး မသေဆုံးသင့်ပဲ သေဆုံးနေတဲ့ လူတွေ အတွက် ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။
  • သူက ယခုလို စစ်အစိုးရ နိုင်ငံတကာ ကယ်ဆယ်ရေးတွေကို ပိတ်ဆို့နေခြင်းသည် များလှစွာသော လူ့အသက်များနှင့် ပတ်သက်နေကြောင်း ပြောပါသည်။
  • စစ်အစိုးရ၏ မိဘမဲ့ကလေး ဂေဟာ ၆ခု ဆောက်ပြီး ကလေးတွေကို ခေါ်ယူ ထိမ်းသိမ်း မည့် အစီအစဉ်ကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း တွေမှ ဤသို့ မပြုလုပ်ရန် ပြောဆိုလျှက်ရှိသည်။ မည်သည့် အစိုးရကမျှ ဤသို့ မပြုလုပ်ကြောင်း ပြောသည်။ ကလေးတွေကို သူတို့၏ ကျန်ရှိနေသေးသည့် တစ်ခြား မိသားစုဝင်များဖြင့် ပြန်ပေါင်းစည့်ပေးသင့်သည်။ မဟုတ်ပါက သူတို့ socialisation skill များနှင့်ပတ်သက်ပြီး ချို့ယွင်းသွားကြမည်ဖြစ်သည်။ ငါးနှစ်အောက်ကလေး များအတွက် ပိုဆိုးပါသည်။ အဲ့ဒီ အချိန်သသည် သူတို့ ဘ၀အတွက် အရေးကြီးသော အချိန်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လေ့လာရန်လိုသည်။ ဂေဟာများသည် ဤသို့ မသင်ပြပေးနိုင်ချေ။
  • UN World Food Program Chief သည် မြန်မာပြည်သို့ ONE day visit သောကြာနေ့တွင် သွားခဲ့သည်။
  • Terje Skavadal ၏တင်ပြချက်အရ စစ်အစိုးရသည် သူတို့ အစိုးရ emergency camps များမှ ဒုက္ခသည်များကို အိမ်သို့ ပြန်ခိုင်းမှုများ စတင်နေသည်။

Tea

ဆက်ဖတ်ရန်...(To Continue)

A Cool Song (8) အကြင်နာတွေနဲ့ဖေးကူပါ။

သီချင်းလေးကို မုန်တိုင်းအတွက် လေးဖြူ ၊ ဟယ်ရီလင်း ၊ မျိုးကြီး ၊ ဆုန်သင်းပါရ်၊ ကြိုးကြာ နှင့် တခြား အဆိုတော်ပေါင်း များစွာက သီဆိုပေးထားတာ ဖြစ်ပါတယ်။ အရမ်း ကြေကွဲဖို့ကောင်းပါတယ်။ နားထောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။


IRON CROSS မှ KMT က Comment Section မှာ တောင်းဆိုထားသဖြင့်.. ဒီသီချင်းကို ခေတ္တခဏ Cancel ထားလိုက်သည်။

Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, May 29, 2008

ကိုယ်တွေ့ အဖြစ်အပျက် အမှန်များ


ကျွန်တော်အခုပဲ မမေ(မြန်မာပြည်ကိုလွမ်းသူ) နဲ့ စကားတွေ ပြောပြီးသွားတာပါ။ သူလဲ အခုမှ မြန်မာပြည်ကနေ ပြန်ရောက်တာ။ ကြားရသမျှတော့ ရင်နာစရာတွေကြီးပါပဲဗျာ။ ၂၇ရက်ကနောက်ဆုံးနေပါ။ မမေလဲ အဲ့ဒီမှာ တစ်လနီးပါးလောက် ကြာသွားပါတယ်။ သီတဂူဆရာတော်ကြီးနဲ့ တူတူသွားလှူတာပါ။ ဆရာတော် အဖွဲ့နဲ့ပေါ့။

အခု မမေလဲ အရမ်း ပင်ပန်းပြီး ၀မ်းနည်း စိတ်မကောင်းနေလို့ ပိုစ့်တွေ မတင်နိုင်သေးဘူးဆိုလို့ ကျွန်တော်လည်း တတ်နိုင်သလောက် ဗျူးပြီး သတင်းတွေ အလျင်အမြန် ပြောပြမလို့ပါ။


Government is Blocking Donators
လက်ရှိ တကယ် ဆိုးရွားစွာ ငတ်ပြတ်နေတဲ့နေရာကို အစိုးရက ဘယ်သူ့ကိုမှ ပေးမသွားဘူးတဲ့လေ။ နောက်ဆုံးနေ့ သူတို့သွားတုန်းက သူတို့ ကားတစ်စီးပဲရှိပါတယ်တဲ့။ သီတဂူဆရာတော်ကြီးရဲ့ အဖွဲ့ကိုပဲ ပေးသွားတယ်တဲ့။ အကုန်လုံးကို ပိတ်ထားတာတဲ့လေ။ နိုင်ငံတော် က ကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို လုပ်ပြီးသွားပြီလို့ ပြောပါတယ်။

A Granny From A Village
မမေတို့ ၂၇ရက်တုန်းက ဟိုး မိန်းမလှကျွန်းတွေ ကျော်ပြီး မအေးကြည်ရွာတွေ ဘက်ကို ရောက်သွားတယ်။ အဲ့ဒီမှာ ဘာအကူအညီမှ မရသေးဘူးတဲ့။ အဲ့ဒီလိုမျိုး ကျွန်းတွေ အများကြီးက အကုန်လုံး ဒုက္ခရောက်နေကြရတာ။ အဲ့ဒီမှာ သူတို့ သင်္ဘောမရပ်ခင် အဖွားကြီးတစ်ယောက် ထိုင်ငိုနေတာကို တွေ့ပါတယ်တဲ့။ ဒီအတိုင်းကို ထိုင်ငိုနေတာပါ။ မေးကြည့်တော့ ဒီအဖွားကြီးက သူ့မှာ ရှိရှိသမျှ ယောက်ျားရော၊ သားသမီးတွေရော အားလုံး သေသွားကြတာပါ။ သူတစ်ယောက်ထဲ ကျန်တာပါ။ မုန်တိုင်းမိတုန်းက ရေထဲ မျောသွားတုန်း ကက္ကိုပင် တစ်ပင်ကို ဖက်ပြီး အသက်ရှင်ကျန်ခဲ့တာပါ။ မမေ ပြောပြချက်အရ အဖွားဟာ မကြာမကြာ ရေထဲ ကို ဆင်းဆင်း ငုတ်ပြီး သူ့ယောက်ျားရဲ့ အလောင်းကို သွားရှာနေပါတယ်လို့ သိရပါတယ်။ အဖွားက သေချင်ပါတယ်လို့ ပဲ ပြောနေပါတယ်။ စိတ်မကောင်းပါ။ နာမည်က ဒေါ်ဖွားတင်ပါ။ အသက် ၇၈ နှစ်ရှိသွားပါပြီ။ အောက်ကပုံမှာ တုတ်ကောက်လေးနဲ့ ထိုင်မှိုင်းပြီး ငိုနေတဲ့ပုံပါ။



Cheating Shop From BoKaLay
ဘိုကလေး မှာ အရမ်းနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်နာမည်က မွန်မြတ် ဂရုဏာတဲ့။ အဲ့ဒီဆိုင်က အစိုးရနဲ့ ပူးပေါင်းပြီး လူတွေကို နိုင်ငံတကာက အလှူတွေကို ပြန်ရောင်းနေတာတဲ့လေ။ တော်တော် လူသိများတယ်တဲ့။ ရက်စက်ပါဘိ။ ယခုလို အခြေအနေမျိုးမှာ သူတို့မို့လို့ လုပ်ရက်တယ်တဲ့။ အောက်ကပုံမှာ ဆိုင်တစ်ဆိုင်ပါပါတယ်။ အဲ့ဒီဆိုင်ပါ။

အလောင်းများ
အလေင်းတွေ က လည်း ဒီအတိုင်းပဲ ဘောလော ပေါ်တုန်း မြေပြင်ပေါ်တွေမှာ ပြန့်ကျဲလျှက် ရှိနေတုန်းပါတဲ့လေ။ အနံ့အသက်က အရမ်းကို စိုးရွားပြီး ထမင်းတောင် စားလို့မ၀င်အောင် အခြေအနေဆိုးပါတယ်တဲ့။ အောက်ကပုံက အလောင်းတစ်လောင်းပုံပါ။


အသင်းတွေ ပျောက်နေသည်
မမေရဲ့ ပြောပြချက်အရ လက်ရှိ အဲ့ဒီလို နေရာမျိုးမှာ ဘယ်အသင်းအဖွဲ့မှ မရှိဘူးတဲ့။ အကူအညီလုံးဝ မရှိဘူးဖြစ်နေတယ်။ သူတို့က လမ်းတွေပေါ်ထွက်ပြီး အစားတောင်းခံတဲ့ အခါမှာ အစိုးရက အဲ့ဒီလူတွေကို အလုပ်မလုပ်ချင်ပဲ တောင်းစားနေတဲ့သူတွေဆိုပြီး နာမည်တပ်ကာ စွပ်စွဲထားပါတယ်။ တကယ်တော့ သူတို့မှာ ၇ှိရှိသမျှ လယ်တွေ အကုန်မြုပ်သွားပြီး စားစရာ မရှိလို့ အဲ့လို လုပ်နေရတာပါ။ အခုလို အခြေအနေမှာ အားလုံးကို ပိတ်ထားတော့ ပိုဆိုးပါတယ်။ ဟိုတလောက ဆရာဝန်တစ်ယောက်ကို အဲ့နေရာတွေ သွားလို့ဆိုပြီး ဖမ်းချုပ်ထားလိုက်တယ်တဲ့။ ပြီးတော့ သူတို့ အရင်သွားတုန်းက တရားတောင် အစွဲခံရတယ်တဲ့လေ။ နိုင်ငံတော်ကို အကြည်ငြိုပျက်မှု နဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။

လူတွေသေချင်နေပြီ
အဲ့လိုမျိုးဒုက္ခတွေ ရောက်နေတော့ လူတွေက သေသာ သေချင်တော့တယ်ဆိုပြီး ပြောနေကြပါတယ်။ သူတို့မှာ ဆွေမျိုးတွေလည်း ပျောက်၊ သေ၊ စားစရာလည်း ဒုက္ခရောက်တော့ အားလုံး စိတ်တွေ ညစ်ပြီး နောက်မုန်တိုင်း တစ်ခုလာဖို့ တောင်းဆိုတဲ့ လူတွေတောင်ရှိပါတယ်တဲ့။ ဒီတစ်ခါလာရင် မုန်တိုင်းထဲ သွားဝင်ပြစ်လိုက် တော့မယ်ဆိုပြီး ပြောတဲ့ လူတွေလည်း ရှိပါတယ်။

မမိုး
အခုအောက်က ပုံက မမိုးမိုးက သူ့မိသားစု မရှိတော့ပဲ သူသာလျှင်ကျန်တော့တာ ဖြစ်တယ်။ သူလဲ မှိုင်းထိုင်းပြီး စိတ်ဆင်းရဲနေတာကို တွေ့ရပါတယ်။
ရေလွှမ်းနေသော လယ်များ
အခုနောက်သိရတာတော့ အစိုးရက ရေလွှမ်းနေတဲ့ လယ်တွေကို ပုပ္ပလိက ကုမ္မဏီတွေကို ပေးပြစ်တော့ မယ်လို့ သိရှိရပါတယ်။ ဒါဆိုရင် ဟိုးအရင်ကလို ချစ်တီးကုလားတွေက လယ်သမားတွေကို ခိုင်းစားသလို အခု လယ်သမားတွေ ခိုင်းစားပြီး ငှားတာ ခံရတော့မည်ကို မြင်ယောက်မိပါသည်။

ဘိုကလေးမှ Symbol တဲများ
ပြီးတော့ ဘန်ကီမွန်းကြီးလာသွားတုန်းက ဘိုကလေး မှာ Symbol တဲတွေရှိပါတယ်။ အဲ့ဒီမှာ လူတွေမထားပဲ ဒီအတိုင်းပဲ ထားပါတယ်တဲ့။ ဘန်ကီမွန်းတို့ ဧည့်သည်တွေ လာမှ လူတွေ ကို ခေါ်ထည့်ပြီး ဆန်တွေ လိုက်ဝေပါတယ်။ ပြီးရင် ဧည့်သည်တွေ ပြန်သွားရင် လူတွေက သူတို့ ကို ဆန်တွေ ပြန်ပေးရပါတယ် လို့ မမေက ပြောပါတယ်။

