Photobucket

Thursday, November 6, 2008

The Six Basic Rights of Consumers


အခု ကျွန်တော် U.S. က ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုတွေ သုံးစွဲသူ တို့ရဲ့ အခြေခံ Rights (အခွင့်အရေး) ၆ခု ကို မိတ်ဆက် ပေးချင်ပါတယ်။ အခု နိုင်ငံ တော်တော် များများမှာ ထုတ်လုပ်သူ တွေက မိမိတို့ စိတ်ကြိုက် ထုတ်ချင်တိုင်း ထုတ်လို့ မရပါဘူး။ ထုတ်လုပ်သူတွေက သုံးစွဲသူတွေရဲ့ Rights တွေလည်း အလေးထား ရမယ်။ ချိုးဖောက်ရင်တော့ တရားစွဲ ခံရမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ဒါတွေ မရှိသေး ပါဘူး။ ကျွန်တော်တို့ရဲ့ တရားဥပဒေကို စောင့်ထိန်းနေတဲ့ လူတွေက တရား မျှတမှု မရှိတော့ တစ်ခုခု ဖြစ်ရင်လည်း တရားစွဲလို့လည်း မရသလို နောက်ထပ် ဒီ တရားဝင် လူ့အခွင့် အရေး တွေက မရှိတော့ တစ်ခုခု ဖြစ်လာရင် "ကိုယ့်ထိုက်ကိုယ့်ကံ" လို့ပဲ သတ်မှတ်လေ့ ရှိတယ်။ ဒါပေမယ့် နိုင်ငံ တစ်နိုင်ငံဟာ တိုးတက် လာတာနှင့် အမျှ သုံးစွဲသူတွေကို ကာကွယ်ခြင်း "Consumers Protection" ဆိုတာ ရှိလာမှာ အမှန်ပါ။

အခု မိတ်ဆက် ပေးမယ့် အချက် ၆ချက် ထဲက ၄ချက်ဟာ U.S. မှာ သမ္မတ ကနေဒီက Consumer Bill of Rights ကို တင်သွင်း အကောင်အထည် ဖော်ခဲ့တာပါ။ သူ့ခေတ် တုန်းက တော့ ၄ချက်ပဲ ရှိပါတယ်။ နောက်ထပ် ၂ချက်က နောက် သမ္မတ နှစ်ယောက်က သူတို့ ခေတ်တွေမှာ ထပ်ပြီး ထည့်ခဲ့တာပါ။ ဒီ ၆ချက်ဟာ ဆိုရင် တစ်ပြည်လုံးမှာ ရှိတဲ့ သုံးစွဲသူ အပေါင်းကို ကာကွယ်မှု တွေ အများကြီး ပေးနေပါတယ်။ သုံးစွဲသူတွေ အတွက် အရမ်းလည်း အရေးပါပြီး မရှိမရှိ လိုအပ် ပါတယ်။ ဒီ ၆ချက်ကတော့ -

  1. The Right to Safety (လုံခြုံခွင့်)
  2. The Right to Be Informed (အကြောင်းကြားခံရခွင့်)
  3. The Right to Choose (ရွေးခြယ်ခွင့်)
  4. The Right to be Heard (နားထောင်ခံခွင့်)
  5. The Right to Consumer Education (အခွင့်အရေးများကို သိပိုင်ခွင့်)
  6. The Right to Service

1. The Right to Safety
ဒီအချက်က အရမ်း အရေးကြီးတဲ့ အချက် တစ်ခုပါ။ သုံးစွဲသူတွေ ၀ယ်ယူလိုက်တဲ့ ကုန်ပစ္စည်းတစ်ခု၊ ၀န်ဆောင်မှုတစ်ခု က သုံးစွဲသည့် အခါမှာ လုံခြုံမှု ရှိစေခြင်း၊ လုံခြုံမှု ရှိရမည် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဆိုပါ ကုန်ပစ္စည်းက သုံးစွဲသူတွေက အန္တာရာယ် တစ်စုံတစ်ခု မသက်ရောက် စေရပါဘူး။ ထို့အပြင် ထုတ်လုပ်သူတွေက သူတို့ရဲ့ ကုန်ပစ္စည်း တွေရဲ့ အရည်အချင်း နှင့် အားထားနိုင်စွမ်း တွေကို လုံခြုံ စိတ်ချ ရပါကြောင်းကို သေချာစွာ စစ်ဆေးပြီး လုပ်ရပါမယ်။ U.S. မှာ Food and Drug Administration and the Consumer Product Safety Commission အစရှိတဲ့ အဖွဲ့အစည်းတွေက ထုတ်လုပ်သူတွေကို သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ ပြီးပြည့်စုံတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်စေရန် ဖိအား ပေးပိုင်ခွင့် ရှိပါတယ်။ အကယ်၍ သုံးစွဲသူတွေ မကျေမနပ် ဖြစ်ခဲ့သည် ရှိသော် ထုတ်လုပ်သူတွေက ကုန်ပစ္စည်းတွေကို ထုတ်လုပ်သူတွေကို ပြန်ပေးပြီး ပိုက်ဆံ ပြန်ယူခြင်း (Refunding) ဆိုတဲ့ အခွင့်အရေးကို လည်း ပေးစွမ်း နိုင်ရမယ်။ Quality and Reliability မရှိတဲ့ ကုန်ပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းရမယ်။ Public Warnings တွေ ထုတ်ရမယ်။ ဒါ့အပြင် သုံးစွဲသူတွေကို စိတ်ကျေနပ်စေရန် တစ်စုံတစ်ခု ပြန်ပြီး ပေးဆပ်ရမယ် (Reimbursement)။

