Photobucket

Wednesday, June 18, 2008

တစ်ထောင့်တစ်ည၏ ကဗျာအား စကားပြန်ခြင်း

ကျွန်တော့်ကို တစ်ထောင့်တစ်ည ဆိုတဲ့ .. အဲ့လေ.. ဘာပြောရမှန်းတောင် မသိဘူး။ အင်း.. အဟိ.. အဟိ.. ကဗျာတွေ စာတွေ စပ်ပေးတာ။ ကျွန်တော်တောင် ကျေးဇူးတင်လွှာ ပို့မလို့ သူတို့ Email ကို ရှာမရလို့လေ။ ထားလိုက်ပါတော့လေ။ နေဦး။ ကဗျာဆိုတော့ ကျွန်တော်က ညံ့တယ်လေ။ ကဗျာ မစပ်တတ်ဘူး။ ဘာသာတော့ ပြန်တတ်တယ်။ ဟီးး

ကဗျာအား စကားပြန်ခြင်း

တားတား နံမည် မောင်အီးး
နေတာက အမေကားကြီး၊
၁။ သူတစ်ပါးအား မနာလိုခြင်းတည်း ဟူသော အမုန်းတရား။

ကျောင်းကြီးတက်လို့ စာတွေကျက်
တားတား လိပ်ခေါင်းထွက်။
၂။ စာကျက်တယ်လို့ ပြောမိတာ ကျွန်တော့်အမှား။ ငါ့နဲ့နော်။ တယ်ခက်တယ်ကိုး။

ပျင်းတဲ့အခါဘလော့ရေးတာ
သူများအတင်းတွေပါ။
၃။ အစမရှိ အဆုံးမရှိ - ဘာကို ပြောမှန်းမသိပါ။ အတင်း အတင်း.. အော်.. အတင်းတဲ့လေ။

နာမည်ကြီးချင် ဘာတွေလုပ်
သူများ စီပုံး ၀င်ခါရှုပ်။
အဲလိုလုပ်လည်း လူမလာ
ဟိုရေးဒီရေး ကြံမိတာ၊
၎။ သူများ ဘလောခ့်ကို သွားလည်ပြီး စာသွားဖတ်တာ။ စာဖတ်ပြီးတော့ ခင်လို့ Message ချန်ခဲ့တာကို.. ထားပါတော့လေ။ သူ ကိုစိုးထက်ကို ရေးထားတဲ့ ကဗျာကို ကိုစိုးထက်ဖတ်ပြီး ကိုစိုးထက် Cbox ထုတ်လိုက်တယ်။ (စိတ်ချ - ကျွန်တော်ကတော့ မထုတ်ဘူး။ အဟိ)
အခုလည်း ကိုစိုးထက် သူ့မွေးနေ့ အတွက် နောက်ဆုံးပိုစ့် ရေးသွားပြီး နှုတ်ဆက်ထွက်ခွာ သွားပြီ။ အေးဆေးနေတဲ့သူတောင် အငြိမ် မနေရပါလား။ လူတွေ ခက်ကို ခက်တယ်နော်။


ဘာတွေရေးမယ် တားတားတွေး
ဘလော့တွေဖတ်လို့ ဂျာနယ် အမည်ခံ ပေး။
၅။ ဆန်းသစ် တီထွင် ခြင်း၏ လှပမှုကို ပေါ်တင်စော်ကားခြင်း။ သူငယ်ချင်းများ၏ ဆောင်းပါးများ ကဗျာများကို ကျွန်တော့် စာဖတ် ပရိသတ်များနှင့် မျှဝေခြင်းကို ပုတ်ခတ်ပြောဆိုခြင်း။

ဓာတ်ပုံပြပြီး စာတွေစီ
တားတား နောက်ပြောင်သည်၊
၆။ သူငယ်ချင်းတွေကို ခင်မင်ခြင်း ကို အရောင် ဆိုးခြင်း။

