Photobucket

Sunday, June 8, 2008

ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ် - အမှတ်စဉ်(၁)

ဟုတ်ကဲ့ပါ။ ဒီအစီအစဉ်လေးက ဒီအပတ်မှ စတာပါ။ အစီအစဉ်လေးရဲ့ အကြောင်းကိုလည်း ရှင်းပြပါမယ်။ ကျွန်တော်က ကျွန်တော့်အိမ်က လခ့်ချိတ်ထားတဲ့ ဘလောခ့်တွေအားလုံး တော်တော်များများကို သွားရောက်လည်ပတ်ပြီး စာဖတ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖတ်နေတုန်း ကြိုက်နှစ်သက်လာလေးတွေ၊ စိတ်ဝင်စားစရာလေးတွေ၊ ရှိရင် ကျွန်တော်က ဤ စွယ်စုံဂျာနယ်လေးမှာ ပြန်လည် အမြည်း အနေနှင့် ပြန်လည် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ လခ့်တွေ တစ်ဆင့်ပြန် ချိတ်ပေးထားပြီး ထိုဘလောခ့်ဂါတွေဆီကို ပြန်လည် အလွယ်တကူ သွားရောက်နိုင်ရန် အတွက် စီစဉ်ပေးထားပါသည်။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်ပါမည်။
ပုံမှန် ၁၀ခုမှ ၁၅ခုအတွင်း ပါဝင်မည်ဖြစ်ပါသည်။ တစ်ခုစီတိုင်းသည် ဘလောခ့်ဂါ တစ်ယောက်စီမှ ပိုစ့်များဖြင့် ပြန်ချိတ်ပေးထားပါသည်။ ဖော်ပြပေးထားသော အရာများသည် ယခု ဂျာနယ်ရေးသော နေ့နှင့် ရှေ့၅ရက်မှ ၁ပတ်အတွင်းရှိ ပိုစ့်အသစ်များ ဖြစ်ပါသည်။ အဟောင်းများ မပါပါခင်မျာ။ အားလုံးပဲ နှစ်သက်ကြလိမ့်မည်လို့ ယုံကြည်ပါသည်။




ကိုမင်းယွန်းသစ်၏ အချစ်ဆိုတာဘာလဲ
ကိုမင်းယွန်းသစ်ကနေ အချစ်ဆိုတာကို ဖွင့်ဆိုရခက်တယ်တဲ့။ သူကတော့ အချစ်ကို တန်းဖိုးထားပါတယ်တဲ့။ အချစ်ဆိုတာဘာလဲ ကို လူတွေကို လိုက်မေးကြည့်ပါတယ်။ အခုလဲ ဤပိုစ့်ကလေးမှာ ကိုမင်းယွန်းသစ်က တစ်ခြား ဘလောခ့်ဂါ ၁၀ယောက်ကျော်ကို မေးလို့ ရထားတဲ့ ခံစားချက်လေးတွေကို ပါဝင် ဖွဲ့စည်းပေးထားပါတယ်။ သွားလေ့လာနိုင်သည်။

ကိုဟန်သစ်ငြိမ်၏ Blogger တို့၏ Burglish များ (၁)
ကိုဟန်သစ်ငြိမ်က ကျွန်တော်တို့ ဘလောခ့်ဂါတွေရဲ့ ဘလောခ့်လောကမှာ ဘားဂလိပ်တွေရဲ့ ဖြစ်ပုံပျက်ပုံ တွေကို ဟာသဥာဏ်နှောကာ စာဖွဲ့သီကုံးထားပါတယ်။ ဘလောခ့်ဂါများစွာကို ပါဝင်ရေးဖွဲ့ထားတာကို တွေ့ရပါသည်။ သွားရောက် လေ့လာနိုင်ပါသည်။

ကိုကလိုစေထူးရဲ့ ဒီအချိန်မှာ သီချင်း
ကိုကလိုစေထူးကနေ မုန်တိုင်းအကြာင်း ၀မ်းနည်းစွာ ခံစားရသဖြင့် စိတ်ကူးထဲက စာသားလေးတွေကို ချရေးကြည့်ရင်း တမ်းချင်းလေး ဖြစ်သွားတာပါ။ အဖြစ်အပျက်တွေကို ရင်ထဲမှ ခံစားသီဆိုထားလို့ နားထောင်လို့ကောင်းပါသည်။ သွားရောက်နားဆင်နိုင်ပါသည်။

ကိုစိုင်းခမ်းထွန်း ၏ အဖေ ကဗျာ
အဖေနဲ့ ဟိုးအဝေးတစ်နေရာမှာ ရောက်နေတဲ့ ကိုစိုင်းထွန်းကနေ June 13 တွင် ကျရောက်မည့် သူ့မွေးနေ့ ကို ရည်စူးပြီး အဖေရဲ့ ကျေးဇူးတွေ၊ မေတ္တာတွေ အကြင်နာတွေ အကြောင်းကို ဂုဏ်ပြု ရေးစပ်ထားသည့် ကဗျာတစ်ပုဒ်ပါ။ သွားရောက် ခံစားကြည့်နိုင်သည်။

ကိုပုတီးကိုးရဲ့ ပြည့်သူ့တပ်မတော် စစ်စစ်ကို မျှော်ပါသည်
ဒီဆောင်းပါးလေးထဲမှာ ကိုပုတီးကိုးက ကျွန်တော်နဲ့ ကိုအော်ပိုးဇစ်မျက်လုံးတို့ ချက်ထားတဲ့ ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ ကို ဖတ်ပြီး ရင်ထဲမှာ ရတနာတွေ ကို မျှဝေထားတာပါ။ တစ်ခါမှ နိုင်ငံရေးတွေမှာ ၀င်မပြောပေမယ့် ဒီတစ်ခါတော့ အဲ့ဒါတွေကို ဖတ်ပြီး ဆောင်းပါးလေးနဲ့ ပြောချင်ပါတယ်တဲ့။ သွားရောက် ခံစားနိုင်ပါသည်။

ကိုမိုးပြေး၏ ပန်းတစ်ပွင့်၏ရပ်တည်မှုများ
ကိုမိုးပြေးက ခံစားချက်လေးတွေ တစ်ချို့ကို ပန်းတစ်ပွင့်တွေနှင့် အကြိမ်ကြိမ်နှိုင်းဆိုထားပြီး ရည်းစားစကား ပြောသယောင် ကဗျာတိုလေးတစ်ပုဒ်ပါ။ တိုတိုလေးနှင့် ထိထိမိမိရှိသော ကဗျာလေးကို ခံစားနိုင်ပါသည်။

ကိုလူမော်ရဲ့ အိုင်ကျူ
ကိုလူမော်က ဦးသန်းရွှေကြီးနဲ့ မဲအကြောင်း ကို ဟာသဥာဏ်လေးနှောပြီး ရေးစပ်ထားတာပါ။ သွားရောက် ခံစားကြည့်မှ သိပါလိမ့်မယ်။ ဟာသဆိုတော့ ကြားက ဖြတ်မပြောချင်ဘူး။ :)

ဒဏ္ဍာရီည၏ ရယ်စရာလေးပါ
မဒဏ္ဍာရီက ရယ်ဖို့ကောင်းတဲ့ YouTube က ဗီဒီယိုလေးတစ်ခုကို ပြန် Share ပေးထားတာပါ။ ဗီဒီယိုလေးထဲမှာ ကလေးလေးက သူ့မွေးနေ့မှာ ဆုတောင်းခဲ့တယ်။ အရုပ်လေးတွေ အသက်ဝင်လာဖို့၊ တကယ်တမ်း အရုပ်ကလေးတွေ အသက်ဝင်လာတော့ အင်မတန်မှ ရယ်ဖို့ကောင်းတဲ့ အရာတွေ ဖြစ်လာပါတယ်။ သွားရောက် ခံစားကြည့်နိုင်သည်။

ကိုအသဲပြတိုက်၏ နာဂစ်မွှေသမျှ ပွေရတဲ့ ဘ၀တွေ
မြနှင်းအေးကနေ တွေ့ဆုံးမေးမြန်းထားတဲ့ အင်တာဗျူးလေးပါ။ အင်တာဗျူးထဲမှာ ကလေးမလေးတစ်ယောက်က သူ့ဘ၀ကို နာဂစ်တိုက်ခိုက်မှုကြောင့် ကြုံတွေ့နေရသော အဖြစ်အပျက်တွေကို ပြောပြထားပါတယ်။ အရမ်းသနားဖို့ကောင်းပါတယ်။ သွားရောက် ဖတ်ရှုနိုင်ပါသည်။

ကိုမောင်မျိုး(ရင်တွင်းဖြစ်) ၏ ဆီမီးခွက်ကလေး
တစ်ကိုယ်တည်း ကဗျာဆန်ဆန် စကားတွေပြောနေသလို ရေးထားတဲ့ ရင်တွင်းဖြစ် တစ်ခုပါ။ အနားတစ်ခုကို လိုချင်နေပြီး စိတ်ထဲမှာ အရမ်းပူလောင်နေတယ်။ ဆက်လက် ခံစားကြည့်ပါ။

ရွှေပြည်သူ၏ ကျေနပ်တယ်
မရွှေပြည်သူက သူ့ချစ်သူအတွက် ဘာမဆို ကျေနပ်ပါတယ်တဲ့။ အဲ့ဒီအကြောင်းကို သူမက သီကုံးဖွဲ့ဆိုထားပြီး ကဗျာကောင်းလေး တစ်ပုဒ် ရေးစပ်ထားပါတယ်။ သူဘယ်လို ကျေနပ်လဲ ဆိုတာတော့ သွားရောက် ဖတ်ရှုနိုင်ပါသည်။

ပန်းခရေ၏ မေတ္တာကဗျာ
ပန်းခရေက ပြောတယ်။ ဤကဗျာလေးက ဖခင်တစ်ယောက်၏ မေတ္တာကို ဖော်ပြထားတာပါတဲ့။ အစ်ကိုတစ်ယောက်ရဲ့ ကဗျာပါတဲ့။ ဖခင်မေတ္တာကို ငတ်မွတ်သိပ်နေလို့ အရမ်းကြိုက်လို့ တင်ထားပေးတာပါတဲ့။ သွားရောက် ခံစားနိုင်ပါသည်။

ကိုအောင်သာငယ်၏ သူပုန်တယောက်ရဲ့ဒိုင်ယာရီ အပိုင်း-၁ နှင့် အပိုင်း-၂
ကိုအောင်သာငယ်က အင်မတန် ကြေကွဲစရာကောင်းတဲ့ သူပိုင်တစ်ယောက် ရဲ့ ဒိုယာရီကို အပိုင်း တွေ နှင့် တင်ဆက်ပေးနေတာပါ။ ကဗျာလေးတွေ စီစီရီရီ ပါပြီး ကြေကွဲစရာလေးတွေနဲ့ ခံစားဖတ်ရှုနိုင်ပါသည်။

ကိုမင်းတစေ၏ ဧရာမြေမှ စာအံသံ
နိဒါန်းမှာကထဲက ကိုမင်းတစေကနေ ကြေကွဲစရာ အဖြစ်အပျက်လေးကို ပုံဖော်ထားတာကို တွေ့ရပါတယ်။ အဖြစ်အပျက်လေးတွေကို ပြောပြလိုက် ကဗျာလေးတွေကို စပ်လိုက်နဲ့ ကြေကွဲစရာတွေကို စာဖွဲ့သီကုံးထားပြီး ဧရာဝတီမှ အကြောင်းတွေကို တင်ပြထားပါသည်။ ဖတ်ရှုကြေကွဲနိုင်ပါသည်။

အိမ်မက်သစ်၏ ကျွန်တော်နှင့် ခေတ်အဆက်ဆက်မှ ငွေကြေးများ (၁) (၂) (၃)
ကိုအိမ်မက်သစ်က တစ်ချိန်က အရင်ခေတ်တွေက ငွေကြေးတွေကို အပိုင်းတွေခွဲပြီး ပုံမှာ ရှင်းလင်းစွာ ပြထားတာပါ။ လေ့လာရန်အတွက် ထည့်ပေးလိုက်သည်။

Tea

9 comments:

Anonymous said...

ဒီဘလောခ့်ကလွဲရင်တခြားဟာတွေသိပ်မရောက်ဖြစ်လို့ အခုလို တကူးတကမိတ်ဆက်ပေးထားတာ သိပ်ကိုအဆင်ပြေပါတယ်။ သွားရောက်လည်ပတ်လို့ရပီ။ =P

wynn.sun said...

Great idea!!! :)

Anonymous said...

you always have nice ideas!! =P

ကိုရင်နော်ခင်လေးငယ် said...

အမြဲတမ်းကောင်းနေတဲ့ idea တွေကြောင့်
အမြဲတမ်း လာဖတ်ဖြစ်ပါတယ်...။

Anonymous said...

မောင်မောင်တီး
စွယ်စုံမှာ ပါဝင်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါ၏။ မောင်မောင်တီး အမြဲတမ်း သိပ်တော်တယ်နော်။ အကြံကောင်းလေးတွေ သိပ်ထွက်တာဘဲ။ တပည့်ခံရင်တောင် ကောင်းမလားဘဲ… ဟဲဟဲ။

Anonymous said...

တယ်မိုက်တဲ့ အိုင်ဒီယာပါလားကွယ်

Tea said...

Thanks Everyone ;)

RePublic said...

ကောင်း၏ ၊ သင့်၏ ၊ ဟုတ်၏ ၊ ဆီလျော်၏ ..IDEA ၊၊

Anonymous said...

စွယ်စုံမှာ ညွှန်ပြပေးတာ ကျေးဇူးပါဗျာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်ဒီယာလေးတစ်ခုပါ အားပေးနေပါတယ် ။