2. The Right to Be Informed
ကုန်ပစ္စည်းတစ်ခုရဲ့ သက်ဆိုင်ရာ အချက်အလက် တွေ အားလုံးကို ၀ယ်ယူ သုံးစွဲသူတွေက သူတို့ အဆိုပါ ကုန်ပစ္စည်းကို မ၀ယ်ယူခင် အားလုံး သိလို့ရအောင် အဆင်သင့် ဖြစ်နေရပါမယ်။ ဥပမာ - စားသောက်ကုန် ပစ္စည်း တစ်ခုက ပါဝင်တဲ့ အရာ တွေ အားလုံး၊ ပြီးတော့ အာဟာရ ဓာတ်တွေ၊ ဒါတွေ အားလုံးဟာ အဆိုပါ အစားအစာ ကို ထုတ်ပိုးထားတဲ့ အရာပေါ်မှာ အဆင်သင့် ဖြစ်နေရမယ်။ တစ်ချို့ အ၀တ်အစားတွေက ရေအေးနဲ့မှ လျှော်ရမယ်။ ဟိုလို ဒီလို လျှော်လို့ မရဘူး။ ဒါတွေ ကိုလည်း အားလုံး ထည့်သွင်းထားရမယ်။ ဒါ့အပြင် နောက်ထပ် အရေးကြီးတာက ထုတ်လုပ်သူတွေက သုံးစွဲသူတွေကို သူတို့ရဲ့ ကုန်ပစ္စည်း သုံးစွဲသည့် အခါ ဘယ်ဒုက္ခတွေ ဖြစ်စေ နိုင်လဲ ဆိုတာကို လည်း အကြောင်းကြား ရပါမယ်။

3. The Right to Choose
သုံးစွဲသူတွေမှာေ၇ွးချယ်ပိုင်ခွင့် ဆိုတာလည်း ရှိရပါဦးမယ်။ U.S. စီးပွားရေး လောကရဲ့ သဘောသဘာဝ အရ ထုတ်လုပ်သူတွေ ထဲမှာ ပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ကုန်ပစ္စည်း အမျိုးအစား တစ်ခုမှာ ထုတ်လုပ်သူ တွေတစ်ဦး မက ရှိတယ်။ သုံးစွဲသူတွေက သူတို့ သဘော နှစ်ခြိုက်တဲ့ ကုန်ပစ္စည်းကို ရွေးချယ် ပိုင်ခွင့်ရှိပါတယ်။ ထုတ်လုပ်သူတွေ ထဲမှာ ပြိုင်ဆိုင်မှုတွေ ရှိလို့ သုံးစွဲသူတွေ အတွက် ဈေးတွေ သက်သာ လာမယ်။

4. The Right to Be Heard
တစ်စုံတစ်ဦးက သုံးစွဲသူတွေ ကုန်ပစ္စည်းတစ်ခုကြောင့် မကျေမနပ် ဖြစ်လို့ Complain တက်တဲ့အခါ နားထောင် ပေးရမယ်။ ပြီးတော့ မကျေမနပ်ချက်ကို ပြေပျောက်သွားအောင် စီစဉ်ပေးရမယ်။ တိုးတက် လာတာနဲ့ အမျှ ထုတ်လုပ်သူတွေက သုံးစွဲသူတွေကို ပိုအလေးထားလာတယ်။ ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့ အမျှ ထုတ်လုပ်သူတွေက သုံးစွဲသူတွေကို သေသေချာချာ ဂရုတစိုက် ရှင်းပြလာကြတယ်။ နားထောင်လာကြတယ်။

5. The Right to Consumer Education
၁၉၇၅ မှာ သမ္မတ Gerald Ford က ဒီအချက်ကို Consumer bill of rights ထဲကို တင်သွင်းခဲ့ပါတယ်။ ဒီအချက်ကြောင့် သုံးစွဲသူတွေ အားလုံးဟာ သူတို့ရဲ့ ကုန်ပစ္စည်း တစ်ခုကို သုံးစွဲရင် ဒီလို ဒီလို အခွင့်အရေးတွေ ရှိနေကြောင်း ပြောပြခံရမယ်။ ဥပမာ မကျေနပ်ရင် ပြန်လာပေးပြီး ပိုက်ဆံ အပြည့် ပြန် ယူလို့ ရတယ် ဆိုတဲ့ Refunding ရှိနေကြောင်း ပြောပြခံ ရမယ်။

