Photobucket

Tuesday, April 29, 2008

NO နှင့် အားလုံးနောက်တွင် Behind the Scene


လူတွေက နိုးနိုးနိုးနိုး ဆိုပြီး တစ်နိုးထဲ နိုးနေတယ်။ ဘာကြောင့်လဲ လို့ သေချာမေးလာရင် ဘယ်လိုပြောမလဲ? လူတွေမှာ အမြင်အမျိုးမျိုးရှိ ကြမှာပါ။ ကျွန်တော့် အမြင်မှာတော့ အားလုံး ဖြစ်ပျက်နေတာ ကို အပေါ်ထောင့်တစ်နေရာ ကနေ ကျော်တက်ပြီး အကဲခတ် ကြည့်လိုက် လျှင် ကျွန်တော်တို့က အခု သူတို့ မျှားခေါ်ရာ နောက်ကို ပါနေသလိုပဲ။ သူတို့ကပြောတယ်။ အခု မေလမှာ မဲပေးကြပေါ့။ ပြီးရင် တွက်မယ်ပေါ့။ အများသဘောတူ ရင် ၂၀၁၀ ကြရင် သူတို့ရဲ့ အင်မတန်မှ ထူးခြားဆန်းကြယ် ပြီး တန်ဖိုး တစ်ပြားမှ မရှိတဲ့ စပယ်ရှယ် နိုင်ငံတကာ အဆင့်မှီ International ရွေးကောင်ပွဲ ကြီးကို ကျင်းပ ပါမယ်တဲ့။ ဒီတစ်ခါတော့ အတည်ပါတဲ့။

How they will check??
တစ်ခုရှိတယ်။ မေလကျရင် လူတွေအားလုံး တော်တော်များများ အမှားခြစ် သည်ပဲထားဦး။ မဲစစ်ရင်ရော။ ဘယ်သူတွေက ဘယ်လိုတွေ စစ်ကြမှာလဲ။ ဘာညစ်ပတ်ပြီး အဆင့်အတန်း မရှိတဲ့ အကြံအစည်တွေနဲ့ ပြည်သူတွေကို လိမ်ညာဦးမှာလဲ။ ၈၈ ရွေးကောင်ပွဲ လုပ်တုန်းထဲ က အင်မတန် သိကျပြီး အပြတ်အသတ် နိုင်ထားတဲ့ မဲကို ဘာလို့ ထပ်ကောက်ချင်တာလဲ။ ဒီတစ်ခါ မနိုင်နိုင်အောင် လုပ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီကောင်တွေ အကြောင်းလဲ သိတယ်မလား။ မကောင်းတာ ဟူသမျှကို ချိချဉ်စားသလို ပြုံးပြုံး ကြီးနဲ့ လုပ်ပြပါဆိုလဲ လုပ်နိုင်ကြတဲ့သူတွေ။ ဘာမဆို အကုန်လုပ်ရဲမှတော့။ အင်း . . . စဉ်းစားစရာ။

yes, we can vote for it!! but??
ထားပါတော့ဗျာ။ အခု ဒီမေလ ကိစ္စနဲ့ ပတ်သက် ပြီး အားလုံးက ဒီကိစ္စကို စိတ်ဝင်စားနေကြတယ်ပေါ့။ နိုင်ငံအနှံ့ ရော ပြည်တွင်းမှာရော။ ငါတို့ တော့ မဲပေးခွင့်ရှိပြီ ဆိုပြီး ဒီကောင်တွေကို အားရပါးရ ရှုံးသွားအောင် ကန့်ကွက်မဲ ပေးကြမယ်ပေါ့။ အစရှိတဲ့ ဦးတည်ချက်ပေါင်း များစွာနဲ့ အားလုံးဟာ အလုပ်တွေရှုပ်နေကြတယ်။ ဒါတွေက လည်း ကောင်းပါတယ်။ မကောင်းဘူးလို့ မပြောဘူးနော်။


wait a second!! they are what?? forgot?? BAH!
တစ်ခုတော့ ရှိတယ်။ ကျွန်တော်ကတော့ အဲ့လိုမတွေးဘူး။ ပုံမှန်တိုက်ရိုက်မကြည့်ဘူး။ သူတို့ ချပြတာ ကိုလည်း - အင်း အင်းပေါ့ ဆိုပြီး၊ ခဏလောက် အဲ့ဒီ အပြင်ကို ထွက်ပြီး အားလုံးရဲ့ အတွေးတွေ အစီအစဉ်တွေရဲ့ အပြင်ကို ခဏလောက် ထွက်ပြီး ကြည့်လိုက်တယ်။ ဒင်းတို့ နောက်က ဘာတွေ တွေးနေသလဲ။ ဘာအတွက် နဲ့ ဒါတွေကို လုပ်နေသလဲ။ ဒင်းတို့ လူမျိုး - အာဏာစည်းစိမ် ရစ်မူးနေပြီး ဘာဆိုဘာမှ မသိတော့ တာ။ နှစ်ပေါင်း ဘယ်နှစ်ဆယ်ကျော် တိုင်းပြည်ကြီးကို ချိုးဖျက် နှိမ်ကွပ်ပြီး အခုမှ လာပြီး တစ်ရေးနိုးနေတာလဲ။ ရုတ်တရက်ကြီး ၂၀၁၀ ကျရင် ရှုံးသွားလျှင် ဖယ်ပေးမယ်တဲ့လေ။ အောင်မလေး အရပ်ဆယ့်ရှစ်မျက်နှာက ပုဂ္ဂိုလ်တို့။ နတ်တွေ ဘုရားတွေ ကယ်ပါ။ ကျွန်တော်မျိုးကြီး အိမ်မက်များမက်နေလား မသိဘူးဗျာ။ အိမ်မက်က ကောင်းတော့ ကောင်းတယ်။ မွှေးသလိုလို။ ဟုတ်ကဲ့။ အားလုံးဘဲ နိုဝင်ဘာက ဒင်းတို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ တွေ၊ ဟိုး ၈လေးလုံး က ပြင်းပြင်ထန်ထန် အမဲဖြတ်တာတွေ၊ များလှစွာသော သတ်ဖြတ်မှုတွေ၊ ဒီပဲယင်း အရေးခင်း အစရှိသည့် သတ်ဖြတ်မှုတွေ၊ ဒါတွေ ဒီလို လူမလုပ်တဲ့ ကိစ္စတွေ အားလုံးကို လုပ်ပြီးသွားမှ - ရုတ်တရက်ကြီး နဂိုက ဆွဲနေဆဲ ကမ္ဘာ့အရှည်ဆုံး ဆွဲခဲ့ရသော ဂရင်းနစ် မှတ်တမ်းတင် ကွန်စတီကျူးရှင်းကြီးကို အားလုံးရှေ့ကို ထုတ်လာပြီး - ရော့၊ ဒါလေးက ဒီလိုရှိတယ်ကွယ် - ဒီအချိန်ကျရင် ဒီလိုလုပ်မယ်ကွယ် - ဘာကွဲ့ ညာကွဲ့ ဆိုပြီး ပြောချင်ရာပြော ပြီး - ရှုံးရင် ဖယ်ပေးမယ် လို့ဆိုကာ လုပ်လာတော့၊ တစ်မျိုးကြီးများ ဖြစ်မနေဘူးလားလို့။


That's how I believe!
ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒီလိုလွယ်လွယ်နဲ့တော့ ဒင်းတို့တတွေ ဆင်းမှာမဟုတ်ပါဘူးဆိုတာ။ ဆင်းချင်နေရင် အစောကြီးထဲက ဆင်းသွားပြီ။ သူတို့တတွေ ပြည်သူတွေရဲ့ ဆန္ဒကို လည်း သိပြီးသား။ ဘာမှထပ်ပြီး စိတ်အရင်းနဲ့ လုပ်ပါမယ် ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်စရာ မလိုဘူး။ တကယ်သာ စိတ်အရင်းဆိုရင် ဒါတွေတောင် အပင်ပန်းခံပြီး လုပ်မနေတော့ဘူး။ ဆင်းသွားတာကြာပြီ။


And, BEHIND THE SCENE???? huh?
ကဲ။ ဘာလို့ ဒီလိုလုပ်တာလဲ။ ဘာလို့လဲနော်။ လိုက်ကာကြီးရဲ့ နောက်ကွယ်မှာ ဒင်းတို့ ယုတ်မာနေတာ။ နည်းနည်း သူတို့တွေးနေတာတွေ ကျွန်တော် တွေးပြမယ်။ ကြည့်ထား။ - - -

ဟဲဟဲ ဒီကောင်တွေ ဒီလူတွေ တစ်ကမ္ဘာလုံးက အခု ငါတို့ကိုတော့ ခဏမေ့နေကြပီကွ၊ Pressure
တွေ ဘာရှာတွေလဲ ငြိမ်လို့၊ ဟိုအမေရိကန် အကောင်ဆိုရင် သိပ်တောင် မပြောအားတော့ဘူး။
ကုလသမဂ္ဂ ဆိုတဲ့ ဘဲကြီးတွေလဲ အဟုတ်မှတ်လို့၊ ငြိမ်လို့။ အဲ့၊ အခု ဒီတိုင်းပြည်ထဲက
ကောင်တွေ ထတုံးကြွတုံးက ပုတ်ချ သတ်ဖြတ်ပြီးပြီကွ။ ဒီကောင်တွေ တော်တော်နဲ့ ထရဲ မှာလဲ
မဟုတ်ဘူး။ ခေါင်းဆောင်တွေ တော်တော်များများလဲ ချုပ်ပြီးထားပြီ။ ရှင်းလို့။
တိုင်းပြည်ကြီး အေးချမ်းလို့။ ပြည်ပက လတတွေလဲ အခု မဲပေးကြမယ်ဆိုပြီး အလုပ်ရှုပ်လို့။
ဟို ငါ့အဖေ China ရဲ့ Olympic ကြီးကို လဲ အရင်ကလောက် သွားပြီး ပြဿနာ မရှာတော့ဘူး။
တရုတ်က ဘာညာဆိုပြီး လဲ သိပ်မလုပ်တော့ဘူး။ တစ်ကမ္ဘာလုံး ငါတို့အပေါ်ထားနေတဲ့ Presurre
တွေကို တတ်နိုင်သလောက် မျှူဆွယ်ပြီး လျှော့ချထားမှ တော်ကာကျမှာ။ တော်ကြာ
ဖိအားတွေအရမ်းများလို့ အာဆီယံတွေပါ မတတ်နိုင်ဘဲ ပါကုန်ရင်ဒုက္ခ။ အင်းလေ။
စမ်းကြည့်တာပေါ့။ ကျားကွက်တွေ ရွှေ့ကြတာပေါ့။ ၀ါးဟားဟား ၀ါးဟားဟား။

- - -


Will you enjoy what they entertain? WIL YOU??

ဟဲဟဲ - အားလုံးပဲ ကျွန်တော်ပြောချင်တာ ပေါက်ကြမယ်လို့ ထင်ပါတယ်။ ဟုတ်တယ်လေ။ နေ့တိုင်း ပဲကုလားဟင်း ကြီးပဲ စားနေရင် မရိုးဘူးလား၊ ရောင်းရင်းတို့ - အမေက နေ့တိုင်း ပဲကုလားဟင်းတွေကြီးပဲ ချက်ကျွေးနေရာက ရုတ်တရက်ကြီး ဒန်ပေါက်လာကျွေးတော့ စားလို့ကောင်းလိုက်လေချင်း။ အရသာကို ရှိလို့။ အခုလဲဒီလိုဘဲ။ အားလုံးကို မရိုးရအောင် ဒင်းတို့က နည်းမျိုးစုံနဲ့ ဆက်လက်ပြီး တင်ဆက်ဖျော်ဖြေနေဦးမှာ အမှန်ပါ။ ကဲရော့ - စားဦး ဒန်ပေါက်၊ စားစားစား။။။ ရိုးပီလား.. ရမယ်.. ရော့ ကြက်ဆီထမင်း.. စားစားစား.. ရိုးပြီလား .. လာလေရော့ မုန့်ဟင်းခါးနှင့်ဘူးသီးကြော်။ စားဦး အ၀စား။ ပြီးရင် နန်းကြီးသုတ်က အဆင်သင့်ပဲ။


Don't worry!!
စိတ်မပူပါနဲ့။ သူတို့မှာလဲ သူတို့ အစီအစဉ်တွေနဲ့ ရှိနေပြီးသားလို့ ကျွန်တော်က ရဲရဲကြီး အာမခံရဲပါတယ်။ အားလုံး ဒီအရာတစ်ခုထဲကို ပေါင်းပြီး အပူပေးနေရင် တစ်ချိန်ချိန် Pressure တွေအရမ်း များလို့ တစ်ကမ္ဘာလုံး မနေနိုင်ဘဲ ပါလာကြရင်၊ ရှုပ်ရချည့်ရဲ့ဆိုပြီး - အချိန်မနှောင်းခင် ဟင်းပြောင်းလိုက်ဦးမှ ဆိုပြီး အခုတော့ မေလ မဲပေးခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ယနေ့ အထူးဟင်းလျှာကို တင်ဆက်နေတာ ဖြစ်ပါတယ်။ သိတယ်မှတ်လား အားလုံးက ဟင်းအသစ်ဆိုတော့။ ဟဲဟဲ။


တစ်ကယ်တော့ ရှင်းရှင်းလေးပါ။
တစ်ကယ်တော့လေ။ တွေးကြည့်ရင် ရှင်းရှင်းလေးပါ။ သူတို့မှာ က လက်နက်အပြည့်အစုံနဲ့။ အခု မေလမှာ နိုးအဖွဲ့က နိုင်တယ်ဘဲထားဦး။ ကဲ - ပြည်သူတို့ ရက်စ် အဖွဲ့က နိုင်ပါတယ်ဆိုတော့ရော။ အားလုံး ဘာတတ်နိုင်မှာလဲ။ အားလုံးကတော့ ထားပါတော့လေ။ ၂၀၁၀ မှာတွေ့ကြတာပေါ့ဆိုပြီး တင်းလိုက်ကြမှာပါ။ ထားပါဦး။ ဒီလိုနဲ့ ၂နှစ် ထပ်ပြီး စောင့်ကြပေါ့ဗျာ။ ဒီကြားထဲမှာလဲ ကြားဖြတ် ဟင်းလျှာ အမြည်းကလေးတွေ အချိုပွဲလေးတွေ ၀င်ဥိးမှာပေါ့။ ၂၀၁၀ ရောက်တော့၊ ကဲ ပြည်သူတွေနိုင်သွားပြီပဲ ထားပါဦး။ ဟေ့ကောင်တွေ - ဒီမှာကြည့်စမ်း ငါတို့တွေ ဦးနှောက်ဆေး brainwash လုပ်ထားတဲ့ လက်နက်ကိုင်စစ်သားတွေ အဆင့်သင့်။ အေးဆေးအိမ်ပြန်။ မဟုတ်ရင် တွယ်ပလိုက်မယ်။ ထောင်ထဲပို့ပြီး လေယဉ်ပျံကြီး စီးခိုင်းလိုက်ရ။ ဆွေမျိုးမေ့သွားမယ်။ ဒါက အဖြေ ၁ ပါ။ အဖြေ ၂ ကတော့။ အရှက်မရှိတဲ့ မျက်နှာကြီးတွေနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွဲ့ဖြိုးရေး အဖွဲ့ က ၆ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိသွားပါတယ် ဆိုပြီး ဗြောင်လိမ်ရင်ရော။ ဟဲဟဲ။ အားလုံးဘာလုပ်ကြမလဲ။

