Photobucket

Thursday, July 31, 2008

ကျောင်းတက်နေတယ်ဆိုရင်…. အပိုင်း(၃)


You know when you're in college….ကို မရေးတာတောင် ကြာပေါ့။ အပိုင်း(၁) နဲ့ အပိုင်း(၂)ကို အားပေးတဲ့ ဘော်ဘော်တွေ ကျေးဇူးနော်။ ဒီတစ်ခါတော့ အဲဒီ facebook အဖွဲ့က အပြင် ကိုယ်ပိုင်ဟာသလေးတွေပါ နည်းနည်းဖြည့်ထားပါတယ်။ မရီရရင် ကိုယ့်ဘာသာကိုယ် ကလိထိုးရယ်သွားပါနော်။ :P
မင်းကျောင်းတက်နေတယ်ဆိုရင်…………….

၁။ အခန်းဖော်နဲ့ တခန်းထဲ တူတူရှိနေရဲ့သားနဲ့ G-Talk ကနေ ချက်ပါတယ်။
(သူငယ်ချင်းရေ "long time no see" :P :P :P)

၂။ သောကြာနေ့ညတွေဆို ဘာတွေလုပ်မိမှန်းမသိလို့ စနေနေ့မနက်ကျရင် တခန်းဝင် တခန်းထွက် "ငါ မနေ့ညက ဘာတွေလုပ်မိလဲ" လိုက်မေးရတယ်။
(ပြန်ဖြေကြပါလိမ့်မယ်။ အေး……ဘာတွေလဲတော့ ငါလဲ မသိတော့ဘူး။) ~.~

၃။ ကျောင်းက လူတွေကို မြင်လဲ မြင်ဖူးတယ်။ မှတ်လဲ မှတ်မိနေတယ်။ ဘယ်မှာ မှတ်မိလဲတော့ မသိတော့ဘူး။
(ဒါကို ပေဖူးလွှာရဲ့ဘော်ဒါအစ်ကိုတွေက Date Pick-up Line လို့ ခေါ်ပါတယ်။
Boy။ Hi, I Think I know you. Have we seen each other before?
Girl။ Hmm… I think so. May be in some classes. What are you taking now?
Boy။ Oh ya, Professor John's Chemistry class, right?
အဲဒီမှာတင်
ကောင်မလေးက ကြိုက်တယ်ဆိုရင်
Girl(ဟုတ်သော်ရှိ မဟုတ်သော်ရှိ)။ Oh right, he is horrible professor. How are you doing in that class?
နောက်ဆက်တွဲကတော့ ဘာညာကွိကွ ကော်ဖီလေး ဘာလေးလိုက်တိုက်ပေါ့။ ဟဲ..ဟဲ
အဲ…..မကြိုက်ဘူးဆိုရင်တော့
Girl။ Nope, I am Theater Arts major. I have never taken chemistry before.
ပြောချင်တာကတော့ …….ဂျောင်းတော့ :D
ဒါက သူများသင်ပေးထားတာ။ နောက်ကြုံမှ လက်တွေ့စမ်းကြည့်ဦးမယ်။) :D

၎။ သင်ဟာ အခန်းထဲမှာ တကယ်အိပ်တဲ့ အချိန်ထက် လက်ချာဟောထဲမှာ အိပ်တဲ့ အချိန်က ပိုများနေမယ်။
(ကျောင်းက လက်ချာဟောတွေ နောက်တန်းတွေမှာပဲ ကျောင်းသားတွေ စုနေတာ အဲဒါကြောင့်)

၅။ ခရီးသွားစရာ ရှိလဲ မလျှော်ရသေးတဲ့ အ၀တ်တွေ ခေါက်ထည့်လိုက်တာပါပဲ။
(အင်္ကျီချိတ်တောင် မဖြုတ်ဘူး။ လုံးထည့်သွား အေးရော)

၆။ သင့်အခန်းမှ အမှိုက်ပစ်ရန် သူငယ်ချင်းသုံးယောက် အနည်းဆုံး ကူလီခေါ်ရပါသည်။
(သူတို့ အခန်းတွေမှ အမှိုက်ပစ်ရန်လည်း သွားကူပေးလိုက်ပါနော်)

၇။ ထမင်းစားအဆောင်ဧ။် စွတ်ပြုတ်ထဲမှ အသားသည် ယမန်နေ့က ဟင်းကျန်ဖြစ်ကြောင်းကို သိနေပါသည်။
(မှတ်မိတာပေါ့ မနေ့ကပဲ ဒီမျက်နှာလေးတွေ့လိုက်သေးတယ်) :P :P :P

၈။ ကောလိပ်ကျောင်းသားတစ်ယောက်သည် တစ်နှစ်လျှင် စက္ကူတစ်တန်ကျော် သုံးသည်ဟု အဆိုရှိပါသည်။
(ဒါတောင် ကွန်ပြူတာဖွင့်ထားတဲ့ လျှပ်စစ်မီးမပါသေးဘူး။)

၉။ သူငယ်ချင်းတွေ ထမင်းခေါ်ကျွေးရင် ပန်းကန်ဆေးရမှာ ပျင်းသောကြောင့် စက္ကူပန်းကန်တွေ အသုံးများနေပါသည်။
(ကမ္ဘာကြီး ပူနွေးလာတာ ဒင်းကလေးတွေ လက်ချက်လဲ မကင်းဘူး။)

၁၀။ ကျောင်းမှ ဖတ်စာအုပ်ကို ဒေါ်လာတစ်ရာကျော်ပေးပြီး ၀ယ်ပါသည်။ အစအဆုံးတောင် မကြည့်ဘဲ ကျောင်းပြီးတော့ ပြန်ရောင်းပါသည်။ ခုနှစ်ဒေါ်လာပြန်ရပါသည်။
(ရသည့် ၇ဒေါ်လာ ထမင်းတစ်နပ်ဝယ်စားပါသည်။ အစတည်းက ဖတ်စာအုပ်မ၀ယ်ရင် တစ်ပါတ်စာသုံးငွေထွက်လာမည် ဖြစ်ပါသည်။ သို့ပေမယ့်လည်း ကောလိပ်ကျောင်းသားပီပီ ကျောင်းစာအုပ်ဆိုင်ကို အလုပ်အကျွှေးပြုရမည့် ကံဇာတာပါလာသဖြင့် ၀ယ်လိုက်ဦးဟဲ့ နောက်တစ်နှစ်စာ) L

မရီရဘူးဟုတ်….. ဒါဆို ကလိထိုးပြီ :P
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Wednesday, July 30, 2008

အင်မတန် ကောင်းသော ရည်းစားစာ

ချစ်သူ....
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..
မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..
ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..
ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..
ဂေါ်ဖီတွေ အားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..
ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..
ကိုယ်ဟာ..
ရုပ်ကလပ်က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ်က မျောက်ကုတ်..
ပုံစံက ဒုံးပျံနေပေမယ့်
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..
ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..
မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် လေသေနတ်နဲက အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..

(မေးလ်ထဲရောက်လာသော ဟာသလေးအား မျှဝေလိုက်ပါ၏)

ဆက်ဖတ်ရန်...(To Continue)

အမေရိကန် ဒေါ်လာ၂၀တန်နှင့် တိုက်ဆိုင်မှု ၃ခု

အခုလက်ရှိ အမေရိကန် ဒေါ်လာ ၂၀တန် (အပန်းရောင်) ၏ တိုက်ဆိုင်မှုလေးများကို ပြောပြချင်လို့ပါ။ အဲ့ဒါကို မြင်ချင်တယ် ဆိုရင်တော့ ပိုက်ဆံကို နည်းနည်းတော့ ခေါက်တာတွေ ဘာတွေ လုပ်ရပါမယ်။

ကဲ ခေါက်လိုက်ကြစို့။

၁။ ပထမဦးဆုံး နောက်ကျောပိုင်းကို အောက်ကလို အလျားလိုက် နှစ်ခြမ်း အထဲကို သွင်းပြီး ခေါက်လိုက်ပါ။

၂။ ပြီးရင် ဘယ်ဘက် တစ်ခြမ်းကို အပေါ်ကို ကွေးခေါက်လိုက်ပါ။ အဲ့လိုပဲ ညာဘက် အခြမ်းကိုလည်း ကွေးပြီး ခေါက်လိုက်ပါ။



၃။ ပြီးသွားရင်တော့ ပူးတွဲထားတာကို ၀ိုင်းထားတဲ့ နေရာကို ကြည့်လိုက်ပါ။
၎။ ပြီးတော့.. ပြောင်းပြန် လှန်လိုက်ပြီး နောက်ကျောကို ကြည့်လိုက်ပါဦး။



ကဲ.. အခုလို ရှေ့ခေါက် ကျောခေါက် လွယ်လွယ်ကူကူ လက်ကလိ လိုက်တာနဲ့ ၄င်း စက္ကူပိုက်ဆံပေါ်မှာ အင်မတန် ထိတ်လန့်စရာကောင်းတဲ့ ပုံတွေကို မြင်တွေ့နေရပါတယ်။

သေချာပြောရရင်.. အခု ဒီအောက်က ပုံက ၂၀၀၁ တုန်းက U.S Pentagon ကြီး အကြမ်းဖက်သမားတွေ တိုက်ခိုက် တုန်းက ပျက်စီးနေပုံနဲ့ သွားတူနေတာကို တွေ့ရှိရပါသည်။


အခု ဒီပုံက ၂၀၀၁ တုန်းက ကမ္ဘာကျော် World Trade Center (Twin Towers) ကြီး အကြမ်းဖက်သမားများ ၏ လက်ချက်ကြောင့် ပျက်စီးသွားသော ပုံနှင့် သွားတူနေပါသည်။


ဒီနောက်ဆုံးပုံကတော့ ကျောချမ်းကို ဟိုခေါက်ဒီခေါက် လုပ်လိုက်ရင် OSAMA ဆိုတဲ့ စာလုံးထွက်လာပါလိမ့်မယ်။

အခုလို ၂၀တန်ကို နည်းနည်းပါးပါး ခေါက်လိုက်ပြုလိုက်လို့ ထွက်လာတဲ့ ပုံတွေ စာတွေက တိုက်ဆိုင်နေတာပဲလား.. ဘာပဲလားတော့ မသိပါဘူး။ 2001 မှာ အိုစမာဘင်လာဒင်ကနေ အထက်ပါ World Trade Center ရော Pentagon ကို အကြမ်းဖက်သမားတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်လို့ သိရှိထားရပါသည်။

ပြီးတော့ ကုန်ကုန် ပြောရင် .. ၉ရက် ၁၁လ က ဖြစ်တာဆိုတော့ ၉နဲ့ ၁၁နဲ့ ပေါင်းရင် ၂၀တောင်ရသေးတယ်။ (ဒေါ်လာ ၂၀တန်)

(မေးလ်ထဲသို့ ပိုစ့်တင်ရန် သူငယ်ချင်းတစ်ယောက်မှ ပေးပို့လာသဖြင့် မျှဝေလိုက်ပါသည်။)

ဆက်ဖတ်ရန်...(To Continue)

Tuesday, July 29, 2008

ဒီအက ၅ခုထဲက ဘယ်အက ကို နိုင်မယ်လို့ ထင်သလဲ?


စာမေးပွဲအကြောင်းပြပြီး စာမရေးတာကြာပေါ့။ ဟဲ ဟဲ ဖြေနိုင်လားမေးရင် တရားနဲ့ ဖြေခဲ့ပါတယ်။ စာမေးပွဲ သင်္ခါရပေါ့။ :D
လွန်ခဲ့တဲ့ တစ်ပါတ်လောက်က Web Surf နေရင်းကနေ Emmy ဆုစာရင်းတွေ ထွက်ပြီဆိုတာ ဖတ်လိုက်ရပါတယ်။ အမ်မီဆု ဆိုတာကတော့ USA မှာ TV စီးရီးတွေရဲ့ အော်စကာပါပဲ။ တော်တော်လေးပါဝါကြီးတယ်ပေါ့။ သူပေးတဲ့ဆုတွေကလည်း တော်တော်များတယ်။ ဆုစာရင်းအပြည့်အစုံကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။
အဲဒါနဲ့ အကောင်းဆုံးအကကွက် (Best Choreography) ကို သွားကြည့်လိုက်တော့ ပေဖူးကြိုက်တဲ့ So You Think You Can Dance Show က ဆန်ကာတင် ငါးနေရာမှာ သုံးနေရာယူထားတာတွေ့ရတယ်။ ကျန်တဲ့ နှစ်ခုကလဲ စပါယ်ရှယ်ပါပဲ။ ဘယ်သူရမလဲတော့ မသိဘူး။
YouTube မှာ အဲဒီ အကလေးတွေကို ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်။ ဘယ်သူရမလဲထင်တယ်ဆိုတာ အောက်မှာ မဲပေးသွားဦးနော်။

အက နံပါတ် ၁
So You Think You Can Dance
Routine: Transformers / “Fuego”; Choreographer: Shane Sparks

နာမည်ကြီး အကပညာရှင် Shane Sparks ရဲ့ Hip Hop Routine လေးပါ။ ဒီnumberနဲ့ ပတ်သတ်ပြီး အမှတ်တရလေးကတော့ ဒီအကကို ပထမဆုံးကြည့်ဖူးတာပဲ။ အဲဒီတုန်းက ပေဖူး USကို ရောက်ခါစ သူငယ်ချင်းတစ်ယောက်က YouTube Link လာပေးလို့ ကြည့်ဖြစ်သွားတာကနေ ကြိုက်သွားတော့ တာပဲ။ :D
ကတဲ့ Dancer နှစ်ယောက်ကတော့ Pasha နဲ့ Lauren ပါ။ Pasha က Ballroom Dancer ပါ။ Hip Hop နဲ့ အကျွှမ်းတ၀င်မရှိပေမဲ့ Lauren ကတော့ ကောင်းကောင်းကတတ်ပါတယ်တဲ့။ အဲဒီ Season တုန်းက Pasha က Top 8, Lauren က Top 6 ချိတ်ပါတယ်။ ဟစ်ဟော့အကကို အဲဒီအချိန်တုံးက Transformer ဇာတ်ကား ခေတ်စားနေတဲ့အတွက် စက်ရုပ်ပုံစံ ကသွားတာပေါ့။
များသောအားဖြင့် ပေဖူးအကတွေ အကြောင်းတင်ရင် စကားပြောခန်းတွေ မပါတဲ့ Video Clip တွေကို ရှာတင်လေ့ရှိပါတယ်။ ဒီတစ်ခေါက်တော့ Choreographer Shane Sparks ပါ မြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အကတိုက်တုန်းက Video လေးကိုပါ လင့်ခ်လိုက်ပါတယ်။



အောက်မှာ လေးခုကျန်သေးတယ်။

အက နံပါတ် ၂
So You Think You Can Dance;
Routine: Table / “Sweet Dreams (Are Made Of This)”;
Choreographer: Mandy Moore