What the Hell are they thinking?
အခုလို အစိုးရက ဘာအကြံတွေနဲ့ လုပ်နေမှန်းလဲ မသိရပါဘူး။ ၂၇ရက်နေ့ ထိထိတော့ လူတွေ လုံးဝ သွားလို့ မရပါဘူး။ အလှူရှင်တွေကို ပြောတာပါ။ မနေ့ကတော့ မြန်မာ့အလင်းမှာ မည်သူမဆို သွားလို့ ရပြီလို့တော့ ပါလာတယ်။ ဒါပေမယ့် မသိပါဘူး။ ကျွန်တော့် အထင်တော့ ဒီအစိုးရ ကမ္ဘာကြီးကို သူတို့ စည်းမဲ့ကမ်းမဲ့ စိုးစံ နေတာတွေ သိမှာ စိုးလို့ နည်းမျိုးစုံနဲ့ ဆက်လက်ပြီး လိမ်ညာဦးမယ် လို့ ယူဆပါတယ်။

သတင်းတွေ ကို ဆက်လက်ပြီး မမေနဲ့ စကားပြောပြီးတင်ပြပါဦးမယ်။
Tea

ဆက်ဖတ်ရန်...(To Continue)

Wednesday, May 28, 2008

က - ကလေးငယ် ချစ်စဖွယ် (တတိယပိုင်း)

အားလုံးချစ်တဲ့ ဘလောခ့်ကာ ကလေးငယ်များကို တတိယပိုင်း အနေနှင့် ပြန်လည် တင်ဆက်ပါတော့မည်။ အပိုင်း - ၁ ရော အပိုင်း - ၂ ပါ ပြင်းထန်စွာ အားပေးခဲ့ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါသည်။ (မကြည့်ရသေးသူများ ကြည့်ချင်ရင် မျဉ်းသားထားသော အဲ့ဒီ နာမည်များကို နှိပ်လိုက်ပါ။)

အပိုင်း ၂ ပိုင်းလုံးမှာ မပါလိုက်ရလို့ဆိုပြီး စိတ်ချိုးတဲ့ သူတစ်ချို့ကို ဦးစားပေးပြီး ထည့်ထားပါတယ်။ ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း ၁၅ယောက်တောင် ပါတယ်နော်။ ကျွန်တော့်ခမျာ ၁၅ ယောက်လုံးစီ သွားပြီး ဓာတ်ပုံတွေ ရိုက်ရ၊ အင်တာဗျူးရနဲ့ - အရမ်းကို မောတယ်။ ဘယ်ပြောကောင်းမလဲ - ဟိုတစ်ခါ ကောမန့်အပိုင်းမှာ လူတွေကို လိမ်ညာပြီး တီးပါဆိုပြီး ပုံတွေ တင်သွားသော နတ်ရှင်နောင်တော့ အပိုင်း ၃ မှာလဲ ထပ်ပါသေးတယ်။ :P

အပိုင်း - ၃ ပြီးရင် နောက်တစ်ပိုင်း လာချင်လာပါဦးမည်။ ဒုတိယ ပိုင်းကလို စာရင်းသွင်းတဲ့သူ များရင်တော့ လာပါမည်။ ကယ် စလိုက်ကြတာပေါ့။



၁။ ဟီးး - အောက်ကတော့ ဘယ်သူမှ မဟုတ်ပါဘူး။ ကိုတာယာ ပါ။ ကိုတာယာလဲ စာရင်းသွင်းထားတယ်လေ။ သားလဲ ပါမယ်ဆိုပြီးတော့။ အဲ့တော့ သူ့အိမ်ကို သွားရတာပေါ့။ ပြောရမယ်ဆိုရင်တော့ - သူ့အိမ်ရောက်တုန်းပေါ့။ ဒီပိုစ့်အတွက် ဓာတ်ပုံရိုက်မယ်လုပ်တုန်း - ကိုတာယာရဲ့ အထိန်းတော်က နေဦးတဲ့လေ သူပေါင်ချိန်ဖို့ အချိန်ရောက်ပီတဲ့။ ဒီကလေးက ငယ်ငယ်ကထဲက သေးကွေးတာ။ အစားမစားချင်လို့ မနည်း ကျွေးရတယ်တဲ့။ အခုလဲ ၀များ ၀လာပြီလား ဆိုပြီး ချိန်ရမယ်တဲ့။ ကျွန်တော်လဲ ဘယ်ပြောကောင်းမလဲ - အခွင့်ကောင်းရပီဟေ့ ဆိုပြီး အပီအပြင် တွယ်လိုက်တာ။ တစ်ချက်ထဲ မိသွားရော။

၂။ ဒီအောက်ကတော့ ပန်းခရေ ပါ။ အပိုင်း - ၂ ခထဲက စာရင်းကို ထိပ်ဆုံးကနေ လာသွင်းတာ။ သူကပြောပါတယ်။ အဲ့ဒီ အပိုင်း - ၂ ပြီးကထဲက ရန်ကင်းစင်တာ၊ ဒဂုံစင်တာတွေမှာ သွားပြီး ရှော့ပင်လုပ်တာတဲ့။ ဘာအတွက်လဲလို့ မေးတော့၊ သစ်သစ် လှလှ လေးဝတ်ပြီး ဓာတ်ပုံရိုက်ခံ မယ်တဲ့။ နောက်ဆုံး စကော့ဈေးမှာ သွားတွေ့တဲ့ ၀တ်စုံလေးနဲ့ပဲ ရိုက်လာခဲ့ပါတယ်။ သူလေးက ပြောင်နောက်တတ်တော့ လျှာကလေးပါ ထုပ်ပါရစေတဲ့လေ။ ကျွန်တော်လဲ အင်း အင်း ဆိုပြီး ရိုက်လိုက်တာ။

၃။ အောက်ကတော့ တစ်ခြားသူမဟုတ်ဘူး။ ကျွန်တော့်အိမ်က မေသူပိုင် ပါကွယ်။ သူလဲ အပိုင်း - ၃ သတင်းကြားရော၊ ဗီဒိုထဲ က ရှိတာ ကောက်စွပ်ပြီး ထွက်လာတာ။ အောက်ကပုံ ဖြစ်သွားရော။ အင်းး - ဆံပင်ကတော့ ပြောရမယ်ဆိုရင်တော့ ဟဲဟဲ၊ ပြောလဲ ပြောချင်ဘူး။ ဒါပေမယ့် ပြောလိုက်တော့မယ်၊ သူက ခေါင်းယားလို့ဆိုပြီး မနေ့တစ်နေ့ကမှ ကတုံးတုံးလိုက်တာလေ။ ပြီးတော့ ဓာတ်ပုံထဲမှာ ကတုံးမကြီး မဖြစ်ချင်ဘူး ဆိုပြီး ဘေးနားရှိတဲ့ တံမြတ်စည်းကို တုတ်ချွတ်ပြီး စွတ်ထားလိုက်တာ။ အဲ့လို အဲ့လိုတွေ ဖြစ်ကုန်ရော။

၎။ ဘယ်သူလို့ ထင်တုံး။ ကို ပါဂနာလေ။ သူ့အိမ်ရောက်သွားတယ်။ ဘာမှတော့ မဟုတ်ဘူး။ ဓာတ်ပုံသွားရိုက်မလို့ပါ။ အိမ်ရောက်သွားတော့ အိမ်ထဲမှာ လိုက်ရှာတာ လုံးဝ ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။ သူ့အိမ်ကလူတွေကလည်း ဒီကလေး ဘယ်ပျောက်မှန်းမသိဆိုပြီး ပြောတော့ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့ ၁၅ယောက်တောင် ရိုက်ရမယ်ဆိုပြီး အချိန်မရှိတာနဲ့ အပြန်လမ်းကျမှ ပြန်လာတော့ မယ် လို့ ပြောပြီး အထွက်မှာ - ဒင်းက ဘယ်ရောက်နေတုန်းဆိုတော့ သရက်ပင်ပေါ်ရောက်နေတယ်လေ။ ဘာလုပ်နေလဲ ဆိုတော့ ကြည့်လိုက်တော့။ ဇွတ်ပါလားနော်။ နှိုးပြီး မေးကြည့်တော့ ရေချိုးနေတုန်း အိပ်ပျော်သွားတာတဲ့။ ပြီးတော့ ဘယ်လိုမှန်း မသိ သရက်ပင်ပေါ် ရောက်နေတယ်။ ယောင်ယမ်းပြီး လမ်းထလျှောက်တာလား မသိ။ ဖြစ်တတ်တယ် တစ်ခါတစ်လေ။ သေချာလဲ မမေးမိဘူး။ အချိန်မရတော့လို့ အမြန်အဆန် ထွက်လလိုက်တယ်။ သိချင်ရင် သူ့ကိုသာ သွားမေးတော့။

၅။ အားရှားပါး။ ဘယ်သူမှတ်တုန်း။ ကိုHeartMuseum လေ။ အညတရ လို့လဲ အမည်တွင်တယ်။ သူက အမြဲလမ်း အားကစားကို လိုက်စားပါတယ်တဲ့။ ကိုယ်လုံး လှအောင် အမြဲတမ်း ဒိုက်ထိုးပါတယ်တဲ့လေ။ တစ်နေ့ကို အခါ ၅၀၀၀ တောင် ဒိုက်ထိုးတာတဲ့။ ကြားတော့ တော်တော်တောင် လန့်သွားတယ်။ ငယ်ငယ်လေးနဲ့ အဲ့ဒီလောက်တောင် လုပ်ရသလားလို့ မေးကြည့်တော့ - ကြီးလာရင် အားကစား ချန်ပလုံ လုပ်မှာတဲ့လေ။ အင်း ချန်ပလုံက ဘာလဲ ဆိုတာတော့ အဲ့ဒီတုံးက မသိလိုက်ဘူး။ ပြီးမှ သူ့အမေကို ပြန်မေးကြည့်တာ။ အော်ာ် သားရယ်။ သူကလေးက စကား မပီရှာဘူးတဲ့လေ။ သူပြောတာ ချန်ပီယံပါတဲ့။ ကျွန်တော်လဲ အင်းအင်း ဆိုပြီး နှုတ်ဆက်ပြီး ထွက်လာလိုက်တယ်။

၆။ သူကတော့ မီးငယ်လေ။ ပူးရုပ် တွေ ကြိုက်ပါတယ် ဆိုတဲ့ မီးငယ်ပေါ့။ အဲ့ဒီတုန်းက ကျွန်တော့်အိမ်ရဲ့ စတူဒီယိုမှာ ရောက်နေတာ။ အိမ်မှာလဲ သိတယ်မလား။ Pooh မပြောနဲ့၊ ၀က်ဝံနဲ့ တူတာဆိုလို့ ဘာမှ မရှိဘူး။ မီးငယ်က မရဘူး။ Pooh ပဲ Pooh ပဲတဲ့။ Pooh မှ မရရင် ထိုင်ငိုမယ်တဲ့လေ။ ဘယ်ရမလဲ။ ကလေးဆိုတော့ ညာပြီး ပန်းအိုး ထဲ ပစ်ထည့်လိုက်တာ သူကလဲ အထူးအဆန်းလေး ဖြစ်သွားတယ်ဆိုပြီး ငြိမ်နေတယ်လေ။ ခေါင်းပေါ်မှာ မြန်မြန် ပန်းတွေ ပစ်တင်လိုက်ပြီး ရှလွက် ရှလွက် ဆိုပြီး ရိုက်လိုက်တာ။ အောက်ကပုံလေး ရရှိလာပါသည်။

၇။ သူကတော့ ဘယ်သူမှ မဟုတ်ဘူး။ ကျွန်တော့်အိမ်က ဗိသုကာ Corner မှ လင်းစစ်သူ ပါ။ ပြောရမယ်ဆိုရင်တော့ မနေ့ နေ့လည်လောက်တုန်းက အိမ်ကို ဧည့်သည်တွေ အများကြီး ရောက်တုန်း။ မေသူရော ကျွန်တော်ရော - မီးဖိုချောင်ထဲ မှာ လက်ဖက်ရည်တွေ အပြင်းအထန်ဖျော်နေရတာ။ ကျဆိမ့်၊ ချိုဆိမ့် တွေ ရော စုံပလုံကို စိနေတာပဲ။ ပေါ့ဆိမ့်လဲ ပါသပေါ့။ ဘာ။ ပြီးတော့ မချို့ မပေါ့ ဆိမ့်ပေးပါတဲ့။ ဘယ်သူလဲတော့ မသိဘူး။ မေ့သွားပြီ။ ကျွန်တော့်အိမ်မှာ အဲ့ဒီလို ဖျော်ဆရာတွေ အလုပ်ရှုပ်နေတုန်း။ လင်းစစ်သူက ဘာလုပ်နေတယ် မှတ်တုန်း။ အိမ်ပေါ်ထပ်မှာ Tom & Jerry ကြည့်နေတယ်။ ဒါနဲ့ မေသူကို အိမ်ပေါ်လွှတ်ပြီး သွားကျိန်းခိုင်းတာ လင်းစစ်သူခမျာ အောက်က ပုံလေး ဖြစ်နေရော။ :)


၈။ အဲ့၊ အောက်က သူတွေ ဘယ်သူလို့ ထင်တုန်း။ သုံးယောက်တောင်။ နိုးအဖွဲ့တော့ မဟုတ်ဘူးနော်။ J P Z တဲ့။ ကောင်မလေး သုံးယောက် လုပ်တဲ့ ဘလောခ့်ကာ လေးတွေလေ။ သူတို့ လဲ သုံးယောက်တွဲလေး ပါမယ်ဆိုပြီး လာပြောတော့ စတူဒီယိုမှာ ရိုက်လိုက်တဲ့ ဓာတ်ပုံလေးပါ။ ရိုက်နေတုန်း J က ဘာမှတ်တုန်း။ P ကို သွား ဆွဲစိတ်တာ။ P က အလယ်ကနေ ရန်တွေ့နေတာလေ။ အဲ့ဒါကို J က မသိယောင်ဆောင်နေတာ။ ခပ်တည်တည်နဲ့။ Z ကတော့ ရတယ် ဒင်းတို့ ၂ ယောက် အလုပ်ရှုပ်နေတုန်း နာကတော့ အလှဆုံး ဖြစ်အောက်ဆိုပြီး ပဲထုတ်နေတာ။ သေချာကြည့်တော့ ဘယ်ဟုတ်မတုံး။ သူ့ခေါင်းပေါ်မှာ P က ဘောင်းဘီတိုကြီး သွားတင်ထားတာ။ ဟီးး Z ကလည်း မသိပါဘူး။ အားလုံး ပြီး သွားမှ သိတာ။ သူတို့ ၃ယောက်ကို မနည်း ဆွဲထားရတယ်။ စတူဒီယို တစ်ခု လုံး ဗြောင်းဆန်သွားပါရော။

၉။ သူ့နာမည်က ကိုအောင်ကောင်း။ ထွေထွေထူးထူး မဟုတ်ပါဘူးတဲ့။ ပျော်ပျော်ပဲ နေတယ်တဲ့လေ။ အခုလဲ အိမ်ရောက်သွားတော့ ဘာလုပ်နေလဲ မှတ်တယ်။ ကြီးလာရင် မင်းသားလုပ်မလို့ လေ့ကျင့်နေတာတဲ့လေ။ ဘာအကွက်လဲ သွားကြည့်လိုက်တော့ လန့်တောင်လန့်သွားတယ်။ မျက်စိ နှစ်လုံးက အလယ်ကို စုလို့ ပြူးလို့။ နှုတ်ခမ်းကို လဲ ချွမ် ထားလို့နဲ့။ ဘာလုပ်နေတာလဲ လို့ မေးတော့။ မျက်နှာ အက်ရှင် အမျိုးမျိုး လုပ်တတ်အောင် ပြင်းပြင်း ထန်ထန် လေ့ကျင့် နေတာပါတဲ့လေ။ အခုလဲ မျက်လုံး နှုတ်ခမ်း အပိုင်းကို လေ့ကျင့်နေတာတဲ့။ ကျွန်တော်လဲ ဓာတ်ပုံတစ်ပုံ မြန်မြန် ကောက်ရိုက်ပြီး ထွက်လာလိုက်တယ်။

၁၀။ ကို အောင်မျိုးဟန် ပါ။ သူပဲ စာရင်းသွင်း ပြီး ပါမယ်ဆိုပြီး လုပ်တာ။ သူ့အိမ်ရောက်မှ မရိုက်ချင်ဘူးဆိုပြီး ဘူးးး ဘူးးးး ဆိုပြီး ဇွတ်ငြင်းနေတာ။ လာမရှုပ်နဲ့တဲ့။ ဒီမှာ နို့သီးခေါင်း ဆော့နေတာတဲ့။ လက်ထဲမှာ ရှိတယ်။ သူ့ကို အော်မေးလိုက်တယ်။ ဟေ့။ ပြောတုန်းကတော့ ပြောပြီးတော့ အခုမှ ရမလားဆိုပြီး။ သူက အမယ် ရုပ်တည်ကြီးနဲ့ မေ့သွားပြီတဲ့လေ။ သူ့နို့သီးခေါင်းကို ဆက်ဆော့နေတုန်း။ ကျွန်တော်က ဘေးက လူတစ်ယောက်ကို ပုလင်းတစ်လုံး ပြခိုင်းလိုက်တာ။ အံမယ်။ ဒင်းကလေးက အဲ့ဒီပုလင်းလဲ မြင်ရော။ မျက်လုံးက ပြုးလို့၊ တောက်လို့၊ ပြောင်လို့။ ကျွန်တော်လဲ အချိန်ကောင်းပဲ ဆိုပြီး ဓာတ်ပုံ မြန်မြန်ရိုက်လိုက်တယ်။ ဟဲဟဲ။ ဒီကလေးနှယ့် နိုင်ကွက်နဲ့ ဆော်မှ ရတယ်။ :P

၁၁။ အခုမှ ရမလား။ လာငိုပြမနေနဲ့။ ကြည့်ပါဦး။ နတ်ရှင်နောင်ကို ကြည့်ပါဦး။ ငိုနေလိုက်တာမှ။ ၁၈ ရပ်ကွက်လုံး တောင် ကြားရတယ်။ အသံပြဲပြဲကြီးနဲ့ ငိုတာ မြန်မာတိုင်းစ်ထဲမှာ တောင် ပါလာတယ်။ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ အပိုင်း ၁ ရော အပိုင်း ၂ မှာပါ လူတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင် ဓာတ်ပုံတွေကို သူ့ဓာတ်ပုံတွေကို တီးဓာတ်ပုံပါဆိုပြီး ထုတ်ထုတ်ပြနေတာ။ ကျွန်တော်လဲ ဘယ်ရမလဲ။ မှတ်လောက်သားလောက် ဖြစ်သွားအောင် အိမ်က လက်ရွေးစင် ကြောင်ကို သူ့အိမ်လွှတ်ပြီး သူ့အလစ်မှာ ပညာပေးခိုင်းလိုက်တာ။ အိမ်ကကြောင်ကလဲ လာမစမ်းနဲ့တဲ့လေ။ တစ်ကြောင်ထဲရှိတယ်တဲ့။ ပိုတဲ့ကြောင်တွေ အကုန်ရှင်းပလိုက်မယ်ဆိုပြီး ခွက်နဲ့ လှမ်းတွယ်လိုက်တာ။ နတ်ရှင်နောင် ခမျာ သနားပါတယ်။ ငိုနေရှာတာ။ ကြည့်ပါဦး။

ဟုတ်ကဲ့။ အပိုင်း ၃ ကို ဒီတင်ရပ်ပါရစေ။ ဒီပိုစ့်မှာ စာရင်း လာသွင်းမယ့်သူတွေ များဦးမယ်ဆိုရင်တော့ အပိုင်း ၄ကို ဆက်လာပါဦးမည်။ မျှော်။ ပါချင်သူများ - ပါပြီးသူတွေ ထပ်ပါချင်သူများ စာရင်း မြန်မြန်သွင်းကြတော့။

အားလုံးပျော်ရွှင်ပါစေသား။

Tea

မှတ်ချက်။ ။ ဤပိုစ့်တွေကို အရမ်းကြိုက်ပါတယ်ဆိုပြီး နောက်နောင် အပိုင်းများအတွက် ကလေးငယ်များ ဓာတ်ပုံကို တကူးတက ပေးပို့လာသော ကို ပါဂနာကို တီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

ဆက်ဖတ်ရန်...(To Continue)

ဒီဘ၀တော့ ....

  • ဒေါ်အောင်ဆန်းစုကြည် အား နောက်ထပ် 1year ထပ်မံချုပ်လိုက်ပြီဖြစ်ပါသည်။ သူမ ယခု အသက် ၆၂နှစ် ရှိပါပြီ။
  • ဘန်ကီမွန်းကြီး မြန်မာပြည်ထိရောက်ပြီး ဒေါ်စု နာမည်လေးတောင် မရွတ်လာတာတော့ ရှက်စရာပေ။
    NLD က လူအယောက် ၂၀ ဒေါ်စုအား လွှတ်ပေးရမယ့်နေ့တွင် လှုပ်ရှားခဲ့လို့ သက်ဆိုင်ရာမှ ထိမ်းသိမ်းထားသည်။
  • အမှန်တယက် တရားဥပဒေအရ တရားရုံးတွင် စီရင် ရမည်ဖြစ်သည်။ အင်မတန်မှ ဥပဒေမရှိသော မြန်မာပြည်ဖြစ်သည်။
  • ယခုလို သူမ လောကကြီးနှင့် အဆက်ဖြတ်ခံရမည့် အရသာကို ဆက်လက်ခံစားရဦးမည်။
  • စစ်အာဏာရှင်တွေ ယခုလို မြန်မာပြည်၏ အရေးကြီးသော အချိန်တွင် ဤအပြုအမူမျိုး လုပ်ခြင်းသည် လုံးဝ မသင့်တော်ပေ။ ဒါပေမယ့် သူတို့က ပြည်သူတွေကိုမှ ဂရုမစိုက်တော့ အေးဆေးပေါ့။

ဤပိုစ့်လေးကို သွားပြီး ၀မ်းနည်းကြေကွဲနိုင်ပါကြောင်း - သီချင်းလေးပါရှိသည်။
ဒီမှာနှိပ်ပါ။

ဒေါ်စုအတွက် လုံးဝ ၀မ်းနည်းကြေကွဲရပါကြောင်း

Tea

ဆက်ဖတ်ရန်...(To Continue)

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁



Tea: အစ်မရေ - ပြောစရာ ရှိတယ်။
May: ဝေး ....တီးေ၇ ...ပြောချင်ရင်လက်ဖက်ရည်ပါယူခဲ့
Tea: လက်ဖက်ရည်ကလား. ရော့.. အိုးလိုက် ပြောရဦးမယ်။ အစ်မရေ
Tea: ဟိုအကြောင်းလေ။ ဘာရယ် ညာရယ်တော့ မဟုတ်ဘူး။ စိတ်ထဲ ပေါ်လာလို့။ ဒါပေမယ့် တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတယ်။
May: အိုကေ လက်ဖက်ရည်ယူလာပေးတဲ့တီးကိုအစ်မက သီချင်းတစ်ပုဒ်ဆိုပြမယ်



ခေါင်းစဉ် - တိုင်းပြည်ခေါင်းဆောင်များ၏ ပညာရေး

Tea: ကျွန်တော်ပြောချင်တာက - တိုင်းပြည်က လူတိုင်း လေးစားရတဲ့ ခေါင်းဆောင်တွေ အကြောင်းလေ - သိပ်တော်တဲ့ လူတွေလေ။ အစ်မသိရင် နာမည်တွေ ရွတ်လိုက်ပါဦး။
May: အော်သိတယ်
Tea: ၁ ကစပြီးရွတ်လိုက်
May: ဂြိုလ်ဂုတ်မှူးကြီး ဂျပိုးရွှေလား
Tea: မှားနေပြီ.. စကားပီဘူးလား ပီအောင် ပြန်ပြော :D
May: ဒါဆိုရင် တစ်ခြားတစ်ယောက်နာမည်ပြောမယ်
Tea: အင်း ဘယ်သူတုန်း ငအ ငကန်းလား
May: တိန်းချိန် သူက တိန်းတာလဲပိုင်တယ်ချိန်းတာလဲပိုင်တယ်
Tea: ငအ ငကန်းရော ငကန်း လား ငါးမန်းလား မသိပါဘူး
May: ငကန်းက ဂျော်နီလမ်းလျှောက်နှပ်နေလို့အခုသူ့အကြောင်းမပြောနဲ့အုံး


Tea: ပြောရဦးမယ်.. ပြောချင်တာက .. သူတို့ရဲ့ တော်ပုံတော်ချက်တွေ
May: ပြောပါအုံးTea: သူတို့က သိပ်ကို တော်တာလေ
May: ဘောင်ဘီလား
Tea: ဘာတဲ့။ ဂိုက်ဆရာမပြောဖူးတယ် အရင်တုန်းကပါ
May: ဘာဒဲ့တုန်း
Tea: ၃ယောက်ပေါင်းမှ ၁၀တန်းအောင်တာတဲ့လေ
:D
ဟီးးး
May: အဲဒါမင်းဆရာမကိုဘယ်သူပြောဒါဒုန်း
Tea: သိပါဘူး သူမှန်းကြည့်တာတဲ့လေ
May: တောက်!! ရာရာစစ
Tea: ဘာလို့တုန်း
May: သူတို့က သုံးယောက်ပေါင်းမှ လေးတန်းဘဲအောင်တာ
Tea: LOL ဟီးး..
ဖြစ်နိုင်တယ်သိပ်တော်တာပဲနော်
ချာမကို ပြန်ပြောပြရဦးမယ် သေချာတယ်နော်.. ၄တန်းဆိုတာ သူငယ်တန်းဖြစ်နေဦးမယ်
May: မင်းဂိုက်ဆရာမက လဲ ဒီလောက်တောင်ညံ့ရလား
Tea: ဟုတ်ပနော်
May: သူလဲအမျိုးတော်လို့ထင်တယ်
Tea: မဟုတ်ပါဘူးနော်..