အရှင်းဆုံးက တစ်ခုပဲရှိတယ်။ ဒင်းတို့ကတော့ တတ်နိုင်သရွေ့ အတတ်နိုင်ဆုံး အချိန်ဆွဲကာ ဟင်းမျိုးစုံ နဲ့ တည်ခင်း ကျွေးမွေးမှာ ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးတင်မက တိုင်းပြည်ထဲက လူတွေ။ ပြည်ပရောက် အင်အားစုတွေ။ ကမ္ဘာပေါ်က မြန်မာကို အကဲခတ်နေတဲ့သူတွ အားလုံး - သူတို့ ကျွေးတာကို မရိုးတမ်။ လိုက်စားနေရင် . . စားရင်း စောင့်ရင်း.. စောင့်ရင်း စားရင်းနဲ့ ... နောက်ဆုံးကျတော့ - ဒုံရင်းက ဒုံရင်းပဲ ဆိုရင်၊ တဖြေးဖြေး လူတွေ အသိတွေ စဉ်းစားတာတွေ တိုင်းပြည်ထဲ မှာ ပညာရေး အချိုးဖြတ်ခံရလို့ နောင်လာနောင်သားတွေ အသိဝေးသွားရင် ... ကမ္ဘာကြီးသွေးပူနေတုန်း နိုဝင်ဘာကိစ္စနဲ့ မြန်မာပြည်ကို စိတ်ဝင်စားနေတုန်း .. အခုလို အားလုံး က ငြိမ်သက်ပြီး သူတို့ကျွေးတဲ့ ဟင်းတွေ ထိုင်မြည်းနေရင်.. ရင်... ရင်.. ရင်... ရင်....


What I want to say is -
အချိန်က အလွန်မြန်ပါတယ်။ အားလုံး အသက်တွေ ကြီးကြီးလာပြီ။ ဒေါ်စုလည်း အိုလာပြီ။ ခေါင်းဆောင်မယ့် ခေါင်းဆာင်တွေလည်း တိုင်းပြည်ကြီးက မမွေးထုတ်ပေးနိုင်တော့ရင် ... အားလုံး အချိန်ဆိုတဲ့ စက်ယန္တရား ကြီးအောက်မှာ လမ်းလျှောက်နေကြရင်း ... အားလုံး .. အဆုံးကျ တော့ ဒုံရင်း ဆိုရင်...

ဒီ NO VOTE တွေ VOTE NO အစရှိတဲ့ သူတို့ ခဏတာ ကျွေးနေတယ့် ဟင်းအသစ်တွေ ခဏမေ့ထားပြီး။ ခဏလောက် စဉ်းစားကြပါ။ အချိန်တွေကုန်သွားလို့ လူတွေ အားလုံး အိုသွားကြရင် ...ကျွန်တော်တို့ ခင်ဗျားတို့ ချစ်တဲ့ မြန်မာပြည်ကြီး ဘယ် အခြေအနေထိ အသက်ရှင်နိုင်ဦးမှာလဲ။ ကမ္ဘာအလယ်မှာ ဘယ်အချိန်ထိ အနှိမ်ခံနေရဦးမှာ လဲ။ အားလုံး ဒီလိုပဲ ဆက်ဖြစ်ပျက်နေရင်.. ဘာတွေဖြစ်လာဦးမှာလဲ။။

အစရှိတဲ့ မေးခွန်းပေါင်းများစွားနှင့် ရင်ထဲ အဖြေရှာမရ ဖြစ်နေသော
Tea


မှတ်ချက်။ လောလောဆယ်တော့ သူတို့ကျွေးတဲ့ ဟင်းကို စားရင်း မေလအတွက် စမ်းကြည့်ဦးပေါ့။ ကျွန်တော် အထက်မှာ ပြောခဲ့တာတွေက အားလုံးကို အပြင်ကထွက်ပြီး စဉ်းစားကြည့်တာပါ။ လောလောဆယ် ဘာမှ မတတ်နိုင်မဲ့အတူတူ - ကြက်ခြေခတ် ခြစ်ကြည့်ဦးပေါ့။ တစ်ဖက်ကလဲ ဒါကြီးကို ပဲ အားကိုးနေပြီး စဉ်းစားစရာတွေ လုပ်စရာတွေ.. မေ့နေကြမှာစိုးလို့ ကျွန်တော်က အားလုံးကို သတိပေးလိုက်တာပါ။


တစ်ခုတော့ မှတ်ထား... BEHIND THE SCENE!!!

ဆက်ဖတ်ရန်...(To Continue)

Monday, April 28, 2008

A Cool Song (3) US 2008 နာမည်အကြီးဆုံး Don't Stop the Music -By Rihanna


Rihanna ကတော့ ပြောရရင် တော်တော် လေး နာမည်ကြီးနေတဲ့ အဆိုတော်ဖြစ်နေတယ်။ သူမသီချင်း တွေက နေရာယူရင် ထိပ်ဆုံးကို ပဲ ရောက်ရောက်နေတယ်။ အခုလဲ Don't Stop the Music ဆိုတဲ့ သီချင်းလေး က ထိပ်ဆုံး မှာ ရောက်နေပြန်ပြီ။ YouTube မှာဆိုရင် သန်း ၅၀ကျော်ရှိပြီ။ တစ်ခြားအခွဲအပုဒ် တွေဆိုရင်လည်း ၂သန်း ၃ သန်း ၄သန်း ဆိုပြီး ပြန့်ကျက်နေတယ်။ အကုန်ပေါင်းလိုက်ရင်တော့ သန်း ၈၀ သန်း ၉၀ ထဲ ပြေးမလွတ်ဘူး။

အခုလည်း United States, Australia, Belgian, Brazil, Netherland, European Union, Euro, France, Germany, Hungarian, MExico, Slovak, Spain, Swizterland, Thailand နှင့် Turkey နိုင်ငံတွေမှာ နံပါတ် ၁ ဆိုတဲ့ ထိပ်ဆုံးနေရာ ကနေ ဦးစီးပြီး ၂၀၀၇-၂၀၀၈ Chart စာရင်းမှာ ဦးဆောင်နေပါတယ်။

အခုတော့ အောက်မှာ MTV လေးကို ပဲ ဖော်ပြပေးလိုက်ပါတယ်။ YouTube ကပါ။ သူ့ MTV တော့ ကျွန်တော် သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် သီချင်းလေး က အရမ်း မြူးတယ်ဗျ။ ကောင်းမှကောင်း - တစ်ကိုယ်တည်း ကားမောင်း နေရင်ပဲ ဖြစ်ဖြစ်၊ ကလပ်မှာ သွား က လျှင်ပဲဖြစ်ဖြစ်၊ ပျင်းနေရင် အထီးကျန်နေရင်၊ စိတ်ဆင်းရဲနေရင် ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် - ကောင်းမှကောင်း.. တော်တော်တော့ မြူးတယ်ဗျ။ နံပါတ် ၁ ကနေ နိုင်ငံတော်တော်များများမှာ ဗိုလ်ဆွဲနေတယ်ဆိုတော့ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။

အသံကို အကျယ်ဆုံး မြှင့်လိုက်ပါ။

တတ်နိုင်သလောက် အပြင်းဆုံး ကျယ်ပြီး နားထောင်ရင် ပိုကောင်းပါတယ်။ ကျွန်တော်ကတော့ အပြင်းဆုံးတင်ပြီး နားထောင်တယ်။ NOW!!! နားဆင်ကြကုန်။ ကခုန်ကြကုန်။

YouTube MTV


Lyric - စာသားဖတ်ရှုရန် - ဒီကိုနှိပ်ပါ။

လာလည်သူအပေါင်း ပျော်ရွှင်ကြကုန်။
Tea

ဆက်ဖတ်ရန်...(To Continue)

Sunday, April 27, 2008

က - ကလေးငယ် ချစ်စဖွယ်

တစ်ချို့သူတွေက ကျွန်တော့်ကို ပြောတယ်။ အထူးအဆန်းတွေ လန့်စရာတွေပဲ ရှိပါသလားတဲ့။ ကျွန်တော်က ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ ဆိုပြီး ချစ်စရာတီတာတာ လေးတွေလည်း ရှိပါ့ ဆိုပြီး ဖြေလိုက်တယ်။ ဒီတစ်ခါတော့ လက်တွေ့ပြမယ် ဆိုပြီး က - ကလေးငယ် ချစ်စဖွယ် လေးတွေကို စီတန်းပြီး တင်ပြလိုက်ရပါတယ်။ ဒီကလေး တွေအားလုံးက ကျွန်တော့် ဘလော့ခ်မှာ ရှိတယ့် ဘယ်ဘက် widget အောက်ဆုံးနားက ဘလောခ့်ဂါ လစ့်ထဲမှ ကိုကြီး မကြီးတို့၏ ငယ်ငယ်တုံးက ပုံများအား တင်ထားခြင်းလို့ ယူဆပါမယ်။ ဒါကြောင့် ကျွန်တော် ကလေးများကို နာမည်တွေပေး မှာဖြစ်ပါတယ်။ :) အားလုံးထဲ မှာ ကျွန်တော် အချစ်ဆုံး ကလေးငယ်ကတော့ ဟိုးအောက်ဆုံးက ဖရဲသီး အား အားရပါးရကိုက်စားနေသော ကိုမော်စီ ဖြစ်ပါသည်။ စုစုပေါင်း ဘလောခ့်ဂါ ၁၂ ယောက်ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။


၁။ ပန်းရောင်ဦးထုပ်လေး နှင့် ချောင်းကြည့်နေတဲ့ ကောင်မလေးကတော့ မြန်မာပြည်ကို လွမ်းပါတယ် ဆိုတဲ့ မမေ ပဲဖြစ်ပါတယ်။ ချိုချဉ် ကျွေးမယ်ဆိုပြီး မမေ ကို မျှားခေါ်လာတာ။ မမေ ချောင်းကြည့်နေတုံး - ကင်မရာ ရိုက်ပလိုက်တာ ဖြစ်ပါတယ်။

၂။ သူကတော့ နွားအရေခွံ လေးဝတ်ပြီး အတွေးကမ္ဘာထဲ ပျော်မြူးနေတဲ့ Apprenticeship ပဲ ဖြစ်ပါတယ်။ ပြုံးလို့ ဖြီးလို့ပေါ့ဗျာ။ ဘာတွေစဉ်းစားနေလဲဆိုတာ တော့ မပြောပြဘူးတဲ့။ လျှို့ဝှက်ချက်တဲ့လေ။ အတင်းမေးတာ။ လုံးဝပဲတဲ့။ မပြောနိုင်ဘူးတဲ့။ သိချင်ရင်တော့ တိုက်ရိုက်တာ မေးပါရန်။

၃။ အဲ့ဒါက မမေမိုး - မနက်စောစောစီးစီး။ အိပ်ရာက ထတုန်း။ လှမ်းရိုက်လိုက်တာ။ အဲ့ဒီပုံလေးကို မိသွားတယ်။ ဦးထုပ် ဖြူဖြူ လေးကို ဆောင်းပြီး အိပ်တာပါတဲ့။ မျက်စိ နှစ်ဖက်ကတော့ မှိတ်လို့။ အိပ်ချင်နေသေးတယ် ထင်ပါတယ်။ ဟုတ်မှာပါ။ အတင်းနှိးပြီး ရိုက်လိုက်တာပါ။ ဓာတ်ပုံလိုချင်လို့။ :)

၎။ သူကတော့ ကိုတောင်ငူသား လေ။ သူ့ကောင်မလေးကို ရည်းစား စကား သွားပြောတာ - ဟိုက ပြန်ပြောလိုက်တယ်၊ နှစ်ယောက်လုံးက ငယ်ပါသေးတယ်တဲ့။ အရွယ်ရောက်မှ စဉ်းစားမယ်တဲ့။ သူကတော့ စိတ်တွေ ဆိုးပြီး မျက်နှာကြီးကို အဲ့လိုလုပ်ထားတာ။

၅။ သူကတော့ ကိုမင်းမင်း ပဲ ဖြစ်ပါတယ်။ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ ကြီးလာရင် သူ့ကောင်မလေး ကို အနမ်းပေးဖို့ ငယ်ငယ်ထဲ က ပြင်းပြင်းထန်ထန် အားကြိုးမာန်တက် လေ့ကျင့်နေတာလို့ သိရှိရပါတယ်။ နှုတ်ခမ်း တောင် တော်တော် ချွန်နေပြီ ဖြစ်ပါတယ်။ လေ့ကျင့်တာ များသွားလို့။


၆။ တစ်ခြားသူတော့ မဟုတ်ဘူး။ ကိုညမီးအိမ် ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ဒီလိုဗျ။ ပြောရမယ်ဆိုရင်တော့။ စိုးတာပေါ့ဗျာ။ လူကြီးတွေ အပြင်သွားမယ်။ ကလေးတွေ အိမ်မှာနေခဲ့လို့ ပြောလိုက်တာ။ ထကြမ်းတော့တာပဲ။ သူကပြောတယ်။ လိုက်မလို့ ရေမိုးချိုးပြီး အ၀တ်လဲတော့ မှာတဲ့။ အဆင်သင့် ပြင်နေတာ။ အဲ့လိုလုပ်လို့ စိတ်တိုသွားတာလို့ ဆိုပါတယ်။


၇။ သူကတော့ တစ်ခြားသူမဟုတ်ဘူး။ ကိုစိုင်းဝဏ ပဲဖြစ်ပါတယ်။ သူကလဲပဲ မမေကို အားကျလို့ပါတဲ့။ ဦးထုပ်အောက်ကို ၀င်ပြီး ပဲထုတ်နေတာပါ။ မျက်နှာကိုတော့ ချစ်စရာကောင်းအောင် မရယ်မပြုံးပဲ ရယ်တော့မည့် ဟန် ဖြစ်အောင် သရုပ်ဆောင်ထားပါတယ်တဲ့ဗျာ။