ဒါကတော့ ငါးခုထဲမှာ ပေဖူးအကြိုက်ဆုံးပါ။ ပေဖူးသာ ဒိုင်ဆိုရင် အကဆရာမ Mandy Moore ကိုပဲ ပေးဖြစ်မှာပါ။ ထုံးစံအတိုင်း အကဆရာမကို ကြည့်ချင်ရင် အကတိုက်တဲ့ အကြောင်းကို ဒီမှာ Link ပြန်ချိတ်ထားပါတယ်။ အကပုံစံကတော့ Jazz ပါ။ ဒီ number မှာ Business Negotiation အကြောင်းကို သရုပ်ဖော်ထားတာပါ။
ကတဲ့သူတွေကတော့ Neil နဲ့ Sabra ပါ။ Neil က နံပါတ်သုံးချိတ်ခဲ့ပြီး Sabra ကတော့ Winner ပါ။ ကကွက်တွေကတော့ စားပွဲကို အဓိကထားပြီး ကောင်းကောင်းကြီး အသုံးချသွားပါတယ်။ သူတို့ရဲ့ လက်တွေက စီးပွားရေးမှာ သုံးတဲ့ အကြောင်းတွေ သရုပ်ဖော်သွားတာပေါ့။ Neil ရဲ့ Gymnastic Trick တွေကလဲ သူ့နေရာနဲ့သူ ကြည့်လို့ကောင်းပါတယ်။ စကားမစပ် သီချင်းကြိုက်ရင် ပြောပါ။ ပေဖူးဆီမှာ ရှိတယ်။




အက နံပါတ် ၃
So You Think You Can Dance;
Routine: Hummingbird and Flower / “The Chairman’s Waltz”;
Choreographer: Wade Robson

Wade Robson ဆိုတာ ဒီအမျိုးအစားထဲမှာ Emmy ဆုတစ်ခါရပြီးသား အကဆရာပါ။ သူဆုရခဲ့တဲ့ Video ကို နောက်သူ့အကြောင်းရေးတဲ့အခါ တင်ပေးပါ့မယ်။ လူသာငယ်တာ တော်တော်လေးကို တော်တဲ့ အနုပညာရှင်ပါ။ အကအကြောင်းကတော့ ကောင်မလေးက ပန်းကလေးပေါ့။ ကောင်လေးကတော့ ငှက်ကလေးပါ။ ဒီမှာလဲ အကတိုက်တဲ့အကြောင်းကို Link ချိတ်ပေးလိုက်ပါတယ်။ ခပ်ချောချော Wade Robson ကိုလည်း မြင်ရတာပေါ့။ အဟိ။
အကအမျိုးအစားကတော့ Jazz ပါ။ ကသွားတဲ့ နှစ်ယောက်ကတော့ Jaime နဲ့ Hok ပါ။ Jaime က Contemporary Dancer ဖြစ်တဲ့အတွက် သူ့ရဲ့ လိုင်းတွေက အရမ်းလှပါတယ်။ ပန်းကလေးတဖြည်းဖြည်းချင်း ပွင့်အံလာတာက အရမ်းလှပြီး ပညာသားပါတယ်နော်။ Hok ကတော့ B-Boy ပါ။ သူက QUEST Dance Crew မှာ ကပါတယ်။ ဒီအကလေးကော ဆုရမယ်ထင်လား?????





အက နံပါတ် ၎
Dancing With the Stars;
Routine: Mambo / "Para Los Rumberos";
Choreographer: Julianne Hough

Dancing with the Stars Show ကလဲ တစ်နေရာချိတ်ပါတယ်။ Julianne Hough ရဲ့ လက်တင်အမျိုးအစား Mambo အကပါ။ ဒီအကမှာတော့ Choreographer ကိုတိုင် ၀င်ကတယ်နော်။ သူလေးက အသက် ၁၉နှစ်ပဲ ရှိပါသေးတယ်။ သူ့အသက်နဲ့ အရည်အချင်းက အံ့မခန်းပါပဲ။ ဒီမှာ အကတိုက်တုန်းက အကြောင်းတွေ Link။ သြော် မေ့လို့ ဒီအစီအစဉ်တင်ဆက်သူ Tom Bergeon လဲ အကောင်းဆုံး တင်ဆက်သူ ဆန်ကာတင်စာရင်းထဲမှာ ပါတယ်။ Dancing with the Stars show က မိတ်ကပ်ဆု၊ တည်းဖြတ်ဆုတွေ အပြင် တခြားတော်တော်များများနေရာတွေကိုလည်း ချိတ်ပါတယ်။
သူနဲ့ အတူတူ တွဲကတဲ့ Star ကတော့ Indy 500 Champion Helio Castroneves ပါ။ သူတို့နှစ်ယောက် နောက်ဆုံးပြိုင်ပွဲမှာ နိုင်သွားပါတယ်။ ပေဖူးတကယ်ကြိုက်တာက Final မှာ ကသွားတဲ့ Free Style ပါ။ Free Style ကို လင့်ခ်ချိတ်ထားတယ်။ အကဲဖြတ်သွားလို့ ရအောင်ပေါ့။





အက နံပါတ် ၅
High School Musical 2;
Routines: "What Time Is It?", "Fabulous", "Work This Out", "I Don’t Dance", "You Are the Music In Me", "For One";
Choreographer: Kenny Ortega

စာဖတ်သူတော်တော်များများ High School Musical စီးရီးကို ကြည့်ဖူးကြမှာပါ။ US မှာ ဆယ်ကျော်သက်တော်တော်များများရဲ့ အသဲစွဲပေါ့။ ဒီစီးရီးကိုတိုင်လဲ Outstanding Children Program မှာ နေရာချိတ်ထားပါတယ်။ ဒီစီးရီးရိုက်ခဲ့တဲ့နေရာက တကယ့် အထက်တန်းကျောင်းမှာပါ။
Zac Efron, Venessa Hudgens, Ashley Tisdale နဲ့ Lucas Grabeel တို့ အဓိက ပါဝင်သရုပ်ဆောင်တာပါ။ သီချင်းတွေ အားလုံကိုလည်း သူတို့ပဲ ဆိုထားတာပါ။ ပေါ့ပေါ့ပါးပါး Hip Hop စတိုင်လေးပါ Broadway ပုံလဲ နည်းနည်းဆန်ပါတယ်။ အောက်က Video လေးက What time is it? Summer time ပါ။ ကျောင်းနောက်ဆုံးနေ့ကို ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်တဲ့ အကြောင်းလေးပေါ့။ ၂း၂၅ မိနစ်က ဘတ်စကက်ဘောကကွက်လေးကိုတော့ တော်တော်နှစ်သက်မိတယ်။ :)
တခြားVideo တွေဖြစ်တဲ့
We are all in this together,
Work this out,
I don’t dance,
You are the music in me,
All for one,
Fabulous
ကိုတော့ လင့်ခ်ပဲချိတ်လိုက်ပါတယ်။



ကဲ စာဖတ်သူတွေကော ဘယ်သူရမယ်ထင်လဲ။

ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Monday, July 28, 2008

အဖျက်သမားများနှင့် ကျွန်တော်တို့၏ ရပ်တည်မှု

ကျွန်တော့်အိမ်သည် လွတ်လပ်စွာ ရပ်တည်သော ဘလောခ့် တစ်ခု ဖြစ်ပါသည်။ ကျွန်တော့် အိမ်သည် လွတ်လပ်မှု ကို မြတ်နိုး တွယ်တာ ခုံမင် ပါသည်။ ကျွန်တော့်အိမ် မှ လူငယ်များ သည် တစ်ရက်မှာ ၂၄နာရီ လုံးလုံး ထိုင်ပြီး ဦးသန်းရွှေကို ထိုင်ဆဲ နေဖို့ စိတ် မ၀င်စားပါ။ ထိုသို့ ပြုမူ နေရုံဖြင့် မြန်မာ ပြည်ကြီး တစ်စုံ တစ်ခု ပြောင်းလဲ ထူးခြား သွားလိမ့် မည်ဟု ယူဆ ထားသူများ မဟုတ် ပါချေ။ ကျွန်တော့် အိမ်သည် စစ်အစိုးရ ကို အားမပေးပါ။ စစ်အစိုးရ၏ လုပ်ရပ်များ မှားယွင်း နေလျှင် ဝေဖန် ရှုံ့ချပါသည်။ ထိုနည်း အတူ ကျွန်တော့်အိမ်သည် အချိန်ပြည့် ဒီမိုကရေစီ ဒီမိုကရေစီဟု မကြုံးဝါးပါ။ ထိုသို့ ကြုံးဝါးမည့် အစား ဖြစ်နိုင်ချေ ရှိမည့် နည်းလမ်း များကို စဉ်းစားလေ့ ရှိပါသည်။

ကျွန်တော့်အိမ်သည် ဆောင်းပါး၊ ကဗျာ၊ သီချင်း၊ အက၊ ဗိသုကာ၊ သတင်း၊ ဟာသ၊ ဗဟုသုတ၊ စာတို၊ စာရှည်၊ ဓာတ်ပုံ အစရှိသည့် အကြောင်း အရာများဖြင့် ရှုထောင့် ပေါင်းစုံမှ စာဖတ်ပရိသတ်များ အားလုံးကို စိတ်သဘောကျ စေရန် ရည်ရွယ်ပြီး ကြိုးစားလျှက် ရှိပါသည်။ ကျွန်တော်တို့ လူငယ် တစ်စုသည် မိမိတို့ ကိုယ်စီ ကိုယ်စီ သိနားလည်သော အရာများ၊ တစ်ယောက် ချင်းစီမှ အသိဥာဏ်များ ကိုယ်စီ ကိုယ်စီ စုပေါင်းပြီး ဥမကွဲ သိုက်မပျက် ညီညာစွာဖြင့် အနာဂတ် ရှေ့ခရီးကို လက်တွဲ ညီညီ ချီတက် နေသူများ ဖြစ်ကြ ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်ထဲမှ အရာ အားလုံး မပြည့်စုံသည် ဟူသော ခံယူချက်ကို လက်စွဲကိုင်ပြီး တစ်ယောက်လက် တစ်ယောက် ဆွဲကူကာ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးသွားရင်း အချိန်နှင့် တစ်ပြေးညီ လျှောက်လှမ်း နေပါသည်။

ဤအချိန်များ အတွင်းတွင် ကျွန်တော်တို့သည် အင်မတန် ခင်မင်စရာ ကောင်းသော သူငယ်ချင်းများ ကို တွေ့ရှိ ရပါသည်။ အချိန်တိုင်း အားပေးနေသည့် စာဖတ် ပရိသတ်များဖြင့် လက်တွဲညီညီ ကြိုးစား လျှက်ရှိပါသည်။ အကြံပေး ချက်များ၊ ဝေဖန်မှုများ၊ အစရှိသည်တို့ဖြင့် အမြဲလိုလို ကူညီပေးနေသော သယ်ရင်းများ၊ မိတ်ဆွေ အပေါင်းအသင်း များကိုလည်း အထူး ကျေးဇူးတင် မိပါသည်။ ယနေ့ ဤအချိန်တွင် ရောက်ရှိ နေသော၊ လက်ရှိ စာဖတ်နေသော၊ လာရောက် လည်ပတ် နေသော မိတ်ဆွေများ ကြောင့် ကျွန်တော့်အိမ်သည် ရပ်တည်နေခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ ယုံကြည်ချက်များ အား အကောင်အထည် ဖော်သွားရန် အတွက် ရှင်သန်နေခြင်းဖြစ်သည်။

၎င်းနည်းတူ၊ တစ်ချိန်တည်း မှာပင် ကျွန်တော်တို့အား နှောက်ယှက်လျှက် ရှိသော အဖျက်သမား အုပ်စုကိုလည်း တွေ့ရပါသည်။ ကျွန်တော်တို့သည် Freedom of Speech ကို ခုံမင်သော်လည်း ထိုကဲ့သို့ မိမိနာမည်၊ ဘလောခ့်လိပ်စာ၊ ဘယ်သူ ဘယ်ဝါ ဆိုတာ မဖော်ပြရဲသော အရင်းမရှိ အဖျားမရှိ လူတွေ၏ စော်ကားခြင်းကို လက်ခံမည် မဟုတ်ပေ။ Freedom ဟူသည် Responsibility မရှိပါက ရယူဖို့ရန် မထိုက်တန်သော အရာ တစ်ခုပင် ဖြစ်သည်။ Responsibility တစ်ခု မရှိသော Freedom သည် အခွံ့သာ ရှိကာ အထဲတွင် ဗလာနတ္တိ ဖြစ်နေပါသည်။ အနှစ်သာရ မရှိပါချေ။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ လွတ်လပ်ရေးကို အသုံးချခြင်း၊ အခွင့်အရေးယူခြင်း အစရှိသည့် လူများကြောင့် ယနေ့ထိတိုင် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ခြင်း မရှိပါချေ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရသည်ဟူပြီး ပြောပါက မမှားပါပေ။ အမှားနှင့် အမှန် ကို လုံးလုံး ခွဲခြား နိုင်စွမ်းမရှိ၊ ဖြစ်သမျှ ပျက်သမျှကို မကောင်းမြင် မူဝါဒများဖြင့် လျှောက်လှမ်းနေသော ထိုသူများကို ကျွန်တော်တို့ မကြိုဆိုပါ။ ကျွန်တော်တို့၏ အချိန်များကို ထိုသူများဖြင့် ကုန်ဆုံးသွားစေမည် မဟုတ်ပါချေ။ အဖျက်သမား များသည် ၄င်းတို့၏ မူဝါဒအရ တစ်ပါးသော သူကို အချိန်တိုင်းလိုလို လိုက်လံ စိတ်ပိုင်းဆိုင်ရာ လူပိုင်းဆိုင်ရာ နှောက်ယှက်မှုများ၊ ဒုက္ခပေးမှုများ ပေးနိုင်ရန် အတွက် ကြိုးစားနေသူများ ဖြစ်ပေသည်။ မိမိတို့၏ အချိန်များကို တန်ဖိုးရှိစွာ အသုံးမချပဲ လောကကြီး၏ အမှောင်သားများ အဖြစ် အချိန်တိုင်း ရှင်သန် နေကြသောသူများ ဖြစ်ကြပေသည်။ ထိုသို့သော လူများသည် စစ်မှန်သော ဒီမိုကရေစီနှင့် မထိုက်တန်ပါချေ။ ထိုသူများသည် ခက်ထန် ကြမ်းတန်းသော စစ်အစိုးရနှင့်သာ သင့်လျော်ပေသည်။

သို့ဖြစ် ပါသဖြင့် ကျွန်တော် ကျွန်မတို့သည် နာရီ မိနစ် စက္ကန့် ရွေ့လျား နေသည့် ကာလ တလျှေက် တွေ့ကြုံ ရင်ဆိုင်လာမည့် အခက် အခဲများကို လက်တွဲ ညီညီ စည်းလုံး ညီညွတ်စွာဖြင့် ဥမကွဲ သိုက်မပျက် ရင်ဆိုင် ကျော်လွှား သွားမည်ဖြစ်သည်။ မည်သည့် အခက် အခဲ များကြောင့် ကျွန်တော် တို့၏ ယုံကြည်ချက် များကို စွန့်ခွာပြီး ထွက်သွားလိမ့်မည် မဟုတ်ပါချေ။ ယုံကြည်ချက်များစွာ အတွက် ဆက်လက် ရှင်သန်သွားပါမည်။ အဖျက်သမား များအား အမှန်တရား ကို မြင်တတ် စေရန် ကြိုးစား ကြဖို့ တိုက်တွန်း ချင်ပါသည်။

မိုးချုပ်သော်ငြား နေမ၀င်သေးသောကြောင့် ကျွန်ုပ်တို့၏ခြေရာများ မပျောက်ကွယ် သွားပါ။ ဘလောခ့်ဂါ လောက၏ အဖျက်သများများ၊ အပုတ်ချ သများများ ကင်းဝေး ကြစေဖို့ အစဉ်အမြဲ ရည်ရွယ်လျှက်

www.myhome16.com

ဆက်ဖတ်ရန်...(To Continue)

အချစ်မီးခဲ

မကေသီမှ ကျွန်တော့်ဆီကို သူမ၏ ရင်တွင်းဖြစ်အား ပိုစ့်တစ်ခု တင်ပေးပါရန် တောင်းဆိုပေးပို့လာသဖြင့် တင်ပြပေးလိုက်သည်။

ဒီနှစ်ယောက်ကြားမှာ တစ်ခုခုတော့ အရမ်းကို လိုအပ်နေပြီလို့ထင်တယ်..

