Photobucket

Sunday, June 22, 2008

သတင်း Center - 21st June 2008


မြန်မာ့သတင်းများ

နအဖ စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်နေသည်။ "တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်" ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။ [More]

မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး [More]

မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။ [More]


ဒေါ်စု မွေးနေ့မနက် တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရုံးမှာ ဒေါ်စု မွေးနေ့ပွဲ အတွက် ဆောင်ရွက် နေတဲ့ အဖွဲ့ဝင်အချို့ကို စွမ်းအားရှင်လို့ ယူဆရသူတွေက ဖမ်းဆီးသွားကြောင်း။ [More]

ကယ်ဆယ်ရေး အဖွဲ့တွေ စစ်အစိုးရ၏ ပိတ်ပင်တားဆီးမှုတွေ ကြောင့် ဒုက္ခရောက် စိတ်ရှုပ်နေကြသည်။ [More]

UN ၏ မြန်မာမုန်တိုင်းအပေါ် Funds Shortage ဖြစ်ခြင်းသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိခိုက်စေနိုင်သည်။ UN က ရဟတ်ယာဉ်များ အသုံးပြုကာ သွားရခြင်းကြောင့် ပုံမှန်ထက် အဆမတန် ကုန်ကျပါသည်။ [More]

၂၀၀၈ အမေရိကန် သမ္မတရွေးပွဲတွင် Republican ပါတီမှ John McCain ၏ ဇနီး Cindy McCain သည် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ကိစ္စများကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်။ [More]

U.N Food and Agriculture Organization, F.A.O သည် မုန်တိုင်းထိခိုက်ခံရသော လယ်သမားများ အတွက် အရေးပေါ် အကူအညီလိုသည်ဟု ဆိုကာ ပြောဆိုတောင်းခံ လိုက်သည်။ အဲ့ဒီ နေရာတွေမှာ လာမည့် မိုးရာသီ ကျရင် အမှီစိုက်ဖို့ စုစုပေါင်း ဒေါ်လာ ၈၃ မီလီယမ် ကျော် လိုအပ်သည်ဟု ဆိုသည်။ [More]



ကမ္ဘာ့သတင်းများ

Ice on Mars
မားစ်ဂြိုဟ်ပေါ်တွင် ရေခဲအစအနများ တွေ့ရှိကြောင်း နာဆာမှ ပညာရှင်များ အတည်ပြု။ ရေတွေ့ရှိခြင်းသည် သက်ရှိရင်းမြစ်အစဖြစ်။ [More]

Clinton and Obama Debt
အိုဘားမားက ကလင်တန်ဧ။် အကြွေးများ လောလောဆယ် ဆပ်ပေးရန် fund raiserများနှင့် တိုင်ပင်နေ (အတိအကျ မထုတ်ပြန်သေး)။ အပြန်အလှန်အားဖြင့် ကလင်တန်ဧ။် fund raiserများက လာမည့်ရွေးကောက်ပွဲကာလတွင် အိုဘားမားအား ထောက်ပံ့ပေးလျှင် အိုဘားမားတို့ အလုပ်တစ်ခုသက်သာကြောင်း။ [More]


Samsung’s Instinct vs. IPhone
Sprint ကုမ္မဏီမှ မိတ်ဆက်သော ဆမ်ဆောင်းဧ။် Instinct ဖုန်းမှ Cingular ကုမ္မဏီအတွက် ပေးသော Macဧ။် IPhone ကို ပြိုင်ဆိုင်မည့် ဖုန်းကောင်းတစ်လုံးဖြစ်။ IPhone ဧ။် အားနည်းချက်များကို အဓိကထား ဒီဇိုင်းဆွဲထားပြီး ဈေးနှုံးလဲ ပိုချိုသာကြောင်း။ [More]

Teacher to be fired for pressing beliefs
အမေရိကန် အိုဟိုင်းယိုးပြည်နယ်ရှိ အလယ်တန်းကျောင်းဆရာ John Freshwaterသည် Biology Evolution ကို သင်ကြားရာတွင် သင်ရိုးကို မလိုက်ဘဲ မိမိယုံကြည်ရာ ခရစ်ယာန် အယူအဆများထည့်သွင်းသင်ကြားသည့်အတွက် အလုပ်ထုတ်ခံရ။ [More]