၈။ သူ့နာမည်က မင်းကျန်စစ် တဲ့။ ဘာကိစ္စနှင့် ပြဿနာ တက်နေသလဲ ဆိုတာကို ကျွန်တော်တို့ စုံစမ်းဆဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာ ကတော့ ကောင်မလေး တစ်ယောက်ကြောင့်လို့ ယူဆ ထားပါတယ်။ တော်ကြာမှ ဆုံးမရဦးမယ် - ဆေးလိပ်သောက်လို့။ :D

၉။ မညောင်းတမ်း မျက်နှာ သုတ်ပါဝါ အောက် မှာနေပြီး မျက်စိ မှိတ်မှတ် ပြနေတဲ့ သူကတော့ ကိုငြိမ်းစု ပဲဖြစ်ပါတယ်။ ရပ်ပါတော့ လို့ ပြောတာ ပြောလို့ကို မရဘူး။


၁၀။ သူ့နာမည်က ကိုစိုးထက် တဲ့။ သူက ငယ်ငယ်တုံးက တော်တော်စိုးတယ်တဲ့။ ဒါကြောင့် အမြင်ကတ်ကတ်နဲ့ သူ့ကို သူ့အမကြီးက ဟန်ဘာဂါ လုပ်ပြီး စားမလို့တဲ့။ တော်တော်တောင် တားယူလိုက်ရတယ်။


၁၁။ ဗိုက်ဆာတယ် ဆိုပြီး မီးဖိုချောင်ထဲ ၀င်ကာ ကြုံရာ ကိုက်စားနေသော ကိုမော်စီ ဆိုတဲ့ တီတာတာ ကတော့ သူပဲဖြစ်ပါတယ်။ အဲ့ဒါက စားတာ ၅ခု မြောက်တဲ့။ အစားကပုတ် တယ်။ ငယ်ငယ်ထဲက။


၁၂။ သူကတော့ ကိုနတ်ရှင်နောင် ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကြည့်ပါဦး။ မော့တတ်နေပြီ။ နို့ဘူး အစား အဲ့ဒါတွေကို သုံးဆောင်တာ သိပ်မိုက်ပါတယ် တဲ့ဗျာ။ အယ်.. ခြေထောက်ကလေး နဲ့ မော့ရတာ ကိုမှ ပိုပြီး အရသာ ရှိပါတယ်တဲ့။



အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
Tea

အပိုင်း ၂ လာပါဦးမည်။ နောက် တစ်ခြား ဘလောခ့်ဂါတွေဖြစ်သည်။ ပါဝင်ချင်သူများ ကြိုတင်စာရင်းသွင်း ထားနိုင်ပြီ။

မှတ်ချက်။ ဖတ်လို့ကောင်းအောင် ဘလောခ့်ဂါ ၁၂ယောက်အား ထည့်သွင်း လိုက်ခြင်းပါ။ ဓာတ်ပုံတွေကိုတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ကျွန်တော့် ဘလောခ့်မှာ တင်ဖို့ဆိုပြီး ပို့ထားတာပါ။ သူမရဲ့ ရှာဖွေမှုတွေပါ။ ခေါင်းစဉ်တွေ နာမည်ပေးတဲ့နေရာမှာ အထူးအဆန်းဖြစ်သွားစေတဲ့ သရုပ်ဆောင်ထား ကြသော ကိုကိုတို့ မမတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။

ဆက်ဖတ်ရန်...(To Continue)

ခွေးတစ်ကောင်မှ လူလိုလို ခွေးလိုလို အကောင် မွေးဖွားခြင်း

ကျွန်တော့် ကောလိပ်မှ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ထံ မေးပို့လာတာ။ လွန်ခဲ့သော ၅လလောက်က။ စိတ်ဝင်စားစရာ ကောင်းလို့ သတိရပြီး အားလုံးနှင့် ပြန်မျှဝေတာပါ။ ထို ဓာတ်ပုံတွေ မြင်ပြီး လောက ကြီးက လူတစ်ချို့ တတွေ တော်တော် မုန်းဖို့ကောင်းမှန်း သိမှာပါ။

အောက်မှာပုံတွေ ပါပါတယ်။ ပုံထဲမှာတော့ ခွေးမ တစ်ကောင်ကနေ မွေးဖွားရာမှာ ခွေးကလေး တွေနှင့် အတူ တစ်ခါတည်း လူတစ်ဝက် ခွေးတစ်ဝက် အကောင်တစ်ကောင်ပါ မွေးဖွားလာတာပါ။ လက်တွေ့နည်းပညာ များအရတော့ အထူးအဆန်းတစ်ခုပေါ့ဗျာ။ ထိုသို့ကိစ္စ ဖြစ်လာခြင်းမှာ လူ အထီး တစ်ယောက်မှ ထို ခွေး အမ အား မဖွယ်မရာ အပြုအမူကို မိုက်ရိုင်း ယုတ်မာ စွာ ရက်ရက်စက်စက် ပြုမူခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ပြုခြင်းသည် တိရိစ္စာန်များ အား
စော်ကားခြင်း လည်း ဖြစ်ပါသည်။ ထို့အပြင် ပေါက်ဖွားလာသော သက်ရှိသတ္တ၀ါ အဖို့ ဟိုမရောက် ဒီမရောက် အဆင့်တွင် ရောက်ရှိစေခြင်းဖြင့် အခက်အခဲ အလွန်ဖြစ်စေမည့် အပြင် ငရဲလားမည်သာ ဖြစ်ပါသည်။ အားလုံးဘဲ ဓာတ်ပုံများအား လေ့လာပြီး အကဲဖြတ်ကြကုန်။ မေတ္တာပို့ကြလော့။








တိရစ္စာန်များ အား ချစ်မြတ်နိုးပါလော့။ ဤကမ္ဘာ ကြီး အား သက်ရှိသတ္တ၀ါတိုင်း အတူပိုင်ဆိုင် ပါသည်။ လူသား အချင်းချင်း ရော တိရိစ္စာန်များပါ မကျန် ဒုက္ခရောက်စေသည့် အပြုအမူများ အား အထူး ရှောင်ကြဉ်သင့်ပါသည်။
Give places to the animals! They also own this world.
Tea

ဆက်ဖတ်ရန်...(To Continue)

ကျွန်တော့် သူငယ်ချင်းပြောသော သူ့ သူငယ်ချင်း၏ ခွင့်လွှတ်ခြင်း


ကျွန်တော်တို့ ပြောလေ့ ပြောထရှိကြတယ်။..ဒီကောင်ကတော့ ခွင့်မလွှတ်နိုင်တဲ့အလုပ်ကိုလုပ်သွားတယ် တို့ ၊ ဒီကိစ္စကတော့ ခွင့်မလွှတ်နိုင်တဲ့ကိစ္စ တို့ ၊ ပြောကြတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရင်များသောအားဖြင့် ကိုယ်ခွင့်မလွှတ်နိုင်တဲ့သူတွေဟာ ကိုယ်အရမ်းခင်တဲ့ မိတ်ဆွေ၊သူငယ်ချင်း (သို့ ) ကိုယ်ချစ်တဲ့သူတွေဖြစ်နေတတ်ကြတယ်။


အဲ့ဒါ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ က သူတို့ တွေ မျှော်လင့်ချက်တွေထားတတ်ကြတယ်။...ငါကတောင် သူ့ အပေါ်ဒီလောက်နားလည်တာ(များသောအားဖြင့် ကိုယ့်ထင်မြင်ချက်ဖြစ်နေတတ်ပါတယ်၊ အမှန်တော့ သူ့ ဘက်ကလည်း ကိုယ်ကသူ့ ကို နားလည်ပေးတယ်လို့ ထင်ချင်မှထင်မှာပါ။)၊သူ ကလည်း ငါ့ကို နားလည်မှာပါလေ....ငါကအမြဲတမ်းသူ့ အတွက် စဉ်းစားပေးတယ်၊ သူကလည်းငါ့အတွက်စဉ်းစားပေးမှာပါလေ...ဆိုပြီးထင်တတ်ကြတယ်။


အဲ့ဒီ အခါမှာ ကိုယ်ချစ်တဲ့သူ၊ကိုယ်အရမ်းခင်တဲ့သူငယ်ချင်းက အမှား၁ခုခု လုပ်မိတဲ့အခါ(သို့ )ကိုယ်မျှော်လင့်တဲ့အတိုင်း သူက မလုပ်တဲ့အခါ၊ ကိုယ်က သူ့ ကို ခွင့်မလွှတ်နိုင်ဖူးဆိုပြီးဖြစ်လာတတ်ကြတယ်။ များသောအားဖြင့် အမှန်တကယ်တော့ သူလုပ်မိတဲ့အမှား ဟာ ကြီးကြီးကျယ်ကျယ်မဟုတ်တတ်ပါဘူး။ ကိုယ်ကသာ ကိုယ်က သူ့ ကို မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူးတို့ ဘာတို့ ဖြစ်လာတာပါ။ အဲ့ဒီအခါမှာ ကိုယ်က သူ့ အမှား သေးသေးလေးကို ပုံကြီးချဲ့ သလို ဖြစ်နေတတ်ပါတယ်။


ခွင့်မလွှတ်နိုင်ဘူးရယ်လို့ ဖြစ်လာတဲ့ အခါမှာ ၂ဦး၂ဖက်အတွက်မကောင်းပါဘူး...အထူးသဖြင့်ကိုယ့်အတွက်မကောင်းပါဘူး။ ကိုယ်က ၁ယောက်ယောက်ကို ခွင့်မလွှတ်နိုင်ဘူးရယ်လို့ ဖြစ်လာတဲ့အခါမှာ၊ ခွင့်မလွှတ်နိုင်ခြင်းနောက်ဆက်တွဲအဖြစ်အမုန်းတွေဖြစ်လာပါတယ်။ အမုန်းရဲ့ နောက်ဆက်တွဲအဖြစ် ဒေါသတွေဖြစ်လာပါတယ်။ နောက် ကိုယ် နဲ့ သူ့ ရဲ့ သံယောစဉ်ကို ပါထိခိုက်လာနိုင်ပါတယ်။ တခါတလေမှာ ကလဲ့စား ပြန်ချေမယ်တို့ ဆိုတာတွေတောင်ဖြစ်လာတတ်ကြပါတယ်။


စကားပုံတောင်ရှိပါသေးတယ။်(စကားပုံဟုတ်မဟုတ်တော့မသေချာပါ၊ ရုပ်ရှင်ကားများတွင်များသောအားဖြင့်ကြားရတတ်ပါသည်။) "အချစ်ကြီးလို့ အမုန်းကြီးတယ်" တဲ့။ အချစ်မရှိရင် အမုန်းလည်းရှိနိုင်မယ်မထင်ပါဘူး။....ကလဲ့စားချေတယ်ဆိုတာကလည်း ကိုယ့်ရဲ့  တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအားတွေကိုပေးဆပ်လိုက်ရတာပါ။ ကလဲ့စားချေပြီးတဲ့အခါမှာလည်းများသောအားဖြင့် နောင်တ ပဲရတတ်ပါတယ်။ ကိုယ်ကတော့သူ့ ကို ကလဲ့စားပြန်ချေလိုက်နိုင်ပြီဆိုပြီး ကျေနပ်မှုရရှိတာ တော်တော်လေးကိုရှားပါတယ်။


ကျွန်တော်ပြောချင်တာက ကိုယ်ခွင့်မလွှတ်နိုင်ဘူးဆိုတာ ကိုယ်က သူ့ အပေါ်မှာ မျှော်လင့်ချက်တွေအများကြီးထားပြီး ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ ဖြစ်တည်ရောက်ရှိလာတဲ့အရာ၁ခုပါ။ ကျွန်တော့်အမြင်တော့ ခွင့်လွှတ်နိုင်တယ် မနိုင်ဘူးဆို တာ ကိုယ့်စိတ်နဲ့ ခံစားချက်ပေါ်မှာပဲ မူတည်ပါတယ်။ ကိစ္စ အကြီးအသေးပေါ်မှာ မူတည်မှုသိပ်မရှိပါဘူး။ ကိုယ်ကခွင့်လွှတ်နိုင်တယ်ဆိုလျှင် ကိစ္စ ကြီးကြီးသေးသေး ကိစ္စမရှိပါဘူး။ ကိုယ်က ခွင့်လွှတ်နိုင်တယ်ဆို တာကသာ အဓိကကျတာပါ။


ကျွန်တော်ပြောချင်တာက ဘယ်သူ့ ပေါ်မှာ မှ မျှော်လင့်ချက်သိပ်မထားပါနှင့်။ အလိုကြီး အရနည်းဆိုသလို ကိုယ်မျှော်လင့်သလို မဖြစ်လာတဲ့အခါမှာ အမှားတွေဖြစ်လာတတ်ပါတယ်။ ကိုယ်က လည်း သူများကို မျှော်လင့်ချက်တွေ သိပ်မပေးပါနှင့်။ ကိုယ်ကလုပ်ပေးနိုင်တယ်ဆို တခါတည်းလုပ်ပေးလိုက်ပါ။ သူကလည်း သူလုပ်ပေးနိုင်တယ်ဆို တခါတည်းလုပ်ပေးပါလိမ့်မယ်။ လုပ်ပေးဖို့ လည်းပြော ပေးပါ။ သူ့ ကို လည်း ကိုယ်ကို မျှော်လင့်ချက်တွေသိပ်မပေးဖို့ (သို့ ) သိပ်မထားဖို့ ပြောပါ။ အဲ့ဒါဆိုလျှင်ကျွန်တော့် အထင် လူတိုင်းလူတိုင်းကို ခွင့်လွှတ်နိုင်လာမယ်လို့ ထင်တယ်။ အမုန်းတွေလည်းတော်တော်နည်းသွားမည်ထင်၏။


လူတိုင်းလူတိုင်းကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရင်း လူတိုင်းလူတိုင်း ခွင့်လွှတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း ...........................