တစ်ယောက်က သူ့ကိုသာ တစ်လောကလုံးမှာ ဂရုစိုက်စေချင်တဲ့ အတ္တစိတ်ရှိတယ်
နောက်တစ်ယောက်က.. ဒါကို အရေးမကြီးဘူးလို့ထင်တယ်...

တစ်ယောက်က သူ့ကို တခြားလူတွေနဲ့ ဘာဘာညာညာလုပ်တာပြောတာ မြင်ရင် သေမတတ်အူတိုတယ်
နောက်တစ်ယောက်က.. ဒါကို ကလေးဆန်တယ်လို့ ထင်တယ်..


တစ်ယောက်က သူ့ကို အမြဲတမ်း ဘေးနားမှာ ရှိနေစေချင်တယ်.. ဝေးမနေချင်ဘူး..
နောက်တစ်ယောက်က ဒါကို လွတ်လပ်မှု မရှိဘူးလို့ ယူဆတယ်..

တစ်ယောက်က သူ့ကို ထာဝရ ဖက်ပိုက်ထားချင်တယ်..
နောက်တစ်ယောက်က ဒါကို ရှုပ်တယ်လို့ ထင်တယ်...

တစ်ယောက်က သူ့ကို တစ်လောကလုံးမှာ အချစ်ဆုံးပါလို့ သတ်မှတ်ထားတယ်..
နောက်တစ်ယောက်က ချစ်တဲ့ လူတွေထဲက တစ်ယောက်ပါလို့ အမြဲပြောတယ်..

တစ်ယောက်က သူ့ကို နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ခေါ်ပွေ့ထားစေချင်တယ်..
နောက်တစ်ယောက်က ဒါကို မလိုအပ်ဘူးလို့ ထင်တယ်...

တစ်ယောက်က သူနဲ့ အမြဲတမ်း အပြင်ထွက် လျှောက်လည်ချင်တယ်..
နောက်တစ်ယောက်က ဒါတွေကို အပိုအလုပ်တွေပါလို့ ထင်တယ်...

တစ်ယောက်က တခြားသူ တစ်ဦးဦးနဲ့ အီစီကလယ် လုပ်နေတာ မကြိုက်ဘူး..
နောက်တစ်ယောက်က ဗဟုသုတ ဖလှယ်တယ်လို့ ယူဆတယ်..

တစ်ယောက်က ....................
နောက်တစ်ယောက်က.................................

ဒါတွေအားလုံး ဒီနှစ်ယောက်ကြားမှာ အမြဲဖြစ်ပျက်နေတယ်..
ဒါတွေအားလုံး နှစ်ယောက်လုံးက အမြဲရင်ဆိုင်နေရတယ်..

ပြဿနာတစ်ခုပြီးသွားတိုင်း
စကားတစ်ခါများပြီးသွားတိုင်း..
မီးစတစ်ခု ထလောက်တိုင်း ထလောင်တိုင်း..
နောက်တစ်ယောက်က ရေနဲ့ လောင်းတယ်..
မီးစလေး မီးငြိမ်းသွားတယ်..

ဒါပေမယ့် ရေက လောင်တိုင်း လောင်းနေတော့..
လောင်ပါများသော အခါ...
တဖြေးဖြေးနဲ့ မီးစလေး ဟာ အရှိန်ပြင်းလာတယ်..
တစ်ခါ အလောင်းခံရပြီးတိုင်း မီးစလေးဟာ နောက်တစ်ခါကျရင်.
ပိုပို ပြင်းထန်လာတယ်..
ပိုပို ပူလောင်လာတယ်..
အကယ်လို့များ တစ်ချိန်ကျရင် မီးစလေးကနေ မီးခဲကြီး အသွင်ပြောင်းသွားပြီးး
ရေနဲ့ လောင်းလို့ မရတော့ရင်....
မီးငြိမ်းလို့ မရတော့ရင်...

မီးခဲလေးသည်
လောကတစ်ခုလုံးကို ပြာကျသွားအေင် ခ၀ါချဖို့ ..
ဝန်မလေးသော မီးခဲလေးပါ။

မီးခဲ
ကေသီ(တောင်ကြီး)

ဆက်ဖတ်ရန်...(To Continue)

ယောက်ျားဆိုတာ..


ချစ်စကြင်စ...
၆ရက်အကြာ.... ငါနင့်ကိုချစ်တယ်၊ ငါနင့်ကိုချစ်တယ်။
၆လအကြာ.... အင်းဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ.... နင့်ကိုမချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား။

လက်ထပ်ပြီးစ...
၆ရက်အကြာ.... အချစ်လေးရေ..မောင်ပြန်လာပြီ
၆လအကြာ.... ပြန်လာပြီဟေ့
၆နှစ်အကြာ.... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား...

ဧည့်ခန်းတွင်...
၆ရက်အကြာ.... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ.... ရော့ မင်းဖုန်း
၆နှစ်အကြာ.... ရော်.. ဖုန်းကိုင်လိုက်လေ

မီးဖိုထဲတွင်....
၆ရက်အကြာ.... စားစရာတွေ ဒီလောက်အရသာရှိမှန်း ခုမှသိတော့တယ်။
၆လအကြာ.... ဒီည ဘာစားမလဲ
၆နှစ်အကြာ.... လာပြန်ပြီ ဒီဟင်း

ရှော့ပင်းပြန်ချိန်...
၆ရက်အကြာ.... ဟာ.. ဒီအင်္ကျီဆို ချစ်လေးက နတ်သမီးလေးအတိုင်းဘဲ
၆လအကြာ.... ရှော့ပင်ထွက်ပြီး ပြန်လာပြီလား
၆နှစ်အကြာ.... မင်းပိုက်ဆံတွေ ဘယ်လောက် ဖြုန်းခဲ့ပြန်ပြီလဲ

တီဗွီရှေ့တွင်...
၆ရက်အကြာ.... ချစ်လေး.. ဒီည မောင်တို့ ဘယ်အစီအစဉ်ကြည့်ကြမလဲ
၆လအကြာ.... ဒီကားကြည့်မယ် ဒီကားကြိုက်တယ်
၆နှစ်အကြာ.... ဒီကားကြည့်မယ်။ မင်းမကြည့်ချင်ရင် သွားအိပ်ချည့်။ ကိုယ့်ဘာသာကိုယ်ကြည့်မယ်။

Ref: mmcp
Update at Ref: this joke from mmcp came from 99Sanay's blog

ဆက်ဖတ်ရန်...(To Continue)

Sunday, July 27, 2008

သတင်း Center - July 27th မြန်မာ့ ကမ္ဘာ့ သတင်းများ



မြန်မာ့သတင်းများ


အပြည်ပြည်ဆိုင်ရာမှ ပေးပို့လိုက်သော မုန်တိုင်းအတွက် အလှူငွေများ ထောက်ပံ့ကြေးများသည် မြန်မာစစ်အစိုးရ၏ ပြည်ပငွေလွှဲပြောင်းမှုစနစ်ကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ဟု UN မှ ပြောကြားသွားသည်။ [More]


လူပေါင်း ၁သိန်း ၄သောင်း ကျော် ကျဆုံးခဲ့ပြီး များလှစွာသော ဒုက္ခသည်များ ယခုထိတိုင် ကယ်ဆယ်ရေးများ လိုအပ်နေသေးသည်။ ၃လကျော် ကြာပြီး သော်လည်း ယခုထိ သေရေးရှင်ရေး အတွက် ရုန်းကန်နေရဆဲဖြစ်သည်။ [More]


ဘင်္ဂလားဒေ့ရှ်မှ ဓာတ်မြေသြဇာများ စစ်အာဏာပိုင်များ၏ အကူအညီဖြင့် မြန်မာပြည်အတွင်းသို့ တရားမ၀င် နည်းမျိုးစုံဖြင့် တင်သွင်းလျှက်ရှိကြောင်း စစ်တွေမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့သည်။ [More]


US မှ Lawmakers များသည် မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ် တိုးချဲ့သွားရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ [More]


သြစတေးယားနိုင်ငံသည် မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်း ၃၀ကျော် ထပ်မံလှူဒါန်းသွားမည် ဖြစ်ကြောင်း [More]


မြန်မာပြည်မှ ကလေး စစ်သား ပေါင်း ၇သောင်း ကျော်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ပြီး ဤသို့ ပြုလုပ်မှုများသည် လူ့အခွင့်အရေးကို ချိုးဖောက်ကြောင်းနှင့် တရားမ၀င်ကြောင်း၊ ကလေးငယ်များအား မမေ့လျော့်ကြရန် [More]


နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာပြည်တွင်းရှိ နာမည်ကျော် ဂီတအနုပညာ ရှင်များက တေးစီးရီး သီဆို ထုတ်လုပ်ရန် စီစဉ်နေကြကြောင်း သိရသည်။ [More]


စပါးစိုက်တောင်သူလယ်သမားများအနေနှင့် လက်ရှိ ဓာတ်မြေသြဇာဈေးမှာ ယခင်နှစ်ကထက် ၂ ဆ ၀န်းကျင် ခန့်မြင့်တက် လာမှုကြောင့် ဓာတ်မြေသြဇာ ၀ယ်ယူသုံးစွဲရန် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရှိရသည်။ [More]


တကိုယ်လုံး ဓာတ်ဆီလောင်းထားသည့် မြန်မာလူငယ်တဦးသည် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဝင်ရောက် မီးရှို့သဖြင့် ယမန်နေ့က ရဲက ဖမ်းဆီးခဲ့သည်။ [More]


မန္တလေးတွင် မိုးသည်းထန်စွာရွာခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရှိ မြေအောက်စက်ပစ္စည်းခန်းများ ရေဝင်ပြီး တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည်။ [More]


ဒေါ်အောင်ဆန်းစုကြည်ကို ၆ လအတွင်း ပြန်လွှတ်ပေးဘွယ်ရှိဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောကြား [More]


ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သံဃာတော်များကို ရေနှင့် အခြားပစ္စည်းများ လှူဒါန်းသည့် အတွက် မြန်မာ-မွတ်စလင် ကျောင်းသား ၁ဝ ဦးကို အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ကာ ရဲဘက်စခန်းများသို့ ယခုတပတ်အတွင်း ပို့ဆောင်လိုက်ကြောင်း အေအေပီပီ က ယနေ့ ပြောဆိုလိုက်သည်။ [More]




ကမ္ဘာ့သတင်းများ

"Dinosaur eel" points to body armour of the future
အနောက်အာဖရိက ရွှံ့အိုင်များတွင် နေလေ့ရှိသော နှစ်သန်းပေါင်ကိုးရာကျော်ကြာ မျိုးမတုံးပဲ ရှိသော dinosaur eel အမည်ရှိ ငါးတစ်မျိုးဧ။် အကြေးခွံသည် တစ်မီတာဧ။် သန်းငါးရာပုံ တစ်ပုံမျှသာ ထူသော်လည်း အလွှာလေးခုဖြင့် ဖွဲ့စည်းထားပြီး ကိုယ်တွင်းနူးညံ့တစ်ရှုးများကို အပြည့်အ၀ကာကွယ်ပေး။ ထိုModelကို ယူပြီး အမေရိကန်စစ်တပ်သည် တပ်သားများအတွက် ဗုံးပါကာပေးမည့် ကျည်ကာဝတ်စုံတည်ထွင်ရန် ကြိုးစားနေ။ [More]


Mars lander has trouble getting sample in oven
မားစ်ဂြိုဟ်တွင် သောကြာနေ့က ပထမဆုံးအကြိမ်အဖြစ် ရေခဲပါသော ရွှံသားပြင်ကို ခြစ်ထုတ်ပြီး သိမ်းဆည်းမည့် oven ထဲသို့ ထည့်ရာတွင် အခက်အခဲဖြစ်နေ။ oven မှ သိုလှောင်မည့် ပစ္စည်းမလုံလောက်ဟု အချက်ပြကာ အဖုံးမပိတ်ပဲ ဖြစ်နေ။ [More]


Mexico finds dozens of dead sea turtles
မျိုးတုံးလု ဖြစ်ပြီး အကောင်ရေ ရာချီသာ ကျန်တော့သော ပင်လယ်လိပ်သေများကို မက်ဆီကို ကမ်းခြေတွင်တွေ့ရ။ ငါးဖမ်းပိုက်ကွန်ကြီးများဖြင့် ငြိပါလာခြင်းဖြစ်။ [More]


Google Hits Milestone, Now Tracking 1 Trillion Web Pages
Google ဧ။် Search Engine ထဲတွင် ယခုအခါ ၀က်ဆိုဒ်ပေါင်း တစ်ထရီလီယံ Tracking လိုက်နိုင်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်။ [More]


HIV infects, attacks body much faster than previously believed
ယခင်တုန်းက ယုံကြည်ထားသော HIV ပိုးသည် ကူးစက်မှု လပေါင်းများစွာကြာသည်မှာ မဟုတ်တော့သည့် အကြောင်း Duke University မှ ထုတ်ပြန်လိုက်။ [More]


Indian monkey god sent to Obama
အိန္ဒိယလူမျိုးတစ်စုက နိုဝင်ဘာတွင် ရွေးကောက်ပွဲဝင်မည့် အိုဘားမားအား ထောက်ခံသည့်အနေဖြင့် ရွှေမျောက်နတ်ဘုရားရုပ် လက်ဆောင်ပို့လိုက်။ [More]


Radioactive Russian woman sparks airport evacuation
တောင်ကိုရီးယားနိုင်ငံတွင် ဓါတ်ကင်ကုသမှုခံယူလာသော အမျိုးသမီးတစ်ဦးသည် ရုရှားလေဆိပ်အရောက် Radiation Detector မှ Alarm မည်သဖြင့် စစ်ဆေးရာ သာမန်လူထက် ၁၅ဆ ရေဒီယိုသတ္တိကြွမှု ဖြစ်ပေါ်နေ။ [More]


Another Titanic Weekend for Dark Knight
Batman ကား အသစ်ဖြစ်သော Dark Knight သည် ၀င်ငွေ စံချိန်ပေါင်းများစွာကို ချိုးလျက်ရှိ။ ပညာရှင်များက ရာစုနှစ်ဧ။် ၀င်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သော Titanic ဇာတ်ကားစံချိန်ကိုပါ ချိုးမည်ဟု ခန့်မှန်းနေ။ [More]


Japanese sushi rage threatens iconic Mediterranean tuna
ဂျပန်စတိုင် ဆူရှီစားသုံးမှုများ တရုတ်နှင့် တောင်ကိုရီးယားတွင် အလွန်ခေတ်စားလာသဖြင့် ဆူးတောင်ပြာ တူနာငါးများ မျိုးတုံးမည့် အခြေအနေဆိုက်ရောက်နေ။ [More]


