Photobucket

Thursday, June 12, 2008

DWTS ကြယ်စင်များနှင့်ကခုန်ခြင်း နှင့် SYTYCD မင်းကိုမင်းကနိုင်တယ်ထင်တယ်ပေါ့

ဒီတစ်ပါတ်တော့ နည်းနည်းအားနေတာနဲ့ Post နှစ်ခုရေးမယ်လို့ ဆုံးဖြတ်လိုက်တာ…ဟဲ ဟဲ. ပြီးတော့ အားလုံးလဲ စိတ်မကောင်းဖြစ်နေကြလို့ Tension တွေ နည်းနည်းလျော့ သွားအောင်ပါ။


Dancing with the Stars

Dancing with the Stars (ကြယ်စင်များနဲ့ ကခုန်ခြင်း) လို့ အမည်ရတဲ့ US က ရုပ်မြင်သံကြား အစီအစဉ်တစ်ခုပါ။ ABC Channel က လွှင့်ပါတယ်။ US က လူတွေ တော်တော်များများ ကြိုက်ကြပါတယ်။ ပေဖူး ဘာဖြစ်လို့ DWTS နဲ့ မိတ်ဆက်ပေးလဲ ဆိုတော့ နောက်တင်တဲ့ Post တော်တော်များများမှာ အဲဒီက Video တွေ သုံးမှာမို့ပါ။ DWTS က ဒီနှစ်ထဲမှာ ခြောက်နှစ်ပြည့်သွားပါပြီ။ အောင်မြင်နေဆဲပါ။ US က အကြည့်အများဆုံး ဖြစ်ရပ်မှန်စီးရီး (reality show) နံပါတ်နှစ်ချိတ်တယ်။ အကျဉှ်းချူဉ်းရရင်တော့ နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့သူတွေ Ballroom Dancing (ခန်းမအက) ပြိုင်တာပါပဲ။

အကတွေ ကတော့ Standard Ballroom ကဆိုရင် Foxtrot, Quickstep, Waltz, Tango, Viennese Waltz နဲ့ Latin က Cha Cha, Rumba, Samba, Mambo, Paso Doble, Jive တို့ကို ပြိုင်ကြပါတယ်။ ဘာအကတွေလဲ လို့တော့ မမေးနဲ့။ နောက်မှ Post ပေါင်းမြောက်များစွာ လာမယ်။

ဘယ်လို စတားတွေပါလဲ ဆိုတော့ မင်းသားမင်းသမီးတွေ၊ အဆိုတော်တွေ၊ နာမည်ကြီး အားကစားသမားတွေ၊ မော်ဒယ်တွေ၊ တီဗွီအစီအစဉ်တင်ဆက်သူတွေပေါ့။ စီးပွားရေးဘက်က Millionaire တွေ လဲပါတယ်။ တို့တွေနဲ့ မစိမ်းတဲ့ Star တချို့ကတော့ ရုပ်ရှင်ကဆို Steve Guttenberg၊ Elvis Presley ရဲ့ မိန်းမ ရုပ်ရှင်မင်းသမီး Priscilla Presley၊ ဂီတဘက်ကဆို N'sync အဖွဲ့က Joey Fatone၊ Drew Lachey၊ R&B အဆိုတော် Mario၊ အားကစားကဆို Indy 500 ပြိုင်ကား ချန်ပီယံ Helio Castroneves၊ Grand Slam တင်းနစ် ချန်ပီယံ Monica Seles၊ ရေခဲပြင် စကိတ်စီး အိုလံပစ် ချန်ပီယံ Kristi Yamaguchi၊ လက်ဝှေ့ ချန်ပီယံ Laila Ali (မိုဟာမက် အလီရဲ့ သမီး)….. အများကြီးပါ။ Star တစ်ယောက်စီကို Professional Dancer တစ်ယောက်စီနဲ့ တွဲပေးပြီး တစ်ပါတ်ကို အကတစ်မျိုးစီပြိုင်၊ ပြီးရင် TV ပရိသတ်တွေက မဲထည့်၊ နောက်နေ့ ကျတော့ ဒိုင်အမှတ်နဲ့ မဲတွေ ပေါင်းပြီး အမှတ်ပေါင်း အနည်းဆုံး Star ကို အပါတ်တိုင်း ဖြုတ်သွားတာပါပဲ၊ နည်းနည်းမြည်းလိုက်ကြရအောင်။ ဒီအက ကတော့ လက်တင်အကဖြစ်တဲ့ Cha Cha Cha ပါ။ သူတို့နှစ်ယောက် အရင်နှစ် Season 4 က Semi Finalမှာ ကသွားတာပါ။



ဒီအပေါ်က အကကို ဘယ်လိုမြင်လဲမေးရင်တော့ SO HOT လို့ပဲ ပြောတော့မယ်။ ကောင်လေးက ရေခဲပြင် စကိတ်အမြန်စီး အိုလံပစ် ရွှေတံဆိပ်ဆုရှင် Apolo Anton Ohno၊ ကောင်မလေးကတော့ Professional Dancer - Julianne Hough ပါ။ Julianne က World Junior Latin Champion ပါ။ အသက်ကတော့ ၁၈နှစ်ပဲ ရှိသေးတယ်။ ကသွားတာ တော်တော်လေးကို ကောင်းပါတယ်၊ Cha Cha မှာ မပါမဖြစ် ပါရမယ့် ကကွက် (1.2.3 Cha Cha Cha နဲ့ ရေတာပါ။) တွေ အပြင်၊ သုတို့ရဲ့ Performance ကလည်း ရှယ်ပဲ၊ နောက်က ပရိသတ်ကလည်း အပြည့်။ ပြီးတော့ တကယ့် တီးဝိုင်းနဲ့ ကတော့ မြိုင်တာပေါ့။ သူတို့ အတွဲ နောက်ဆုံး ပထမ ရသွားကြပါတယ်။ အဆိုအရတော့ Apolo က ဒီပြိုင်ပွဲ မတိုင်ခင်က အက experience မရှိပါဘူးတဲ့။ မယုံချင်စရာ ကြီး။ :P

နောက်လဲ DWTS (ကြယ်စင်များနဲ့ ကခုန်ခြင်း)က video တွေ အများကြီး ဆက်တင်သွားအုန်းမှာပါ။ ကြိုကြည့်ချင်တယ် ဆိုရင်တော့ YouTube ပေါ့၊



So You Think You Can Dance

SYTYCD ဆိုတာ So You Think You Can Dance လို့ အမည်ရတဲ့ US က နာမည်ကြီး TV show တစ်ခုပါ။ သူကတော့ Fox Channel က လွှင့်တာပါ။ သူ့ဆီက video တွေလဲ အများကြီးသုံးမှာမို့ ကြိုမိတ်ဆက်ထားတာပါ၊

So You Think You Can Dance ကို 'မင်းကိုယ်မင်း က နိုင်တယ် ထင်တယ်ပေါ့' လို့ ဘာသာပြန်လိုက်တော့မယ်။ ပေဖူးလွှာက ဘာသာပြန်ညံ့တယ်ရှင့်။ SYTYCD လို့ ပဲ အများက သိကြပါတယ်။

သူကတော့ Star တွေ မပါဘူး။ Dancer တွေက ကိုယ့်ဘာသာကိုယ် လျှောက်လွှာတင် ရတာပါ။ ကြိုက်တဲ့ လူဝင်လျှောက်ပါ။ ရပါတယ်၊ ဘလော့ခ်ဂါတွေလည်း အခွင့်အရေးရတုန်း ၀င်လျှောက်သွားပါ၊ မရဘူးလို့ ဘယ်သူက ပြောလဲနော့်။ ;P

ဒိုင်တွေက ပြီးတော့မှ အကမျိုးစုံနဲ့ တဆင့်ပြီး တဆင့် စကာစစ်ချ၊ အကောင်းဆုံး အယောက် နှစ်ဆယ်မှ တကယ်ပြိုင်ရ၊ TVမှာ ပါရတာပါ။ Dancing with the Stars လိုပဲ တစ်ပါတ်ကို အကတစ်မျိုးစီ၊ ကြည့်တဲ့ လူတွေက မဲထည့်၊ နောက်နေ့ကြတော့ တစ်တွဲစီ ဖြုတ်သွားတာပါ။

အကတွေ ကတော့ Dancing with the Stars က စုံတွဲအကတွေ အပြင် Hip Hop, Krump, Disco, Argentine Tango, Contemporary, Jazz နဲ့ West Coast Swing အက တွေပါ ပါတယ်။ DWTS နဲ့ ယှဉ်ရင်တော့ ဒီ showက အကပညာရပ်ပိုင်းဆိုင်ရာ Technical အနေနဲ့ အများကြီးပိုကောင်းပါတယ်။

ဒီနေ့တော့ audition video. သူတို့ စစချင်းကတုန်းက ဒိုင်တွေကို ကပြတဲ့ အကလေးတွေ ကိုပဲ ထပ် share ချင်ပါတယ်။ တချို့ video တွေက တော်တော်ကောင်းပါတယ်။ ဒီဟာကတော့ အကောင်းတကာ့ အကောင်းဆုံး Cream of the Crop ပေါ့။