Tea: နေဦး နိုင်ငံခေါင်းဆောင် တစ်ယောက်ဆိုတာလေ..
May: မနေဘူးမြန်မြန်ပြော အေး
Tea: ပညာမတတ်ဘူးဆိုတော့ နည်းနည်းတော့ ရယ်စရာမကောင်းဘူးလားလို့ သွားလေရာရာမှာ ဘာသာပြန်ကြီးနဲ့ ရှက်တတ်ဘူးလားမသိ
May: နိုင်ငံခေါင်းဆေင်မှန်ရင် အရက်သောက်တတ်ရတယ် ပါတီသွားတတ်ရတယ် ယူအန်ဘီစကစ်စားတတ်ရတယ် အောင်မယ် ဘာသာပြန်များခေါ်ချင်လို့ခေါ်တယ်မှတ်နေလား
Tea: ဘာလို့တုန်း
May: ကြိုင်ကြိုင်ကိုစိန်နားကပ်လေးလက်ဆောင်ပေးထားလို့ ဘာသာပြန်ရာထူးခန့်ထားတာ ဒီတိုင်းဆိုလို့တော့ ဒီကောင်တွေ အနားတောင် အကပ်မခံဘူး
Tea: ကျွန်တော်ထင်တာကတော့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တစ်ယောက်က အနည်းဆုံးတော့ စာတတ်ပေတတ်ဖြစ်ဖို့လိုတယ်
May: လုပ်စမ်းပါအုံး တတ်တယ်လေ သူတို့ရှိနေလို့သမိန်ပေါသွပ်တို့တွတ်ပီးတို့ ကာတွန်းတွေေ၇ာင်းကောင်း နေတာ သူ့ဖတ်တာလေ အဲဒါစာပေဟုတ်ဘူးလား
Tea: US မှာဆိုရင် ကမ္ဘာကျော် Harvard University, Yale University, Standford University, Oxford Unversity ကနေ ထွက်ထွက်နေတဲ့ သူတွေ ပဲ President ဖြစ်ကြတာ ကျွန်တော်တော့ ကိုယ့်တိုင်းပြည်အတွက်ရှက်တယ် အခြေခံ မူလတန်းတောင်
Tea: ရောင်တောင် ကန်းတန်းနဲက အောင့်တာ အောင်တာလို့ပြောတာပါ


May: အဲဒါကြောင့်ရှက်စရာမဟုတ်ဘူးကွ
Tea: ဘာတုန်း မှတ်စရာလား
May: ဒို့နိုင်ငံက ခေါင်းဆောင်တွေကမှပိုတော်တာ
May: ခေါင်းမရှိဘဲအုပ်ချုပ်ရဲတာနဲတဲ့အဆင့်လား
Tea: ဟုတ်ပ :)


May: ချက်ချင်းတောင်းပန်လိုက်စမ်းတီး
Tea: နိုး
May: မင်းခေါင်းဆောင်တွေကို မခန့်လေးစားနဲ့
Tea: သတ်ချင်သတ်ပလိုက် ဒို့ကတော့ သေတောင် နိုးပဲဟေ့
May: ဘာလဲ Vote No ကန်ပိန်းဆင်းနေတာလား နိုးမနေနဲ့အိပ်တော့ နိုင်သွားပြီ
Tea: သိသားပဲတော်တော်မျှတတာကို
May: အလေးခိုးထားတဲ့ချိန်ခွင်နဲ့ချိန်ထားတာလေ မျှတမှာပေါ့



(ခေါင်းစဉ် - Their Public Communication)

May: ပြောအုံးမင်းသိတာတွေဆက်ပြောအုံး
Tea: အင်း
သန်းရွှေဂျဖိုး ကြီး ပြည်သူပြည်သားတွေကို မိန့်ခွန်းပြောတာ မြင်ဘူးလား စာတော်တော့ မိန့်ခွန်းတွေ
May: မြင်ဘူးတယ်
Tea: အဟုတ်? ဘယ်မှာတုန်း
May: ဟုတ်ပါတယ်ဆို မယုံသင်္ကာနဲ့လာမေးနေသေးတယ်
Tea: ပြောပါဦး
May: မယုံရင် အပတ်စဉ်၄၆က မင်းသူငယ်ချင်းတွေမေးကြည့်
Tea: ဘာမေးရမှာလဲ
May: မိန်းခွန်းတွေပေါ့ သူတို့က တော်တော်စိတ်ဝင်စားတယ်က
ွTea: သူတို့ကိုလား နိုးနိး ကျွန်တော်ပြောတာက ပြည်သူပြည်သားတွေကို
May: သန်းေ၇ွှမိန့်ခွန်းပြောတုန်းက သူတို့က ရန်ကုန်က ရည်းစားအကြောင်းစဉ်းစားနေတာတဲ့
Tea: ဟားဟား အများပြည်သူတွေကိုလေ။
May: အော်
Tea: ပညာတွေ ပေါလွန်းတော့ မပြောနိုင်ရှာဘူးထင်တယ်
May: ဗိုလ်ချုပ်အောင်ဆန်းတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောရင် နေရာလပ်မရှိစေရဘူးတဲ့
Tea: သူတို့ကတော့
May: ဒို့ရဲ့ဘဘဂျပိုးေ၇ွှကတော့
Tea: :D
May: ကွပ်လပ်ကြီးဖြစ်အောင်တောင်လုပ်ပစ်တာ ဘယ်လောက်တော်လဲ(ဘောင်ဘီ)
Tea: ဟားဟား.. သိပ်တော်တယ်ကွက်တိ
May: ခါးဆိုဒ်က ဘယ်လောက်လဲ၊


(ခေါင်းစဉ် - His Perfect English Skill)

Tea: နေဦး.. အစ်မ ဟိုတစ်ခါက ကိုယ်တွေ့လေးလုပ်ပါဦး တိန်းချိန်ရဲ့ စပယ်ရှယ် အင်္ဂလိပ်
May: အစ်မကိုယ်တွေ့ဟုတ်ဘူးအစ်မ တူငယ်ချင်းကိုယ်တွေ့ပါ
Tea: သိဘူးလေ အပြစ်မတင်နဲ့ စာမေးပွဲတွေ ပြီးကထဲက နည်းနည်း ချောင်နေတာ အခုထိ
May: သူတို့ကသူတို့ရဲ့အစီစဉ်အတိုင်းသူတို့ကိုအစားစာတွေပေးဘို့အတွက် တိန်းချိန်နဲ့ညှိုနှိုင်းရင်း စကားပြောရသတဲ့
Tea: အင်း
May: ပထမတော့ကြားက ဘာသာပြန်ရှိတယ်တဲ့
May: နောက်အဲဒီ ဘာသာပြန်လဲ ခဏထသွားေ၇ာသူက သူရဲ့ဖုန်းနံပါတ်ကိုေ၇းပြတယ်တဲ့ (ဗယ်သန်ကွ)
Tea: ဘယ်သူလဲ တိန်းချိန်လား
May: ဟုတ်တယ်။ အဲမှာအစ်မ သူငယ်ချင်းက သူ့ကိုမေးခွန်းလေးတွေပြန်မေးတော့သူက ပြန်ပြောတယ်သိလား


Tea: အင် ပြောပါဥိး
May: Are you Understand ? ဟီးး
May: ဘယ်တက္ကသိုလ်ကပြီးတာလဲမသိဘူးနော်
Tea: I am understanding (ဟီးးးး) အဲ့
May: အောက်စဖွတ်ကာလးသိဘူး :P
Tea: ဟားဘက်ကပါ
May: ဟားတဲ့ဘတ်က လား
Tea: အင်း



(ခေါင်းစဉ် - His Realistic Report)

May: တီး စိုးသာဆိုတဲ့ ငနဲလေးက တင်တဲ့report ကိုပြောပါအုံး အစ်မ ဖတ်ချင်လို့
Tea: သိပ်တော်တာလေ ပညာရှိ
နေဦး ပြမယ်
May: သူ့တို့က11ဘီလီယံတောင်တောင်းထားတာဆိုတော့
Tea: အင်း တော်တော် စာ၇င်းစုံတယ်နော နော် အမျိုးအဆွေတွေ အားလုံးပါတယ်
May: ဒါမှဒို့ဝန်ကြီးကွ
Tea: စိစပ်သေချာတယ် တိုင်းပြည်အတွက်
May: ဟုတ်လား?
Tea: ပြည်သူပြည်သားတွေအားလုံးအတွက် သေချာ ရှေ့တန်းတင်ပြီး စဉ်းစားထားတယ် အင်မတန်တော်တယ် ပညာရှိ နေဦး ပြမယ်
May: အင်းပေါ့ကွယ.်သူတို့လဲစာနာစိတ်နဲ့လူတွေဘဲ(စားရင်းနဲ့နာနေတဲ့သူကိုခေါ်သည် )
Tea: စိုးသာ ၏ တင်ပြချက်အရ မုန်တိုင်းကြောင့် မြန်မာပြည်သည် စုစုပေါင်း ဘဲအကောင်ပေါင်း ၆၆၅၂၇၁ ကောင်၊ နွားပေါင်း ၅၆၁၆၃ ကောင်၊ ကြက်ပေါင်း ၁၆၁၄၅၀၂ ကောင်၊ ငါးကန် ဧကပေါင်း ၃၅၀၅၁ နှင့် အမဲသား အလေးချိန်ပေါင်း ၂၂၂၀၀ တန် ဆုံးရုံးသွားပြီလို့ သိရှိရပါတယ်။
May: တီး မင်းပြောတော့သူ့အမျိုးတွေအကုန်ပါတယ်ဆို
Tea: အင်းလေ ကြက်တွေ ဘဲတွေ
May: ဘယ်မတုန်းသန်းေ၇ွှအမျိုးတွေ
Tea: လင်းတတွေတော့ ကျန်ခဲ့တယ် စောတီး
May: ၀က်မပါဘူး
Tea: မဟုတ်တာ ကျွန်တော်က သန်းရွှေကို လင်းတထင်တာ လက်ချတ်သတ်တော့ ဒင်းက ၀က်ကို ဟဲဟဲ သိပီ သိပီ
May: ကျန်သေးတယ် တိန်းချိန်အမျိုးတွေေ၇ာ
Tea: ပါတယ်လေ။ နွား
May: ဖွတ်လေ
Tea: ဖွတ်လား
May: ဖွတ်တွေမပါဘူးလား
Tea: တော် တန် တိတ် ... သူတို့ အမျိုးတွေတော့ ချန်ထားတယ် ရာရာစစ
May: တော်တန်တိတ်ရင်တော့ငါကြော်ပန်ကန်ငါ့ရိတ်ရလိမ့်မယ်
Tea: သူတို့က ကိုယ်ကျိုး စွန့်ပြီး သူတို့ အမျိုး ၀က်တွေ ဖွတ်တွေ မပါအောင် ချန်ထားတာလဲ ဖြစ်နိုင်တာပဲ
May: အောင်မယ်
Tea: နားလည်ပေးလိုက်ပါ
May: မင်းမဟုတတာတွေလာမပြောနဲ့ ငါ့ကိုရှင်းအောင်ပြော
Tea: အင်းလေ ပြောပြီးပြီ.. ကိုယ့်ဖို့ မကြည့်ဘူးတဲ့
May: အင်းလာ အင်လား
မင်းစာ၇င်းတွေက စိုးသာစာရင်တွေက အင်းလားအင်လား
Tea: ဟီးး
အင်းပါ
အင် :)
May: အင်ပါဆို :P
Tea: :D


(ခေါင်းစဉ် - A Song)

May: တီး အစ်မတို့စကားဝိုင်းလေးအမှတ်တရအဖြစ်အစ်မ သီချင်းတစ်ပုဒ်ဆိုပြမယ်
Tea: လုပ်ပါဦးသီချင်းဆိုရင် သိပ်ကြိုက်
May: တပ်မတော်ကြီးကို ဘီစကစ်ကျွေးဘို့UNလာပါဘီ ရဲဘော်အပေါင်းတွေ မျှစားကြဘို့တိုက်တွန်းလိုက်ပါသည်
၇ွာသားေ၇ .......
Tea: အင်:)
May: အင်မဟုတ်ဘူးအစစ်ကွ
Tea: အင်းလို့ပြောတာအင်ဟုတ်ဘူး
May: မင်းလဲ အင်တွေများလာပီနော်စိုးသာအကြောင်းတွေဖတ်လို့ထင်တယ်
Tea: ဖြစ်နိုင်တယ်


(ခေါင်းစဉ် - A Quiz?)