လူတွေလာကြည့် သဘောခွိ
တားတား အော်ဟစ်မိ (နာကွ နာကွ)။
ဒီလောက်နဲ့လည်း အားမရပါ
ဆရာကြီးတဆူထိ ဖြစ်ချင်တာ၊
အမှန်တရားဘက် ရပ်တည်ရေး
ဖော်ဆောင်တော့မည် တားတားတွေး။
၇။ အမှန်တရားဘက်မှာ နေတော့လည်း လူတွေက အမှန်တရားဘက်မှာ နေလို့တဲ့။ ဘာမှ မလုပ်ပဲ နေရင်လည်း ကြည့်ရက်ပြန်တယ်တဲ့။ အဟိ - အော်.. လူ လူ .. လူ.. ကိုယ်သိသော အပြစ်ကင်းသည် ဟု ထင်သော ဘလောခ့်ဂါများ ဘလောခ့်လောကထဲ မှာ ရှိစေချင်ခြင်း စိတ်သက်သက်ဖြင့် ရေးခဲ့သော ပိုစ့်အား စောင်းမြောင်း တိုက်ခိုက်ထားခြင်း ပင်ဖြစ်သည်။

ဟိုဒီရေးပြီး လိုက်ဖိတ်မည်
တားတားရဲ့ အကြံအစည်၊
လုပ်လိုက်မိတာ သောက်တလွဲ
တားတား အရှက်ကွဲ။
၈။ ဘာကို ပြောချင်နေမှန်းလဲ မသိပါ။ ဒေါ်စု စကားဝိုင်းရဲ့ ဖိတ်စာကို ဖိတ်မိလို့လား။ သတင်းတွေကို သွားအကြောင်းကြားမိလို့လား။ ဒါမှ မဟုတ် .. ထားပါတော့လေ။ လူမုန်းခံရတာကိုက ကျုပ်အပြစ်။

တားတားပြောတာ လက်ခံရင်
သူတော်ကောင်းလို့ထင်၊
လက်မခံရင်တော့ လူမိုက်များ
အနားမလာနဲ့ သွားသွား။
၉။ ကျွန်တော့်အိမ်သည် ဝေဖန်ခြင်းကို လက်ခံမည်။ ဝေဖန်သည့် အရာများ တစ်ခု မကျန် ရင်ထဲမှာ သိမ်းဆည်းထားသည်။ အင်း.. စော်ကားလာရင်တော့ အတိုင်းအတာ တစ်ခု အထိတော့ လက်ခံသည်။ ချေပသည်။ လွန်လာရင်တော့၊ ကျွန်တော်လည်း လူသာမန်ဆိုတော့ လက်မခံနိုင်ဘူး။

တားပြောလိုက်တာ အမှန်တရား
ဖြစ်သွားတာက အလကား၊
၁၀။ ကိုစိုးထက်တို့ SMNTL တို့ကို ညွှန်းနေခြင်းဖြစ်လောက်သည်။ လူပေါင်း ၁၀၀ ကျော် သဘောတူခဲ့ပြီး လူ ၃ ၄ ယောက် အဖွဲ့က မနှစ်သက်ခဲ့တာ အလကား ဖြစ်သွားပါသည်။

လာမေးကြတဲ့ မေးခွန်းတွေ
မသိဘူးလို့ ငြင်းမယ်လေ။
မသိလို့မသိတယ် ပြောတာများ
တားတား ရှက်ရမလား။
၁၁။ အစီမဆိုင်သော မေးခွန်းများကို အခြေအမြစ်မရှိ၊ အကြိမ် ၂၀၀ယောက် လူမုန်းအောင် မေးခြင်း၊ ခေါင်းစဉ်နှင့် မဆိုင် ချဲ့ကား စော်ကားခြင်း။ ဘလောခ့်ပိုင်ရှင်နှင့် တကွ တခြားသူများကိုပါ စော်ကားခြင်း။ (ကျွန်တော်ကတော့ မသိခဲ့ရင် မသိဘူးလို့ ပြောတာချည်းပါပဲ။ မလုပ်တတ်ရင် မလုပ်တတ်ဘူးလို့ ပြောတာတွေ ကြီးပါပဲ။)