မှတ်ချက် - ဤပိုစ့် သည် ကျွန်တော့်သူငယ်ချင်း ပုဂံသား၏ အတွေး နှင့် အရေးဖြစ်သည်။ သူက သူ့သူငယ်ချင်း တစ်ယောက်၏ အတွေးကို ရေးထားဖြင်းဖြစ် သည်။ ထို့ကြောင့် ကျွန်တော်သည် ခေါင်းစဉ်အား "ကျွန်တော့် သူငယ်ချင်းပြောသော သူ့ သူငယ်ချင်း၏ ခွင့်လွှတ်ခြင်း " ဟု အမည် ပေး လိုက်ခြင်းဖြစ်သည်။



အားလုံးဘဲ ခွင့်လွှတ်နိုင်ကြပါစေသား။ (ကျွန်တော် ကလည်း အဆုံးတိုင် မလုပ်နိုင်သေးပေ။)

Tea

ဆက်ဖတ်ရန်...(To Continue)

Saturday, April 26, 2008

စပယ်ရှယ် ဟင်းချက်နည်း ကျမ်းစာအုပ်


အခု အဲ့ဒီ ကျမ်းကြီးထဲမှာ အစုံပလုံ ရှိပါတယ်။ ကြေးအိုး မုန့်ဟင်းခါး က အစ၊ ဘယာကြော် မကျန်၊ အုန်းထမင်း ကြက်ဆီထမင်းများပါ အပါ၊ ငါးပိကြော်၊ ငရုတ်သီးထောင်း များပါတစ်ဆင့်၊ ဆီပြန်ဟင်းမျိုးစုံ၊ အသုပ် အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ အကြော်အမျိုးမျိုး၊ တိုင်းရင်းသားဟင်းလျာများ၊ မြန်မာ့ဟင်းလျာများ၊ အိမ်ချက် နည်းလမ်းများ၊ အထူးနည်းလမ်းများ၊ အားလုံးစုံလင်စွာဖြင့် နည်းလမ်းပေါင်း ၂၀၀ကျော် ပါဝင်ပေါင်းစည်းထားသော အထူးကျမ်းကောင်း တစ်ခု ဖြစ်ပါကြောင်း တီးမှတစ်ဆင့် ပြန်လည် ပြောကြားလိုပါသည်။

ကျမ်းကြီးကို ပြုစုသူက တော့ ကိုဒုက္ခဟု အမည်တွင်သော မြန်မာကရုဘစ်ဖိုရမ်မှ ခေါင်းပြောင်ပြောင် နှင့် ဆံပင်ဖြူဖြူ လူကြီးဖြစ်ပါသည်။ ပါဝင်ကြသော စားဖိုမှုးများကတော့ နိုင်ငံကျော် ကမ္ဘာတစ်ခွင် တွင် ဟိုးလေးတစ်ကြော် ဖြစ်နေကြသည့် ကရုဘစ်ဖိုရမ်မှ ဆရာကြီးများ ဆရာမကြီးများ ဖြစ်ကြပါသည်။ စမ်းချက်ကြည့်ပြီးလျှင် သဘောကျက တီးမှတစ်ဆင့် ထိုပုဂ္ဂိုလ်များ ထံ ပြန်လည် ပြောကြားပေးပါမည်။ သက်ဆိုင်ရာ ရောင်းရင်းများ၊ သယ်ရင်းများ၊ မိတ်ဆွေများ၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို တီးက ကျေးဇူးစကား ပြောကြားလိုက်ပါသည်။


ရယူရန် လိပ်စာများ - ကြိုက်နှစ်သက်ရာ လခ့် တစ်ခုကိုသာ ရွေးပြီး ဒေါင်းဆွဲယူရင် ရပါပြီ။







အားလုံးဘဲ စားကြမယ်ဟေ့ ကောင်းကောင်း။
Tea

ဆက်ဖတ်ရန်...(To Continue)

Friday, April 25, 2008

ဖိနပ်ရှာရအောင်ဟေ့

There's a pair of shoes in front of the door, can u find it in 3 minutes?
ပုံထဲက တံခါးပေါက် အရှေ့မှာ ဖိနပ်တစ်စုံ ရှိနေတယ်၊ အစွမ်းအစရှိရင် ၃မိနစ်အတွင်း တွေ့အောင်ရှာ။
ရှာနိုင်သူများကို တီးမှ တီးများ လာပို့မှာဖြစ်ပါတယ်။ ရှာလို့တွေ့ရင် တွေ့ကြောင်းပြောခဲ့ပါရန်။

ရှာပုံတော်ဖွင့်ရန်ဒီမှာ နှိပ်ပါရန်။
do not click it if u dun like fun! u r warned!

သေချာ အနီးကပ်ကာ ဂရုစိုက်ပြီး ရှာပါရန်။ :)
၃မိနစ်အတွင်း ရှာပါရန်။ အချိန်မခိုးရ။


မှတ်ချက် - ဖိနပ်မတွေ့ပါက စိတ်မဆိုးရ။ အပျော်သက်သက် ရှာခိုင်းခြင်းဖြစ်၏။
ရှာပြီးသွားပါက Comment ရေးရင် နေရာမပြောပြရ။ နောက်လူတွေ သိသွားမှာဆိုးလို့။

အားလုံးဘဲ ပျော်ရွှင်နိုင်ကြပါစေ။
Tea

ဆက်ဖတ်ရန်...(To Continue)

A Cool Song (2) ကမ္ဘာကျော် Apologize သီချင်းအား အတွင်းကျကျ တူးဖော်ခြင်း

အောက်မှာ English စာသားတွေကို ကျွန်တော်က မြန်မာလို ပြန်ပြီး ခံစားထားတယ်။ အင်း၊ အကျဉ်း ချုပ် ပြောရမယ် ဆိုရင် - လူနှစ်ယောက်ရှိ တယ်ပေါ့ဗျာ။ သူတို့ က ၂ယောက်သား ကြိုးတစ်ချောင်းနဲ့ လွန်ဆွဲတိုင်း ကစား နေကြတာ၊ တစ်ယောက်က ဆွဲထားလိုက် - နောက်တစ်ယောက်က ကိုင်ထား လိုက်နဲ့။ ဘယ်အချိန် ပြတ်မလဲမသိ၊ အင်း ဆွဲနေရင်းနဲ့ဘဲ .. ခွင့်မလွှတ်နိုင်တော့ဘူးတဲ့။ အင်း အဆုံးကျတော့ အဲ့ဒီ ကြိုးကို ဆွဲထားတုန်းဘဲတဲ့။ အဲ့လေ.. ဘယ်လိုကြီးတုန်း။ သိပါဘူး.. အားလုံးဘဲ သိချင်ရင်၊ ဘာလုပ်ရမလဲဆိုတော့ -

အောက်က သီချင်းကို အရင်ဖွင့်လိုက်ပါ။ ဒီစာကြောင်းအောက်မှာ ပေါ်လာမယ်။ ခဏစောင့်ရန်။



ပြီးရင် သီချင်းလေးဖွင့်ထားရင်း အောက်က စာသားလေးတွေ ဖတ်ပြီး တွေးကြတော့ကွယ်။

I'm holding on your rope,
ငါနင့်ကြိုးကို ကိုင်ထားတုန်းဘဲ
Got me ten feet off the ground
ငါ့ကို နင် မြေကြီးရဲ့ ၁၀ပေ အကွာက ဆွဲထားနိုင်တယ်
I'm hearin what you say but I just can't make a sound
ငါနင်ပြောတာ ကြားတယ် ဒါပေမယ့် ငါ့မှာအသံမရှိဘူး

You tell me that you need me
နင်ပြောတယ် နင်ငါ့ကို လိုအပ်နေတယ်
Then you go and cut me down, but wait
ပြီးတော့ နင်ကြိုးကို ဖြတ်ပြီး ထွက်သွားတယ်..စောင့်ဦးလေ
You tell me that you're sorry
နင် ငါ့ကို ပြောတယ် ပြီးတော့ sorry တဲ့
Didn't think I'd turn around, and say...
ငါပြန်မလှည့် နိုင်ခဲ့ဘူး .. ငါပြောတယ်.. နင့်ကို..

It's too late to apologize, it's too late
တောင်းပန်တာ နောက်ကျသွားပီ အရမ်းနောက်ကျပီ
I said it's too late to apologize, it's too late
ငါပြောတယ် တောင်းပန်တာ အရမ်းနောက်ကျနေပီ

I'd take another chance, take a fall
ငါ အခွင့်အရေး နောက်တစ်ခု ထပ်ယူတယ်
Take a shot for you
နင့်အတွက် ပေါ့ဟာ
And I need you like a heart needs a beat
ပြီးတော့ နင့်ကို ငါလိုအပ်တယ်၊ နှလုံးက ခုန်နေဖို့လိုသလို
But it's nothin new - yeah yeah
ဒါပေမယ့် ဒါတွေက ဘာမှ အသစ်မဟုတ်.. yah yah
I loved you with a fire red-
ငါနင့်ကို ချစ်တယ်၊ တောက်လောင်နေသော မီးနှင့်အတူ
Now it's turning blue, and you say...
အခုတော့ မီးက အပြာရောင် ဖြစ်နေပါပီ.. နင်ကပြောတယ်
"Sorry" like the angel heaven let me think was you
ကောင်းကင်ပေါ်ကနတ်သမီးလို sorry ဘဲဟာ
But I'm afraid...
ဒါပေမယ့် ငါကြောက်တယ်

It's too late to apologize, it's too late
တောင်းပန်တာ နောက်ကျသွားပီ အရမ်းနောက်ကျပီ
I said it's too late to apologize, it's too late
ငါပြောတယ် တောင်းပန်တာ အရမ်းနောက်ကျနေပီ
It's too late to apologize, yeah
တောင်းပန်တာ နောက်ကျသွားပီ အရမ်းနောက်ကျပီ
I said it's too late to apologize, yeah-
ငါပြောတယ် တောင်းပန်တာ အရမ်းနောက်ကျနေပီ
I'm holdin on your rope,
ငါနင့်ကြိုးကို ကိုင်ဆွဲထားတုန်းဘဲ
got me ten feet off the ground...
နင်ငါ့ကို ၁၀ပေ ကနေ ဆွဲထားတယ်။


အခု အားလုံး နားထောင် ခဲ့ တာကတော့ "တောင်းပန်ပါတယ် Apologize" ဆိုတဲ့ Timberland မှ သီဆိုထားပြီး One Republic မှလည်း ပါဝင် ဟစ်ကြွေးထားတဲ့ သီချင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်း ကို US မှာ မသိတဲ့သူ တော်တော်ရှား ပါတယ်။ တော်တော်လေးကို နာမည်ကြီးတဲ့ သီချင်းလေးပါ။ YouTube မှာ သန်း ၅၀ကျော်တောင် လူတွေ နားထောင်ပြီး သွားပြီ ဖြစ်ပါတယ်။ ထွက်တုန်း ကလဲ ထိပ်ဆုံး နာမည်အကြီးဆုံး ဖြစ်ခဲ့ပါတယ်။

သီချင်း နားထောင်ခြင်းသည် သင်၏စိတ်အား လန်းဆန်းစေသည်။
Tea

ဆက်ဖတ်ရန်...(To Continue)

မြန်မာ နိုင်ငံရေးဟာသများ စုဆောင်းမှု

Photobucket

ဟုတ်ကဲ့ ခင်ဗျာ။ အားလုံးဘဲ မြန်မာပြည် အကြောင်း ရယ်ရယ် မောမော တွေကို ပျော်ပျော် ရွှင်ရွှင်နဲ့ စိတ်ဝင်တစား ဖတ်ချင်ကြမယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခု ကျွန်တော့်ကို Gtalk ပေါ်မှာ သူငယ်ချင်း တစ်ယောက်က ဖိုင် တစ်ခု ရှဲ ထားလို့ ကျွန်တော် အားလုံးနှင့် ပြန်ပြီး ရှဲ မလို့ပါ။ ကျွန်တော်က တော့ ခေါင်းစဉ်လေး တွေကို ပြန်ပြီး List လုပ်ထားတယ်။ အောက်မှာ စီထားပေးတယ်။ စုစုပေါင်း ၄၃ခု ရှိတယ်။ တစ်ရက် နည်းနည်း စီ လာလာဖတ်ပေါ့ဗျာ၊ အားလုံး မပြီးရင်တစ်ခါထဲနဲ့။ တော်တော်ရီရတယ်ဗျ။ ကျွန်တော်လည်း
အဲ့ဒီ ဟာသတွေကို မူရင်း ဖိုရမ် ဆိုဒ် မှာ သွားဖတ်ဖူးတယ်။ မိုက်တယ်။ ပျင်းရင် အရမ်း ကောင်းတယ်။

ဖတ်ဖို့ဒီမှာနှိပ်ပါ။
It also works with Mozilla Firefox.

ခေါင်းစဉ်များ

  1. ဒါလေးများ
  2. လူဆိုတာ
  3. ပေါလွန်းလို့
  4. ရောဂါ
  5. ပြည်သူ
  6. ကာကွယ်သူ
  7. အသုံးအနှုန်း
  8. အင်ဂျင်တုံးကြီး
  9. အကြိုက်ဆုံးငရဲ
  10. အပြစ်မရှိရင်
  11. ဘာနဲ့တုန်း
  12. တာဝန်ကိုယ်စီ
  13. ငါတို့လဲပါတယ်နော်
  14. သူများကျတော့ မှူးကြီး မလုပ်ရ ... တဲ့
  15. ကြီုက်ရာရွေး
  16. Local Call
  17. ပေါ်လာပြန်ပြီ
  18. ထာဝရ ဘုရားရှင်တောင် မမီပါ။
  19. အခု ကံကောင်းတယ်
  20. Myanmar & Wireless
  21. အကြွားပြိုင်ပွဲ
  22. အခြေအနေကောင်းတာက
  23. ငါတို့ကို ဘာမှတ်နေလဲ
  24. အကောင်းဆုံး ၀ါဒ
  25. Myanmar Fashion
  26. အို ဘယ့်ဘီကနီရယ်၊ စောင့်ရတာမောလွန်းလှဘိ...
  27. မြန်မာပြည် ပြဿနာဖြေရှင်းနည်း
  28. မော်ဒန်သကြားမင်း
  29. ဘာမှမဖြစ်ဘူး
  30. ဘာသာပျက်မှာစိုး
  31. ကြက်ဆူဆီ
  32. ဟိုထဲမှာ
  33. မြင်ကြည့်လိုက်ပါ
  34. လျှို့ဝှက်ပေါက်ကြားမှု
  35. အခွင့်အရေး
  36. နိုင်ငံတော်ဆိုတာ
  37. မဲပေးခြင်း
  38. ဗေဒင်ဟောခြင်း
  39. ၂၀ရာစု ဘဘမှူးကြီးရဲ့ အဆို
  40. ၂၁ရာစု ဘဘမှူးကြီးရဲ့ အဆို
  41. ဟယ် ဒါတော့
  42. ဘဘကြီးကျေးဇူး
  43. ပညာရေးစနစ်သစ်

အားလုံးဘဲ ရယ်မောပြီး အသက်ရှည်ကြပါစေ။

Tea

special credits go to myanmarcupid forum and its members to share these jokes.

ဆက်ဖတ်ရန်...(To Continue)

US Congress မှ ဒေါ်အောင်ဆန်းစုကြည်အား သမိုင်းတွင် ဆုတစ်ခု ပေးအပ်မည်။

Congratulations to Daw Aung San Su Kyi for her winning of Congressional Gold Medal.

ဟုတ်ကဲ့ဗျာ။ ကျွန်တော်တို့ကို ယမန်နေ့က US Campaign for Burma ကနေ Email တစ်စောင်ပို့ပါတယ်။ ဘာအတွက်လဲဆိုတော့ US Senate ကို Email တွေပို့ဖို့ပါ။ မနေ့က ဒေါ်အောင်ဆန်စုကြည်ကို ဤမျှ အရေးပါသော ဆုတစ်ခု ပေးရန်အတွက် House of Representative ကနေ မဲပေးရာမှာ (၄၀၀-၀) ဖြင့် အခိုင်အမာ ခိုင်မာပြီးနောက်တွင်
Senate ရဲ့ ၃ပုံ ၂ပုံ ခန့် သဘောတူညီမှု ကို ရယူရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဤ ၃ပုံ ၂ပုံခန့်သည် သဘောတူညီလိုက်ပြီဖြစ်သည့် အတွက် ကျွန်တော်တို့၏ အလေးထား ချစ်ခင် မြတ်နိုး ဂုဏ်ယူ ရသော တိုင်းပြည်၏ မိခင် ဒေါ်အောင်ဆန်းစုကြည် သည် US Congressinoal Gold Medal ဆု ကို ရယူပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ လူပေါင်း ထောင်ကျော်ကနေ မနေ့ကရော ဒီကနေ့ရော Email တွေ အဆက်မပြတ် ပို့ခဲ့ကြပါသည်။ များလှစွာသော ထောက်ခံအားပေး သူတွေကလည်း US Senators ကို ထောက်ခံပေးဖို့ တောင်းဆိုခဲ့ကြပါသည်။ ဒါကြောင့် ဒီကနေ့မှာဘဲ Senate ကနေ မဲပေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါသည်။


About Congressional Goal Medal

ဤဆုသည် သက်တန်း ၂၃၂ နှစ် ရှိပြီ ဖြစ်သည့် သမိုင်းကြောင်း နှင့် မားမားမတ်မတ် ရပ်တည်နေသော အင်မတန်မှ ဂုဏ်ယူစရာကောင်း သည့် ဆုတစ်မျိုးဖြစ်ပါသည်။ သမိုင်းကြောင်း တစ်လျှောက် ပေးအပ်ခံခဲ့ရသော ပုဂ္ဂိုလ်များကို ကြည့်ရှုလိုက်လျှင် George Washington, Matin Luther King Jr., Mother Theresa, Andrew Jackson အစရှိသည့် သမိုင်းကြောင်း တစ်လျှောက် အောင်မြင်ကျော်ကြား ခဲ့သော နိုင်ငံတကာ ၏ အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ တစ်နှစ်တွင် ဤဆုမျိုး တစ်ဆု သို့မဟုတ် အများဆုံး နှစ်ဆု သာ Congress မှ ပေးအပ်လေ့ရှိပါသည်။ ဆုရယူပိုင်ဆိုင် ရန် အတွက် အမေရိကန်နိုင်ငံသား ဖြစ်ရန်မလိုပါ။ ဤဆုသည် US Congress ၏ အလွန်လေးစား အားထားရပြီး အမြင့်မြတ်ဆုံးသော ဆုတစ်ခု ဖြစ်ပါသည်။ များလှစွာသော စည်းမျဉ်းစည်းကမ်း တွေနှင့် လိုအပ်ချက်တွေနှင့်လည်း ပြည့်စုံနေရမည်ဖြစ်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည် အတွက် အထက်ပါဆု ပေးအပ်ရန်အတွက် အစဖော်ပြီး အကြံပေး ကြိုးစားခဲ့သူ Congressman Joseph Crowley (D-NY) နှင့် သူနှင့်အတူ အားထုတ်ခဲ့သော Congressman Don Manzullo (R-IL)၊ သူနှင့်အတူ US Senate မှ ထောက်ခံအားပေး အားထုတ်ခဲ့သော Senators Dianne Feinstein (D-CA) နှင့် McConnell (R-KY) တို့အား ကျွန်တော်တို့အားလုံးမှ အထူး ကျေးဇူး တင်ရှိ သင့် ပါသည်။
အခုလို နှစ်ပေါင်းများစွာ ဖမ်းဆီးခံရပြီး နောက်တွင် သူမသည် မြန်မာလူမျိုးများတွင် သာမက ကမ္ဘာတစ်လွှမ်းတွင် ပါ မြတ်နိုးလေးစား ရသော သမိုင်း တစ်ခု၏ ပုဂ္ဂိုလ်ထူး တစ်ယောက်ဖြစ်ပါသည်။ သူမ၏ ကြိုးစားမှုတွေ တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံ ပေးဆပ်မှုတွေကို မြန်မာကပါမက ကမ္ဘာကပါ အလေးထား နေပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ အတွက် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ပြီး ရပ်တည်နေ မည် မှာ မပြောင်း လဲ သော သူမ၏ ခံယူချက်တစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံကြီး အမြန်ဆုံး လွတ်လပ်ပါစေသတည်း။
Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, April 24, 2008

အကြည်တော် စာအုပ်များ စုဆောင်းမှု

စာရေးဆရာ အကြည်တော်ရဲ့ စာအုပ်တွေကတော့ ကျွန်တော့် အသဲစွဲပဲဗျို့။ ကျွန်တော် ကြုံရင်ကြုံသလို ရန်ကုန်ကို တစ်ချိန်လုံး မှာမှာ ပြီး သိမ်းသိမ်းထားတာ။ တစ်ချို့ဟာတွေက တော်တော်ရယ်ရတယ်ဗျ။ ကျွန်တော့် အကြိုက်ဆုံးကတော့ ရွှေမိုးသည်း။ ရွှေမိုးသည်း ကို ရုပ်ရှင်တောင် ပြန်ရိုက်ထားပြီးလို့ ၂၀၀၆ မှာ ရုံတင်ပြီးပြီ။ ရုပ်ရှင်လဲ ကြည့်ပြီးရော ကျွန်တော် အသဲကွဲပါလေရော။ မကောင်းလို့လေ။ စာအုပ်က တော်တော် ဖတ်လို့ ကောင်းတာ။


အခုလဲ အကြည်တော် ပရိသတ်တွေ ဖတ်ချင်ရင် ဖတ်လို့ရအောင် ဆိုပြီး


မြန်မာကရုဘစ် ဖိုရမ်ကနေ သွားပြီး ရှိတာတွေကို စုဆောင်းလာတာ။ အားလုံးနှင့် ပြန်ရှဲ ဖို့ပါ။ အကြည်တော် စာအုပ်တွေကို မဖတ်ဖူးရင် စမ်းကြည့်ပါ။ အောက်က တော်တော်များများက ကရုဘစ်က စေသနာရှင်တွေ ကိုယ်တိုင် စာစီစာရိုက် လုပ်ထားပေးတာ များတယ်။ ပြီးတော့ scan ဗားရှင်းလဲ နည်းနည်း ပါတယ်။ ပြီးတော့ ကျွန်တော် ထပ်ပြီး လင်းထက် ဖိုရမ်က တစ်ခြားကျန်တာ တွေပါ စုဆောင်းပေးထားပါတယ်။ မူရင်းဆိုက်မှာ သွားပြီး ရယူနိုင်ပါတယ်။


ကဝေပျိုရဲ့ နိဒါန်း

ပြုတ်ထွက်သွားသော ကျောရိုးစစ်များ

ကျောက်သင်ပုန်းတွေ မိုးတဲ့အိမ်

မိုးတိမ်ပုံပြင်

တောသားကြီး

အိုင်အိုဒင်း ကိုကိုကြီး

ပိုးကောင်များ

သံသရာအတွေ့တစ်ရာ
အပိုင်း ၁
အပိုင်း ၂

ရီတန်းအော့ဖ် ဘီလူး

အိမ်

အိမ်

နေတစ်ခြမ်းလတစ်ခြမ်း

အသဲကွဲ ၂၄နာရီ

ဆွေတစ်ရာ မောင်တစ်ကျိပ်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎

အိမ်မက်အပိုင်းခွဲ ၉

အကြည်တော်၏ဘီလူး

ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း

ကျွန်တော်ထောင်းခဲ့သောပေါင်များ

တစ်ခါကငယ်ငယ်လေးတွေ

အောင်မြေ

စွယ်စုံလက်ဆောင်

တစ်ခါကငယ်ငယ်လေးတွေ

လှအိုးကွဲ

ကျောရိုးစစ်

ကျောက်သင်ပုန်း

မိုးတိမ်ပုံပြင်

အိုင်အိုဒင်းကိုကိုကြီး

သံသရာ အကွေ့တစ်ရာ

နတ်နေကိုင်း

သဲလှည်း

ရွှေမိုးသည်း

ယောက်ခမ နှင့် တစ်ထောင့်တစ်ည

တောသားကြီး

နတ်ပြည်၏နံနက်ခင်း

ဝါရင့်အရောင်းထိုင်း

မိတ္တ ဟဒယ ဟာသကျမ်း


ပျင်းနေရင်ဘဲဖြစ်ဖြစ် စိတ်မရွှင်လန်းရင်ဘဲ ဖြစ်ဖြစ် - ဟာသ ဖတ်ရှုခြင်းဖြင့် သင်၏စိတ်ကို အပန်းဖြေပါ။
Tea


Special Credit and Thanks directly go to myanmarcupid forum and linhtet forum.

ဆက်ဖတ်ရန်...(To Continue)

Wednesday, April 23, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၂။ စီးပွားရေး လောက

An Economy of a country is something that represents what a certain country is. ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော့် အမြင်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတစ်ခုသည် ၄င်း နိုင်ငံကို အစစ အရာရာကနေ ကိုယ်စားပြုပေးထားသည့် ပဏာမ အင်အားတစ်ခု ဖြစ်ပါသည်။ စီးပွားရေး မကောင်းသော နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာ အလယ်တွင် မျက်နှာသေး မျက်နှာငယ်နှင့် အစွမ်းအစမရှိ၊ အာဏာ သက်ရောက်မှု မရှိ ဖြစ်နေရ ပါသည်။ ဘာနှင့်တူသနည်း ဆိုသော် ငှက်တစ်ကောင်အား အတောင်ပံနှစ်ဖက်လုံး ဖြတ်ပစ် ထားခြင်းနှင့် တူပါသည်။ ဤငှက်သည် ပျံချင် သော်ငြား မပျံနိုင်ရှာ။ ပျံဖို့ရာကား သူ့ထံ အစွမ်း အစမရှိ၊ ငှက် တွေ ကြားထဲမှာ လည်း ငှက်နှင့်မတူ။ အပေါင်း အဖော် ကား မရှိ၊ တစ်ကိုယ် တည်း သွားရင်း လာရင်း၊ နောက်ဆုံး တွင် တစ်ခြားသော သတ္တ၀ါတို့၏ သတ်ဖြတ် စားသောက်ခြင်း ကို ခံရမည်မှာ မလွဲ မသွေ ဖြစ်ပါ သည်။ ထိုနည်းတူ စီးပွားရေး ပြိုကွဲ ပျက်စီး နေသော နိုင်ငံ တစ်နိုင်ငံ သည်လည်း အတောင် နှစ်ဖက် မရှိသော ငှက် တစ်ကောင် သာ ဖြစ်ပါသည်။


ကျွန်တော်တို့ မြန်မာနိုင်ငံကို စီးပွားရေး ရှုထောင့်ကနေ ခံစားကြည့်ရအောင်။ မပြောချင် ပေမယ့် ပြောရဦးမည်။ အင်မတန်ဆိုးရွား နေပါသည်။ တော်တော် အခြေအနေဆိုးပါသည်။ ပိုးဆိုးပက်ဆက် ဖြစ်နေပါသည်။ နလန်ပြန်ထူရင် တော်တော်ခက်နေပါသည်။ ဒီလောက်ဆို အားလုံးလဲ သိသင့်ရောပေါ့။ ဟုတ်ပါသည် မှန်ပါသည်။ အမိမြန်မာပြည်ကြီး တစ်ချိန်က အာရှ၏ ကျားတစ်ကောင် အဆင့်မှ အာရှကြွက် အဆင့်သို့ အသွင်ပြောင်းသွားတာလဲ တော်တော်ကြာမြင့်နေပါပြီ။ ဗိုလ်နေ၀င်း ၏ ရက်စက်သော လုပ်ရက်များ တိုင်းပြည်ကြီး ပေါ် မသက်ရောက်စဉ် ကာလအတွင်းတွင်

ကျွန်တော်တို့ မြန်မာသည် အာရှတစ်ခွင်တွင် မြန်မာကွ ဆိုပြီး ရဲရဲဝင့်ဝင့် လက်ဆယ်ချောင်း ခြေထောက်ဆယ်ချောင်း ထောင်ကာ ကြက်သရေ မင်္ဂလာ အပေါင်းနှင့် မြိုင်မြိုင် ဆိုင်ဆိုင် အရှိန်အ၀ါ အပြည့်နှင့် တိုးတက် နေခဲ့ သော အများတကာ သူသူငါငါ မျက်စိကျနေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏အကောင်းဆုံး ဟူသော အချိန်ကာလ များသည် သူတို့တတွေ၏ ရက်စက်ယုတ်မာ လှသော အာဏာရှင် စက်ယန္တရားကြီး အောက်တွင် အားလုံး ပြိုပျက်သွားခဲ့ပြီ။ အကြွင်းမရှိတော့ပီ။

ထို အချိန်မှ စတင်ပြီး ယနေ့ ခုနှစ် သက္ကရစ် ၂၀၀၈ တွင် ကျွန်တော်တို့ တိုင်းပြည်သည် ဤနှစ် ၅၀ အတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ဟူသည် တစ်ခြား တိုင်းပြည်များနှင့် နှိုင်းဆကြည့်သော် နေလုံးကြီး နှင့် ကြက်ဥတစ်လုံး အား နှိုင်းကြည့်သည်နှင့် အသွင်တူပါသည်။ ကျွန်တော်က တိုင်းပြည် မတိုးတက်ဘူးလို့ မဆိုလိုဘူးနော်။ တိုးတက်ခဲ့ပါသည် ဤအချိန်အတွင်း။ ပြောရရင်တော့ ငုံးဥကနေ ကြက်ဥဖြစ်လာတာပေါ့နော်။ တစ်ခြား စင်ကာပူတို့ ယိုးဒယားတို့ဆိုလျှင် ငုံးဥကနေ ယခု ဂြိုလ်တွေ လတွေ အထိ ကြီးမားကုန်ပါပြီ။