Britney Spears to pay $20,000 a month child support
ပေါ့ပ်အဆိုတော် Britney Spears သည် ကလေးနှစ်ယောက် အုပ်ထိန်းခွင့်အား ကွာရှင်းပြီး Kevin Federline ကို ပေးလိုက်ရသည့်အပြင် ကလေးစရိတ်အဖြစ် တလကို ဒေါ်လာနှစ်သောင်းပေးရ။ [More]


လေးစားလျှက်
Mr. Reporter (Burma News Department)
Ms. Reporter (World News Department)

ဆက်ဖတ်ရန်...(To Continue)

Saturday, July 26, 2008

www.myhome16.com သို့ ပြောင်းရွှေ့ခြင်း

ဟုတ်ကဲ့။ အားလုံး မင်္ဂလာပါ။ ဒီနေ့ နေ့လည်ကပဲ ကျွန်တော် Custom Domain Address တစ်ခု ၀ယ်ပြီး အရင် ဘလောခ့် လိပ်စာကနေ အခု အောက် ဖော်ပြပါ လိပ်စာသစ် http://www.myhome16.com/ ကို ပြောင်းလဲပြီး ရွှေ့လိုက် ပါတယ်။ အားလုံး အဆင်ပြေ ပြီးစီးဖို့ ၃ရက် လိုတယ် လို့တော့ ပြောပါတယ်။ ဒါပေမယ့် အခု ဖွင့်ကြည့်တော့ ဖွင့်လို့ ရနေ တာကို တွေ့ရ ပါတယ်။ ကျွန်တော် တို့ သိတဲ့ အတိုင်း Blogspot ကို မြန်မာပြည် မှာ ပိတ်ခံ ထားရ တာကြောင့် လူတွေ တော်တော် များများ ဖွင့်မရဘူး ဖြစ်နေ ပါတယ်။ Gtalk မှာလည်း လူတွေ လာပြီး ကျော်ရ ခွရတာ အဆင် မပြေကြောင်း၊ Freedom မရှိလို့ ၀င်မရတာက တစ်ကြောင်း၊ အစရှိတဲ့ အရာ တွေကြောင့် ဒီ Domain ကို လုပ်လိုက် ရတာပါ။ ကျွန်တော့် ကို Link ထားတဲ့ လူတွေလည်း ပြန်ပြီး ပြင်ဆင်ပြီး လင်ခ့်ချိတ် ပေးပါ။ အဆင် မပြေလည်း သူက အလို အလျောက် Refer လုပ်ပြီး အရင် လိပ်စာကနေ ဒီလိပ်စာကို ပို့ပေးမယ် လို့ သိရပါတယ်။ ဒါကြောင့် အခုလို လိပ်စာ အသစ်မှာ ပျော်ရွှင်စွာနဲ့ မီးရှုး မီးပန်းတွေ ဖေါက်ပြီး ဆင်နွှဲ လိုက်ရ ပါကြောင်း......

Tea

ဆက်ဖတ်ရန်...(To Continue)

မင်္ဂလာဆောင်တွေမှာ...........


စာမေးပွဲတွင်းကြီးဆိုတော့ စာလဲ ကောင်းကောင်းမရေးနိုင်ဘူး။ :( :( ဒါပေမဲ့ ပေဖူးလွှာ နှစ်သက်တဲ့ ရယ်စရာVideoလေးတစ်ချို့ကို ပြန်တင်ပေးလိုက်ပါတယ်။

တစ်သက်မှာ တစ်ခါပဲ မင်္ဂလာဆောင်ကြတာပါတဲ့။ သတို့သား၊ သတို့သမီးအပါအ၀င် နှစ်ဖက်သော ဆွေမျိုးမိဘတွေကလဲ မင်္ဂလာဆောင်အခမ်းအနားကို အကောင်းဆုံး၊ Romantic အဖြစ်ဆုံး၊ အခမ်းအနားဆုံးဖြစ်အောင် စီစဉ်ကြပါတယ်။ တကယ့်ကို လှပတဲ့ အခမ်းအနားတွေပါ။ အမှားမရှိအောင် ထောင်စေ့ထားတဲ့ကြားက မဟုတ်က ဟုတ်ကတွေ ဖြစ်တတ်ပါတယ်။ ဒီVideoတွေ အားလုံးက မင်္ဂလာဆောင်တွေမှာ ဖြစ်တဲ့ အမှားမှား အယွင်းယွင်းတွေ အကြောင်းပါ။ အားရပါးရ ရီကြပေါ့နော်။

ပေဖူးကြုံဖူးတဲ့ မင်္ဂလာဆောင်ရီစရာတစ်ခုကတော့ မင်္ဂလာမဆောင်ခင်တစ်ည သတို့သမီး မာကလာသီးကိုက်လိုက်တာ ရှေ့သွားပဲ့ သွားတာပါပဲ။ ညတွင်းချင်းကြီးဆိုတော့ ဘာမှ လုပ်မရတော့ဘူး။ ဘယ်တတ်နိုင်မလဲ နောက်နေ့မင်္ဂလာဆောင်ကျ သွားမပေါ်အောင် ပြုံးပေါ့။ သတို့သမီးကိုယ်တိုင်က ဟက်ဟက်ပက်ပက်မပြုံးတော့ ဘယ်အပျိုရံ၊ ပန်းကြဲတဲ့ မိန်းကလေးကမှ သွားပေါ်အောင် ပြုံးမရတော့ပါဘူး။ ပြုံးရင် ကိုယ်ကပဲ သတို့သမီးကို ကျော်ပြီး ပျော်နေသလိုလို။ ထွက်လာတဲ့ ဓါတ်ပုံတွေ စဉ်းစားသာ ကြည့်ပေတော့၊ အကုန်လုံးတည်တည်ကြီးတွေ၊ သတို့သမီးကလဲ သွားပဲ့လို့ တညလုံး ငိုထားတာ မျက်လုံးကြီးတွေ ယောင်လို့။ ~.~


မင်္ဂလာဆောင်တွေမှာ ကလေးတွေကလဲ တစ်ပြသနာပါပဲ။ ကလေးဆိုတာမျိုးက သူလုပ်ချင်ရာ လုပ်တာကိုး။
ဒီကြားထဲ ပန်းစည်းလုတဲ့ အပျိုရံတွေကလဲ တမှောင့်။ သတို့သားကို နှိပ်စက်ချင်တဲ့ လူတွေကလဲ တပုံတပင်။


ကျန်သေးတယ်။ ဆက်ကြည့်သွားဦး။


မင်္ဂလာဆောင်မှာ များသောအားဖြင့် ပြသနာကတော့ သတို့သမီးရဲ့ အကျီင်္တွေပါပဲ။ မိန်းကလေးဆိုတော့ လှချင်တာပေါ့နော်။ အဲဒီမှာတင် ဖြူဖြူဖွေးဖွေးဝတ်စုံဖားဖားကြီးကို သတို့သားမနိုင်တာကနေပြီး ပြသနာစတာပါပဲ။ :)



ခရစ်ယာန်ဘုရားကျောင်းမှာ လက်ထပ်မယ့်သူများ သတိထားရန်။



ရှန်ပိန်ပုလင်းတွေ ဖောက်ချင်ဦးလေ။



ဖြစ်တတ်ပါတယ်။ :D



ဒါကတော့ Special. ရီရတာ မျက်ရည်တောင်ထွက်တယ်။



နောက်မှပဲ ပို့စ်ရှည်ရှည်ရေးတော့မယ်။
ပေဖူးလွှာ



ဆက်ဖတ်ရန်...(To Continue)

အမေသို့ 


“အမေ့အိမ်ဆိုတာ
ထမင်းစားပွဲမှာ
လူလေးယောက်ရှိမှ
ပြည့်စုံမှုရှိတတ်တာမျိုးတဲ့လား
အမေရယ်”

အရွယ်ရောက်လို့ အတောင်ပံစုံ ပျံသန်းကြတော့
အမေ့အိမ်မပြည့်စုံတော့မှုတွေအတွက်
နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တယ်တဲ့လားအမေရယ်...


“ငှက်တစ်ကောင်လို
မြင့်နိုင်သမျှ
ပျံသန်းတော့
မျက်ရည်စတွေနဲ့
လက်ပြနူတ်ဆက်ပြုံးခဲ့တဲ့
အမေ”

သြော်လေဆိပ်မှာ မျက်ရည်တွေနဲ့ နူတ်မဆက်ပါနဲ့ လားအမေရယ်…
ကျောင်းပိတ်ရက်တိုင်းသမီးပိုက်ဆံစုပြီး ပြန်လာမှာပေါ့၊၊
အမေ့အိမ်ထမင်းဝိုင်းလေးမှာရယ်မောမှာပေါ့အမေရယ်…
တိုးတက်အောင်မြင်မှုဆိုတာ အမေပေးတဲ့အမွေဖြစ်ရမှာပေါ့အမေ၊၊
ကြိုးစားမှုတွေအကုန်လုံးဟာ အမေရဲ့ အပြုံးတစ်ခုအတွက်လေ..
နောက်ထပ် အလွန်ဆုံး ၃နှစ်ပေါ့အမေ..
ကျန်းမာရေးသာဂရုစိုက်ပါအမေရယ်...


“အဲဒီအချိန်
အမေ့အိမ်ရဲ့ 
ထမင်းစားခန်းလေးမှာ
မိသားစုလေးယောက်
အပြုံးတွေနဲ့ ထပ်တူ
ပြည့်စုံမှုတွေ
ညီမျှခြင်းကျနေတော့မှာပေါ့ အမေ”


မှတ်ချက် ၊၊ ၊၊ ဒီအပတ်တော့ စာတိုလေးပဲတင်ပေးလိုက်ပါတယ်၊၊
အိမ်ကိုလွမ်းနေတာလဲပါတယ်..:)
အားပေးနော် …


ခင်မင်လျက်
အိမွန်တာ

ဆက်ဖတ်ရန်...(To Continue)

Friday, July 25, 2008

Behind the scene


ဘာမှတော့မဟုတ်ပါဘူး။ ကျွန်တော်တွေးမိတာလေးကိုရေးကြည့်တာပါ။ ကျွန်တော်အခုပြောမယ့်ဟာတွေက မိဘမေတ္တာ၊ သားသမီးအချစ်တွေနဲ့ လုံးဝမဆိုင်ပါဖူး။

လူတွေမှာဖြစ်တတ်တယ်ထင်တာတွေကိုပြောကြည့်တာပါ။ ကျွန်တော့်ရဲ့ သိမ်နုပ်တဲ့ အတွေးတစ်စကြောင့် ကြီးကျယ်ခမ်းနားတဲ့ မိဘမေတ္တာကို မထိခိုက်စေချင်ပါဖူး။ မည်သူတစ်ဦးတစ်ယောက်မျှကိုလည်း မထိခိုက်စေချင်ပါဖူး။ ထိခိုက်အောင်လည်း ကျွန်တော်ဘယ်တော့မှမလုပ်ပါဖူး။....စကားပုံတစ်ခုရှိတယ်(စကားပုံလို့ ထင်တာပဲ) ကြားဖူးမှာပါ။ "သားသမီးမကောင်းမိဘခေါင်း" ဆိုတာလေ။ ကျွန်တော့်အတွက်တော့ သားသမီးမကောင်းတာ နဲ့ သူ့ မိဘကို အပြစ်တင်စရာအကြောင်းမရှိပါဝူး။ မိဘတွေအကုန်လုံးကတော့ ကိုယ့်သားသမီးကို ကောင်းစေချင်တာပဲ။ ကောင်းအောင်လဲ ကြိုးစားတာပဲ။ ပြောဆိုဆုံးမမှာပဲ။

တစ်ဦးတစ်ယောက်ကောင်းတယ်မကောင်းဖူးဆိုတာ ယင်း တစ်ဦးတစ်ယောက် နဲ့ သာဆိုင်ပါတယ်။ တခြားသူနဲ့ မဆိုင်ပါဖူး။..... တချို့ လူကြီးတွေက အဲ့စကားပုံကိုပြောပြီးဆုံးမတတ်ကြတယ်။ သူတို့ စိတ်ထဲမှာ ဘာတွေးလဲဆိုတော့ သူတို့ ဆုံးမနေတဲ့ လူကြောင့်သူတို့ ကို လူအပြောမခံချင်ကြဖူး။ ကဲ့ရဲ့ မခံချင်ကြဖူး။ ပြီးတော့ သူတို့ ဆုံးမတဲ့လူကိုလည်းကောင်းစေချင်တယ်။ လူအပြောမခံချင်တဲ့ဘက်ကိုတော့ ရာခိုင်နှုန်းနည်းနည်းပိုများပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ လူတိုင်းမှာ အတ္တဆိုတာရှိလို့ ပါပဲ။ တကယ်လို့  ကိုယ်နဲ့ မသက်ဆိုင်တဲ့လူတစ်ယောက်ကိုယ့်ရှေ့မှာ ဆိုးပြနေရင် ဘယ်လို မှမခံစားရပါဖူး။


(များသောအားဖြင့်) ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့ သိမှမသိတာ အဲ့တော့အရှက်ရစရာကြောင်းလဲမရှိဖူးပေါ့။ အဲ့တော့ ဘာမှမခံစားရတော့ဖူးပေါ့ဗျာ။ ဒါကြောင့် လူတစ်ယောက်က လူ တစ်ယောက်ကိုဆုံးမတယ်ဆိုတာ...အပြင်ပိုင်းမှာတော့ သူ့ ကိုကောင်းစေချင်တာပါ။ နောက်ကွယ်မှာကတော့ သူ့ဂုဏ်သိက္ခာ(ဆုံးမတဲ့လူရဲ့ ဂုဏ်သိက္ခာ)ကို မထိခိုက်စေချင်တာပါ။ နောက်ဖြစ်လေ့ဖြစ်ထရှိတဲ့ တစ်ခုကတော့ သားသမီးတွေက ကိုယ့်မိဘတွေကိုပြောတတ်ကြပါတယ်။... အဖေကလည်းရှက်စရာကြီး၊ အမေကလည်းခေတ်မမှီဖူး၊နောက် အဖေနဲ့ အမေက ငါတို့ ကိုလည်းနည်းမလည်ဖူး.. တို့ ဘာတို့ ပေါ့။ အဲ့ပြဿနာတွေဘာဖြစ်လို့ ဖြစ်ရသလဲဆိုရင် အတ္တကြောင့်ပါပဲ။ ကိုယ့်ကိုယ်ကိုသာကြည့်ပြီးသူများဖက်ကနေမစဉ်းစားကြလို့ ပါ။ ဥပမာ..ကိုယ့်အရှေ့မှာ အခြားမိဘတစ်ယောက်က ကိုယ်မကြိုက်တဲ့(ကိုယ့်မိဘသာဆို အရှက်ရတယ်လို့ ထင်တဲ့) အပြုအမူကို လာလုပ်ရင်ဘယ်လို မှမခံစားရပါဖူး။ အရှက်ရစရာလို့ လဲ မခံစားရပါဖူး။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့ မပတ်သက်လို့ ပဲဖြစ်ပါတယ်။ ကိုယ်အရှေ့မှာလူတစ်ယောက်က အရှက်ရစရာတစ်ခုခုကိုလာလုပ်နေဦးတော့ အကယ်၍ အဲ့လူနဲ့ ကိုယ်နဲ့ ကဘာမှပတ်သက်မှုမရှိဖူးဆိုရင်ကိုယ့်အနေနဲ့ ဘာမှမခံစားရပါဖူး။ ကိုယ်က အရှက်ရစေတယ်လို့ ခံစားရတယ်ဆိုကတည်းက အဲ့လူနဲ့ ကိုယ်က ပတ်သက်နေလို့ ပါ။