အခုတော့လည်း တားတားတယောက်
မျက်စိသူငယ် ဖြစ်လို့ ကြောက်
ကွန်ပြူတာမှာရှေ့ မှာ ထိုင်ရင်း ဂေါက်
ဂေါက် ဂေါက် ဂေါက်
ဂေါက် ဂေါက် ဂေါက်။
၁၂။ အင်း၊ နိဂုံးကတော့ ရှယ်ပဲ။ သားသားက ဘာကို ကြောက်ရမှန်းတောင် မသိဘူး။ ရုတ်တရက်ကြီး ကြောက်တောင် ကြောက်ချင်လာပြီ။ အဟင့်။ ကြောက်ပါတယ်ဗျ။ (ဟီးးး အင်း၊ ကျွန်တော်လဲ ဂေါက်ချင်လာသလိုလို၊ ကဲ - ဂေါက်လိုက်ဦးမယ်နော်)

အင်း၊ ဘာပြောရမလဲတော့ မသိဘူးပေါ့နော်။ ကျွန်တော်တော့ ဘာမှ ထူးထူး ခြားခြားတော့ ဖြစ်မသွားပါဘူး။ လောကကြီးမှာ ဖျက်သူလေးတွေ ရှိထားမှ သာယာနေတာကိုးးးး။ ထားပါတော့။ ကျွန်တော်ကတော့ ကျွန်တော်ရဲ့ ယုံကြည်ချက်တွေ နှင့် ဆက်လက် ရှင်သန် ဖြတ်သန်းသွားမှာပါ။ ဒီလို စော်ကား တိုက်ခိုက် တာတွေကိုလည်း ပြန်လည် ရှင်းပြ တုံ့ပြန်သွားပြီး ကျွန်တော့်ရဲ့ သူငယ်ချင်းများ အားလုံးနဲ့ ကိုယ့်ယုံကြည်ချက် တွေအတွက် အားလုံးအတွက် ... ကျွန်တော် အတတ်နိုင်ဆုံး ပေးဆပ် ရှင်သန် သွားပါမည်။ ကျွန်တော့်ကို အခုလို အချိန်ယူပြီး ကဗျာတစ်ပုဒ် ရေးစပ် ပေးသည့် အမည် မဖော်လိုသူ ကိုလည်း ကျေးဇူးတင်ပါသည်။

မှတ်ချက်။ ။ကျွန်တော် ဒီရက်ပိုင်း ကျောင်း ပြန်စဖွင့်လို့ အလုပ်တွေ ရှုပ်နေတုန်း။ ကျွန်တော့်ကို တိုက်ခိုက်ထားသည့် ကဗျာလေး ကို တင်ထားတာ မသိလိုက်ဘူး။ လာရောက်ပြောပြ ပေးသော ကို ဇူလိုင် အိမ်မက်ကို ကျေးဇူး အထူး တင်ရှိပါသည်။

အားလုံးကို လေးစား ချစ်ခင်လျှက်
Tea

11 comments:

PP said...

တီးရေ စိတ်မကောင်းဘူး

not for TEA, but for him (ကိုအ၀ှါ burmese1001)
၁။ ကဗျာရေးဖို့ ဘလော့ကို အသေးစိတ် လိုက်ဖတ်ရတဲ့ အချိန်တွေ
၂။ သူများရဲ့ လူတကာခင်မင်မှုကို မနာလိုမှုတွေ
၃။ အသက်ငယ်သူကို ကြီးနိုင်ငယ်ညှဉ်းဖို့ ထုတ်သုံးလိုက်ရတဲ့ ဦးနှောက်တွေကို နှမြောမိပါတယ်။

myhome16 ကတော့ တီးပြောသလိုပဲ ဆက်လက်ရပ်တည်သွားမှာပါ။
စာဖတ်သူတွေ ဆက်မဖတ်တော့တဲ့ တနေ့တောင် ဆက်လက်ရှင်သန်သွားဦးမှာပါ။
တနေ့ထက် တနေ့ကောင်းအောင် ကြိုးစားသွားဦးမှာပါ။

Anonymous said...