May: တီးမင်းကို ပဟေရိဖွတ်မယ်
Tea: အင်းဖွတ်ဖွတ်
May: ရအောင်ဖြေရမယ်နော်
Tea: တိန်းချိန်အမျိုးတွေ ထွက်လာဦးမယ်ဖွတ်ဆိုလို့
May: တိန်ချိန်နဖူးဘာလို့ပြောင်?
ေ၇ွှမန်းနှုတ်လို့ပြောင်လို့မပြောနဲ့နော်
Tea: ကြိုင်ကြိုင်ကုတ်လို့ပြောင် ?
ဟုတ်လားမှန်းကြည့်တာ
May: ကြိုင်ကြိုင်ကလဲ နဖူးသွားနှုတ်ရသာလားကွာအံ့ပါ့
Tea: ကြိုင်ကြိုင်လေအကုန်ပိုင်တယ်


Tea: အစ်မရေ.. စကားဝိုင်းလဲရှည်နေပြီ
May: အိုကေ
Tea: နောက်အပတ်မှဆက်တာပေါ့ :P


ဟုတ်ကဲ့ - အားလုံး အထူးအဆန်းလေး ဖြစ်သွားအောင် အကြံသစ်ရလို့ ဒီပိုစ့်လေးကို တင်ဆက်လိုက်တာပါ။ အပတ်တိုင်းလိုလို ဆက်လာပါဦးမယ်။ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကျွန်တော့်အိမ်က အိမ်သားတွေ အလာဘ သလာဘ ပြောတာလေးတွေပါ။ လက်ဖက်ရည်သောက်ရင်း - လက်ဖက်သုတ်လေး စားရင်းနဲ့ပေါ့။ အပိုင်း-၂ လာပါဦးမည်။

Tea

ဆက်ဖတ်ရန်...(To Continue)

Tuesday, May 27, 2008

Chicago Spire by Santiago Calatrava



ဆန်ရှားဂိုး ကာလာထရာဗာ ဒီဇိုင်းဆွဲသော ချီကာဂိုကြောင်လိမ်

ချီကာဂိုကြောင်လိမ်က အီလီနွိုင်းပြည်နယ် ချီကာဂိုက အမှတ်အသား တစ်ခုလို့ သတ်မှတ်တာထက် ပိုပြီး သဘာဝတရား၊ ပထ၀ီမြေ၊ ရေ၊ လေ တို့ရဲ့အပြန်အလှန်အကျိုးပြုမှု တို့ကိုအသက်ဝင်ဖန်တီးထားတဲ့ စုဆုံမှတ်တစ်ခုလို့လည်းပြောလို့ရတယ်။

Santiago Calatrava နှလုံးသားထဲက ထွက်လာတဲ့ ၄င်းရဲ့အမြင်အရ ကမ္ဘာမြေကြီး ပေါ်က သက်ရှိတို့ဟာ မိသားစု ဆိုတဲ့စကားလုံးပေါ် အမှီအခိုပြုတယ်တဲ့။ သူကပြောတယ် ”ဒီအဆောက်အအုံဟာ လူသားတွေအတွက်ပါ။ လူတွေ သွားလာစားသောက်၊ အိပ်ကြ၊ ချစ်ကြ၊ ငိုကြရယ်ကြ၊ ခံစားပျော်ရွှင်ကြမယ့် အိမ်လေးတစ်ခုပေါ့။“ အိမ်ဆိုတဲ့နေရာမှာ တော်တော်များများက မျက်စိထဲ ချွန်ချွန်နဲ့ ခေါင်မိုးပဲ တန်းမြင်ကြတယ်လေ။ ဒါပေမယ့် အဘိဓ္ဓာန်မှာ မိသားစုတွေ သတ္တ၀ါတွေ စုဝေးနေထိုင်လို့ ရတဲ့နေရာပါတဲ့။ အိမ်ကိုရှည်ရှည် နောနောမပြောတော့ဘူး။

ကဲဆက်ရအောင်။ သူခရီးသွားတိုင်း အမြဲဆောင်သွားတဲ့ ခရုလိုမျိုးပဲ ချီကာဂိုကြောင်လိမ်ဟာ အံ့သြချီးမွမ်းလောက်အောင် ရှင်းလင်းသပ်ရပ်ပေမဲ့ ရှုပ်ထွေးနက်နဲတဲ့ စိတ်ကူးဒ်ီဇိုင်းနဲ့ ပုံဖော်ထားတာပါ။ ဤခမ်းနားလွန်းလှတဲ့ သူ့ဒီဇိုင်းကို သဘာဝတရားရဲ့ ထပ်တလဲလဲဖြစ်မှု အချိုးကျမှု၊ သင်္ချာဗေဒနှင့် အနုပညာရဲ့ အောင်မြင်မှုအပေါ် ခံစားရေးဆွဲထားတာဖြစ်တယ်။ သဘာဝမှာ ထပ်တလဲလဲဖြစ်မှုတွေ ရှိပါတယ်။ ဥပမာ- ခရုခွံမှာဆိုရင် အရစ်အရစ်တွေ ထပ်တလဲလဲ ပေါ်နေတာ တွေ့ရမှာပေါ့။ ဒါကြောင့်မို့ သူက သူ့ဒီဇိုင်းကိုကြည့်ရင် သဘာဝတရားကို ဆက်စပ်တွေးတော မိစေပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ဆွစ်စ် ဗိသုကာပညာရှင် လီကော်ဘူဇီရေး(Le Corbusier) ရဲ့အောင်မြင်မှု၊ ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ နဲ့ ရွှေရောင်အချိုးတွေကို ယုံကြည်မှုတွေက သူ့ရဲ့ဒီဇိုင်းကို လွမ်းမိုးမှုရှိပါတယ်။ သူ့ကိုလမ်းညွှန်ပေးတဲ့ ကိန်းဂဏာန်းတွဲ တွေဆိုလဲ မမှားပါဘူး။ ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ ကတော့ အထက်တန်းသင်္ချာ သင်ဖူးရင်သိပါလိမ့်မယ်။

ပိုသိချင်ရင်တော့ ဂူဂဲလ် ကြည့်ပါ။ ရွှေရောင်အချိုးကိုတော့ မသိတဲ့သူတွေ အတွက်ရှင်းပါမယ်။ ဗိသုကာမှာ အရေးကြီးတဲ့ အတွက်ကြောင့်မလို့ပါ။ အဲ့ဒီ့အချိုးက ၁.၆၁၈ ပါ။ ဂဏာန်းနှစ်ခုပေါင်း နှင့် နှစ်ခုထဲမှ ပိုကြီးတဲ့ဂဏာန်းရဲ့ အချိုးက အဲ့ဒီဂဏာန်းနှစ်ခုရဲ့ အချိုးနဲ့တူရင် အဲဒီအချိုးကို ရွှေရောင်အချိုး လို့ခေါ်ပါတယ်။ ဥပမာ- ၁ နှင့် square root ၅. ဟုတ်မဟုတ်တွက် ကြည့်လိုက်ကြပေါ့။ ဒီအချိုးပေါ်အခြေခံပြီး ဆွဲထားတဲ့ ရွှေရောင် စတုဂံ ကတော့ သင်္ချာသဘာဝတရား အရ အရမ်းလှပါတယ်လို့ ပညာရှင်တွေက ယူဆတဲ့အတွက် အနုပညာရှင် ဗိသုကာပညာရှင်တွေက ဒီအချိုးကိုသူတို့ရဲ့ ဒီဇိုင်းမှာ သုံးကြပါတယ်။ လှမလှတော့ ကိုယ့်ဘာသာကိုယ် ခံစားကြည့်ကြပေါ့။ ကာလာထရာဗာရဲ့ ဒီဇိုင်းကို ဆက်ကြည့်ရအောင်။ သူလည်း ဒီအချိုးကို အခြေခံပြီးဆွဲထားတာပေါ့။ သူက ဒီပုံသဏ္ဌာန်ဟာ အနုပညာအခြေခံများ၊ အရည်တို့ရဲ့ စီးဆင်းနိုင်မှုသဘောတရား၊ ရှင်သန်မှု နှင့် အခြေခံ ဂျီသြမေထရီ အင်အားတွေကို ကိုယ်စားပြုပါတယ်တဲ့။

နည်းနည်း ဒဿန ဆန်သွားတယ်နော်။ အရမ်းလှတဲ့ ဗိသုကာအဆောက်အအုံတွေမှာ ဒဿနတွေ အမြဲရှိနေပါတယ်။ ရစ်ခွေနေတဲ့ ခရုခွံကိုကြည့်ပါ။ ချီကာဂိုကြောင်လိမ်ကလည်း နူးညံ့တဲ့အရစ်တွေနဲ့ တစ်ရစ်ပြီးတစ်ရစ် သင့်ကို ပေ ၂၀၀၀ လောက် အမြင့်အထိကို ခေါ်ဆောင် သွားပါလိမ့်မယ်။ မီချီဂန် ရေကန်ဘေးက တစ်ထပ်ကို ၂.၄၄ံနဲ့ စုစုပေါင်း ၃၆၀ံ လိမ်တက်သွားမယ့် ဤအဆောက်အအုံဟာ ပြာနမ်းနေတဲ့ ကန်ကို ရောင်ပြန်ဟတ်ပြီး ချီကာဂိုမြို့တော်ကို လင်းလက်စေမှာ အမှန်ပါ။ ဒီလို အဆောက်အအုံမျိုးကို တခြား ဘယ်နေရာမှာမှ တွေ့နိုင်မှာမဟုတ်ပါဘူး။ ချီကာဂိုမြို့ရဲ့ တခြားနံမည်ကြီး သမိုင်းဝင် အဆောက်အအုံတွေလိုပဲ ချီကာဂိုကြောင်လိမ်ဟာ အလျားလိုက်ဖြစ်နေတဲ့ မီချီဂန်ရေကန် နှင့် ဖဲကြိုးလို လိမ်နေတဲ့ ချီကာဂိုမြစ် တွေကို ၄င်းတို့ရဲ့ဆုံမှတ်မှာ လှပစွာအနုပညာရှိရှိ တုန့်ပြန်ပါလိမ့်တယ်။

၂၀၁၁ မှာဆောက်လုပ်ပြီးစီးမယ့် ဒီအဆောက်အအုံဟာ ဒူဘိုင်းက ဘာ့ဂ်ျ အာရပ် ပြီးရင် ကမ္ဘာပေါ်မှာဒုတိယ အမြင့်ဆုံး နှင့် အမေရိကမှာ အမြင့်ဆုံးပါ။ ချီကာဂိုလူထုကတော့ ဧရာမ လွန်ပူ လို့ နံမည်ပေးထား သတဲ့။ သတင်းဌာနတွေကတော့ လိမ်နေတဲ့သစ်ပင်မြင့်၊ မြက်ပင်ဓားသွား ဆိုပဲ။ အထပ် ၁၅၀ နီးပါး ရှိမယ့် ဒီတိုက်မှာ ကွန်ဒိုမီနီယံ ၁၁၉၃ လုံးပါမှာပါ။ ကာလာထရာဗာ ပြောသလို အမှန်တကယ် သက်ဝင်လှုပ်ရှားနေတယ့် ချီကာဂိုမြို့ရဲ့ မိုးကုတ်စက်ဝိုင်းမှ မိုးမျှော်တိုက် တစ်လုံးဖြစ်လာပါလိမ့်မယ်။

ထပ်တလဲလဲဖြစ်မှု = Repetition
ဖီဘိုနာချီ ကိန်းဂဏာန်းတွဲ = Fibonacci sequences
ရွှေရောင်အချိုး = Golden ratio
ရွှေရောင် စတုဂံ = Golden rectangle

လင်းစစ်သူ

ဆက်ဖတ်ရန်...(To Continue)

ဗိသုကာ corner မှ လင်းစစ်သူက နှုတ်ခွန်းဆက်သခြင်း။

ကျွန်တော် တတ်နိုင်သလောက် ဗိသုကာနဲ့ ပက်သတ်တဲ့အကြောင်းအရာတွေကို ရေးသားသွားမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံတွေက အစ ဗိသုကာပညာရှင်တွေ အလယ် ခေတ်ပေါ်မိုးမျှော်တိုက်တွေအဆုံး ကျယ်ကျယ်ပြန့်ပြန့် တင်ပြသွားပါမယ်။ ဒီဇိုင်း term တွေကို ဘာသာပြန်ရာမှာ အခက်အခဲ အနည်းငယ်ရှိ (တော်တော်ကိုရှိတာ၊ ချီကာဂိုကြောင်လိမ်ရေးပြီး) ပေမယ့် ကြိုးစားရေးပေးပါမယ်။ မှားယွင်းတာရှိရင် ပြင်ဆင်ပေးကြဖို့နဲ့ ခွင့်လွှတ်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ နားမလည်တာရှိရင်လည်း မေးမြန်းနိုင်ကြောင်းပါ။ တတ်နိုင်သလောက် ရှင်းပြပေးသွားပျါမယ်။ တီးရဲ့ စာဖတ်သူတွေ ဗိသုကာ ကို စိတ်ဝင်တစား ခံစား နိုင်ပါစေလို့ နှုတ်ခွန်းခြွေလျက်။

ဆက်ဖတ်ရန်...(To Continue)

မေ ၂၆ - မြန်မာ့သတင်းများ


  • စိုးသာ ၏ တင်ပြချက်အရ မုန်တိုင်းကြောင့် မြန်မာပြည်သည် စုစုပေါင်း ဘဲအကောင်ပေါင်း ၆၆၅၂၇၁ ကောင်၊ နွားပေါင်း ၅၆၁၆၃ ကောင်၊ ကြက်ပေါင်း ၁၆၁၄၅၀၂ ကောင်၊ ငါးကန် ဧကပေါင်း ၃၅၀၅၁ နှင့် အမဲသား အလေးချိန်ပေါင်း ၂၂၂၀၀ တန် ဆုံးရုံးသွားပြီလို့ သိရှိရပါတယ်။ အင်မတန်မှ တော်သော ၀န်ကြီးချုပ်ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ သေသေချာချာ ကျကျနန တိုင်းတာဖို့ အတွက် အချိန်ယူကာ တိတိကျကျ တွက်ချက်ချ ထားတာဖြစ်ပါတယ်။ လက်ခုတ်တီးကြပါ။
  • ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ဖို့ အချိန်ရောက်ပြီ။ ဥပဒေအရ ပြန်မလွှတ်ရင်တောင် တရားရုံးမှာ ဆုံးဖြတ်ချက်ခံယူရမည်။
  • နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မြန်မာစစ်အစိုးရက ရာနှင့် ချီပြီး ဖမ်းချုပ်ထားကာ ရက်စက်သော နည်းမျိုးစုံဖြင့် နှိပ်စက်လျှက်ရှိပါသည်။
  • ကလေးငယ်များ ၇သောင်းကျော်ကိုလည်း စစ်တပ်သို့ ဥပဒေမဲ့ သိမ်းသွင်းထားပါတယ်။ ဤမှတ်တမ်းသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ပြင်းပြင်းထံထံ ဦးဆောင်လျှက်ရှိပါသည်။
  • မုန်တိုင်း အကူအညီတွေ ချက်ချင်းရပါမည်။ ဒါပေမယ့် မြန်မာအစိုးရက ကယ်ဆယ်ရေး ၀န်းထမ်းတွေကို ပေးဝင်ရန် လိုအပ်သည်။
  • ဘန်ကီမွန်း၏ ပြောဆိုချက်အရတော့ ဦးသန်းရွှေကြီးက ကယ်ဆယ်ရေး ၀န်ထမ်းတွေကို ပေးဝင်မည်တဲ့။ ဒါပေမယ့် သေချာသိဖို့တော့ လိုပါတယ်တဲ့။ ဘာလုပ်မယ်။ ဘယ်လောက်ကြာကြာ နေမယ်ဆိုတာကို။
  • လက်ရှိသိရှိချက်အရတော့ နိုင်ငံတကာက Acid worker တွေကို ၀င်ခွင့်ပေးမယ်တဲ့ ဗီဇာကတော့ သုံးရက်ဘဲပေးသတဲ့။ (တော်တော် ယုတ္တိရှိတယ်)
  • UN က စုစုပေါင်း $201 million ခြောက်လစာ ကယ်ဆယ်ရေး အစီအစဉ်ကို လက်ရှိ အသက်ရှင်ကျန် နေသူများအတွက် ပြင်ဆင်ထားပါတယ်။
  • ဥိးသန်းစိန်ကြီးကတော့ အားလုံး အစအဆုံး ပြန်လည် ပြုပြင် နလန်ထူဖို့ $11.7 BILLION စီမံကိန်းကြီး သူတို့ဆီ မှာ ရှိပါတယ်တဲ့။
  • ဘန်ကောက်က မြန်မာသံရုံးလဲ မီးထဲ ၀င်သွားပါသည်။ ၂၅ရက်နေ့ကပါ။
  • Sunday ၂၅ရက် တုန်းက ရန်ကုန်မှာ နိုင်ငံပေါင်း ၅၀ ပါဝင်တဲ့ မုန်တိုင်းတိုင်ပင်ရေး Conference ကြီး ဖွင့်လှစ်ခဲ့ပါတယ်။
  • လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာပြည်ကို စောင့်ကြည့်နေကြပါတယ်။ အစိုးရက အကူအညီတွေကို ရိုးသားစွာနဲ့ ခွင့်ပေးမယ်ဆိုရင် အားလုံးဟာ ကယ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
  • ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို သက်ဆိုင်ရာတွေက မိမိမူပိုင် အရပ်သို့ပြန်လည် တွန်းပို့နေပါတယ်။ အထူးသဖြင့် ဘိုကလေးလို နေရာတွေမှာပါ။
  • Burmese Borders တွေမှာလဲ မုန်တိုင်းဖြစ်ပြီးတဲ့နောက် ပိုပြီး တင်းကျပ်သည့် အပြင် လုံခြုံရေးတွေက ပိုက်ဆံ ဆထက်မတန် ကောက်နေတာ တွေ့ရတယ်။ များသောအားဖြင့် ကုန်ပစ္စည်းတွေ သယ်ဆောင်ထားသော ကားများဖြစ်တယ်။
  • US Campaign for Burma ကလည်း မြန်မာအစိုးရနှင့် အချိန်ရော ပိုက်ဆံပါ မဖြုန်းနေဖို့ တိုက်တွန်းလိုက်တယ်။
  • US Campaign for Burma ကသူ့ရဲ့ 30 Days for Burma အစီအစဉ်ကြီးလုပ်နေတာ ပြီးတော့ပါမည်။

Tea

ဆက်ဖတ်ရန်...(To Continue)

ကိုယ်ကျိုးမမျှော်ပဲ ပေးဆပ်ခြင်း

By Shih Chao-hwei 釋昭慧
ရှင့်ချောင်ဟွေ့

Tuesday, May 27, 2008
သြော် သနားစရာ မြန်မာပြည်… အောက်တိုဘာလ သံဃာတော် နှင့် အရပ်သားလူထုကို အကြမ်းဖက်နှိမ်နင်းပြီးနောက် အခြေခံ လူ့အဖွဲ့အစည်းတွေလည်း ပျက်စီးသွားခဲ့ပြီ။ သင်္ကန်းရောင်တော်လှန်ရေး သတင်းလှိုင်းလုံးကြီးလည်း ငြိမ်သက်သွားပြီးတဲ့နောက် မြန်မာဆိုတာလည်း ကမ္ဘာ့ မျက်နှာစာက တဖြည်းဖြည်း ပြန်လည်ကွယ်ပျောက်သွားခဲ့လေတော့ စစ်အာဏာရှင်တွေလည်း သာသနာ့ခေါင်းဆောင်တွေကို အထိန်းအသိမ်းမရှိ ဥပဒေပြင်ပမှ ပြစ်ဒဏ်ချမှတ်နေလေရဲ့။
သံဃာတော်တွေ တန်ဖိုးကြီးမားလှစွာ ပေးဆပ်ခဲ့ပြီးပြီ။ တစ်ချို့တွေလည်း အသတ်ခံရ၊ တစ်ချို့တွေလည်း အကျဉ်းချခံရ၊ တစ်ချို့တွေလည်း နိုင်ငံပြင်ပကိုထွက်ပြေးခဲ့ပြီ။ ကျန်ရစ်သူလူထုလည်း အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရပြီး စစ်အစိုးရရဲ့မျက်စိအောက်က ဆွမ်းလှူဒါန်းဖို့ကိုတောင် ကြောက်နေရတဲ့အဖြစ်ပါ။ သာမာန် ပြည်သူတွေထက် လှုပ်ရှားမှုတစ်ခုမှန်သမျှ အကြွင်းမဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရပြီး နှောင့်ယှက်ခံနေရတဲ့ သံဃာတော်တွေရဲ့ဘ၀က အံသြကုန်နိုင်ဖွယ်ပါ။ သူတို့မှာ နေစရာနေရာမရှိ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်လည်း မရှိလေတော့ ဘုန်းတော်ကြီးကျောင်းတွေက စွန့်ခွာပြီး လောကီဘ၀ကို ပြန်ပြောင်းရုံကလွဲပြီး ရွေးစရာလမ်းမရှိတော့ဘူးပေါ့။

ဒီမိုကရေစီ၊ လွတ်လပ်ရေး နှင့် လူသားဆန်မှု တွေကို မမျှော်လင့်ထားနှင့်၊ မြန်မာတို့ရဲ့အထွက်အမျက် အထားဆုံး တန်ဖိုးအထားဆုံး ဖြစ်တဲ့ ဗုဒ္ဓဘာသာပင်လျှင် ဒုက္ခလှလှ တွေ့နေရနေပြီး အနာဂတ်တောင် မသေချာမရေရာတော့ပါ။

သြော်… သနားစရာမြန်မာပြည်… ကျိန်စာများတိုက်ခံထားရလေလား။ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို နင်းလျှောက်နေတုံး နာဂစ်(စ်)မုန်တိုင်းကတိုက်ပြန်လေပြီ။ အခုချိန်ထိ လူ တစ်သိန်း ကျော်သေဆုံး အရေအတွက်မရှိ လူတွေပျောက်ဆုံးနေပြီး နှစ်သန်းသော ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပေါ့။ တစ်ခါက ကမ္ဘာမှာ ဆန်စပါး အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသလည်း အခုတော့ တစပြင်ဖြစ်ခဲ့ရပြီ။ နစ်မြုပ်ပျောက်ဆုံးသွားတဲ့ရွာတွေ၊ ကွင်းပြင်ကလူသေအလောင်းတွေ ကတော့ ဗုဒ္ဓဟောကြား သွားခဲ့တဲ့ အနစ္စ၊ မတည်မြဲသောတရားကို ထင်ဟတ်နေသလားပဲ။ ကမ္ဘာမြေကြီးကလည်း လှုံခြုံမှုမှမရှိလေပဲကိုး။

မြန်မာစစ်အစိုးရကတော့ ဆက်လက် ချစားပြီး ဘာဆိုဘာမှထိရောက်မှု မရှိမြဲပဲလေ။ သူတို့ရဲ့ ရိုင်းစိုင်းယုတ်မာမှု လူသားမဆန်မှုတွေဟာ သင်္ကန်းရောင်တော်လှန်ရေးတုန်းက ကမ္ဘာသူ ကမ္ဘာသားတွေကို ရွံရှာစေခဲ့ ဒေါသထွက်စေခဲ့ ပြီးပြီ။ ဒီအကြောင်းတွေဟာ စစ်အုပ်စုရဲ့ တရားဝင်ရပ်တည်ရေး ယုံကြည်ချက်တွေကို လျှောကျစေခဲ့လို့ ယခုတစ်ခါ မုန်တိုင်းဒုက္ခ ကိုလည်း နိုင်ငံတကာအကူအညီကိုငြင်းပယ်၊ ယုတ္တိမရှိတဲ့ အတွေးအခေါ်တွေနဲ့ သွေးရူးသွေးတမ်း ဖြေရှင်းနေတယ်လေ။

စစ်အစိုးရရဲ့ တားလိုတားဆီး လုပ်ခံရတဲ့ သဒ္ဓါသရားထက်သန်စွာ လှူဒါန်းကူညီမည့် အဖွဲ့အစည်းတွေလည်း ကူညီနိုင်မဲ့ပြတင်းတံခါးကိုစောင့်ရင်း စက္ကန့်နှင့်အမျှ မိနစ်နှင့်အမျှ တစ်ဖြည်းဖြည်း ရှောင်ထွက်သွားပြီ။ သန်းနှင့်ချီသော အသက်ရှင်ကျန်နေသူတို့ခမျာ အစာငတ်ပြတ်မှု၊ ရောဂါဘယ နှင့် သေဆုံးခြင်း သားကောင်တွေဖြစ်ခဲ့ရပြီလေ။ ကျွန်တော်လည်း ဒေါသထွက်၊ သောကရောက်ရုံကလွဲလို ဘာမှမလုပ်ပေးနိုင်တဲ့ အစွမ်းအစမဲ့သူတစ်ယေက်ဖြစ်နေသလိုပါပဲ။

ဇူးချီ ဗုဒ္ဓဂရုဏာ ကယ်ဆယ်ရေး အဖွဲ့အစည်းကတော့ မြန်မာစစ်အစိုးရရဲ့ တင်းကျပ်လွန်းတဲ့ စစ်ဆေးရေးတွေကို ကျော်လွန်အောင်မြင်ပြီး အကူအညီပေးဖို့ မြန်မာပြည်တွင်းကို ၀င်ရောက်ခွင့်ရရှိသွားပြီ။
ဇူးချီ ၀င်ခွင့်ရရှိသွားခြင်းက အကြောင်းအရင်းများစွာရှိပါတယ်။ ပထမဦးဆုံးကတော့ ဒီအဖွဲ့အစည်းက ၂၀၀၄ ဆူနာမီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ကောင်းစွာလုပ်သွားနိုင်ခဲ့တယ်။ ဒီအကြောင်းက သွေးအေးအေးစစ်အုပ်စုရဲ့နှလုံးသားကိုတောင် လှုပ်ကိုင်စေခဲ့ပြီး ဇူးချီကကူညီနိုင်မယ်လို့ယုံကြည်သွားစေတယ်။ (ဘာသာပြန်သူအနေနဲ့ ဘယ်လိုမှမယုံကြည်နိုင်ပါ၊ ရယ်တောင်ရယ်ချင်သေး။ သူတို့ကိုအန္တရာယ်မပေးနိုင်လို့သာ လက်ခံတာပါ၊ တခြားသောအဖွဲ့အစည်းတွေလည်း ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ် တွေကို ကောင်းစွာလုပ်သွားနိုင်တာပဲလေ)။

ဒုတိယအချက်ကတော့ ဇူးချီရဲ့ နိုင်ငံရေးကင်းကင်းရှင်းရှင်းနေရန် မူဝါဒကြောင့်ပါ။ (ဒါကဖြစ်နိုင်တယ်၊ သူတို့အကြိုက်ပဲပေါ့။) သူတို့ကိုက တိုင်းတပါးသားတွေကို သံသယနဲ့ ဆက်ဆံပြီး သေလောက်အောင် အာဏာလက်လွတ်ရမှာ ကြောက်နေတယ့် ဒီအချက်က ဇူးချီ အဖွဲ့ကိုဝင်ခွင့်ရသွားစေတယ်။
ထိုင်ဝမ်က တစ်ချို့သောလူတွေက ဇူးချီရဲ့ နိုင်ငံရေးကင်းရှင်းရေးမူဝါဒကို ဝေဖန်ပြောဆိုကြတယ်။ ဒါပေမယ့် ဤမူဝါဒက ဇူးချီကို နိုင်ငံအားလုံးရဲ့ယုံကြည်မှုရရှိစေခဲ့တယ်လေ။ ဆိုးသွမ်းတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အာဏာကိုမထိခိုက်စေနိုင်တဲ့အတွက် ဒီအဖွဲ့အစည်းအပေါ် သံသယမရှိသလောက်ပဲပေါ့။ ဒါကြောင့်မလို့ ရင်းနှီးမှုရစေခဲ့တာ။

ဤမျက်နှာစာမှကြည့်မယ်ဆိုရင် တခြားလူမှုရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေက ၄င်းတို့မှာ အကန့်အသတ် ရှိနေပြီဆိုတာ ၀န်ခံရပါလိမ့်မယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုဟာ နိုင်ငံရေးကင်းရှင်းပြီး ဘယ်လောက်များများ ကောင်းမှုတွေဖော်ဆောင်နိုင်လဲဆိုတဲ့ ၀ါဒပေါ်သာအခြေခံပြီး လှုပ်ရှားမှ အကူအညီတွေဟာ အောင်မြင်နိုင်မယ်ဆိုတာ သတိထားမိ သင့်ပါပြီ။ တည်ငြိမ်တဲ့စွမ်းအားနဲ့ လူအများကို ကယ်ဆယ်နိုင်အောင် ကြိုးပမ်းချင်တယ်ဆိုရင် နိုင်ငံရေးနဲ့ ရောထွေးနေတာကိုရပ်ရပါလိမ့်မယ်။

ဆိုင်ကလုံးမုန်းတိုင်း မြန်မာပြည်ဝင်ပြီး ကိုးရက်အကြာ တရုတ်ပြည် စီးချွမ်းပြည်နယ်မှာ ပြင်းထန်တဲ့ငလျင် လှုပ်သွားခဲ့တယ်။ အခုတော့ နှစ်နိုင်ငံလုံး ဒုက္ခကိုယ်စီ တွေ့ကြုံနေပြီ။ ဒါပေမယ့် တရုတ် အစိုးရကတော့ နိုင်ငံတကာရဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို အေးဆေးစွာရင်ဆိုင် လက်ခံခဲ့တယ်။ အထူးသဖြင့် ထိုင်ဝမ်ရဲ့အကူအညီကိုရောပါ လက်ခံခဲ့တယ်။ သူတို့တွေ သဘာဝဘေးအန္တရာယ် သတင်းအချက်အလက်တွေကို မပိတ်ပင်ဘူး။ အကုန်လုံးကို ထင်သာမြင်သာအောင် ပွင့်ပွင့်လင်းလင်း ဖွင့်ပေးထားတယ်။ ဘယ်ရှုထောင့်ကကြည့်ကြည့် တရုတ်အစိုးရဟာ မြန်မာအစိုးရထက် လူသားဆန်မှုကို ပြသနိုင်ခဲ့တယ်။ မျက်နှာလည်းပွင့်လမ်းခဲ့တယ်။ ကမ္ဘာ ကလည်း ရက်ရက်ရောရောပေးလှူတယ်လေ၊ ဒီလိုလှူတဲ့နေရာမှာ ထိုင်ဝမ်လည်း မနောက်ကျကျန်ခဲ့ပါဘူး။
တရုတ်အစိုးရရဲ့ အရေးပေါ် ကိုင်တွယ်မှုတွေကတော့ မြန်မာအစိုးရနဲ့တေှာှ့ဆီနဲ့သေးနဲ့ ကွာပါတယ်။ (မမေသူရဲ့ နှိုင်းယဉ်ချက်ကို အငှားသုံး ဘာသာပြန်ထားတာပါ။) တန်စာဆို လီပိုင် က စီးချွမ်းကိုသွားတဲ့လမ်းက ခက်ခဲပါပေတယ် လို့စပ်ဆိုခဲ့ပေမယ့် အခုတော့ ရန်ကုန်ကို ပျံသွားရမှာ ပိုခက်ခဲပါတယ်လို့ စပ်ဆိုရမလိုပါပဲ။

ထိုမ်ဝမ်လူမျိုးတွေရဲ့ ဒုက္ခသည်တွေကို ကူညီချင်တဲ့ သဒ္ဒါတရားထက်သန်မှုဟာ ထိုင်ဝမ်သတင်းလောကရဲ့ အရေးပေးမှုကိုခံခဲ့ရပါပြီ။ သတင်းမှာပါတဲ့ သေဆုံးမှု၊ ပျက်ဆီးမှုဓာတ်ပုံ၊ ကြေကွဲနေတဲ့ အသက်ရှင်ကျန်နေသူတွေဟာ လူတွေကို မျက်ရည်ယိုစေပြီး သူတို့ရဲ့ဒုက္ခတွေကို ဂရုပြုမိလာကြပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လူမျိုးတွေအတွက် မြန်မာပြည်ကတော့ ထိုင်ဝမ်နှင့် အနည်းငယ်ပိုဝေးတာကြောင့် ဒေသခံသတင်းဌာနတွေရဲ့ ဂရုပြုမှုကို အနည်းအကျဉ်းလောက်သာခံရပါတယ်။ ဒီအတွက်ကြောင့် လူတွေက မြန်မာပြည်ရဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မျက်မြင်တွေ့နိုင်ဖို့ခက်ခဲစေပါတယ်။

ဒါပေမယ့်လည်း အစိုးရနှင့် စီးပွားရေးလောကသားတွေကတော့ မြန်မာအရေးထက် စီးချွမ်းအရေးကို ပိုအရေးပေးနေခြင်းဟာ အရေးကြီးတဲ့မေးခွန်းတွေ ထုတ်ချင်စရာပါ။ အကယ်၍ သူတို့ရဲ့အလှူဟာ စီးချွမ်း ဘေးအန္တရာယ်ကျရောက်ရာဒေသသို့သာ NTD (New Taiwan Dollar) တွေသန်းချီ မရောက်ခဲ့ရင် ကျွန်တော်တို့ထိုင်ဝမ်အစိုးရနှင့် ချမ်းသာသူတွေရဲ့ အရင်းအမြစ်တွေက ဒုက္ခရောက်နေသူ အမြောက်အမြားကို အခုလို ရက်ရက်ရောရော ကယ်တင်ပါ့မလားဆိုတာပါပဲ။

ဘယ်အချိန်မှများ ထိုင်ဝမ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များဟာ သူတို့ရဲ့ ကိုယ်ကျိုးကိုမကြည့်ပဲ ပေးဆပ်နိုင်မလဲ။ မြန်မာပြည်ရဲ့ မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးတွေမှာ ဖြစ်နိုင်ချေရှိပါတယ်။ သူတို့တွေ ပေါ့လျော့မှုတွေကိုသိမြင်နိုင်ပြီး လှူနိုင်တန်းနိုင်မဲ့ အခွင့်အရေးတွေ ပေါ်ပေါက်လာရင် ကိုယ်ကျိုးမကြည့်ပဲ လှူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။

Shih Chao-hwei 釋昭慧

ရှင့်ချောင်ဟွေ့ ဟာ ရွှမ်းချွှမ် တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။
တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ Anna Stiggelbout မှဘာသာပြန်သည်။
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ လင်းစစ်သူ မှဘာသာပြန်သည်။


Tea

ဆက်ဖတ်ရန်...(To Continue)

ဗိသုကာ Corner အား ဖွင့်လှစ်ခြင်း



ဟုတ်ကဲ့ပါ။ ကျွန်တော့်အိမ်မှာ ဗိသုကာဆိုင်ရာ တွေကို တင်ပြဆွေးနွေးတော့ မှာဖြစ်ပါတယ်။ အားလုံး ဖတ်ရတာပေါ့။ သိတဲ့အတိုင်း တီးဆိုတဲ့ ကျွန်တော်က ဗိသုကာပညာ ဆိုလို့ကတော့ ဘာမှမသိဘူး။ စာလုံးပေါင်းလောက်ပဲ တတ်တာ။ ဟီးဟီး။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်း လင်းစစ်သူ ဆိုသူက ဗိသုကာကို လေ့လာနေသူ တစ်ယောက်ဆိုတော့ သူက ဆောင်းပါးလေးတွေကို တစ်ပတ်တစ်ခါ ရေးပြီး တင်တင်ပေးမှာ ဖြစ်ပါတယ်။ Weekly ပေါ့ဗျာ။

တစ်ခုတော့ ပြောရဦးမယ်။ တီးက တီးပါပဲ။ ဟိုတလောက မေသူပိုင်က တီးပါဆိုပြီး ကောလဟာသ တွေကို အလျင်အမြန် လိုက်ရှင်းရသေးတယ်။ မဟုတ်ရပါဘူးဗျာ။ မမေသူပိုင်နဲ့ ကျွန်တော်က နိုင်ငံရေးမှာ ဘယ်လိုပြောမလဲ၊ လူငယ်ရေးရာ အရ စိတ်တူကိုယ်တူနဲ့ တိုက်ပွဲဝင်နေတာပေါ့။ နိုင်ငံကို ချစ်လို့ လွတ်လပ်စေချင်လို့ စိတ်တူ ကိုယ်တူ မောင်နှမလို ခင်ကြတဲ့ သူငယ်ချင်း တွေ ဖြစ်လို့ မမေသူပိုင်က ကျွန်တော့်အိမ်မှာ အိမ်သား တစ်ယောက်အနေနှင့် နိုင်ငံရေး ဆောင်းပါးများကို ရင်ဖွင့် တင်ပြတာပါ။ အထင်မလွဲပါရန် တောင်းဆိုအပ်ပါသည်။