ဒီအေက်ာက ဟာလေးကတော Audition Tape ကောင်းတစ်ခုပါ။ ပြိုင်ပွဲဝင်တာကတော့ ကောင်မလေးတစ်ယောက်ထဲပါ။ Lacey Schwimmer လို့ ခေါ်ပါတယ်။ သူ့အစ်ကို Benji Schwimmer ကတော့ သူကတာကို Partner လုပ်ပေးတာပါ။ Benji က အရင်နှစ်က ဒီပြိုင်ပွဲမှာပဲ ပထမ ရသွားတာပါ။ နောက်တစ်နှစ် သူညီမ ပြိုင်တော့ ၀င်ကူပေးတဲ့ သဘောပါ။

တွေ့တဲ့အတိုင်း Benjiကလဲ ပရိသတ် အပြည့်ပဲ။ သြော်..မေ့လို့၊ ပြိုင်ပွဲမှာ နိုင်ရင် America Favorite Dancer ဆိုတဲ့ ဘွဲ့ရယ်၊ ဒေါ်လာက နှစ်သိန်းငါးသောင်း၊ ပြီးတော့ Las Vegas က အဆိုတော် Celine Dion (Titanic သီချင်း My Heart Will Go On အဆိုတော်)ရဲ့ Live Show မှာ တစ်နှစ်တိတိ ကခွင့်ရပါတယ်။ Video လေး အရင်ကြည့်လိုက်ရအောင်။



ကသွားတာကတော့ West Coast Swing ပါ။ အဲဒီအကနယ်ပယ်မှာတော့ သူတို့ နှစ်ယောက်လုံးက ချန်ပီယံပဲ။ Slide တွေ Turn တွေက တကယ့်ကို ပညာသည် ပီသပါတယ်။ Lacey က တကယ့် ပြိုင်တော့ ပြိုင်ပွဲမှာ နံပါတ်လေး ချိတ်သွားပါတယ်။ တခြားအကတွေလဲ သူကောင်းကောင်းက နိုင်ပါတယ်။ နောက်လာမယ့် "သီချင်းကို သရုပ်ဖော်တဲ့ အကများ" Postမှာ သူ့ Contemporary အက Video လေးကို ထည့်ဖို့ အစီအစဉ်ရှိပါတယ်။


နောက်တစ်ခုကတော့ Pasha Kovalav နဲ့ Anya Garnis ရဲ့ New York Audition ပါ။ နှစ်ယောက်စလုံးက Russia က Professional Ballroom Dancer တွေ ဆိုတော့ ကသွားတာ ရှယ်ပေါ့၊ ဒိုင်တွေလည်း ကြိုက်လို့ နောက်တစ်ခေါက်တောင် ပြန်မကခိုင်းဘူး။ နောက်တစ်ဆင့်ဖြစ်တဲ့ Las Vegas ကို တန်းပို့ လိုက်တယ်။ တကယ့်ပြိုင်ပွဲမှာတော့ Pasha က Top 6၊ Anya က Top 12 ချိတ်သွားပါတယ်။ ကတဲ့ အက ကတော့ အကွက် နဲ့ သီချင်းကို ကြည့်ပြီး လက်တင် Cha Cha Cha လို့ ထင်ပါတယ်။





Post တွေလဲ တော်တော်ရှည်သွားပြီ။ တော်လိုက်ကြဦးစို့ရဲ့။ Post တွေကို အချိန်ပေးဖတ်တာ ကျေးဇူးပါ။ နောက်တစ်ခေါက်ကျရင်တော့ ဗမာအက ပြန်လှည့်ကျစို့။ စည်းနဲ့ဝါး ကဗျာလွတ်အကြောင်းပေါ့။

စကားမစပ် ဟိုတစ်ခေါက်က ကိုတီးက လှုပ်ရုံ လှုပ်တတ်တာ လို့ပြောတယ်နော်။ လျှောက်ပြောပြီ။ တီးတို့က လှုပ်တောင် မလှုပ်တတ်ဘူး။ :p :P :p

ပေဖူးလွှာ

13 comments:

Tea said...

ပေဖူးရေ

ဟိုအရင် ပိုစ့်တုန်းက Guide နဲ့ Train ပြီး ဒီနေ့ မနက်ပဲ L.A Downtown ကို သွားပြီး သွားကပြလိုက်တာလေ။ အဲ့ဒါ သူတို့ပြောတယ်။ Season အသစ်စရင် တစ်ခါထဲ လာပါတဲ့လေ။ အရမ်းကြိုက်လို့ပါတဲ့။ လက်မှတ်တွေတောင် ထိုးခိုင်းလိုက်သေးတယ်။ ကတာ ကြိုက်လွန်းလို့တဲ့လေ။
ဒါကြောင့် ဒီတစ်ခါ SYTYCD မှာ တီး ဗီဒီယိုတွေပါ ပါလာတော့မှာပဲ။ စိတ်ညစ်ပါတယ်နော်။

;)

အဲ့ ဒီကြားထဲ DWTS က လူတွေကလည်း သူတို့ဆီလည်း လာပါဦး။ Special Stars တွေနဲ့ ပေးကပါမယ်ဆိုလို့ မနည်း ထွက်ပြေးလာရတယ်။ အခုမှ အိမ်ပြန်ရောက်လို့ ရေထိုင်သောက်နေတယ်။

စိတ်ညစ်ပါတယ်နော်။ ဒီလူတွေတော့။ ပြောကို မပြောချင်တော့ဘူး။

ပါဂနာ said...