'Big twins' tip scales
မြောက်ကာရိုလိုင်းနားပြည်နယ်တွင် စုစုပေါင်း ၂၃ ပေါင် ၁ အောင်စရှိသော အမွှာနှစ်ယောက်ဖွားမြင်။ ယောက်ျားကလေးမှာ ၁၀ ပေါင် ၁၄ အောင်စ၊ မိန်းကလေးမှာ ၁၂ ပေါင် ၃ အောင်စရှိ။ အလေးချိန်အများဆုံးမှာ ၁၉၂၇တွင် ဖွားမြင်သော ၂၇ ပေါင် ၁၂ အောင်စရှိသော အမွှာဖြစ်။ [More]

Life Auction on Ebay
ဗြိတိန်နိုင်ငံမှ Ian Usher(၄၄နှစ်)သည် သူ့ဘ၀တွင် လုပ်စရာ၊ ကိုင်စရာ၊ အသက်ရှင်စရာ အကြောင်းမရှိတော့သဖြင့် သူဧ။် အသက်အပါအ၀င် အိမ်($397,000)၊ ကား၊ အ၀တ်အစားများကို လေလံတင်လိုက်သည်။ ဒေါ်လာငါးသိန်းအထိ ရရန် ရည်ရွယ်ထားသည်ဟု သိရ [More]

Typhoon Frank in Philippines
ဇွန်လ ၂၀ ရက် မနက် ၅နာရီတွင် တနာရီ ၁၉၅မိုင်ဖြင့် တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်းဖန်ရှန်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး ၁၉ယောက်သေဆုံးပြီး လူပေါင်း ၃၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ သမ္မတသည် အမေရိကန်နိုင်ငံသို့ ၁၀ရက်ကြာ ရောက်ရှိနေမည်ဖြစ်သောကြောင့် စိုက်ပျိုးရေးဝန်ကြီးက ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။ [More]

Georgia tomatoes piles up
အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ ခရမ်းချဉ်သီးများတွင် ဆိုင်မွန်နဲလားရောဂါပိုး မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရ။ FDAမှ တိကျသော အဖြေမပေးသေးသဖြင့် လယ်သမားများ နေ့စဉ်ဒေါ်လာထောင်ပေါင်းများစွား ဆုံးရှုံးနေရ။ [More]

Paparazzo sues Woody Harrelson for $2.5 million
အော်စကာလျာထားခြင်းခံရဖူးသော သရုပ်ဆောင် Woody အား Paparazzi သတင်းသမားတဦးက လွန်ခဲ့သော ၂နှစ်က သူ့ကင်မရာဖျက်ဆီးခဲ့ဖူးပါသည်ဟု ဆိုပြီး ဒေါ်လာ၂.၅ သန်းလျော်ကြေးတောင်း တရားဆွဲဆိုလိုက်။ [More]

California economy boosted by gay marriage bonanza
University of California – Los Angeles (UCLA) မှ တင်သွင်းသော စာတမ်းတွင် ကယ်လီဖိုးနီးယားပြည်နယ်တွင် Gay Marriage ခွင့်ပြုပြီးနောက် သုံးနှစ်အတွင်း အမျိုးတူ စုံတွဲပေါင်း ငါးသောင်းခန့် လက်ထပ်ရန် ရည်ရွယ်ထားကြ။ ယင်းပြည်နယ်ရှိ စီးပွားရေးသည်လည်း ၆၈၃သန်းခန့် ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထား။ [More]

Christiano Ronaldo
မန်ယူ ကွင်းလယ်ညာတောင်ပံ ကစားသမား ရော်နယ်ဒိုကို ရီးရဲမက်ဒရစ်က စံချိန်တင် ယူရို သန်း ၁၀၀ သို့မဟုတ် ယူရို သန်း ၈၀ နှင့် ဟော်လန်ကွင်းလယ်လူ Wesley Sneijder အားပေးမည်ဟု ပြောကြားလိုက်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ပြောင်းချင်ကြောင်း ထုတ်ဖော်လိုက်။ [More]


လေးစားလျှက်
Mr. Reporter
Ms. Reporter

No comments: