Photobucket

Thursday, June 26, 2008

ကိုရီးယား စားသောက်ဆိုင်သို့ အလည် တစ်ခေါက်



ဒီနေ့ည အခုပဲ ကိုရီးယား စားသောက်ဆိုင် တစ်ခုမှာ သွားစားပြီး ပြန်လာတာပါ။ စားလို့တော့ တော်တော် ကောင်းတယ်ဗျ။ ဈေးလည်း မပေါဘူး။ ပုံမှန်ပဲ။ သူက ကိုရီးယား ဆိုတော့ အထူးအဆန်းလေ။ ပန်းကန် သေးသေးလေးတွေနဲ့ Side Dishes တွေ အများကြီး အလကား ပေးတယ်။ ကင်ရှီတို့၊ မုန်လာဥချဉ်တို့၊ ငါးကြော်တို့၊ အစရှိသဖြင့် အလကား စားရတာတွေ အများကြီးပဲ။ ဒီနေ့ သူငယ်ချင်း စုစုပေါင်း ၆ယောက် တူတူ သွားတာဆိုတော့ ဟင်းပွဲ ၆ပွဲလောက် ရှိတယ်။ စားလိုက် ဓာတ်ပုံတွေ ရိုက်လိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာပါပဲဗျာ။ ဟီးး။ အော်.. လင်းဂျစ်တူး လည်း အတူပါတယ်လေ။ (လင်းစစ်သူကို ပြောတာပါ။ ဟတ်ဟတ်) အားလုံးနှင့် ဓာတ်ပုံတွေ မျှဝေချင်လို့ ဒီပိုစ့်လေးကို လုပ်လိုက်တာပါ။ အရေးကြီးဆုံးကို မေ့နေတယ်။ ဆိုင်နာမည်က Shin Toe Bul Yi (Korean Restaurant) ပါ။ တော်တော် ကောင်းပြီး နာမည်ကြီးတဲ့ ကိုရီးယား ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ စားရင်လည်း နည်းနည်း နောက်ကျသွားရင်တော့ တန်းစီပြီး အားရပါးရ စောင့်ပေတော့ပဲ။ ကျွန်တော်တို့ကတော့ အစောဆုံးကို သွားတာ။ ဒီမှာ က ဒင်နာကို တော်တော်များများ ည ၇နာရီ ကျော်မှ စစားတာ များတယ်။ ကျွန်တော်တို့ကတော့ ၆နာရီ မထိုးခင်ကထဲက ရောက်နေပြီ။

ကဲ.. ဓာတ်ပုံတွေ ကြည့်လိုက်တာပေါ့နော်။

ဒီအောက်ကတော့ Menu ဓာတ်ပုံတွေပါ။ Menu က အမဲနဲ့ အနီ နှစ်မျိုးရှိပါတယ်။ အထဲမှာတော့ ကိုရီးယား၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးနှင့် ဖော်ပြထားပါတယ်။



ဒါကတော့ ကျွန်တော့်ရဲ့ လဘ္ဘရည်ခွက်ပါ။ လဘ္ဘရည် ချစ်သူဆိုတော့ တစ်ယောက်ထဲ သောက်တာ ဒီနေ့ အခွက် နှစ်ဆယ် ကျော်ပါတယ်။ ဟီးး။



ဆိုင်ကတော့ တော်တော် ကျဉ်းပါတယ်။ မြေနေရာကလည်း ဈေးကြီးတော့ သိတဲ့ အတိုင်းပါပဲ။ ကျွန်တော်ထိုင်တဲ့ ထိပ်ပိုင်းကနေ ဆိုင်ထဲကို လှမ်းပြီး ရိုက်လိုက်တာပါ။



ဒါကတော့ ထမင်းပါ။ ကိုရီးယား ထမင်းက စီးကပ်ကပ် အမျိုးအစားလေ။ ကျွန်တော်တော့ အရမ်းကြိုက်တယ်။ အထဲက ဟင်းက ငါးအသေးလေး တွေကို ကြော်ထားတာ။ အဲ့ဒါက အလကားရတာ။