အဲ့ဒါကြောင့် လူတစ်ယောက်က ကိုယ့်ကို အရှက်ရစေတယ်ဆိုတာ ကိုယ့်အတ္တကြောင့်သာ ကိုယ်က အဲ့လူအပေါ်ထားရှိလိုက်တဲ့အမြင်တစ်ခုသာဖြစ်ပါတယ်။ သူများကြောင့်ကိုယ့်ကောင်းကျိုးကို လာမထိခိုက်စေချင်ပါဖူး။ ဒါကလူ့ သဘာဝ၊လူ့ အတ္တပါပဲ။ လူတွေအပြင်ပိုင်းမှာ ဒီလူကတော့ကိုယ့်ကို ဘယ်လိုအရှက်ရစေတယ်၊ ဒီလူ့ လုပ်ရပ်ကတော့ကိုယ့်ကို ဘယ်လိုအရှက်ရတယ်၊ ဒီလူက ဒါကိုမလုပ်သင့်ဖူး။ လုပ်လိုက်ရင် အရှက်ရစေတယ် လို့ ပြောနေကြတာဟာ အတွင်းပိုင်းမှာတော့ ကိုယ့်ဂုဏ်သိက္ခာကို မထိခိုက်စေချင်ကြတာပါ။ ကိုယ့်ကောင်းကျိုးကိုသာ မျှော်ကိုးတဲ့ ကိုယ့်အတ္တကြောင့်သာဖြစ်ပါတယ်။

နောက်တစ်ခု လူ တစ်ယောက်ကိုဝေဖန်တာ(ဝေဖန်တယ်ဆိုတာ သုံးသပ်တာမဟုတ်ပါဖူး။ သုံးသပ်တာနဲ့ ဝေဖန်တာဟာဆီနဲ့ ရေလို့ ကွာပါတယ်။ သုံးသပ်တယ်ဆိုတာ အကောင်းရော အဆိုးရောကိုမြင်အောင်ကြည့်တာပါ။ ဝေဖန်တာကတော့များသောအားဖြင့် တစ်ဖက်တည်းကိုပဲကြည့်တတ်ပါတယ်။)၊အပြစ်တင်တာ၊ အဲ့လူရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ၊အပြစ်တင်တာ တွေအကုန်လုံးကလည်း အတ္တကြောင့်သာဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ကောင်းကျိုးကိုထိခိုက်မှာစိုးလို့ သာ ဝေဖန်တာ၊ အပြစ်တင်တာပါ။ ၁၅၀၀ အချစ်ကို မီးလိုပူတယ်ပြောပြီး ၅၂၈ ချစ်ခြင်းမေတ္တာ ကို ရေလိုအေးမြတယ်လို့ ပြောတာလဲ အတ္တကြောင့်ပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ၁၅၀၀ အချစ်မှာ အတ္တတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါကြောင့်မီးလို ပူပြင်းတာပါ။ ၅၂၈ ချစ်ခြင်းမေတ္တာမှာကျတော့ အတ္တမရှိပါဖူး။ဒါကြောင့်ရေလို အေးမြတာပါ။

ကိုယ်က လူတစ်ယောက်ကို ဒီလူကတော့အတ္တကြီးလိုက်တာလို့ ပြော တာဟာ ကိုယ်ကိုတိုင်ကလည်းအတ္တ ကြီးနေလို့  သူ့ ကိုလည်းအတ္တကြီးတယ်လို့ အပြစ်တင်တာပါ။ တနည်းအားဖြင့် ပြောရင် သေဖော် သေဖက်ညှိတယ်ပေါ့ဗျာ။ အတ္တကို ပုထုဇဉ် တစ်ယောက်အနေနဲ့ ဖြတ်ဖို့ ဆိုတာမလွယ်လှပါဖူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိတော့ လျှော့ချ လို့ ရမယ်လို့ တော့ကျွန်တော်ထင်တယ်။

P.S : ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရေးထားသည့် ဆောင်းပါးကို စိတ်ဝင်စားစရာ ကောင်းသည် ထင်သဖြင့် ပြန်လည် တင်ဆက်လိုက်သည်။

ဆက်ဖတ်ရန်...(To Continue)

Thursday, July 24, 2008

ထုံထိုင်းသော ကလေး


ကောင်လေး တစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲသို့ ၀င်လာသော အခါ ဆံပင်ညှပ်ဆရာက သူဆံပင်ညှပ်ပေးနေသူကို တီးတိုးလေး ပြောလိုက်သည်။

"အဲ့ဒီကလေးက ဒီလောကမှာ အထိုင်းဆုံးကလေးပဲ" ... "စောင့်ကြည့်နေ .. ကျွန်တော် သက်သေပြမယ်"

ထို့နောက် ဆံပင်ညှပ်ဆရာသည် တစ်ဒေါ်လာကို ညာဖတ်လက်ထဲထည့်ကာ .. နှစ်ဆက်ငါးပြားစေ့ ၂စေ့ကို ဘယ်ဘက်လက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကလေးအား ခေါ်ကာ ...

"ကလေး ဘယ်ဟာကို လိုချင်တုန်း "

ကလေးက နှစ်ဆယ့်ငါးပြားစေ့ ၂စေ့ကို ယူပြီး ထွက်သွားလိုက်သည်။

"ကျွန်တော် မပြောဘူးလား ခင်များကို.. ဒီကလေး အရမ်း ထိုင်းပါတယ်ဆိုတာ... " ဆံပင်ညှပ်ဆရာက ပြောလိုက်လေသည်။

"ဒီကလေး ဘယ်နှစ်ခါရှိပြီလဲ ဘယ်တော့မှ မသင်ယူဘူး.. တော်တော် ထိုင်းပါ့"

ခဏနေတော့ ဆံပင်ညှပ်သူပြန်သွားလေသည်။ ထိုအခါ လမ်းမှာ ခုနက ကလေးကို ရေခဲ့မုန့်ဆိုင်ထဲမှာ ထွက်လာသည်ကို တွေ့လိုက်သည်။

"ကလေး ခဏနေပါဦး.. ဦး တစ်ခုလောက် မေးချင်လို့.. မင်းဘာဖြစ်လို့ ၁ဒေါ်လာကို မယူပဲနဲ့ ၂၅ပြားစေ့ ၂စေ့ကို ယူလိုက်တာလဲကွ"

ကလေးပြန်ဖြေလိုက်ပုံက..

"ဦးကလည်း ကျွန်တော် တစ်ဒေါ်လာကို ယူလိုက်တာနဲ့ နောက်နေ့တွေ ထပ်ရဖို့ မရှိတော့ဘူးလေ"

Ref : mmcp

ဆက်ဖတ်ရန်...(To Continue)

အချစ်ကင်ဆာ



ကျွန်မ အတွက် အိမ်မပျော်တဲ့ညတွေမှာ သီးချင်းနားထောင်ရင် အိပ်စက်ဘို့ကြိုးစားပေမယ့် အတွေး တွေက အလွမ်းတွေနဲ့ ပြည့်နှပ်နေတယ်။ အလွမ်းတွေကို ကုစားဘို့ သီချင်းနားထောင်ရင် အိပ်ပျော်ဘို့ ကြိုးစားနေပေမယ့်....... သီချင်းစာသားတွေတိုင်းက ကိုယ့်အတွက် ဖြစ်နေသလို လို။ ကျွန်မ ကိုဘဲ စောင်းပြီး ပြောနေသလားပေါ့ မလုံမလဲ အတွေးတွေနဲ့ ဆက်အိပ်ဘို့မကြိုးစားတော့ဘူး ကွန်ပျုတာကို ဘဲ ဖွင့်ပြီး ကဗျာတွေေ၇းမယ်၊ အွန်လိုင်းပေါ်က သူငယ်ချင်း တွေကို စ မယ်ဆိုတဲ့ အတွေးနဲ့ စတင်လိုက်ပေးမယ်။ ကွန်ပျုတာ က တုပ်တုပ်တောင် မလှုပ် ၊ကွန်ပျုတာ ကို ဖွင့် ဘို့ တတ်သလောက် မှတ်သလောက် ကလိနေပေမယ့်လဲ ဘယ်လိုမှ ဖွင့်မရဘူး ။ တောက်! အေ၇းဆို ဘာမှ မရဘူး။ ကျွန်မ ဘာကို ကြိမ်းမောင်းလိုက်မိမှန်းမသိဘူး။ ဘယ်သူ့ကို တောက်ခေါက် လိုက်တာလဲ ကွန်ပျုတာ ကိုလား? သီးချင်းစာသားတွေကိုလား? ကျွန်မ ကိုယ် ကျွန်မ စိတ်တို နေတာလား? မွန်းကျပ်နေတဲ့ စိတ်တွေကိုလား? ဘာမှန်းမသိတဲ့ အတွေးတွေကိုလား? ဘာမှန်းမသိတဲ့ တောက်တစ်ချက်ကြောင့် မေးခွန်းပေါင်းများစွာနဲ့ အလုပ်ရှုပ်သွားတဲ့ခဏမှာ ဘဲ အိပ်ရာဘေးက စားပွဲပေါ်မှာ တွေ့တိုက်တဲ့" ဒိုင်ယာ၇ီ စာအုပ်ကြက်သွေးရောင်လေးနဲ့ ဘောလ်ပင်လေးတစ်ချောင်း " ကြောင့် ကျွန်မ ရဲ့ အာရုံ က ဒိုင်ယာ၇ီစာအုပ်လေး စီေ၇ာက်သွားပြန်ပြီ။

ဒိုင်ယာရီစာအုပ် ကိုဖွင့်ရင်း ကဗျာတွေေ၇းမယ်။ ပြီးရင် ဘီယာမော့ရင်းဂစ်တာတီးမယ် ။ အတွေးထဲမှာ နေရာချပြီး ခြေလှမ်းတွေကို စတင်လိုက်တယ် ဘီယာပုလင်း သွားယူတယ်။ ဘီယာပုလင်းကို ဖွင့်ပြီး စားပွဲပေါ်မှာ တင်ထားတယ် ။ နံရံမှာ ချိတ်ဆွဲထားတဲ့ ဂစ်တာကို အိပ်ယာ ပေါ်မှာ ထားပြီး ဒိုင်ယာရီစာအုပ်ကို ဖွင့်ပြီး ကဗျာေ၇းဘို့ စတင်လိုက်ချိန်မှာ " ဂလွမ် ဂလွမ် ဂလွမ် !@#$% " ရုတ်တရက် ထမြည်လာတဲ့ အသံကြောင့် ထအကြည့်မှာ ဘီယာပုလင်းကို လက်နဲ့တိုက်မိပြီး ဒိုင်ယာ၇ီစာအုပ်လေး ဘ၀ ဘီယာရနံ့ ပျံ့သင်းလို့ စိုရွှဲသွားတယ်။ ဒေါသ က ငယ်ဒိတ်ကိုေ၇ာက်သွားပြီ။ ကုတင်ပေါ်က ဂစ်တာ ကို လှမ်းဆွဲပြီး အသံလာရာ မီးဖိုချောင်ဆီကို ခြေဦး လှည့်ခဲ့တယ်။ ဟော တွေ့ပြီ "ကြောင်စုတ်"အရင်က ချစ်စနိုးနဲ့ စနောက် ခဲ့တဲ့ မျက်နှာတောင် မထောက်ဘဲေ၇ရွတ်လိုက်မိတယ်။
ကျွန်မ ရဲ့ ဒေါသနဲ့ လှမ်းလာတဲ့ခြေသံတွေကို ကြားတော့ အလန့်တကြားနဲ့ သူကလေး ကို ပါးစပ်မှာ ကိုက်ချီလို့ ပြေးပါတော့တယ်။ ငါ့ရဲ့ဒေါသ တွေ နင့်ဆီမှာ ပုံကြပြီ "nancy" (ကြောင်လေးနာမည်ဒေါသတကြီး တွေ့ရာ နဲ့ ကောက်ထု ပစ်လိုက်တယ်။