တစ်ချိန်က အရှေ့တောင်အာရှမှ ကျွနိုပ်တို့ တိုင်းပြည်နှင့် ယှဉ်လျှင် ဘာမှ မဖြစ်စလောက် အင်အားလေးသာ ပိုင်ဆိုင် ထားသော စင်ကာပူ နိုင်ငံသည် ယနေ့ ဤအချိန်တွင် ၄င်း၏ GDP purchasing power လူတစ်ဦး ချင်းစီ၏ ၀ယ်လိုအား သည် ကမ္ဘာ့ နိုင်ငံပေါင်း များစွာ ၏ ကြားတွင် အမြင့်မားဆုံး အဆင့်၁၀ အတွင်း မားမား မတ်မတ် ရပ်တည် နိုင်သော နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ ၂၀၀၇ ခုနှစ် တွင် ကမ္ဘာ့အမြင့်ဆုံး လူတစ်ဦးချင်းစီ၏ ၀ယ်လိုအား အမြင့်ဆုံး နိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ ၈သောင်း ဖြစ်နေချိန်တွင် စင်ကာပူနိုင်ငံသည် အဆင့် ၆ နေရာမှ ဒေါ်လာ ၅သောင်း ဖြင့် ရပ်တည်နေပါသည်။ ကျွန်တော်တို့ တိုင်းပြည်ကတော့ ဟိုး အောက်ဆုံးပိုင်းကနေ အီသီယိုးပီးယား၊ အာဖကန်နစ်စတန်၊ ကွန်ဂို နိုင်ငံတို့နှင့် အပြိုင် နင်လားငါလား အငြင်းအခုန်ဖြစ်နေပါတယ်။ ၂၀၀၇ မှာတော့ Ranking စီ ကြည့်လိုက်တော့ ကျွန်တော်တို့က ၁၈၀ ကျော်မှာ ၁၇၉ နေရာဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေပါတယ်။ စင်ကာပူနဲ့တော့ အများကြီးမကွာပါဘူးနော်။
ပြောရမယ်ဆိုရင် တော်တော်ရင်နာစရာပါ။

ဒီလောက်တောင် ဘိုးဘွားအမွေအနှစ် ပေါများလှပြီး သဘာဝကြီး၏ သံယံဇာတ အဖိုးအနှစ်တွေ နှင့် ပြည့်နှက် နေသော နိုင်ငံတစ်နိုင်ငံ သည် ဤအာဏာရှင် စနစ်ကြောင့် အီသီယိုးပီးယားဟူသော ဘာမှ မရှိသည့် နိုင်ငံနှင့် ရင်ဘောင်တန်းနေရပါသည်။ ကျွန်တော်တို့ ရေလိုချင်ရင် မိမိအိမ်တွင် အဝေစိ တွင်းကြီး တူးပြီး မိမိ လိုသလောက် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ လောင်စာဆီလိုသလား ကမ်းရိုးတန်းတွေမှာ ထွက်နေသော သဘာဝ ဓာတ်ငွေ့တွေ၊ ပေါလွန်းလို့..သွားယူ။ လာပြန်ပြီ အင်မတန်မှ ကြီးမားလှသော ကျောက်စိမ်းတုံးကြီး တွေ့ပြန်ပြီ။ ခဏကြာသော် မရှိတော့။ တွေ့ပြန်ပြီ ပတ္တမြားတွေ၊ နီလာတွေ ကျောက်သံပတ္တမြားတွေ၊ သူတို့လဲ ဒီလိုဘဲ ပျောက်ပျောက်ကုန်တာ စုန်းပြုစားသလား အေက်ာမေ့ရတယ်။ မကြာသေးဘူး ပျောက်သွားရော။ တော်ကြာ ဟော့တွေ့ပြန်ပြီ။ အခု ကဲမရှိတော့ဘူး ဖြစ်နေတယ်။ မုတ်ကောင်လေးတွေက ပုလဲရတနာတွေ။ သူတို့တွေရဲ့ နေ့စဉ်ငိုကြွေးနေသော မျက်ရည်တွေ ဒီလိုဘဲ ပျောက်ပျောက်ကုန်တာ။ သစ်တောတွေ ပြန်စိုက်ကြပါ။ သစ်ပင်မခုတ်ရ။ ပြောက်သွားပြန်ပြီ။ သစ်တောကြီးတွေ၊ ကျွန်းသစ်တွေ မရှိတော့ဘူး။ သူတို့ပြောတာတော့ export လုပ်လိုက်တာဆိုဘဲ။ ကျွန်တော့်အထင်တော့ သူတို့အားလုံး ကိုယ့်အိပ်ကပ်ထဲကို ကိုယ့်ဘာသာကိုယ် export inport လုပ်နေကြတာ။


သူတို့တွေနဲ့ သူတို့ အပေါင်းအဖော်တွေကတော့ ကြီးပွားပြီးရင်း ကြီးပွားနေကြတယ်။ ၀ပြီးရင်း ၀နေတာ အဆီပိတ်ပြီး သေတော့မယ်။ တစ်တိုင်းပြည်လုံးက တိုင်းသူပြည်သား တွေကတော့ ဒူးနဲ့ မျက်ရည်သုတ်နေကြရတယ်။ ဒါတွေကို သူတို့မသိဘူးလား? မမြင်နိုင်ဘူးလား? နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်ဆိုတာ တိုင်းသူပြည်သားတွေ အပေါ်မှာ တော့ မိကောင်း ဖခင် ပီပီ စောင့်ရှောက် ပျိုးထောင်ရမှာ။ အခုတော့ သားသမီးတွေ သေချင်သေ ရှင်ချင်ရှင် ကွဲချင်ကွဲ ပြဲချင်ပြဲ ဆိုပြီး သူကတော့ အာရုံ ၅ ပါး ချမ်းသာ နေတာ။ တကယ့်ကို ရင်နာစရာ အဖြစ်အပျက်လေးတွေပါ။ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို တစ်နေ့တစ်နေ့ ၀ါးမျို စုပ် နေပြီး ကြီးပွားချမ်းသာနေလိုက် ကြတာ။ မြန်မာပြည်ခင်ဗျာ ဖျော့တော့တော့ ဘဲ ကျန်တော့တယ်။ မသေရုံတစ်မယ်။ ဒီထက့် ဆိုးရင် လဲ အီသီယိုးပီးယားကို အဖေ ခေါ်ဖို့ဘဲကျန်တော့တယ်။


စီးပွားရေး တစ်ခုမှာ အကြမ်းအားဖြင့် ၂မျိုးရှိတယ်။ Government ကနေ Centralize လုပ်ပြီး တစ်တိုင်းပြည်လုံး ကို တော်တော်များများ စိုးမိုးထားသော Monopoly လုပ်ပြီး စိုးမိုးထားသော လွှမ်းမိုးမှုစနစ် နှင့် နောက်တစ်ခုက လူထု တစ်ခုလုံးက စိုးမိုးပြီး Government က သိပ်ဝင်ပြီး မစွက်ဖက်ဘဲ နေတဲ့ Capitalism ဟူသော ဈေးကွက် စီးပွားရေးစနစ်ဟူ ပြီး ၂ ခု ရှိတယ်။ မြန်မာပြည်ကတော့ အစွန်းရောက် စနစ်တစ်ခုဖြစ်ပါတယ်။ Centralize System ရဲ့ အစွန်းရောက်ပါ။ နေရာတစ်ကာမှာ အစိုးရကသာ အားလုံးကို လွှမ်းမိုးထားတာပါ။ လူထုတွေ ပိုင်တာ အလွန်နည်းပါတယ်။ လူထုတွေ ရဲ့စီးပွားရေးဆိုတာကလည်း သူတို့ ကြိုက်သလို ခြယ်လှယ် ဖျက်ဆီးနိုင်ပါတယ်။

ယခု မြန်မာ နိုင်ငံတွင် အချမ်းသာဆုံးသော ဦးတေဇ သည် စီးပွားရေး ကွန်ယက် တစ်ခုလုံးကို အင်အားအကြီးဆုံးနှင့် နေရာတိုင်းလိုလို စိုးမိုးထားသော သူတစ်ဦး ဖြစ်ပါတယ်။ ဟိုနေရာလည်းသူပါတယ်။ ဒီနေရာလည်းသူပါတယ်။ ဟို project လည်း သူ့ဟာ။ ဒီ စီမံကိန်းလဲ သူ့လုပ်မှာ။ ဟိုပါမစ့် လည်း သူဘဲ။ ဒီလုပ်ပိုင်ခွင့်လည်းသူဘဲ။ မင်းသားကို ဖြစ်နေတာ။ ဟိုနာမည်ကြီးသော ဟိုသူရဲ့ စီးပွားရေးမှာ သူလည်းပါတယ်။ ဒါတွေကြောင့် ချမ်းသာနေတာလေ။ အားလုံးသူဘဲ ရနေတာကို။ ကောင်းတာဆို သူ့ဟာကြီး ဘဲ။ ဦးတေဇက ဟိုလူရဲ့ အရေးပါဆုံးလူဆိုတော့လည်း အားလုံး သူ့ဟာပဲပေါ့။ တိုင်းပြည်တစ်ခုလုံးကို နေရာစုံမှ လက်ဝါးကြီးတစ်ခု နှင့် မားမားမတ်မတ် အုပ်ထားပြီး အကောင်းဟုသမျှကို ချူစားနေမှတော့ မြန်မာပြည်ကြီး မဆင်းရဲရင် ဘယ်နိုင်ငံ ဆင်းရဲမည်နည်း။


ယခုလက်ရှိစီးပွားရေး ဦးတည်ချက်လေးရပ်အား လေ့လာခြင်း -

၁။ ဒီဟာကတော့ စိုက်ပျိုးရေးအကြောင်း ပြောထားပြီး အခြေခံကျတဲ့ တစ်ခုဆိုတော့ မပြောတော့ဘူး။
၂။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး - အင်း အဲ့ဒီဈေးကွက်စီးပွားရေး ဆိုတာ ခုနက ကျွန်တော်ပြောခဲ့တဲ့ Capitalism ကို ပြောတာ။ အဲ့ဒါက Government က စီးပွားရေးကြီးကို လက်ဝါးကြီးအုပ်ပြီး မထိမ်းချုပ်မှ ဖြစ်လာမှာ။ တစ်နည်းပြောရင် အစိုးရမှာ မတရားတာတွေ့ရင် ဖြေရှင်းဖို့ အာဏာဘဲရှိရမယ်။ ဗိုလ်ကျား သစ်နတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် လို့ မရဘူးလေ။ အခုတော့ ကိုယ်ကြိုက်တာလဲ ကိုယ်လုပ်တယ်။ ပေးချင်သလိုပေး။ ယူချင်သလိုယူ။ ဥပဒေမရှိ။ (ဂျောင်း)
၃။ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ် ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး - ဒါကလည်း ကျွန်တော့် အရင် ပိုစ့်မှာ ပြောထားတဲ့အတိုင်း ပညာရေး တံတိုင်း ကြီးတစ်ခု လုံး ရစရာ မရှိအောင် ချိုးနှိမ်ခံရပြီးမှ ပြည်တွင်းက ဘာများရှိဦးမှာလဲ။ ပြည်ပကရော ၀င်ဖို့ ခွင့်မပေးဘူး။ လက်ဝါးကြီး အုပ်ချင်တာကို။ ၀င်ရင်ဖြဲပလိုက်မှာ။ ၀င်ခွင့်ရတဲ့သူတွေ ကလည်း သူတို့ကို လာဘ်ထိုးတား လို့လေ။
၎။ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တို့၏လက်ဝယ်တွင် ရှိရေး - ကဲ ဒါကတော့ ခုနကမှ ပြောနေတုန်း။ အားလုံး သူတို့ပိုင် တာချည်း ဖြစ်နေမှတော့ နိုင်ငံတော်လည်းမပိုင် တိုင်းရင်းသား ပြည်သူတွေနဲ့လည်း မဆိုင်ဘဲ။ ပြောင်းပြင်ရေးသင့်တယ်။ စီးပွားရေးတစ်ရပ်လုံးကို အုပ်စိုးနိုင်မှုစွမ်းအားသည် နိုင်ငံတော် ခေါင်းဆောင်များနှင့် ၄င်းတို့၏ အပေါင်း အပါများ ၏ လက်ဝယ်တွင်ရှိရေး။ အဲ့လိုပြောင်းမှ တော်ကာကျမှာ။


ယခု ၂၁ရာစုကြီး မှာ နိုင်ငံတွေအားလုံး အရှိန်အဟုန် အပြင်းနှင့် တိုးတက် ဖွံ့ဖြိုးနေကြတယ်။ European countries တွေဆိုရင် အခု European Union ဆိုပြီး ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး အင်ပါယာကြီး တည်ဆောက်ပြီး သူတို့ နိုင်ငံတွေ ချမ်းသာပြီး ရင်း ချမ်းသာအောင် လုပ်နေကြတယ်။ ASEAN ရဲ့ ထိုနည်း တူ လုံးဝ TRADE FREE အာဆီယံ နိုင်ငံအားလုံး အတွင်း အစီအစဉ်မှာ ကျွန်တော်တို့ မြန်မာ နိုင်ငံက နှုတ်ထွက်ထားရတယ်။ အဲ့လိုဘဲ တစ်ခြား အထူးအခွင့် အရေးတွေ အများကြီး ကို သူတို့အုပ်စုကြောင့် ဆုံးရှုံးနေရတယ်။ ခေတ်ရေစီးကြောင်း နှင့် မလိုက်စီးနိုင်ဘဲ ကျန်ရစ်ခဲ့ရတော့မှာ။ ဒါတွေသူတို့ သိသိကြီးနဲ့ နေနိုင်လိုက်တာ။ ကိုယ်ကောင်းရင် ပြီးရောဆိုပြီး အားလုံးကို မျက်ကွယ်ပြု ပြီး ပြုံးဖြီးနေနိုင်တာ တော်တော် ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်မှဘဲရမှာ။


တိုင်းပြည်ကြီးရဲ့ စီးပွားရေး အခြေအနေကတော့ ဒီလို GLOBALIZE ခေတ်ကြီးမှာ ဆိုးပြီးရင်း ထပ်ဆိုး ဖို့ဘဲရှိပါတယ်။ နိုင်ငံရေးပိုင်းက တစ်ခုခု seriously မပြောင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ မြန်မာဟာ ကမ္ဘာမှာ ဆက်လက်ပြီး နစ်မြုပ်နေရင်း နစ်မြုပ်နေရင်း နဲ့ဘဲ မြုပ်ဖို့သာရှိပါတယ်။ တစ်ချိန်မှာတော့ အနစ်လွန်ပြီး ပျောက်ဆုံး သွားရင်တော့ နောင်လာနောင်သားတွေ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ လူပုံလယ်မှာ ခေါင်းမထောင်နိုင်တာ ထားဦး။ သူတို့ဆိုရင် တစ်ကိုယ်လုံး မြေမြူပ်ထားမှ ဖြစ်တော့မှာ။ ဘယ်လိုမှ ဆက်ပြီး မျက်နှာပြလို့ ရမှာ မဟုတ်ပါဘူး။

ကျွန်တော်တကယ် စိတ်မကောင်းဘူးဗျာ။ အရမ်းလဲ ၀မ်းနည်းပြီး စိတ်လဲနာတယ်။ ယူကြုံးမရလဲ ဖြစ်မိတယ်။ နယ်ချဲ့ တွေထက် ပိုဆိုးပြီး ကိုယ့်အချင်းချင်း အသေသတ် ထက်တော့ ပိုပြီး ရင်နာဖို့ကောင်းတာ ရှိဦးပါ့မလား.. ပြော.. ရှိဦးပါ့မလား.. ရှိနိုင်ဦးပါ့မလား။ မြန်မာပြည်ရဲ့ စီးပွားရေး ကို ကျွန်တော်အထက်မှာ ဝေဖန်ပိုင်းခြားခဲ့ တာတွေ ထက် အများကြီး အများကြီး ပိုပို ပြီး ပြောလို့ရသေးတယ်။ ပိုစ့် တစ်ခု စာအတွက်က တော်တော်လေး ရှည်နေလို့ မပြောတော့တာ။ နောက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးလောက ကြီးက ကြောင်းတွေကို တွေးရင်း တွေးရင်းနှင့် ကျွန်တော့် ရင်ထဲမှာ စီးပွားရေး အတွက် ပူလောင်မှု ဟူသော ဘယာနက ရသ၊ သူတို့ တွေကို ယွံရှာမှု ဟူသော ၀ိဘဇ ရသ၊ တွေဖြစ် ဖြစ်လာတယ်။

နောက်ဆုံးမှာတော့ အားလုံးဟာ ဒီလိုပဲ ဖြစ်နေပါလားဆိုတဲ့ သင်္ခါရ ရသ တစ်ခုဖြစ်သွားပြီး ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်ခဲ့တယ်။


မြန်မာပြည်ကြီး ပြန်လည် နလန်ထူလာနိုင်ပါစေသား။

Tea

ဆက်ဖတ်ရန်...(To Continue)

Tuesday, April 22, 2008

Happy Earth Day - Save the Earth!