ဒါကတော့ ဘာငါးဆိုလား မသိဘူး။ နာမည်တော့ မေ့သွားပြီ။ ကင်ထားတာလား။ ဖုတ်ထားတာလား မသိဘူး။ အချဉ်လေးနဲ့ တို့တို့ပြီး စားတာ။ နူးအိပြီး မွှေးနေတာတော့ အမှန်ပဲ။ နာမည် မေ့လည်း စားလို့ ကောင်းတယ် ဆိုပြီး ဒီအတိုင်း စားလာတာ။

ဒါကတော့ အမဲသားကို ချက်ထားတာပါ။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။ ရိုးရိုးလေးပါ။ ရိုးရိုးလေးလည်း စားလို့ ကောင်းတာပါပဲ။

ကြက်ကြော်လေ။ သူက Menu ထဲတောင် မပါဘူး။ ဒါပေမယ့် နာမည်တော့ သိပ်ကြီးတယ်။ လာတဲ့ လူတိုင်းက မှာစားကြတယ်။ ၀ိုင်းတိုင်း မှာတယ်။ မမှာတဲ့လူ မရှိဘူး။ နာမည်ကြီးဆိုလို့ ကျွန်တော်တို့ကလည်း သွားစားဖြစ်တိုင်း အဲ့ဒါ မှာစားတယ်။ ဟီးး။

ဒါကတော့ ဟင်း ၃ မျိုး ချပြီး တဲ့ အချိန်မှာ Side Dishes တွေနဲက အတူ အားလုံးကို တွဲရိုက်လိုက်တာပါ။

ဒါကတော့ Korea Seafood Pancake ပါ။ စားလို့ကောင်းတယ်။ ကျွပ်ကျွပ်လေး အနားသားလေးတွေပါ။ အထဲကတော့ အိအိလေးပါ။ စားလို့တော့ ကောင်းတယ်။ အင်္ဂလိပ် Pancake နဲ့ မတူဘူး။ မြန်မာ ဘိန်းမုန့်နဲ့ တော့ ခပ်ဆင်ဆင်လေး။

ဒါကတော့ အမဲသား အာလူး ဟင်းချို။ အာလူးက ၃တုံးပဲ ပါတော့ သူငယ်ချင်းတွေနဲ့ လုစားလာသေးတယ်။ ဟီးး။ တစ်တုံးကို ၅ပိုင်းလောက် ပိုင်းပြီး၊ တစ်ယောက်ကို အပိုင်းကိုယ်စီနဲ့ စားလာပါတယ်။ ပျော်ဖို့တော့ ကောင်းတယ်။ လုစားရတာကို ပြောတာ။ ဟင်းရည်အိုးကို လင်းစစ်သူက ခတ်ပြီး ထည့်ပေးတာလေ။ သူက ပိုင်းတာ မညီရင် ကျန်တဲ့လူတွေက အော်တော့တာပဲ။ လင်းစစ်သူက ထိုင်ပိုင်းနေတာ နာရီဝက်လောက် ကြာတယ်။ ဟီးး။

ကျွန်တော့် ဟင်းချိုပန်းကန်ပါ။ အစတုံးကတော့ ရိုက်မလို့ပဲ။ ကုန်ခါနီးမှ သတိရတော့ မြန်မြန်လှမ်း ရိုက်လိုက်တာ၊ အာလူးဆို ဘယ်ရောက် သွားမှန်းတောင် မသိဘူး။ အမဲသားဆို အရိုးပဲ ကျန်တော့တယ်။

ဒါကတော့ Side Dishes တွေပါ။ ကင်ရှီကတော့ ကျွန်တော် အိမ်မှာလည်း အပျင်းပြေ စားနေကျ အစာ တစ်ခုပါ။