တိတ်ဆိတ်လွန်းတဲ့ သန်ခေါင်ယံညကြောင့် အသံတွေက လိုအပ်သည်ထက်ပိုပြီး ဆူညံသွားတယ် ။
"ဒုန်းဒုန်းဒုန်း" ဟော ကြားရပြန်ပြီ တံခါးခေါက်သံ ဟိုဘက်က အိမ်က ကျွန်မ အဒေါ် " ဟဲ့ ဘာဖြစ်နေတာဒုန်း ညကြီး သန်ခေါင် ဆူညံနေတာဘဲ သူများတွေအိပ်နေတာကို မအိပ်သေးဘူးလား အလန့်တကြား ရှိလိုက်တာ"ကျွန်မလဲ nancy " ကို သာ အပြစ်ပုံချလိုက်တယ်။" ဟိုမှာ လေ နန်စီပေါ့ ညကြီးသန်းခေါင် ကလေးတွေကို ချီးပြီး ဘယ်ကြွမှန်း မသိဘူး အဲဒါ ဟိုဘက်ကို ခုန်ပြီးတတ်ပြီး ကျော်လွှားနေတာ ဆူညံနေလို့ ပေါက်ကွဲပြီး သမ နေတာလို့ဒေါသတကြီး နဲ့ ကျွန်မ အဒေါ်ကို ပြန် ပြောလိုက်တယ်။
'"ဘာ ... နန်စီက နင်တို့အိမ်က နေကလေးတွေကို ချီပြီး ရွေ့နေတာကို ပြောတာလား"
"င်တာဘဲ" သိချင်ရင် တီတီဘာသာ သွားကြည့်ချေတော့ ဆိုပြီး ဘုတောတောလိုက်တယ် ။
ကျွန်မ အဒေါ် ဒေါ်စပ်စုက မီးဖိုချောင်ဘက် ခဏ၀င်သွားပြီး ပြတင်းပေါက်ကနေစူးစမ်းစစ်ဆေးပြီး ကျမ ဘက်ကို ဦးတည်ပြီး" ဟဲ့ နန်စီက အိမ်ပြောင်းသွားတာ ဟဲ့ ကြောင်တွေက အိမ်တစ်အိမ်မှာ လူတွေနေမကောင်းဘူး အသဲအသန်ဖြစ်တယ်ဆိုရင် သူတို့က နေလေ့မရှိဘူး အိမ်ပြောင်းတဲ့အလေ့အထရှိတယ်သမီးရဲ့"
"သမီးတို့အိမ်မှာ အသည်းအသန် ဖြစ်နေတဲ့လူလဲ မရှိတော့ဘူး"
ကျွန်မ ဘုတောတောနေတာကိုသတိထားမိသွားတဲ့ကျမ အဒေါ်က ကျွန်မရဲ့ ကပိုကရိုဖြစ်နေတဲ့ ဆံပင်တွေကို သပ်တင်ပေးရင်း " သမီးရယ် နေေ၇ာကောင်းရဲ့လား သမီးကြည့်ရတာ ပင်ပန်းလိုက်တာ သမီးရယ်"
ကျန်းမာေ၇းကို ဂ၇ုစိုက်နော်သမီး သမီး အနားမှာ တီတီလေးတို့တွေ ရှိပါသေးတယ် သမီး သူငယ်ချင်းတွေလဲရှိတာဘဲ ဘာမှ အားမငယ်နဲ့နော် သမီး အစားလဲ မှန်မှန်စားပါ သမီးရယ်"
" ဆောရီးပါတီတီလေးရယ် သမီးတီတီလေးကို အိပ်ေ၇းပျက်အောင် လုပ်လိုက်မိသလိုဖြစ်သွားတယ်"
ကဲ သမီး အိပ်တော့နော် သမီး အတွက် တီတီလေး ဘုရားမှာ ဆုတောင်းပေးမယ်နော်"
ပွကျိပွကျိ ပြောပြီးထွက်သွား တဲ့ကျမ အဒေါ်ကိုကြည့်ရင်း ကျမအတွေးထဲ မှာ ကျန်ခဲ့တဲ့ စကားတစ်ခွန်း
"ဆုတောင်း" ဆုတောင်းတိုင်း တကယ်ေ၇ာ ပြည့်လို့လား၊ မပြည့်ဘူးဆိုရင် လူတွေက ဘာလို့ ဆုတောင်း နေကြတာ လဲ ပြည့်တဲ့အခါလဲ ပြည့်မှာပေါ့လေဆိုတဲ့အတွေးနဲ့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် " ချစ်တတ်သော နှလုံးသား နဲ့ ကွဲတတ်သော အသည်း လွမ်းတတ်သော ဝေဒနာ တို့ ကင်းဝေးရပါလို့၏" ဆိုပြီး ရင်ထဲက ဆူးနစ်စွာ ဆုတောင်းမိ လိုက်တယ် အိပ်ပျော်ရတာ အဲလောက်ခက်မှန်း အစက ကျွန်မ မသိ ခဲ့ဘူး။
အမည်တပ်ပြီး လွမ်းချင်နေပေမယ့်. ၀ိုးတ၀ါးနဲ့ သူအရိပ်ကို မြင်ယောင်ပြီး လွမ်းနေရတဲ့ ဒုက္ခမသေးပါလား။
ချစ်တဲ့စကားကို ဖွင့်ပြောရမှာကြောက်နေတဲ့ရှင်ကြောင့် ကျမ ဝေးဒနာတွေတိုးနေတယ်
စစ်ရှုံးမှာ ကြောက်နေတဲ့ သူရဲကောင်းလား(သူရဲဘောကြောင်တာလားလို့တော့မစွပ်စွဲရက်ပါဘူးရှင်ရယ်)
စစ်မတိုက်ခင် မျှားကုန်နေတဲ့ရှင့်ကိုကြည့်ပြီး လေးဂွနဲ့သာ ကျမ ထိုင်ထုလိုက်ချင်တယ်:P
reject ထုခံရမှာ ကြောက်လို့ အမေရိကန် ဗီဇာ မလျှောက်ရဲ့တဲ့ သူက ရှင်ကြီးလား။
ကျွန်မ ရဲ့ တုန့်ပြန်မှုက deny လုပ်မှာကိုကြောက်လို့ ရင်ထဲမှာ သိမ်းထားမယ်ဆိုလဲ ကျမ ရှင်ကြီး ကို စကားတစ်ခွန်းပြောချင်သေးတယ်
"တစ်ချို့စကားတွေက မပြောဘဲနဲ့ရင်ထဲမှာ သိမ်းထားတာက ပိုတန်ဘိုးရှိတယ်တဲ့" ဒါဆိုရင် ရှင့်အချစ်က ၀ိုင်လိုပေါ့ဟုတ်လား။ ဒါဆိုရင် ရှင့် ရဲ့ အချစ်ဝိုင်ကြီး ကွယ်ပျောက်မသွားအောင်ရှင်ကြီးထိန်းသိမ်းထားပါနော်။
ရှင်ကြီး ထိန်းသိမ်းထားတဲ့နေရာလေးကို ကျမ အဝေးကနေကြည့်ခွင့်ရမယ်ဆိုရင် ကျမ ရဲ့ ဝေဒနာတွေသက်သာသွားမှာပါ။

ဒါနဲ့စကားမစပ် . ကျွန်မမှာ ရှင့်ကြောင့် ရတဲ့ဝေဒနာကို စစ်ဆေးကြည့်လိုက်တော့အဖြေထွက်လာတယ်
သိလား
အချစ်ကင်ဆာ တဲ့

အချစ်ကင်ဆာ ခံစားနေရချင်းများကင်းဝေးကြပါစေ
မေသူ

ဆက်ဖတ်ရန်...(To Continue)

Tuesday, July 22, 2008

Research Paper မနက်ဖြန် Due ပြီ ... !!


အား။ ကယ်ကြပါဦး။ မနက်ဖြန် paper ထပ်ရတော့မယ်။ အခုထိလည်း မစရသေးဘူး။ အချိန်က ကြည့်ပါဦး။ ည ၆နာရီခွဲနေပြီ။ လုပ်ကြပါဦး။ သေပါပြီ။ အခြေအနေကတော့ လုံးဝ မရတော့ဘူး။ မှီမှာ မဟုတ်တော့ဘူး။

* * * အားလုံး ရှုပ်ရှက်ခက်နေသည် * * *

နေဦး။ အချိန်က ၇နာရီထိုးတော့မယ်။ ဗိုက်ကလည်း ဆာနေပြီ။ သွားစားလိုက်ဦးမှ.. မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ပြောသလင်းခါပြီး ရှင်းလင်းနေလေသည်။ ဒါနဲ့ ပုံမှန် ဖွင့်နေကျ ခေါက်ဆွဲဘူးတွေ ထားရာ ဗီဒိုကြီးသို့ ခြေလှမ်းလိုက်ပြီး ဘူးသုံးဘူး ထုတ်ကာ microwave ထဲ ထည့်လိုက်သည်။ ဒါနဲ့ ရေခဲသေတ္တာ အခဲ ခန်းက အဆင်သင့် ပလာတာ သုံးချက်ကို ဒယ်အိုးပေါ် ဆီပါးပါးလေးနှင့် မြန်မြန်ကြော် လိုက်သည်။ ပြီးတော့ သကြားဖြူးပြီး ရေတစ်ခွက်၊ ခေါက်ဆွဲပြုတ်သုံးဘူး၊ နှင့် ပလာတာ သုံးချပ် တို့ဖြင့် ကွန်ပျူတာရှေ့ကို ပြန်လာသည်။

ကွန်ပျူတာရှေ့ရောက်တော့ ဘော်ဘော်တွေက Message တွေ gtalk က ပို့နေသဖြင့် ခဏလောက် နှုတ်ဆက် စကားပြောလိုက်သည်။ ပြီးတော့ အစားစားနေတယ်လေ။ စာလုပ်လို့လည်း မရပါဘူး ဆိုပြီး အဆင်သင့် ရှိနေသော DVD တစ်ချပ်ကို စက်ထဲ ကောက်ထည့်ပြီး ရုပ်ရှင်ကြည့်ကာ ညနေစာကို စားလေသည်။ လူက ရုပ်ရှင်ထဲ မျောပါသွားတော့ အချိန်တွေ ပျံသန်းသွားတာ သိတောင် မသိလိုက်ပေ။ ရုတ်တရက် အချိန်ကို ကြည့်တော့ ၉နာရီတောင် ထိုးသွားပြီ။

ကမန်းကတန်း ရုပ်ရှင်ကို ပိတ်ပြီး ရှိရှိသမျှ ကွန်ပျူတာပေါ်က windows တွေကို ပိတ်လိုက်သည်။ Microsoft Word နှင့် လိုအပ်သော Research Sources များကိုသာ ဖွင့်ထားပြီး စာအုပ်တွေနှင့် အလုပ်တွေ ရှုပ်တော့သည်။ အရေးရယ် အကြောင်းရယ်ဆို ဒီခေါင်းက အိုင်ဒီယာတွေ စဉ်းစားလို့ မရတော့ပြီ။ Introduction ကိုစရေးဖို့ အင်တိုက်အားတိုက် စဉ်းစား သော်ငြား ထူးမခြားလာပေ။ ခေါင်းပိုမူးလာသည်။ တစ်ကြောင်းနှစ်ကြောင်း လောက်ရိုက်လိုက်။ ပြန်ဖျက်ပစ်လိုက်။ ရိုက်လိုက် ဖျက်လိုက်၊ ၁၀ခါလောက် လုပ်ပြီး နည်းနည်း မောလာရာ ခေတ္တခဏနားသည်။ အနားယူနေတုန်း ရေခဲချောင်း စားဦးမည်ဆိုပြီး ရေခဲသေတ္တာသို့ သွားကာ ယူစားနေလေသည်။

ဒါနဲ့ အကြံများရမလားလို့ လင်းစစ်သူတို့ ပေဖူးခွာတို့ ရှိရှိသမျှ လူတွေဆီ ဖုန်းတွေဆက် အကြံတွေတောင်း၊ ဘေးနားက roommate ကို အပူတိုက်။ (ဘယ်ရမလဲ၊ တီးတဲ့လေ၊ ဟွန်း၊ အကုန်လုံးကို ဂျိုမွှေလိုက်မယ်။ ဟတ်ဟတ်) သူတို့ကလည်း သိဘူးတွေရော၊ အားဘူးတွေရော။ စာပြီးသေးဘူးတွေရော။ စုံပလုံစိနေအောင် ပြန်ပြောလို့ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ဂိမ်းခဏလောက် ဆော့ပါသည်။ :)

အချိန်က ၁၁နာရီကျော်ပြီ။ စလုပ်တော့မယ် လို့ ဆုံးဖြတ်ချက်တွေချပြီး ရှိရှိသမျှ စွမ်းအင်တွေ၊ ခွန်အားတွေဖြင့် Body paragraphs တွေကို အရင်စရေးပါသည်။ တစ်ပုဒ်ပြီး တစ်ပုဒ် ကွန်ပျူတာကိုင်လိုက်၊ စာအုပ်လှန်လိုက်၊ သတင်းစာတွေကို မွှေလိုက်၊ data base တွေကို ရှာလိုက်၊ အားလုံး ရှိရှိသမျှ အရာတွေကို တင်ပြဖို့ ပြင်ဆင်ပြီးတော့ အပြင်းအထန်ရေးရာ body paragraphs အကြမ်းတွေ ပြီးသွားတော့ အချိန်က ၃နာရီခွဲတောင် ထိုးပြီပေါ့လေ။ ဒါနဲ့ အရေးထဲ ဗိုက်ကဆာလာလို့ ကြက်အူချောင်း ၅ချောင်းကို microwave ထဲ ၅မိနစ်လောက် မွှေ့ပြီး စားလိုက်သည်။ ပြီးတော့ Intro နဲ့ Conclusion ကို အလျင်အမြန် အိုင်ဒီယာတွေ ထုတ်ပြီး ရေးတာ တစ်နာရီကျော်လောက် ကြာသွားသည်။ အားလုံးပြီးတော့ spelling တွေ grammar တွေ စစ်ပြီး print out လုပ် ဘာညာကွိကွနဲ့ အချိန်က ၅နာရီတောင် ထိုးသွားရော။

ဒါနဲ့ ရေမိုးချိုး မျက်နှာသစ်ပြီး ကော်ဖီခါးခါး တစ်ခွက်သောက်ကာ ကွန်ပျူတာ ကိုသာ ထိုင်နှိပ်နေပါတော့သည်။
မနက် ၆နာရီ ၁၅မိနစ်လည်း ရောက်ရော.. ကျောင်းသို့ သွားရတော့ မည်ဖြစ်သဖြင့် ဘတ်စ်ကား လွတ်သွားမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ကားဂိတ်သို့ ပြေးလွှားလိုက်ရပါတော့သည်။

Tea

P.S : I wrote this article because my final Research paper is really due tomorrow. :)

ဆက်ဖတ်ရန်...(To Continue)

Monday, July 21, 2008

ကျောင်းတက်နေတယ် ဆိုရင်….. အပိုင်း(၂)


ဒီဟာသပို့စ်လေးတွေက facebook မှာ မဟုတ်က ဟုတ်ကပြောတဲ့ အဖွဲ့တစ်ခုက ကောလိပ်ကျောင်းတက်ရင် ဖြစ်တက်တဲ့ ဂဂျိုးဂဂျောင်အဖြစ်လေးတွေကို ရေးတဲ့အဖွဲ့ပါ။ ရီစရာလဲကောင်း၊ သနားစရာလဲကောင်း၊ တခါတလေကြလဲ ရိုက်ပေါက်တွေ ကြီးပဲ။
အပိုင်း(၁)တုန်းက အားပေးကြတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်နော်။ ဒီတစ်ခါတော့ ပေဖူးက ဘယ်နှစ်ခုမှန်တယ် မပြောတော့ဘူး။ ကြုံခဲ့ဖူးတာလေးတွေရှိလို့ ကိုယ်တွေ့လေးတွေပါ ကွင်းခတ်ပြီး မျှဝေလိုက်ပါတယ်။

၁။ အမေ့အိမ်မှာ မွေးကတဲက စားလာတဲ့ တစ်နေ့ ထမင်းအနပ် ပုံမှန်သုံးနပ်မှ နှစ်နပ်၊ ဘိုင်လုံးဝ ပြတ်တဲ့နေ့ဆို တစ်နပ်သို့ ကျဆင်းသွားပါသည်။
(တပြားမှ မရှိရင်တော့ အိမ်လည်ထွက်ပါ။ ပီဇာတပိုင်းလောက်တော့ မှန်းနိုင်ပါတယ်။ အဟိ)

၂။ ညည မူးပြီး ဖုန်းမှားဆက်ပေါင်းလဲ များပြီ။ ရစ်တာလေး နည်းနည်းပါပဲ။ :P
(ပေဖူးကတော့ စာမေးပွဲနီးရင် အတန်းဖော်တွေကို black mail ပို့ပါတယ်။ “ဟိုဟာ မကျက်ထားတာပါလာရင် ဘယ်လိုလုပ်မလဲ” ဘာညာကွိကွ။
စာမေးပွဲနီးရင် ပေဖူးလွှာဖုန်းကို လုံးဝမကိုင်တဲ့ Lab Partner တစ်ယောက်နဲ့ ကြုံဖူးပါတယ်။ သူလဲ ဒါဏ်မခံနိုင်တော့တဲ့ အဆုံး ဒီနည်းကို သုံးရတာပါလို့ Final ပြီးတော့ လာဆင်ခြေပေးပါတယ်။ :P :P :P)

၃။ ငါးပေမြှင့်ထားတဲ့ အိပ်ယာပေါ်က လိမ့်ကျပေါင်း မနည်းတော့ဘူး။
(ပေဖူးတို့ အထပ်မှာတော့ ကျောင်းသားတစ်ယောက် ကုတင်အမြင့် ဘေးနံရံက Fire Sprinkler ကို ကန်မိလို့ alarm တွေ ထမြည် ရေတွေဝေါခနဲကျလာပြီး တထပ်လုံး ဆင်းပြေးရဖူးပါတယ်။ ညသန်းခေါင် Snow တွေ ကြားထဲကြီး။ ကန်တဲ့ကောင်ကို မိရင်တော့လား တထပ်လုံး နားရင်းပိတ်အုပ်ဖို့ စောင့်နေတာ။) :S

၎။ အမှိုက်ပုံးကတော့ ပြည့်လျှံနေတာပဲ။ တပြားမှ မရှိတဲ့ Bank Account နဲ့ နေရာချင်းလဲလိုက်ချင်တယ်။
(ဆီတစ်စက်မှ မရှိတဲ့ ကားပါ အမှိုက်ပုံးလို ပြည့်လျှံနေရင် တော်တော်ကောင်းမယ်။ ဟီး….)

၅။ Macaroni and Cheese, ခေါက်ဆွဲထုပ်တွေကို နည်းမျိုးစုံအောင် ပြုတ်တတ်တယ်။
(ဗမာ ငါးပိရည်နဲ့ တို့စရာကို လွမ်းဧ။်။ :( )

၆။ အိမ်မှာတော့ ဆိုဖာသုံးလုံးရှိတယ်။ တစ်ခုမှတော့ အဆင်မတူဘူး။
(Dormဆို ဆိုဖာတောင် မရှိပါ။ !_!)

၇။ မနက်စာဆိုရင်တော့ ကော်ဖီပဲ များတယ်။ ထိုင်သောက်တော့ မဟုတ်ဘူး။ လမ်းသွားရင်း မော့သွားတာ။
(caffeine များများပါဖို့ အရေးကြီးတယ်။)

၈။ ပိုက်ဆံအကြွေတွေဟာ ရွှေထက်တောာင် တန်ဖိုးရှိပါတယ်။
(မျက်နှာကြီးမျိုးတွေ။ သူမရှိရင် ရေတောင် သောက်မရဘူးမှတ်။ @,@)

၉။ ဂျင်းဘောင်းဘီတစ်ထည်ထဲကို မလျှော်ဘဲ တနလာင်္မှ သောကြာငါးရက်လုံး ၀တ်တယ်။ ဘယ်သူသိတာလိုက်လို့။
(အဲလိုစဉ်းစားတဲ့လူတွေ မှားသွားမယ်။ မယုံမရှိနဲ့ ကောင်မလေးတွေ သိကြတယ်။ ပေဖူးတို့ Major မှာဆို အဲဒီလူစာရင်းရှိတယ်။ :P :P :P)


၁၀။ စာဖတ်ဖို့ ကြိုးစားတယ်။ Internet ပေါ်ရောက်သွားတယ်။ Laptop ကို ပိတ်လိုက်ပြီ။ ဟင်း….ဗိုက်ဆာလာပြီ။ တခုခု သွားစားဦးမှ။
(Laptop တောင် မပိတ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ အခု ဘလော့ထိုင်ရေးနေတာကိုသာ ကြည့်တော့) ~.~

များများရေး များများဖတ် များများရယ်။
အပိုင်း(၃)တော့ ကြာဦးမယ်။ စာမေးပွဲ ရှိလို့ သတင်းတွေကော၊ အကတွေကော၊ ဟာသတွေကော ခေတ္တရပ်ဆိုင်းထားပါမည်။ ဘွာတေးနော်။

ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

သတ္တိကောင်းပုံ

ဦးခြိမ့် နှင့် မဆွိတီ တို့ သွားဆရာဝန်ဆီ သွားကြသည်။

မဆွိတီ ။ ။ ဆရာ သွားနှုတ်ချင်လို့ပါ။ ဒါပေမယ့် အငယ်ကောင်လေးကို ကျောင်းသွား ကြိုရဦးမှာမို့ မေ့ဆေး ထုံဆေးတွေ သုံးမေနေပါနဲ့။ နာနေတဲ့ သွားကိုတာ မြန်နိုင်သမျှ မြန်မြန်လေး နှုတ်ပေးပါရှင့်။

သွားဆရာဝန် ။ ။ သတ္တိကောင်းလှချည့်လားဗျ။ ကဲ .. ဒါဆိုလည်း ဘယ်သွား နာနေလဲ ဆိုတာကိုသာ ပြပါတော့ဗျို့။

မဆွိတီ ။ ။ ကဲ... နာနေတဲ့ သွားကို ပြလိုက် ... ကိုခြိမ့်.. ;) ;) ;)

ဦးခြိမ့် ။ ။ :@ :@ :@ :s :s :s

ref: mmcp

ဆက်ဖတ်ရန်...(To Continue)

Sunday, July 20, 2008

Provo Canyons Camping Trip


အာဇာနည်နေ့အကြောင်း ပို့စ်တွေတင်တုန်းက ပေဖူးခရီးထွက်နေတော့ မပါဝင်လိုက်ရတာ စိတ်မကောင်းဘူး။ ဒီနေ့တော့ ပေဖူးသွားခဲ့တဲ့ ခရီးလေးအကြောင်းပဲ ရေးတော့မယ်။
အရင်နှစ်က ကျောင်းက Community Service Center မှာ အလုပ်လျှောက်တာ Program Director နေရာတခုရခဲ့ပါတယ်။ အလုပ်ဆိုလို့ ပိုက်ဆံရတယ်ဆိုပြီး မုန့်မ၀ယ်ကျွှေးခိုင်းနဲ့။ ပိုက်ဆံတပြားမှ မရပါ။ Volunteer Service တွေကိုး။ နာရီသုံးရာတန် စကောလားရှစ်တော့ရပါဧ။်။ ;) အဲ Funding တော့ ပေးထားတယ်။ (ဓါတ်ဆီဖိုးပေါ့ :P) အဲဒီPosition အတွက် ကျောင်းက Training ပေးပါတယ်။ ပေဖူးရဲ့ Program အတွက် Training ၀င်နေတာတော့ ဒီနွေတနွေလုံးပါပဲ။
ဒီတစ်ခေါက်ကတော့ စုပေါင်းTrainingပေါ့။ Program Director တွေ တယောက်နဲ့ တယောက် ခင်မင်ပြီး လက်တွဲလုပ်စေချင်တာက အဓိကပါ။ Training က ၂မျိုးရှိပါတယ်။ တမျိုးက ကျောင်းမှာ ၂ ရက်တက် ညကျရင် ညစာစားပွဲတွေ ပါတီတွေနဲ့၊ နောက်တမျိုးက Camping Trip သွားပြီး Training ပေးမှာပါ။ ပေဖူးက ခြေထောက်မှာ ဗွေပါတယ်ဆိုတော့ နှစ်ခါမစဉ်းစားပါဘူး။ Camping ပဲ သွားလိုက်ပါတယ်။ ဟဲ ဟဲ။ ခရီးစဉ်ကိုတော့ ဓါတ်ပုံလေးတွေနဲ့အတူ ကြည့်ကြတာပေါ့။


လည်လည်သွားဖို့ အဆင်သင့်။ ဒါကတော့ ယူသွားမဲ့ ပစ္စည်းတွေပါ။
- အင်္ကျီအနည်းငယ် (ခရီးက နည်းနည်းကြမ်းတော့ စကတ်တွေ ဘာတွေမယူတော့ဘူး၊ Active Wear, Jean နဲ့ T-Shirt တွေ)၊ လိုလိုမယ်မယ် Rain Coat၊ ဦးထုပ်၊ နေကာမျက်မှန်၊ Sun Screen (အရေးကြီးတယ်ဗျ၊ Skin Cancer ဖြစ်နိုင်တယ်)၊ ဘီး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ Lotion ဘူးအကြီးကြီး။ ;)

- Camping ပစ္စည်းများ - Camp Chair, Sleeping Bag, Sleeping Pad, Camping Pillow, Mess Kit (ပေဖူးရဲ့ Mess Kitက သေးသေးလေးပဲ။ အိုးတစ်လုံး၊ ပန်းကန်လုံးတစ်လုံး၊ ပန်းကန်ပြားတစ်ချပ်၊ ရေခွက်တစ်ခွက်၊ ဇွန်း၊ခက်ရင်း၊ဓါးတစ်စုံပဲ ပါတယ်။), 1 Liter Water Bottle, (ဒါတွေက ကျောင်းမှာ ငှားလို့ရပါတယ်။ ခရီးအမြဲသွားတော့ ၀ယ်ထားလိုက်တယ်၊ သူများအိပ်ပြီးသား Sleeping Bag တွေ ခေါင်းအုံးတွေ မအိပ်ချင်တာလဲ ပါတယ်)၊ 5 in 1 Survival Kit (အရေးပေါ်အတွက်ပါ။ သံလိုက်အိမ်မြှောင်၊ ၀ီစီ၊ အချက်ပြမှန်၊ ရေစိုခံမီးခြစ်ဆံဘူး၊ ရေစိုခဲမီးစရန်ကျောက်) ရွက်ဖျင်တဲ Tent တော့ ကျောင်းက ငှားလိုက်တယ်။ ၀ယ်ရင် ဒေါ်လာ၁၅၀ကျော်ပေးရမှာ Campus Recreation Service က ငှားလိုက်တော့ ၅ ဒေါ်လာပဲ ပေးရတယ်။ (တွက်ခြေကိုက် :P)

- Electronics - Camera (ဓါတ်ခဲအပိုများနှင့် အတူ), Cell Phone, I-Pod, Torch Light (လျှပ်စစ်မီးမရှိပါ) ၊ ကိုယ့်ဘာသာကိုယ် သွားရင်တော့ GPS လိုပါလိမ့်မယ်။ အခုက Group နဲ့ဆိုတော့ မလိုဘူးပေါ့ (ရှိလဲ မရှိပါ) :P

- မှတ်စရာ Notebook နဲ့ Ball Pen, Wallet (ပိုက်ဆံအိတ်ကိုတော့ မလိုတဲ့ ကဒ်တွေထုတ်ပြီး Health Insurance Card, Driver License နဲ့ ကျောင်းသားကဒ်ပဲ ချန်ထားလိုက်တယ်။ Credit Card တောင် မယူသွားဘူး။ ပိုက်ဆံနည်းနည်းနဲ့ အကြွေတွေ အများကြီးယူသွားတယ်)



- ပြင်ဆင်လို့ ပြီးပြီ။



- ဒါကတော့ စုရပ်Lowell Bennion Community Service Centerကို သွားမဲ့ ကျောင်းက Campus Shuttle ပါ။ ကျောင်းထဲမှာ ၁၀ မိနစ်တခါလှည့်နေတာ။ ကားမောင်းတော့ဘူး ဆီကုန်တယ်။ :P



- ခရီးစထွက်ပြီ။ ကံဆိုးပါဧ။်။ ဘယ်ကားလိုက်ရမလဲ မဲနှိုက်တာ မိန်းကလေးတစ်ယောက်ထဲအဖြစ် ကံဆိုးသူ ထိုကားထဲမှာ မဲကျပါဧ။်။ ခရီးတစ်ခုလုံးအတွက် ဒီအုပ်စုနဲ့ပဲ သွားလာရမှာ။ ပေဖူးတို့ အုပ်စုကို နာမည်ပေးလိုက်တယ်။ “wildfire”တဲ့။ ယောကျာ်းလေး ငါးယောက်၊ မိန်းကလေးတစ်ယောက်။ :(



- တောင်တက်နေတုန်းတွေ့ရတဲ့ ရှုခင်းတွေပေါ့။ ပေဖူးတို့ Camp တဲ့ နေရာက Provo Canyons, Utah ပါ။ ကျောင်းနဲ့ ကားနှစ်နာရီလောက်မောင်းရပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ၆၅၀၀မှာ ရှိပါတယ်။



- ရောက်ပါပြီ။ အထုပ်အပိုးတွေချ။ Tent တဲတွေထိုး။



- ပေဖူးနဲ့ ကိုယ့်မေဂျာက ကောင်မလေးတစ်ယောက်ရဲ့ တဲလေးပေါ့။



- အထဲ မြင်ကွင်း။ အစိမ်းရောင် Sleeping bag, Pillow က ပေဖူးအတွက်။ Green rocks!!! :D



- မီးပုံနားမျာ ၀ိုင်းထိုင်ဖို့ ကိုယ့်ကုလားထိုင် ကိုယ်ခင်း။ ကုလားထိုင်မပါတဲ့သူတွေ နောက်က ခုံတန်းမှာထိုင်။



- စပါပြီ။ ကိုယ်ကြိုက်တာကိုယ်လုပ်။ ဒါကတော့ ဂီတာဝိုင်း။ ပေဖူးလှမ်းရိုက်လိုက်တဲ့ အခြမ်းက ဖဲဝိုင်း။ ကိုယ်တို့ကတော့ ညလုံးပေါက်နီးပါး ရိုက်ဖြစ်ပါတယ်။ ဖဲအပြင် Uno, 10 phase Card game တွေလဲ ကစားဖြစ်ပါတယ်။



- Marshmallow တွေ သံချွှန်နဲ့ ကင်စားပါတယ်။ Starburst Candy Bar တွေကိုလည်း တုတ်ထိုးကင်စားပါတယ်။ ငှက်ပျောသီးအလယ်ကိုဖောက် marshmallow နဲ့ chocolate trip တွေ ထည့်။ Foil ပတ်၊ မီးထဲ ပစ်ထည့်။ ၁၀ မိနစ်လောက်နေရင်ဆို အတော်ပဲ။ ကောင်းမှကောင်း။ ;)



- နောက်နေ့မနက်ကျတော့ မနက်ကော်ဖီဝိုင်းပြီး Training စပါတယ်။ နေ့လည်ဘက်ကျတော့ Provo မြို့ထဲ ဆင်းပြီး လေ့လာရေးသွားပါတယ်။ ပေဖူးတို့ သွားခဲ့တဲ့နေရာကတော့ Community Action Food and Service Center ပါ။ ဒါကတော့ လေ့လာရေးသွားတဲ့နေရာက အစာတွေ သိုလှောင်ထားတဲ့ Tank တွေပါ။ ပြီးတော့မှ သူတို့ သတ်မှတ်တဲ့ ဆင်းရဲသူတွေကို ပြန်ခွဲပေးပါတယ်။ USA မှာ ဆင်းရဲကြောင်း Document လိုပါတယ်။ CAFSC က တနေ့ကို အစာ ပေါင် ၉၀၀ လောက် အလှူရရှိပါတယ်။ စီမံကိန်းနဲ့ ခွဲတမ်းပြန်ပေးတာပါ။ တို့ဗမာပြည်မှ ဒီလိုတွေရှိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။



- ဒါကတော့ Community Action; Food and Service Center ရဲ့ Training Room ပါ။ Why are people poor?/ Why does poverty exists? ဆိုတဲ့ မေးခွန်းနှစ်ရပ်ကို ဆွေးနွေးခဲ့ပါတယ်။ Whiteboard ပေါ်မှာ တွေ့ရတဲ့ အစိမ်းရောင်စာတွေက တယောက်တစ်မျိုးအဖြေတွေပါ။ Service ကို ဦးဆောင်မဲ့ director တွေ အနေနဲ့တော့ အဖြေပေါင်းမြောက်မြားစွာ ရရှိခဲ့သလို မေးခွန်းတွေလဲ ရင်ထဲမှာ ကိုယ်စီ ကျန်ရစ်ခဲ့ပါတယ်။

- Training လဲ ပြီးကော Community Service တစ်နာရီလုပ်ပါတဲ့။ ဘာလုပ်ရမလဲဆိုတော့ ဒီမှာ နွေရောက်လာတဲ့အတွက် အလှူတွေ Food Drive တွေ မရှိဘူး။ အဲဒါကြောင့် Volunteer တွေ အစာရှာပေးရမှာပါ။ လွယ်ပါတယ်။ ကျွှတ်ကျွှတ်အိတ်တွေ တသီကြီးပေးလိုက်ကော။ တအိမ်ဝင် တအိမ်ထွက် တံခါးခေါက်ပြီး လိုက်ပြီး Ask ပါ၊ (ဒီနေရာမှာ လိုက်တောင်းတယ်လို့ နားလည်ရင်လည်း ရပါဧ။် ကိုယ်စားလှယ်တောင်းပေးတာပေါ့။ :p :P :p) ပေဖူးလွှာတို့ အလွန်မျက်နှာပူပါဧ။်။ ဘော်ဒါတွေကတော့ အေးဆေးပဲ။ လူတွေလည်း လှူကြပါတယ်။ ကားနောက်ထဲမှာ ပြည့်လျှံသွားတယ်။ :) အားလုံးစုလိုက်တော့ နာရီဝက်အတွင်း အစာပေါင် ၃၀၀အပြင် သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆေးဝါးတွေပါ စုမိပါတယ်။ ကိုယ်တို့ ဒီလိုကူညီလိုက်တဲ့အတွက် အတိုင်းမသိ ပျော်ရွှင်မိပါတယ်။




- Camp ကို ပြန်ရောက်ပါပြီ။ ဘယ်တော့မှ စားလို့မရိုးတဲ့ အကင်ပေါ့။ မနေ့က marshmallow တွေလည်း တကျော့ပြန်ကြပါတယ်။ Dinner ပြီးတော့ Personal Time ပါ။



- အဲဒီမှာတင် Night Hiking လိုက်သွားဖြစ်ပါတယ်။ မိန်းကလေးဆိုလို့ ပေဖူးနဲ့ Tent mate ကောင်မလေးနှစ်ယောက်ပဲ ပါပါတယ်။ ယောကျာ်းလေး ခြောက်ယောက်၊ မိန်းကလေးနှစ်ယောက်။ ဒါကတော့ ရှေ့ကသွားတဲ့လူများကို လှမ်းရိုက်ထားတာပါ။ တွေ့တဲ့အတိုင်းပါပဲ ရှေ့နှစ်ပေကလွဲလို့ ဘာမှ မမြင်ရပါ။ Hiking ပါ ပါတော့ တကယ့်ကို အတွေ့အကြုံပါပဲ။ ညဥ့်နက်လာတော့ တောင်အရမ်းမတ်ပြီး တောနက်လာတော့ မိန်းကလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်ပါတယ်။
ပေဖူးနဲ့ ကျောင်းမှာခင်တဲ့ သူငယ်ချင်းအစ်ကိုနှစ်ယောက်က ပြန်လိုက်ပို့တယ်။ အဲဒီမှာတင် ပြသနာ စတော့တာပဲ။ လေးယောက်လုံး အ၀ါရောင်မျက်လုံးတစ်စုံကို မကြာမကြာမြင်ပါတယ်။ အလယ်က တယောက်ကတော့ နဖူးမှာ ဓါတ်မီးတတ်ထားတဲ့အတွက် Cougar ကျားသစ်ပါလို့ အသေအချာဆိုပါတယ်။ အဲဒီမှာတင် နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲ။ သားကောင်ကြီးတွေ မလာရဲအောင် စကားတွေ အကျယ်ကြီးပြော၊ မီးအသားကုန်ထွန်း၊ လေးယောက်သား ကြားလေမတိုးအောင် ကပ်ပြီး သုတ်ချေတင်ပါတော့တယ်။
(မှတ်ချက်။ ဟိန်းသံကြားရင်တော့ လွတ်အောင်မပြေးနဲ့။ သူများကိုသာ ကျော်အောင်ပြေးပါ။ တိရစ္ဆာန်ဆိုတာ လူမရွေးပါဘူး။ နောက်ဆုံးတစ်ယောက်ကို ၀ါးမှာပဲ။) ;)




- ပြန်ရောက်တော့ မီးပုံဘေးမှာ ထိုင်ပြီး သရဲအကြောင်းတွေ ပြောပါတယ်။ လသာတဲ့ညမှာ မီးအေးအေးမီးပုံနားမှာ ထိုင်ပြီး နားထောင်ရတာ တော်တော် အရသာရှိပါတယ်။ (မှတ်ချက်။ ဒီခရီးမှာ သရဲကြောက်သူ အတော်များကြောင်း သိခဲ့ရ)

- နောက်နေ့မနက်ကျတော့ Pancake တွေ ကိုယ့်ဒယ်အိုးနဲ့ကိုယ် ချက်ပါတယ်။ မနက်စောစော ချမ်းစိမ့်စိမ့်၊ မီးပုံနဲ့ ကော်ဖီတခွက် (ဘယ်တော့မှ မမေ့မဲ့ မနက်ခင်း)




- ပြီးတော့ Training ပြန်ဆက်ပါတယ်။ ပြီးတော့ Quiz ကို Jeopardy game အနေနဲ့ ပြန်ဖြေရပါတယ်။ ပေဖူးလွှာတို့အဖွဲ့ ခွက်ခွက်လန်အောင် ရှုံးပါတယ်။ :( ရှုံးတဲ့အဖွဲ့က နိုင်တဲ့ အဖွဲ့ကို Trophy ပေးရပါတယ်။ ဒီပုံကတော့ Smokey အဖွဲ့အတွက် Wildfireအဖွဲ့ရဲ့ သစ်တုံးဆုပါ။ :P :P :P



- Training ပြန်ဆက်ပါတယ်။ Appreciation အကြောင်းပြောကြပါတယ်။ အဲဒီမှာတင် မဲနှိုက်ပြီး ကိုယ်ကျရာလူအတွက် ကျောက်ခဲလက်ဆောင်ပေးရပါတယ်။ ဒါကတော့ ပေဖူးလွှာရဲ့ လက်ရာ။



- ပေဖူးရခဲ့တဲ့ ကျောက်ခဲလေး။



- ဘေးကသူငယ်ချင်းရတဲ့ ကျောက်ခဲလေးကို လှမ်းရိုက်ထားတာ။



- ဒီသုံးယောက်ကတော့ ပေဖူးရဲ့ ဘော်ဘော်တွေပေါ့။ ရှေ့က တစ်ယောက်က ကျောင်းမှာတည်းက Service Partner တွေ၊ နောက်က ကောင်မလေးက မေဂျာတူ Night Hiking တူတူထွက်ခဲ့တဲ့ Tent mate၊ ဟိုဘက်အခြမ်းကတော့ ဂစ်တာအတီးကောင်းလို့ ကောင်မလေးတွေ ၀ိုင်းနေတဲ့ Category တူ Program Director ပေါ့။
(Category တူုဆိုတာ HealthCare, Education, Social Issue အစရှိသည်တို့ပေါ့။ ပေဖူးတို့ တစ်နှစ်လုံး တစ်ပါတ်တစ်ခါတွေ့ပြီး ကိုယ့်Programအတွက် ကောင်းနိုးရာရာတွေ ၀ိုင်းဆွေးနွေးကြမှာပါ။ တစ်နှစ်လုံးစာအတွက် Director ၅ယောက်လုံးအားတဲ့အချိန်ကိုလည်း Meeting Time အဖြစ် Sealed Deal လုပ်ခဲ့တယ်။ သိပ်နောက်မကျပါဘူး။ တနလာင်္နေ့ညကိုးနာရီတဲ့။ :S)


- အားလုံးပြန်ဖို့ အဆင့်သင့်။ အထုပ်အပိုးတွေလဲ များတယ်နော့်။

- မောသွားပြီ၊ အားလုံးပျော်ခဲ့တဲ့ ခရီးတခုပါ။ Tan Line ကို မလိုချင်ပဲ ရလာပြီး အသားတွေတော့ မည်းကျန်ရစ်ခဲ့ပြီ။ :(

အားလုံးတွေ့တဲ့အတိုင်းပဲ။ ခရီးက အပြန် ကင်မရာလဲ ပြန်ကြည့်ကော ကိုယ့်ပုံ တပုံမှ ပါမလာဘူး။ ;) ဒါကတော့ ဓါတ်ပုံအရိုက်ဝါသနာအိုးတွေရဲ့ သဘာဝပါ။ :( :( :( အရင်ကတော့ ဓါတ်ပုံလေးတွေပဲ စုပါတယ်။ အခု MyHome မှာ စာရေးဖြစ်လို့ Documentary အမှတ်တရအဖြစ် တင်လိုက်တာပါ။ နောက်လဲ တင်ဦးမှာ။ :D

ခရီးသွားခြင်းဖြင့် ပျော်ရွှင်နေသူ။
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

သတင်း Center - July 20 မြန်မာ့ ကမ္ဘာ့ သတင်းများ



မြန်မာသတင်းများ

ASEAN foreign ministers များက မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ ၄င်းတို့သည် ဒေါ်စု၏ ကိစ္စအတွက် စိတ်ပျက်နေကြခြင်းဖြစ်သည်။ [More]


အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။ [More]


Irish College တစ်ခုဖြစ်သည့် Dundalk Institute of Technology သည် မြန်မာ နိုင်ငံရေး ခိုလှံသူများကို လက်ခံနေသည်။ (ကရင်ကျောင်းသားများကို Online degrees များ ပေးအပ်သင်ကြားနေရန်)[More]


၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။ [More]


UN ၏ ကယ်ဆယ်ရေး လေယာဉ်များ မုန်တိုင်းအတွက် ပျံသန်းမှုကို လျော့ချခြင်းသည် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ [More]


အလွန် ရှေးကျသည့် မြတ်စွာဘုရား ပုံတူတော် ရုပ်ထု နှစ်ဆူကို မန္တလေးမြို့တွင် တွေ့ရှိခဲ့သည်။ တစ်ခုသည် အကြီးကြီးဖြစ်ပြီး နောက်တစ်ခုသည် သေးငယ်သည်။ [More]


မြန်မာစစ်အစိုးရကို စက်တင်ဘာလကလို နောက်တစ်ကြိမ် ပြန်လည် တော်လှန်ကြဖို့ အားသာ နေကြသည်ဟု သိရှိရသည်။ [More]


၁၉ရက်နေ့တွင် Wrexham Women for Peace and supporters တို့သည် Chester City Center တွင် မြန်မာပြည်အတွက် TOTAL petrol stations တွေကို သပိတ်မှောက်ကြဖို့ ဆန္ဒပြခဲ့သည်။ [More]


ဂျပန်ပြည်မှ မြန်မာပြည်အတွက် လှူဒါန်းသော ကယ်ဆယ်ရေးများကို မည်သို့မည်ပုံ ထိရောက်မှုရှိသည်ကို မူတည်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဂျပန်အရာရှိ တစ်ဦးမှ UN တွင် ကြာသပတေးနေ့တွင် ပြောကြားသွားသည်။ [More]


United States သည် မြန်မာစစ်အစိုးရနှင့် စီးပွားရေး ပြုလုပ်နေသာ Chevron Petrol Company အား သပိတ်မှောက်ခိုင်းဖို့ ပြန်လည် စဉ်းစားလျှက်ရှိသည်။ [More]


ဧရာဝတီတိုင်း အတွင်းရှိ နာဂစ် လေဘေးသင့် ဒေသများ သွားမည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားသည်။ [More]


နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဖျက်ဆီးခြင်း ခံလိုက်ရသော မြန်မာ့ဆန်စပါး အဓိက စိုက်ပျိုး ထုတ်လုပ်ရာ ဒေသမှ လယ်သမားများအတွက် စားနပ်ရိက္ခာ အကူအညီကို အမေရိကန်ဒေါ်လာ ၃၃.၅ သန်းအထိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ကြာသပတေးနေ့က တိုးမြှင့်ပန်ကြား တောင်းဆိုလိုက်သည်။ [More]




ကမ္ဘာ့သတင်းများ


Woman charged in death of eviscerated pregnant teen
အသက်၁၈နှစ်အရွယ် ကိုယ်ဝန်ရှိသူ မိန်းကလေး ပြန်ပေးဆွဲခံရ၊ ဗိုက်ခွဲပြီး ကလေးထုတ်ယူကာ ဒေါ်လာတစ်ထောင်ဖြင့် ရောင်းချခဲ့။ [More]



Miss Universe 2008
Miss Universe 2008 မယ်ရွေးပွဲကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့ရာ ဗင်နီဇွဲလားနိုင်ငံသူ Dayana Mendoza က ရရှိသွား။ Miss America လမ်းလျှောက်စဉ် ချော်လဲ။ (ဓါတ်ပုံနှင့် တကွ)[More]


Mars Lander Prepares for Second Ice Sample
ပညာရှင်များ ဒုတိယအကြိမ်မြောက်အဖြစ် မားစ်ဂြိုဟ်မျက်နှာပြင်မှ ရေခဲများကို စမ်းသပ်ရန် ခြစ်ထုတ်ခဲ့ [More]


Nato admits accidental killing of four civilians
နေတိုးအဖွဲ့က အာဖဂန်နစ္စတန်တွင် အရပ်သားလေးဦး မတော်တဆ ပစ်သတ်မိကြောင်း ၀န်ခံ။ [More]


Is 'The Dark Knight' too dark for kids?
ယခုအပတ်တွင် ၀င်ငွေအများဆုံးစံချိန်တင် Batman နောက်ဆက်တွဲဇာတ်လမ်းသည် PG-13 (အသက် ၁၃နှစ်နှင့် အထက်) ကြည့်ရှုရန် သတ်မှတ်ထားသော်လည်း အကြမ်းအရမ်းများသောကြောင့် Rated-R (၁၈နှစ်နှင့် အထက်)သာ ကြည့်ရှုသင့်သည်ဟုဆို။ [More]


Hacker team releases iPhone 2.0 jailbreak
ဟက်ကာအဖွဲ့တစ်ခုက နောက်ဆုံးထွက် Iphone 3Gတွင် apple company မှ မဟုတ်သော software များကို တင်နိုင်မည့် “jailbreak” program ကို တီထွင်ကြောင်း ကြေညာ။ [More]


Loud music makes customers drink faster
အရက်ဘားများတွင် ကျယ်လောင်သော သီချင်းများဖွင့်ထားခြင်းအားဖြင့် လူတစ်ယောက် ပျမ်းမျှအရက်သောက်နှုန်း ၂.၆ခွက်မှ ၃.၅ခွက်သို့ တက်သွား။ [More]


Obama meets Afghan president Karzai
အမေရိကန်သမ္မတလောင်း အိုဘားမားသည် အာဖဂန်နစ္စတန်သမ္မတနှင့် တွေ့ဆုံခဲ့။ [More]


Fuel's surge a headache for home health providers
မြင့်တက်လာသော ဓါတ်ဆီဈေးများကြောင့် အိမ်တိုင်ရာရောက်ဆေးလိုက်ကုပေးသူများ အခက်အခဲတွေ့နေ။ [More]


Does new S.A.T. help with admissions decisions?
အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲ SAT နှင့် ပတ်သတ်ပြီး ကောလိပ်နှင့် ယူနီဗာစီတီအသီးသီးဧ။် သဘောထားများ။ [More]


လေးစားလျှက်
Mr. Reporter
Ms. Reporter

ဆက်ဖတ်ရန်...(To Continue)