ခွေးလေးခုန်လို့ ဖုန်မထပါဘူးကွာ။ အဲဒီ ၁၀၀၁ ညကို တသိန်းတသောင်းညထိ ပေးပြောလိုက်ပါ။ ပြီးရင် တူ့ အလိုလို တေတွားပါလိမ့်မယ်။

Unknown said...

တီး
အေးဆေး အေးဆေး မကောင်းတာလုပ်ရင် မကောင်းတာခံစားရတယ် ကောင်းတာလုပ်ရင်ကောင်းတာခံစားရမယ် ဘုရားဟောရှိတယ် ကိုယ်လုပ်သမျှကံ ကိုယ့်ထံပြန်ရောက်မှာ .... မှန်မှန်သာချီတက်ပါ အားပေးနေပါတယ်

အိတာ said...

forget it par tea yay!

Anonymous said...

You don't need to care them! =P

Anonymous said...

ခွေးတွေ ဟောင်တိုင်းတာ ထရိုက်နေရမယ်ဆို အိပ်ရေးပျက်ပါတယ်ကွယ်။ ခွေးတွေကိုက အမြဲလိုက် ရန်ရှာနေတတ်တာလေ - - - - ။

Anonymous said...

I know who they are and where they are. I also know what they are doing there.

Anonymous said...

ထင်ယောင်ထင်မှားဖြစ်စေခြင်းတွေတဲ့တိုက်ခိုက်ခံရတာဟာကိုယ့်မှာပိုင်ဆိုင်တဲ့အားသာချက်တွေကိုမနာလိုမရှူစိမ့်နိုင်လို့ပါပဲ… ကိုယ်ရဲ့ superiority ကြောင့်ဖြစ်ပေါ်လာတဲ့အရာလို့ နားလည်လက်ခံပါတယ်….
ဘယ်လိုဘဲဖြစ်ဖြစ် ၁၀၀၁ မှာအရေးခံရတဲ့လူတွေအားလုံးကိုယ့်ထက် inferior ဖြစ်တဲ့သူကို နားလည်စွာ အကောင်း ဖက်က တွေးပေးပြီး ဂုဏ်ယူလိုက်ပါ…..

Anonymous said...

တီးရေ

တီးရဲံ စိတ်ဓါတ်ကိုတော့ အရမ်းလေးစားသွားပြီ ဒီလိုပဲဖြစ်ရမယ်
အမေစုကို အဖွားတစ်ယောက်ပြောဘူးတဲ့ စကားရှိတယ် သတင်းစာထဲမှာ အမေစုကို ယောက်ျား ၄ယောက်ယူထားသူလို့ ပုတ်ခတ်တော့ အဲဒီအဖွားက ပြန်ဖြေတယ်တဲ့ ငါမှာသာ သူလိုအရည်အချင်း ရှိရင် ငါလဲ ၄ယောက်လောက်တော့ ယူလို့ရတယ်တဲ့
အခုလဲ ဒီလိုပါပဲ တီးမှာ အရည်အချင်းရှိလို့ ဒီလို ပုတ်ခတ်ခံရတာ ကျွန်တော်တောင် တီးလို ပုတ်ခတ်ခံချင်သေးတယ်

Bravo Tea! Go straight!

Tea said...

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်လည်း ဘာမှ မဖြစ်သွားပါဘူး။
နည်းနည်းလေး ရှင်းပြချင်လို့ ပိုစ့်လေး တစ်ခုရေးလိုက်တာပါ။

ဘာတွေပဲ ဖြစ်နေပါစေ။ ကျွန်တော်ကတော့ ကိုယ့်ယုံကြည်ချက်အတွက် ဆက်လက် ရှင်သန်သွားမှာပါ။

ခင်မင်လေးစားလျှက်

ကိုရင်နော်ခင်လေးငယ် said...

အကျိုးလိုလို့ ညောင်ရေ သွန်းခြင်း မဟုတ်တဲ့
စေတနာ အကျိုး ကို.......
မှန်ကန်တဲ့ စေတနာ ထားရှိသူတိုင်း
ခံစားနိုင်မှာပါ ။