ဒါကေတော့ Korea Rice Cake ဆိုလား။ ဘာလားပဲ။ အရွက်ရယ်၊ မှိုရယ်၊ ပြည်ကြီးငါးရယ်၊ Rice Cake ရယ်ကို အစပ်ချက်ထားတာပါ။ တော်တော်တော့ စားလို့ကောင်းတယ်။ ကျွန်တော့် ရှေ့မှာ ထားတဲ့ ပန်းကန်ဆိုတော့ ဟီးး။ အရင်ဆုံး ကုန်တာလေ။ ကျွန်တော်က နေရာ ယူကထဲက အလယ် Center ကျကျ မှာနေရာယူတာ။ ဘယ်ရမလဲ။ ဟိုဘက် တွယ်လိုက်၊ ဒီဘက် တွယ်လိုက်နဲ့။ အဆင်ကို ပြေနေတာပဲ။ :)


လေးစားချစ်ခင်လျှက်

Tea

10 comments:

PP said...

ငိုချင်လာပြီ။ ၀ါး များကျတော့ ပါဘူး :( သူတို့ကတော့ သွားဝါးနေတာ ဒီမှာကတော့ စာဖတ်နေရတယ်. :S

Anonymous said...

Hi Tea ,
I would like to get the address of that restaurant. I want to try it. Look so yummy.
And if you like Korean BBQ, you should also try Palace BBQ buffet at Sunnyvale. Very famous and taste good. Dinner is better and more food, but it's cheeper for lunch on weekdays. For me , haa haa I like to go for lunch bc cheeper and I can eat a lot. Thanks for sharing your food and pics. I really like your blog. Take care.

mgthonnya said...

သွားရည်လာကျသွားတယ်ဗျို့ :P

အိတာ said...

စားပဲစားနေတာပဲ....:D

Anonymous said...

စားစရာတွေကြည့်ပြီးသွားရည်ယိုလာပြီဗျာ..........
စားချင်စရာ........

Anonymous said...

ငါးသေးသေးလေးတွေကို မြော့ချီ့လိုခေါ်တယ်
ငါးအကြီးကတော့ ဂိုဒုံငေါ
rice cake မဟုတ် နက်ကျီ့ထွီကင်းမ်(ရေဘ၀ဲ အသေးနဲ့ ဂျုံ ကပ်ကြော်ထားတာ)
ကင်းရှီ မဟုတ်
ကင်း(မ်)ချီ=ချဉ်ဖတ် (အပုတ်အသိုး)
ဆက်ရေးချင်ပေ့မယ် မင်း ဒလက် လုပ်မယ်ဆိုတာသိလို့.......၁၆၀၀

Anonymous said...

စားချင်လာပြီ တီးရေ လိပ်စာပြောပါဦး

Anonymous said...

စားချင်လာပြီ တီးရေ ဆိုင်လိပ်စာလေးပြောပါဦး

ဆောင်း said...

တခုအမြင်မကြည်လင်လို့ ပြောပါရစေ။ ထမင်းပုဂံထဲမှာ တူ့ကို ထောင်စိုက်ထားတာ တွေ့ လို့ ပါ။ တရုတ်တွေ တစ္ဆေကြီး ကတော့ပွဲတော်မှာ ထမင်းဟင်း ပုဂံတွေ ထဲကို အမွှေးတိုင်ကို ထောင်စိုက်ထဲ့ ရတယ် လို့ ကြားဘူးတယ်။ မွေးနေ့ မှာသူငယ်ချင်း တယောက် လာကူတုန်းက အမှတ်တမဲ့ဇွန်းတွေ တပ်လိုက်တာ သူကမြင် လို့ ထောင်နေတဲ့ ဇွန်းတွေ အကုန်လှဲချတယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့နော် အယူသီးတယ် မသီးတယ် လက်ခံတယ် လက်မခံဘူး ဆိုတာထက် သိရအောင် ပြောပြတာပါ

Tea said...

Actually, i took that photo while i was eating.. I suddently remember about to take a pic while i was grabbing some rice with my stick.. i forgot to take it off and just left there like that..

no offenses to chinese people! I know about that tradition too...

I will try to delete the stick with paint when i reach home! :P