Photobucket

Wednesday, June 11, 2008

ဇွန် ၁၀ - မြန်မာ့သတင်းများ


  • ဒေါ်အောင်ဆန်းစုကြည် ဒန်ဒီ လွတ်လပ်ရေးဆု ချီးမြှင့်ခံရသည်။
  • ဦးကျော်သူတို့ ဦးဆောင်သော နာရေးကူညီမှု အသင်း အင်တာနက်ပေါ် website ထုတ်လွှင့် လိုက်ပြီ။ http://www.ffssyangon.com
  • The U.N. Special Investigator into the Human Rights situation of Burma က အင်းစိန်ထောင်တွင် ထောင်သားများ သတ်ဖြတ်ခံရခြင်းကိစ္စအား Investigate လုပ်ပါရန် ပြောသည်။
  • Dalai Lama က မြန်မာပြည် မုန်တိုင်း ဒုက္ခသည်များ အတွက် 500,000 Indian Rupeees (USD 12,500) လှူဒါန်းသည်။
  • ၈ရက်နေ့က UN Helicopters များ ဧရာဝတီ ဒုက္ခသည်များသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပထမဦးဆုံး အကြိမ် သွားပို့သည်။ မုန်တိုင်း တိုက်ခိုက်ခံခဲ့ရပြီး ကြာလွန်းလှသော အချိန်အတွင်းတွင် ပထမဦးဆုံး အကြိမ် ဖြစ်သည်။
  • ကယ်ဆယ်ရေး အသင်းတစ်ခုက သေးဆုံးသူ အတိအကျ စာရင်းကို ဘယ်တော့မှ သေချာ မသိနိုင်တော့ဟု ပြောသည်။ ဘာကြောင့်လဲ ဆိုတော့ အလောင်းများသည် ဆိုးရွားစွာ decompose ဖြစ်သွားသောကြောင့် ဖြစ်သည်။ မုန်တိုင်း တိုက်ပြီး သည်မှာလည်း အချိန် ကြာလှသည် ဖြစ်သည်။ အခုချိန်ထိ ကယ်ဆယ်ရေးတွေ မပြီးဆုံးသည်မှာလည်း စိတ်ပျက်စရာ ကိစ္စပင်ဖြစ်သည်။
    ဧရာဝတီမှ လယ်သမားများ ရှေ့ရေးအတွက် ပူပင်နေရသည်။ ရှေ့ဆက်စိုက်ပျိုးရန် အခက်အခဲများစွာ ကြုံ့နေသည်။ ကယ်ဆယ်ရေးတွေ မရ။ ရာသီအလိုက်စိုက်ရမည့် ဟာတွေ နောက်ကျကုန်။ ကုန်ကြမ်းတွေလည်း မရှိတော့။ ကိရိယာပစ္စည်းတွေလည်း ပျက်စီးသွား။ ဒုက္ခအကြီးအကျယ် ရင်ဆိုင်နေရပြီ။
  • UN Food and Agricultural Organization ၏ တင်ပြချက်အရ ၆၀% ရာခိုင်နှုန်းသော ၃.၂သန်း ဧက လယ်မြေများ မုန်တိုင်းကြောင့် ပျက်စီးသွားပြီဖြစ်သည်။ ၁၆%သည် အင်မတန် ဆိုးရွားစွာ ပျက်စီးနေပါသည်။
  • ခန့်မှန်းသူများက ဧရာဝတီသာ စိုက်ပျိုးရေးကို စိုက်ရမည့် အချိန် ရာသီတွင် ပြန်စတင် မစိုက်ပျိုးရင် မြန်မာပြည်သည် FOOD Shortage စားစရာပြတ်တောက်မှု ဖြစ်ကောင်း ဖြစ်နိုင်သည် ဟု ပြောသည်။ လယ်သမား တော်တော်များများက စိုက်ပျိုးရေးထက် သေရေးရှင်ရေး က အဓိက ဖြစ်နေလေသည်။
  • သားဖြစ်သူ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွ ပါဝင်နေသောကြောင့် ကစထ ၁ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက် ခိုင်းထားသည်ဟု ကြားသိရသည်။ (အကြားတစ်ခုသာဖြစ်သည်။)
  • ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့။ မောင်ဝိတ်နှင့် အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်တစ်ချို့လည်းပါသည်။ ကြည့်မြင်တိုင်ရှိ ရဲတံခွန်ကုမ္မဏီသို့ ၀င်ရှာရာ မူးယစ်ဆေးဝါးများ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာကျပ်ငွေသန်းချီ သိမ်းဆည်းရရှိခဲ့ကြောင်း။
  • အဲပုဂံက ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ဇွန် ၁၃မှ စကာ ၃လ ရပ်မည်။
  • အဲမန္တလေးကလည်း ရန်ကုန် ချင်းမိုင် ခရီးစဉ်ကို ဇွန် ၇ မှစပြီး သြဂုတ်ထိ ရပ်ထားသည်။
  • ဒဿမတန်း နှင့် န၀မတန်း ပြဌန်း စာအုပ်များကို ကမ္ဘာ့အဆင့်မှီ INTERNATIONAL G.C.E O LEVEL အဆင့်မှီ စပယ်ရှယ် အသစ်ထုတ် ဖြန့်ဝေ ပြောင်းလဲ လိုက်ပါတယ်။ အခုလို သိပ္ပံနှင့် ၀ိဇ္ဖာ ကွဲလိုက်ခွဲလိုက်၊ တော်ကြာ ၄နှစ် စီမံကိန်းကြီး ထုတ်လိုက်၊ တော်ကြာ စမ်းသပ်ကြည့်လိုက် ယခုအခါ GCE O ဖြစ်သွားပြန်ပါပြီ။ မကြာမကြာ ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ စမ်းသပ်ခံ ပညာရေး စနစ်ကြီးသည် ပညာရေး လမ်းစဉ်၏ ရင်လေးစရာ တစ်ခုပင်။

Tea

(ယနေ့ သတင်းတစ်ချို့ကို ကရုဘစ်မှ အနည်းငယ် တင်သွင်းထားသည်။)

1 comment:

CrazyCAT said...

A Hee
O level so par larr
10 tann taung pyan tat chin lar p :P