အခုလည်း လင်းစစ်သူက ကျွန်တော် လုံးလုံးမသိ နားမလည်တဲ့ ဗိသုကာရဲ့ အနှစ်သာရများကို ဆွေးနွေးတင်ပြမှာပါ။ ကြိုဆိုလိုက်ပါစို့။ အင်း။ သူလဲပဲ ကျွန်တော့်အိမ်က အိမ်သားဖြစ်တော့ အဖျော် ကျွမ်းတယ်နော်။ သွားမစမ်းနဲ့။ ဖျော်ခိုင်း။ မြည်းကြည့်။

Tea

ဆက်ဖတ်ရန်...(To Continue)

Monday, May 26, 2008

မင်းသားဓာတ်ပုံများ စုဆောင်းခြင်း

ဟုတ်ကဲ့။ မင်းသား ဦးသန်းရွှေဓာတ်ပုံတွေ မေးလ်ထဲ ရောက်နေလို့ ရယ်ရမောရအောင် တင်ပေးလိုက်တာပါ။ အာလုံးပဲ ရယ်နိုင်မောနိုင်ကြပါစေ။

Tea
















ဆက်ဖတ်ရန်...(To Continue)

Saturday, May 24, 2008

The Kings of Europe


ဒီ ချန်ပီယမ် League မှာ မနိုင်ပဲ နဲ့တော့ ဘာမှ မပြောချင်ပါဘူး။ ဒီပွဲလဲပြီးသွားရော - ကျွန်တော် အင်တာနက်ပေါ်တက်ပြီး The Kings of Europe အကြောင်း လိုက်လံဖတ်ရှုမိပါတယ်။ ဟဲဟဲ။

Chelsea နဲ့ လွေးသွားတဲ့ ပွဲမှာတော့ သုံးသပ်ရမယ်ဆိုရင် -

  • Chelsea ကစားသမားများက ရှုံးဖို့ လုံးဝကို မမျှော်လင့်ထားပါဘူး။
  • ဒါပေမယ့် ပွဲပြီးသွားတော့ ဘယ်သူပိုကောင်းလဲ ဆိုတာ ပေါ်လာတာ ပဲလေ။ ငှဲ့ညှောင်း ငှဲ့ညှောင်း။
  • မကျေနပ်တဲ့ သူတွေကတော့ နောက်နှစ်အကြောင်းပြောနေကြ ပီပေါ့။
  • နောက်နှစ်ကျရင် သူတို့ နိုင်မယ်သလေး ဘာသလေး ညာသလေးနဲ့ ဘာညာသာလကာ နေကြာကွာစိ လုပ်ပြနေတယ်။ ဒါပေမယ့် နေပါဦး။
  • နောက်နှစ် အတွက် ကြုံးဝါးနေတာ သူတို့တင်ဘယ်ဟုတ်လိမ့်မလဲနော်။ ဒီနှစ်တောင် မနိုင်ပဲနဲ့၊ ဟင်းဟင်းဟင်း။ :)

မိုက်တယ်ကွာ။ နိုင်ပုံနိုင်ချက်လေးတွေက ကြည့်လိုက်ရတာ ရင်ထဲ မှာ အိအိ ပြီး ၀င်ဝင်သွားတာ။ Kings of Europe တွေကတော့ ၂၄နာရီအတွင်း နာမည်ကို ကြီးနေရော။ တီဗီလား။ ရေဒီယိုလား။ သတင်းစာတွေလား။ ပြောလိုက်စမ်းဟေ့။ :D

ကျွန်တော်က မန်ယူပရိသတ်ဆိုတော့ မန်ယူ အတွက် ကောင်းချီးမင်္ဂလာပေးရင်း သီကုံးလိုက်တာပါ။ ဘာသဘောနှင့်မှ မဟုတ်ပါ။ မန်ယူမှာလဲ အကောင်းနှင့် အဆိုးတွေ ဒွန်တွဲနေပါတယ်။

ဘာတွေဆိုးလဲ?

  • Ronaldo ကြီးပေါ့။ သူ့ကိုယ်သူ အထင်တွေကြီး မာန်တွေတက်ပြီး အောင်ပွဲခံတာတွေကို ဖျက်ဆီးချင်နေတဲ့ လင်းတ။ ထားလိုက်ပါတော့။ ပြောင်းလဲလို့ ရမယ့် သူကြီးလဲ မဟုတ်ဘူး။ သူထွက်သွားရင် Tevez က ဂိုးတောင် ပိုသွင်းဦးမှာ။ ထားပါတော့။ အဲလက်စ်ကြီး ရှင်းပါစေ
  • ပြီးတော့ ဟို Ivorian thug ကြီး။ Vidic နဲ့ ပြဿနာတက်တာလေ။ အရူးကောင်။
  • အင် - Ji Sung Park -

ကောင်းတာတွေလား? ၀ူးထွားထွား - နိုင်သွားတာလေ။ ဟဲဟဲ။ ပြောနေစရာမလိုပါဘူး။ Europe ရဲ့ ဘုရင်တွေ သိပ်ကောင်းနေတာ အားလုံးသိပါတယ်။ ဟုတ်တယ် ဟုတ်? :D :P

ကြေညာဝင်ပါရစေ။

နေဦး - သိပ်ကောင်းတဲ့ ပုံလေး ပြမယ်။ ကြည့်ထားကြ။ မိုက်တယ်နော်။ သိပ်တော်တယ်။ ကျေးဇူးပါ။

Congrats ManU!! Way TO GO! Cheersssssssssss - For the Future!

Tea

မှတ်ချက် - အိုင်ဒီယာနဲနဲ ဖတ်ခဲ့ဖူးတာတွေနဲ့ ဆက်နွယ်သွားတယ်။

ဆက်ဖတ်ရန်...(To Continue)

San Francisco မှ ကိုရီးယား BBQ နှင့် HOTPOT

ဟီးဟီး။ ဒီတစ်ခါတော့ အစားအသောက် အကြောင်းပေါ့။ ဟိုတစ်နေ့က စာမေးပွဲတွေ အများကြီး တန်းစီပြီးသွားတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အပြင်မှာ သွားစားမယ်ဆိုပြီး အဲ့ဒီ ကိုရီးယားဆိုင် လေးကို ရောက်ခဲ့ပါတယ်။ သူများနဲ့မတူဘူးလေ။ သူက တော်တော်ထူးခြားတယ်။ စားပွဲတစ်ခု မှ အကင်တွေ ကင်လို့ရအောင်ဆိုပြီး အလူမီနီယမ် အပြားကြီး တစ်ခုတင်ထားပေးတယ်။ အောက်မှာတော့ မီးဖိုပေါ့။ ပြီးတော့ အလယ်မှာ အိုးတစ်လုံးပါတယ်။ HOT POT အတွက် ထည့်ပြုတ်လို့ရအောင်။ သူကအားလုံး ကိုယ့်ဘာသာကိုယ် လုပ်ရတာ။ ကင်တာရော။ ပြုတ်တာရော။ ကိုယ်လုပ်တာဆိုတော့ အထူးအဆန်းလေးပေါ့။ တကယ်တော့ လက်ညောင်းတာတော့ သိတယ်။ ကင်လိုက်ရတာ။ ကင်ရင် ထောပတ်ကို သုံးရသေးတယ်။ အလုပ်ကို ရှုပ်နေရော။ တူတွေရော။ ညှပ်တွေရော။ ပြီးတော့ အလယ်က အိုးပေါ်မှာလဲ ပြုတ်ရသေးတယ်။ အားပါးပါး။ အလုပ်ရှုပ်မှရှုပ်။ သူက အကင်ရော အပြုတ်ရော လိုတဲ့ အစိမ်း ပစ္စည်းတွေကို တစ်နေရာမှာ စားပွဲတွေ စင်ကြီးတွေနဲ့ အများကြီး တန်းစီပေးထားတယ်။ ကိုယ်တိုင်ထပြီး သွားယူရတယ်။ ပြီးမှ စားပွဲပေါ်လာပြီး လုပ်ချင်တာလုပ်ရတာပါ။ ပစ္စည်းတွေက တော်တော်လေးကို စုံပါတယ်။ ပုဇွန်တွေ အမဲသား ပင်လယ်စာတွေမှအစ အသီးအရွက်အစုံ၊ ဖက်ထုပ်၊ ဂုံး၊ ဂဏန်း၊ ဆူရှီ အစရှိသည်ပါမကျန် ရေခဲခြစ်။ ကျောက်ကျော၊ အသီးအနှံများ၊ အချဉ်အမျိုးမျိုး အစရှိသဖြင့် အမျိုးပေါင်း ၁၀၀ကျော်တိတိ ပြင်ဆင်ပေးထားပါတယ်။ ကြိုက်သလောက် အ၀စား ဖြစ်ပါတယ်။ လူတစ်ယောက်ကို ဒေါ်လာ ၁၅ ကျပါတယ်။ တန်အောင်တော့ တစ်ဖြဲ နှစ်ဖြဲ အ၀အပြဲစားတာ သိတယ်မှတ်လား။ တီးတဲ့လေ လုံးဝ အရှုံးမခံဘူး။ ဗိုက်ကြီး ဗျမ်းဗျမ်း ကွဲသွားပါစေ။ အရှုံးတော့ မခံဘူး။ ဟင်းဟင်း။ :)

ကယ် စားတုံးတန်းလန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှုစားလိုက်ကြစို့ သူငယ်ချင်းတို့။


အောက်က ပုံလိုမျိုး သူက စဉ်တွေ စားပွဲတွေ ပြင်ဆင်ပြီး လိုတဲ့ ပစ္စည်းတွေ ကြိုက်သလို ထယူလို့ ရအောင် ပြင်ထားပေးတယ်။

ဒါကတော့ နည်းနည်း အနီးကပ်သွားပြီး နေရာတစ်ကွက်ကို အသေးစိတ် ရိုက်ထားတာပါ။

ကျွန်တော့် သူငယ်ချင်းလက်။ သူအားရပါးရ တွယ်နေတုန်း။ ရိုက်လိုက်တာ။ လက်ကို ရိုက်တာမဟုတ် အောက်က စားစရာတွေကို ရိုက်တာ။ မမြင်ရလို့ မကျေမနပ်ဖြစ်နေရင် သူ့လက်ကို ခုတ်ပလိုက်ပါ။

ဒါကတော့ ကျွန်တော်ကြိုက်လွန်းလို့ သီးသန့်ရိုက်ထားတာ။ ဖက်ထုပ်အစိမ်းတွေပါ။ HOT POT ထဲ ထည့်ဖို့။

ဒါကတော့ များလှစွာသော ၁၀မျိုးကျော်လောက် အချဉ်တွေထဲက တစ်ခုရွေးလာတာ။ အရွေးမှားသွားတယ်။ မကြိုက်ဘူး။ ပြီးတော့ အချဉ်က ကိုယ့်ဘာသာကိုယ် စပ်လို့ရအောင်လဲ လုပ်ထားပေးတယ်။

ကြက်သားကတော့ ကင်လို့ အဆင်ပြေလို့ တစ်ချိန်လုံး ထထယူရတယ်။



ဝက်သား၊ ပြည်ကြီးငါး၊ အမဲသား၊ အစရှိတာတို့ စားပွဲပေါ်ယူလာတာ။ အဲ့ဒီနေ့က ကြက်သားကိုပဲ အဓိက ထားစားလာတယ်။

ခုနက ပြည်ကြီးငါးတွေကို အနီးကပ်ရိုက်လိုက်တာ။

ဒါကတော့ တော်တော် စားလို့ကောင်းတဲ့ ဖက်ထုပ်ကြော်။ မွမွလေး၊ ဂျတ် ဂျပ် မြည်နေရော။

အရွက်တစ်ချို့။ HOT POT အတွက်။


ဒီမှာလေ။ ဒီလိုမျိုး ကင်ပြီး ဒီလိုဒီလို ပြုတ်ရတာ။

တူတွေနဲ့ ညှပ်တွေနဲ့ အပြီအပြင် ဆွဲရတာ။ မောလိုက်တာမှ ဖတ်ဖတ်မော။

အနီးကပ် ထပ်ရိုက်ပြခြင်း။

အိုးထဲမှ ၀က်ကလီဇာတွေ။ ဒီဗန်းကတော့ ထောပတ်နဲနဲများသွားတယ်လိုပဲ။

စားပြီးခါနီး ရိုက်တော့ ကြည့်လို့ မကောင်းဘူးပေါ့။ ဗန်းက စုတ်ပြတ်သွားရော။

ပြောသားပဲ။ ဗန်းကြီးက အညိုအမဲ စွဲသွားရော။
ဒါပါပဲ။ အဲ့ဒီဆိုင်ကို ကြိုက်လို့ သွားစားတာ ၂ခါရှိပြီ။ နောက်တစ်ခါဆိုရင် တစ်ခြားဆိုင်ပြောင်းစားပြီး ဓာတ်ပုံ အသစ်တွေ ရိုက်လာမယ်။

Tea

ဆက်ဖတ်ရန်...(To Continue)