ကမ္ဘာမြေသည် သင်၏တစ်ခုတည်းသော အိမ် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေအား ကယ်တင်ပါ။

Think about it; that the world is your home, that your home, the world, is in danger, and that you have the responsibility to save this world. Today is a special day - the Earth Day. In this special day, you should think about how you can save your own world together with us. Grow the trees? Don't drive your car today for the Earth Day. Use less electrical power at your home. Do not open your air conditioner. And so on. You can do a lot, much more than these examples. BE THE ONE!! :D

Now, I'm changing my homepage's background to green to celebrate about this Earth Day 2008!!

အခုတော့ ပုံမှန်သို့ပြန်ပြောင်းလိုက်ပီ။ celebrate လုပ်ပြီးသွားလို့။ :D

Yes, I also wrote this post in green!! :) Welcome to the Green land!!


ကမ္ဘာမြေ ငြိမ်းချမ်းပါစေို့၊ ကမ္ဘာမြေစိမ်းလမ်းပါစေ။
Tea


ဆက်ဖတ်ရန်...(To Continue)

သစ်သား တူ ၏ မကောင်းကြောင်း ပုံများနှင့် တစ်ဆင့်ပြောခြင်း

ဒီနေ့တော့ သစ်သားတူ (တစ်ခါသုံး တူ) တွေရဲ့ မကောင်းကြောင်းကို အတင်းတုတ်မလို့ပါ။ ပြန်လည် ဝေငှမယ် လို့ ပြောပါတယ်။ အတင်းတုတ်ခြင်း မဟုတ်ပါ။ မသိတဲ့သူတွေ သိအောင်လို့ပါ။ သိပြီးတဲ့သူတွေလည်း ရှင်းသွားအောင်လို့ပါ။ ပုံလေးတွေနဲ့ဆိုတော့ ကြည့်လို့ကောင်းတာပေါ့ဗျာ။

တီး အကြံပေးချင်တာကတော့ ဖြစ်နိုင်ရင် သစ်သားတူများ မသုံးကြပါနှင့်။ သူတို့ က ညစ်လဲ ညစ်ပတ်တယ်။ သန့်ရှင်းမှုမရှိဘူး။ သစ်တောပြုံးတီးစေတယ်။ သဘာဝကို

ထိခိုက်တယ်။ အကြာကြီးလဲ မခံဘူး။ တစ်ခါဘဲ သုံးလို့ရတယ်။ ၂ခါသုံးရင် ပိုညစ်ပတ်တယ်။ ဒါကြောင့် ကိုယ်ပိုင်တူ များ ကိုယ်စီ ဆောင်ထားကြရင်။ မဟုတ်ရင် ဇွန်း ခရင်း နှင့်စားပါ။ :D

ဤကမ္ဘာ သည် သင်တို့ ကျွနိုပ်တို့ အားလုံး၏ တစ်ခုတည်းသော အိမ် ဖြစ်ပါသည်။ မိမိအိမ်ကို ချစ်မြတ်နိုးပါ။ သစ်ပင်များများစိုက်ပါ။ သဘာဝကြီးကို ကယ်တင်ပါ။ သင့်ကြောင့် နောင်လာနောင်သားတွေ မီးထဲမှာ နေရသလို မပူအိုက်စေပါနှင့်။
Tea





















P.S - တီးက ဒီပုံတွေကို သူငယ်ချင်းတစ်ယောက်ရဲ့ Forwarded Mail မှ ရရှိခဲ့ခြင်းပါ။ ပုံမှန် Resource ကို မသိပါဘူး။ သိရင်တော့ credit ပေးမလို့ပါ။ ကြိုပြောထားတာ။ လာ sue မှာဆိုးလို့။ ဟဲဟဲ။ :D မူရင်း ပြုစုသူအား ကျေးဇူးတင်ရှိပါကြောင်း၊ တီးဘလောခ့်မှ ပြောကြားလိုပါသည်။ ကျန်းမာရေး ဗဟုသုတနှင့် သဘာဝ ထိမ်းသိန်းရေး အတွက် ပြန်လည် ဝေငှလိုက်သည်။

Tea

ဆက်ဖတ်ရန်...(To Continue)

Saturday, April 19, 2008

ကျွန်တော် ပြောချင်သော ကျွန်တော့် တိုင်းပြည် အကြောင်း - အမှတ် ၁၊၊ ပညာရေး တံတိုင်း

Freedom is a dream? တကယ်ပဲ လွတ်လပ်ခြင်းက တကယ်ပဲ အိမ်မက်တစ်ခု ဖြစ်သွားပြီလား? လူသားတိုင်း လူသားတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေ အားလုံး လိုလို ပျောက်ဆုံးနေပါပြီ။ ပြောချင်တိုင်း ပြောလို့မရ။ လုပ်ချင်တိုင်းလည်း လုပ်လို့မရ။ အားလုံးဟာ ရုပ်သေးရုပ်ကလေးတွေ ဖြစ်ခဲ့ကြပြီ။

Education is the root of everything. ကျွန်တော့်အထင်တော့ သူတို့ ဒီပညာရေး ဆိုတဲ့ တံတိုင်းကြီးကို အပြီးအပိုင် ချိုးချပြစ်ခြင်းသည် အင်မတန်မှ ပြောင်မြောက်ရက်စက် သော အကြံအစည် တစ်ခု ဖြစ်ပါသည်။ မြန်မာပြည်က ပညာရေးဆိုတဲ့ တံတိုင်းကြီးက ချိုးဖျက်ခြင်း ခံရသည်မှာ Generation တစ်ခုစာ ပြန် ပတ်ပြီး နေလောက်ပြီ။ နောင်လာနောင်သားတွေ အားလုံးကို ဖြစ်ဖြစ်သမျှ အမှောင်ချထားပြီး သူတို့ ပြောချင်တာတွေ ပြောနေတဲ့ ဒီ System ကြီးအောက်မှာ တစ်ကယ်ကို ဆိုးဝါးလှပါတယ်။



အခုလို ကျွန်တော်တို့ နိုင်ငံခြားမှာ ထွက်ပြီး ပညာရှာနေကြရတယ်။ ဘယ်သူကများ ကိုယ့်တိုင်းကိုယ့်မြေ ကိုယ့်ရေကိုယ့်လေ မှာ အဆင်ပြေ နေခဲ့ရင် တိုင်းတစ်ပါး ရေခြားမြေခြား ဒေသကို
လာပြီး မွေးရပ်မြေနှင့် ခွဲခွာကာ လာနေချင်ပါ့မလဲ။ အားလုံးရင်ထဲမှာ တူညီသော အလွမ်းသံစဉ် အမုန်းမုန်တိုင်းတွေနဲ့ ကိုယ်စီ ကိုယ်စီ ဘ၀ကို ဖြတ်သန်းနေရတယ်။ ဒါတွေထားပါတော့။ ကျွန်တော်တို့ ခင်များတို့လို သူတို့အကြောင်းသိပြီး နားလည်နိုင်ပေမယ့် ပညာရေးဆိုတဲ့ တံတိုင်းကြီးကို ချိုးနှိမ်ခံလိုက်ရတဲ့ အခု မြန်မာပြည်က ရွာဖြူရွာမဲ တို့က လူတွေကရော သိပါ့မလား? ကြေးမုံ ဆိုတဲ့ သတင်းစာ၊ မြ၀တီဆိုတဲ့ ရုပ်မြင်သံကြား တွေသာ နေ့စဉ်ကြည့်နေရပြီး အင်တာနက် မတက်နိုင်တဲ့ သူတွေ၊ အများကြီးပါ။ မြို့ပြမြို့ကြီးတွေမှ လွဲပြီး တစ်ခြား တောအရပ်တွေမှ လူတွေ၊ အားလုံးနဲ့ အဆက်အသွယ်ပျက်ပြီး အမှောင်ချခံရသော ဘ၀ထဲမှာ နေ့စဉ် ဘ၀ကို လုံးပန်းပန်းပြီး ပင်ပန်းစွာ ရှင်သန်နေရသည့် သူတွေလည်း နေရာအနှံ့ပါ။ ဒီလိုလူတွေ တစ်နေ့နဲ့ တစ်နေ့ ပိုပို ပြီး များများ တိုးပွားလာလျှင် နောင်အနာဂတ်မှာ တိုင်းပြည်ကြီး ဘာဖြစ်သွားမည်နည်း။

ပညာရေးဆိုတဲ့ တံတိုင်းကြီးကို သူတို့ကတော့ ဆက်လက် အပြီးတိုင် ချိုးနှိမ် ဖျက်ဆီး ဦးမှာ အမှန်ပါ။ It is like Brain-washing. လွတ်လပ်စွာ ပြောဆိုခွင့် လည်း မရှိတော့ ဒီလူတွေကို နားလည်တဲ့သူတွေက ဘယ်လိုမှ ဟောပြောရှင်းပြလို့ မရဘူး။ တစ်နည်းပြောရသော် ကျွန်နုပ်တို့ မြန်မာ ပြည် ကြီးတစ်ခုလုံးက Chain System ကြီး တစ်ခုလုံး ကျဆုံးနေသည် ဟု ပြောလို့ရပါတယ်။ တစ်ခုနဲ့ တစ်ခု ဆက်သွယ်နေပြီး အားလုံးလိုလို ချိုးဖျက် အမှောင်ချခြင်း ခံထားရတော့ ပြဿနာ တစ်ခု ကို ဘယ်လို ဖြေရှင်း နိုင်စွမ်း ရှိတော့မည်နည်း။ ပညာရှိသည့်သူတွေ နားလည်သည့် သူတွေကလည်း ပုထုဇဉ် လူသားပြီပြီ အသက်တွေ တစ်ဖြည်းဖြည်းကြီးနေကြသည်။ သူတို့တွေကိုဘဲ အားကိုးနေလို့ ဖြစ်မှမဖြစ်တာ။ လူငယ်ဆိုတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို ချိုးနှိမ်ဖျက်ဆီး ပြစ်မှတော့ တစ်ချက်ခုတ် ဆယ်ချက်မက ပျက်တဲ့ အကြံအစည်ပေါ့ဗျာ။

အခု နိုင်ငံအနှံ့ မှာရှိတဲ့ တက္ကသိုလ်တွေ ကောလိပ်တွေ အားလုံး၊ သူတို့တွေ အမှန်တကယ် ပညာသင်ကြား နေပါသလား။ The answer is NO. ရန်ကုန်က သူတွေကို မေးပါ။ တော်တော်များများ ဆေးကျောင်းကို လုတက်နေရတယ်။ ဘာဖြစ်လို့လဲ။ လူတိုင်းကရော ဆရာဝန် ဖြစ်ချင်နေလို့လား။ လူတိုင်း ဆေးပညာကို လေ့လာချင်သလား။ မေးကြည့်တော့ သွားရတာ နီးလို့တဲ့။ မြို့ထဲမှာ ရှိလို့တဲ့။ နာမည် အကြီးဆုံးမို့တဲ့။ ဂုဏ် ရှိလို့တဲ့။ ဘုရားရေ။ မိမိတို့ သားရတနာ သမီးရတနာ တွေက ဆရာဝန်ကြီးတွေ ဖြစ်မှ မိဘတွေက ဂုဏ်ရှိ ရမှာလား။ တိုင်းပြည်တစ်ပြည်မှာ လူတိုင်းလူတိုင်း ကိုယ်ဝါသနာပါရာ မိမိအားသန်ရာ အခန်းမှ ၀င်ရောက် အလုပ်အကျွေး ပြုကြရမှာ။ အခုတော့ ... ဒါတွေကို ထားလိုက်ပါဦး။ ဒီလို ဆေးကျောင်းတွေ ဘာတွေရောက်တာတောင် ကျူရှင် တွေ တက်နေရသေးတယ်ဆိုတော့ စဉ်းသာစဉ်းစား ကြည့်တော့ ဗျို့။ ကျောင်းမှာ ကောင်းကောင်း စာမသင်ဘဲ ကျူရှင်ရောက် မှ ကောင်းကောင်း သင်တဲ့ ဆရာတွေ ဆရာမတွေ တစ်ပုံကြီး။ စဉ်းစားကြည့်ပါ။

ကျွန်တော်လည်း ဆေးကျောင်းကို ၂ လ လောက် တက်ဖူးပါတယ်။ စိတ်ကုန်လာလို့ ထွက်လိုက်တာ။ ဆေးကျောင်းမှာ "ငါက ဆေးကျောင်းသူကြီးကွ ငါက ဆေးကျောင်းသားကြီးကွ" ဆိုပြီး တကယ်လဲ ဆေးပညာကို စိတ်မ၀င်စားဘဲ မိဘက အတင်းတက်ခိုင်းလို့ တက်နေတဲ့သူတွေ၊ အပျော်တက်တဲ့ သူတွေ၊ အင်ဂျင်နီယာ ဖြစ်ချင်တဲ့သူတွေ၊ အစရှိသဖြင့် အများကြီးတွေ့ခဲ့ရပါတယ်။ နေ့စဉ် ပုံမှန် ဆေးကျောင်းသား တစ်ယောက်ရဲ့ ဘ၀ကလည်း ဆိုးပါပေတယ်။ မနက်မိုးလင်းရင် ကျောင်းသွား၊ အခန်းထဲမှာ မသိနားမလည်တဲ့ ဆရာတွေ ဆရာမတွေ ၀င်လာရင် ကံဆိုး။ သူတို့ပြောတာ နားမထောင်၊ ဟိုရှောက်သွား ဒီရှောက်သွား။ အဲ့ဒီလိုမျိုး တစ်နေကုန် အချိန်တွေ ကုန်ပြီး တော့။ ကျောင်းဆင်းတော့ ကျူရှင်ကို သွားရပြန်ရော။ ညမိုးချုပ်မှ အိမ်ပြန်ရောက်။ ဒါတောင် Guide ခေါ်တဲ့ လူတွေက ရှိသေး။ အိမ်ချိန်တောင် ပျောက်နေပြီခင်ဗျ။