အန်.
“ပေဖူး” ရေညီမ.
Tea လျှောက်ပြော နေတာနဲ့  ကိုယ်တော့
အဲဒီ ဆုလေးပြန် မပေးနိုင်ဘူးနော်.

နိုင်ငံ တကာလှည့် သွားရဦးမှာ.
ကလေးလေး စိတ်ကောက်နေ ရင်တော့.
ခေါ်သွားလိုက်ပါမယ် လေ.

ဒါတောင် Ellen နဲ့  Tylar, တို့  နဲ့ တွေ့ ဖို့  တွေဖျက်ထားသေးတာ... :P ( lol)

Unknown said...

ကောင်းတယ် ပေဖူးရေ... လက်ခုတ်တီပြီး လက်ခေါက်မှုတ် သွားတယ်။

Tea said...

လျှောက်ပြောတယ်လို့ ဘယ်သူပြောလဲ.. ဟွန်း..

:)

အခုတောင် ဒိုင်တွေ အိမ်မှာ ရောက်နေတယ်။ ကိုပါဂနာ ရေးထားတာ မြင်သွားလို့.. စိတ်မကောင်းဖြစ်ပြီး လာမပြိုင်မှာဆိုးလို့တဲ့လေ။ :P

PP said...

သွားရှာပြီ။ တီးကိုတော့ စိတ်ကုန်တယ်။ :S
အိမ်မှာလဲ တစ်ယောက်မှ မနိုင်လို့ ဒီအတိုင်း လွှတ်ထားလိုက်တယ်။ :P အေးကော။

Anonymous said...

လာကြည့်သွားပြီဗျို့.. ကောင်းမှကောင်း.. ပျော်စရာကြီးနော်.. လိုက်ကကြည့်မလို့တဲ့ ခင်လေးငယ်တစ်ယောက်တော့ ဂါဝန်သွားဝတ်နေလေရဲ့ ကိုရင်တော့ ကြောက်လို့ပြေးပြီဗျို့.. တီးဘိုးတော့ ခါတိုင်းလိုဘဲ အကြွေးမှတ်ထားလိုက်နော်.. ဟီးးးးးးးးး… (ကိုရင်နော်)

ကိုရင်နော်ခင်လေးငယ် said...

ပေဖူးရေ....
ခင်လေးက ဂါဝန်ဝတ်တာတော်သေးတယ်...
သူက ထန်းပင်ပေါ်က ဆင်းလာပြီး
ပုဆိုး ခါးတောင်းကျိုက် ကြီးနဲ့ ကနေတယ်..
အမလေး...လေးးးးးးး
(ခင်လေးငယ်)

RePublic said...

ပေဖူးလွှာတို့လက်စွမ်းတွေပြနေပြီဗျို့
ကပြီ ကပြီ Cha Cha Cha :)

PP said...

မခင်လေးက တောသူဌေးထင်ပါ့
dress က $200 ကနေ $3500 အထိရှိတယ်။
ကတဲ့ ဖိနပ်က 85$ အကြမ်းဖျင်းရှိတယ်။
မ၀ယ်နိုင်ဝူး။ :(
ဒေါ်လာရှိဘူး ကြီးဒေါ်ကြီးဒေါ်လှတော့ ရှိတယ်။ :P

Anonymous said...

အတော်သဘောကျတယ်။
တပတ်တပုဒ် တင်မယ်ဆိုတော့ တပတ်တခါမျှော်ဦးမယ်။

ဗိသုကာ ထောင့်ချိုးလည်း မှန်မှန်မျှော်ရဦးမယ်။
မှန်မှန်သာရေးတင်ကြပါခင်ဗျာ။
မူလရေးသူတွေနဲ့ စုစည်းပေးတဲ့ အတီးကို ကျေးဇူးတင်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ပေဖူးရေ...
ခုတော့ ဝယ်နိုင်သေးဘူး....
ဒါပေမဲ့.. ကိုရင်ကြီးဆီက အကြွေးတွေသာ ပြန်ရမယ်ဆိုရင် အညားရီး ဝယ်နိုင်ရယ်ချင့်.........
;P....
(ခင်လေး)

လူသား said...

ဟီး.. အရမ်းကောင်းတယ် ...
အနော်လည်းစမ်းကကြည့်ရအုံးမယ် .. :D

Anonymous said...

all the girls are so cute and the dances were great :D