ဘာလို့ ဆရာတွေက ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ ကျူရှင်လုပ်ချင် နေကြတာလဲ။ သူတို့လဲ ဘ၀မှာ ရတဲ့လစာ နဲ့ စားလို့ မ၀ လို့ပေါ့ဗျာ။ ကျူရှင်တက်အောင် နည်းမျိုးစုံ နှင့် မဲဆွယ်ရတယ်၊ စာမေးပွဲနီးရင် ရွေးပေးတာတို့ ဘာတို့ပေါ့။ ထားပါတော့။ ဒီလို တက္ကသိုလ် တွေတင် မဟုတ်ဘူး။ မူလတန်း အလယ်တန်း အထက်တန်း တွေရော အားလုံး တစ်ခု မှ စနစ်မကျ ဖြစ်နေပါတယ်။ လူမဟုတ်တဲ့ သူတွေတစ်စု က ပညာရေး စနစ်တစ်ခု လုံးကို ချိုးနှိမ်ပစ် လိုက်တော့ တိုင်းပြည်ကြီး ရေထဲမျောပါလေရော ဗျို့။

ဒါတွေကို အခြေအနေ ဒီလို ရှိတယ်ဆိုတာ တိုင်းပြည်ထဲက ကျောင်းသား ကျောင်းသူ တွေ ကိုယ်တိုင်ရော သိကြပါသလား။ သူတို့တတွေ နေ့စဉ်ဘ၀ကို ဒီလိုဒီမျိုးနဲ့ ဘဲ ကုန်ဆုံးစေမယ် ဆိုရင် အနာဂတ် မြန်မာပြည်ကြီး ဘယ်လိုဘယ်ပုံနဲ့ အသက်ဆက်လက် ရှင်သန်ရမည်နည်း။

သူများ တတွေ ငါက အင်္ဂလန် ကကွ၊ ငါကတော့ အမေရိကန် ကွ၊ ငါက စင်ကာပူကွ လို့ ကိုယ်စီကိုယ်စီ ကြုံးဝါး နေကြစဉ် ကျုပ်က မြန်မာ ကွ လို့ ကြုံးဝါးနိုင်စွမ်း မရှိပါလား။ ကြုံးဝါးလိုက်ပါဦး သူတို့တွေရဲ့ စိတ်ထဲမှာတော့ မြန်မာဆိုတာ ဘာမှန်းမသိ။ သိရင်လည်း အထင်ကသေး အမြင်မရှိ စိတ်မ၀င်စား။

မနက်ဖြန်တိုင်းပြည်ကြီးဘာဖြစ်မလဲ?
ပညာရေး တံတိုင်းကြီး ပြန်လည် တည်ဆောက်နိုင်ပါ့မလား?

အစရှိတဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ဖြင့် ရင်ထဲမှာ ဗြောင်းဆန် နေတဲ့
Tea

ဆက်ဖတ်ရန်...(To Continue)

Friday, April 18, 2008

ဘလောခ့် ရေးသူများ အတွက် Oasis တစ်ခု

Do you need HELP for Blogging??
Or, You are facing certain kind of problem??
I must share this address with you.

အရမ်းကောင်းတယ်ဗျ။ သူ့ ဆီမှာ အားလုံး အစုံရှိတယ်။ အခက် အခဲ တစ်ခုခု ဖြစ်ရင် ကိုယ့်ဘာသာကိုယ် သွားပြီး လေ့လာပြီး စမ်းသပ်ကြည့် နိုင်တယ်။ ကျွန်တော်ကတော့ ဒီမှာ လာပြီး မြန်မာလို ဘာသာပြန်ပြီး မပိုစ့် တော့ဘူး။ သူ့ဆီသွားပြီး လေ့လာရင် ပိုပြီးထိရောက် မယ် ထင်တယ်။ သွားကြည့်ပြီး နှစ်သက်သလို အသုံးပြု နိုင်ပါတယ်။ တော် တော် အထောက်အကူ ဖြစ်တဲ့ နေရာ တစ်ခု ပါ။

http://tips-for-new-bloggers.blogspot.com

အားလုံးဘဲ အခက်အခဲ တွေ ဖြေရှင်း နိုင်ကြပါစေ။
Tea

ဆက်ဖတ်ရန်...(To Continue)

အသွင် အသစ်ဖြင့် ကျွန်တော့်အိမ်

ဟုတ်ကဲ့ပါဗျာ။ ကျွန်တော် ဒီနေ့ဘဲ HTML codes တွေကို နည်းနည်းပါးပါး လေ့လာစည်းပူး ပြီး Style အသစ်နဲ့ ဘလော့ကို ပြုပြင်မွမ်းမံလိုက်ပါတယ်။ အရင်အဟောင်းကတော့ မဲမဲတူးတူး နဲ့ မှိုင်းထိုင်းနေလို့ အခု သစ်သစ်လွင်လွင် နဲ့ လင်းလင်းထင်းထင်း ဖြစ်အောင် လုပ်ထားပါတယ်။ အပေါ်က Banner ကို လည်း အိမ်နှင့် ပိုပြီး သက်ဆိုင်အောင် လုပ်ထားပါတယ်။ ဘလော့ခ် တစ်ခုလုံးကို ၃ကော်လံ စနစ်အဖြစ် အသွင် ပြောင်းလိုက်ပါတယ်။ တော်တော်တော့ ရှုပ်သွားတယ်ဗျ။ Widegets တွေကို BackUp လုပ်တာတို့ ဘာတို့ညာတို့ ပေါ့ဗျာ။ အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်။ လာလည်တာ ကျေးဇူးတင်ပါတယ်။

အကူအညီတောင်းချင်တယ်။
ပြီးတော့ Recent Comments တွေကို ဘေးက side bar မှာ widget တစ်ခု အနေနဲ့ လုပ်နေတာ အခုထိလုပ်လို့မရသေးဘူး။ တော်တော်ကြာနေပြီ - ကြိုးစားနေတာ။ ကိုစေတန် ရေးထားတဲ့ RSS နည်းရော၊ coding နည်းရော လုပ်ပြီး သွားပြီ။ မရဘူးဖြစ်နေတယ်။ Apprenticeship က ဂျီတော့ခ် မှာ ပြောတယ်။ သူ့ widget အောက်က လင်ခ့် ကနေ ယူပြီး လုပ်ဖို့။ အဲ့ဒါလဲ မရဘူးဖြစ်နေတယ်။ ကို ငြိမ်းစု နဲ့လည်း မနေ့ည က ဂျီတောခ့် ပေါ်မှာ တစ်ညလုံး ကြိုးစားကြည့်သေးတယ်။ မရဘူးဖြစ်နေတယ်။ အကူအညီပေးနိုင်ရင် ဂျီတော့ခ်ကို လာခဲ့ပါ။ တီးခမျာ မောလှပြီ။ Thanks!

Tea

ဆက်ဖတ်ရန်...(To Continue)

Thursday, April 17, 2008

ကြောက်စရာကောင်းသော သေဆုံးမှုများ - အမှတ် ၁

ကြိုတော့သတိပေးထားပါဦးမယ်
ဤပိုစ့်ကို ဖတ်မယ် လေ့လာမယ်ဆိုလို့ရှိရင် သတ္တိကောင်းကောင်း နဲ့လေ့လာ ဖတ်ရှုရပါမယ်။ မကြောက် မရွှံ့ တတ်ရပါမယ်။ တစ်ချို့ သော ဓာတ်ပုံတွေက တော်တော်လေးကို ဆိုးဝါးပါတယ်။ ကျွန်တော်က တော့ သူငယ်ချင်းတစ်ယောက် ပြလို့ မြင်ဖူးတာပါ။ အားလုံးနဲ့ ဖလှယ် နှီးနှော လို့ ရအောင် ပြန်ရှဲ တာပါ။
အခု "ကြောက်စရာကောင်းသော သေဆုံးမှုများ - အမှတ် ၁" မှာ သေဆုံးမှု ၂ ခု ပါပါသည်။
သူတို့ကတော့ -
၁။ တော်တော်ဆိုးတဲ့ကျား နှင့်
၂။ လန်ခရူဇာ ကား၏ အဖြစ်ဆိုးပုံ တို့ပဲဖြစ်ပါတယ်။


1. တော်တော်ဆိုးတဲ့ ကျား

အင်း - ဘာရယ်ညာရယ်တော့ မဟုတ်ဘူး။ လှောင်အိမ်ထဲကနေ ကျားက ကိုင်ပလိုက်တာ။ ကောင်လေးခမျာ မျက်နှာတောင် အကောင်းမကျန်ပါဘူး။ ခေါင်းကို ဆွဲလိုက်တာဖြစ်ပါတယ်။ ကောင်လေးက ကျားကို ဘာများ မျက်စိ ဆူးအောင်သွားလုပ် ပြ လည်း မသိပါ။ ကျားကတော့ ဒင်း လာလေရော့ ဆိုပြီး အရှင်လတ်လတ် ဆွဲစိ လိုက်တာ ဖြစ်ပါတယ်။ ကျားက တိရိစ္စာန်ရုံ တစ်ရုံထဲက လှောင်အိမ်ထဲက ကျားပါ။ ကျားက လူကို ကိုက်လိုက်တုန်းက လည်ပင်း ကို ထိသွားတယ် ထင်ပါတယ်။ ကဲ - ဒီလူ ဘယ်လောက်တောင်

ကဲပြီး ကျားလှောင်အိမ်နားကို ရဲရဲတင်းတင်း နဲ့ သွားကပ်လည်းတော့

မသိဘူး။ ကျားတောင် လှောင်အိမ်ထဲက နေ ကိုက်လို့ရပါတယ် ဆိုမှတော့ ၊ စဉ်းသာ စဉ်းစားကြည့်ပေတော့ဗျို့။
ကိုကိုတို့ မမတို့ ညီ၊ ညီမတို့ တစ်တွေလည်း နောင်အခါ ကျားသွားကြည့်ရင် ဝေးဝေးမှနေပြီး ကြည့်ပေးကြပါရန် နှင့် ကျားအား သွားပြီး မျက်စိ ဆူးအောင် မနောက်ကြပါကုန်။ :) ဓာတ်ပုံများကိုလည်း ရှုစားကြပါကုန်။









2. လန်ခရူဇာ ကား၏ အဖြစ်ဆိုးပုံ


လန်ခရူဇာ ကား အဖြစ်ဆိုးပုံ များ တော်တော်ဆိုးပါပေတယ်။ ဟိုင်းဝေးလမ်းမပေါ်မှာ လမ်းချော်သွားပြီး တစ်ဖက် ဆန့်ကျင်ဘက်လမ်းက ကွန်တင်နာ ကုန်ကား ကို ၀င်ကြုံးတာဖြစ်ပါတယ်။ ကုန်တင်နာကြီးက လည်း သူ့အရှိန်နဲ့ ရှိနေတာဆိုတော့ ရှောင်ဖို့ အချိန်မမှီလိုက်ရှာပါဘူး။ လန်ခရူဇာ ခင်မျာ တစ်ဝက်ကျော်တိတိထိ အကြုံးခံရပြီး နောက် မွမွကြေသွားပါတယ်။ ကျန်တဲ့တစ်ဝက်ကလည်း ရစရာမရှိတော့ပါ။ အကြိတ်ခံလိုက်ရသော အပိုင်းမှာဆိုရင် ဖြင့် သွားသာ ကြည့်ပါပေတော့ဗျာ။ ကားတောင် အဲ့ဒီလောက် အခြေအနေဆိုးနေရင် - ကဲ.. အထဲမှာ ရှိတဲ့ လူကို မှန်းသာမှန်းကြည့်ပါတော့ သူငယ်ချင်းတို့ရေ။ တော်သေးလို့ လူက တစ်ယောက်ထဲရှိလို့။ သေလားရှင်လား မမေးနဲ့ဦး။ သူ့ခင်မျာ ဘယ်သူဘယ်ဝါမှန်း မသိရအောင် ရုပ်တောင် ပေါ်တော့ဘူးဗျာ။ ကျန်ရှိနေတဲ့ ကိုယ်လုံးကလည်း သနားပါတယ်။ နှစ်ပိုင်း တိတိ ပြတ်သွားရှာတယ်။ ခြေထောက်နှစ်ချောင်းနှင့် အောက်ပိုင်းက တစ်ပိုင်း၊ ကျန်တာကတစ်ပိုင်း။ တော်တော်ဆိုးပါတယ်။ မျက်နှာကလည်း ရစရာမရှိအောင်ကို ပျက်စီးသွားပါတယ်။ သွေးတွေ ရှဲရှဲ ထွက်ပြီး အကြောတွေပါ နှစ်ပိုင်းပြတ်သွားတဲ့ပုံမှာ မြင်နေရတော့ ကြက်သိန်းတွေ ဖြန်းဖြန်ထမိပါတယ်။
အားလုံးဘဲ ဟိုင်းဝေးလမ်းမတွေမှာ ကားမောင်းရင် ကိုယ့်အရှိန်ကို ကိုယ်နိုင်အောင် ထိန်းပါ။ အိမ်မငိုက်ပါနှင့်။ သတိလက်လွတ် မဖြစ်ပါစေနှင့်။ လမ်းချော်ရင် ဒုက္ခရောက်သွားပါမယ်။ အရှိန်ပြင်းပြင်း ဆိုလျှင် ပိုပြီး သတိလေးနှင့် မောင်းရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို လည်း ရှုစားလိုက်ပါကုန်။










အားလုံးဘဲ ဘေး အန္တာရယ် ကင်းရှင်းပြီး ကျန်းမာ ချမ်းသာကြပါစေ။
Tea


သတိပြုရန်

ကြိုတင်သတိပေးထားရဲ့ နှင့် ကိုယ့်ဘာသာကိုယ် ကြည့်ကြသော တယ်ရင်း အပေါင်းတို့ အား Tea ကို ခွင့်လွှတ်ကြပါကုန်။ မုန့်ဝယ်ကျွေးကြပါကုန်။ ဟဲဟဲ။

အမှတ် - ၂ (မကြာမည် လာမည်။ မျှော်)


ဆက်ဖတ်ရန်...(To Continue)