6. The Right to Service
၁၉၉၄ မှာ သမ္မတ Bill Clinton က ထည့်သွင်းခဲ့တာပါ။ သုံးစွဲသူတွေ အဆင်ပြေရမယ်။ ထုတ်လုပ်သူတွေက သုံးစွဲသူတွေကို ယဉ်ကျေး လေးစားစွာ ဆက်ဆံရမယ်။ ကုန်ပစ္စည်း အဆင် မပြေမှုကြောင့် လိုအပ်ချက်တွေ ပြဿနာတွေ ရှိလာခဲ့ရင် ထုတ်လုပ်သူတွေက တာဝန်ရှိတယ်။

ဒီ အချက် ၆ချက်က သုံးစွဲသူတွေ ကို ကာကွယ်ပေး နေပါတယ်။ ဒီလို ကာကွယ်မှု တွေ မရှိရင် ဘာဖြစ်မလဲ ဆိုတာ ဥပမာ ပေးဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ကိုပဲ ဥပမာ ပေးရပါမယ်။ ALPINE သောက်ရေသန့်ကို သောက်သုံးပြီး ၀မ်းလျှော သွားလို့ တရားစွဲချင် ပါတယ်ဆို၇င်တော့ တရားရုံးက ရိုက်လွှတ် လိုက်ပါမယ်။ Air Bagan ကနေ လက်မှတ်ဝယ်ပြီး ရောင်းစာရေး တစ်ဦးနဲ့ မကျေနပ်လို့ ငါ့ကို ပိုက်ဆံပြန်ပေး ဆိုလို့ကတော့ Sorry ပါပဲ။ City Mart ကနေ တူညီတဲ့ ပစ္စည်းတွေ ၁သိန်းဖို့ ၀ယ်လာပြီး မကျေနပ်လို့ ပြန်သွားပေးပြီး ပိုက်ဆံ ပြန်တောင်းရင်တော့ "အားနာပါတယ်" ဆိုတဲ့ စကားနဲ့ ဖြေသိမ့် ရပါမယ်။ မုန့်ဟင်းခါး တစ်ပွဲ စားပြီး မဖြစ်သင့်တဲ့ ရောဂါ တွေ ဖြစ်လာရင် Complain တက်ပြီး ပြန်လည် တစ်စုံတစ်ခု ပေးဆပ် ခံရဖို့ စောင့်နေရင်တော့ မှားသွားပါဦးမယ်။ (မှတ်ချက် - ဒါတွေ အားလုံး ဥပမာ သက်သက် တွေသာ ဖြစ်သည်။)

တစ်ချိန်ကျရင် တိုင်းပြည် တိုးတက်လာပြီး လူ့အခွင့်အရေးဆိုတာ ရှိလာခဲ့ရင် ဒါတွေ အားလုံး အကောင်အထည် ပေါ်လာမည်လို့ ယုံကြည်ပါတယ်။

Tea

6 comments:

Anonymous said...

Consumer rights ကိုတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဥပမာပေးတဲ့နေရာမှာ company အမည်တွေထည့်သွင်းပြီး ဥပမာပေးခြင်းသည်တင့်လျှော်မှုမရှိလှဟုခံစားရပါသည်။ မှတ်ချက်နေဖြင့် ဥပမာ ပေးခြင်းသက်သက်ဖြစ်သည် ဟုဆိုသော်လည်း ထင်ယောင်ထင်မှား ဖြစ်စေပါသည်။ ထို company အမည်များနေရာတွင် general term ဖြင့်အစားထိုးလျှင် ပို၍သင့်တော်နိုင်ပါမည်။ ဥပမာ City Mart အစား Supermarket စသဖြင့်ပြောင်းသုံးလျှင် ပို၍သင့်တော်ပါမည်။

Anonymous said...

Thanks a lot for Business Knowledge.

Anonymous said...

Waiting future posts from this corner. I am a fan in Business.

Anonymous said...

ဒါလေးဖတ်လိုက်ရတာ ကြည်လင်လန်းဆန်းသွားတာပဲဗျာ။
ဒါပေမယ့်အပေါ်ကတစ်ယောက်ပြောသလို ပါပဲ။ company နာမည်တွေမထည့်သင့်ဘူးလို့ထင်ပါတယ်။ myhome16 ကနေ ဒီလိုမျိုးစာတွေအများကြီးထပ်ဖတ်ချင်ပါသေးတယ်ဗျာ။ အားပေးလျှက်......

Tea said...

Company နာမည်တွေ သုံးလိုက်တာကလည်း ခေါင်းထဲပေါ်လာတဲ့ Random Names တွေသာ ဖြစ်ပါတယ်။ ဘာသဘောထားမျှ မပါရှိပါ။

ဒါပေမယ့် ကျွန်တော်ပြောသွားတဲ့ အချက်တွေကို လက်တွေ့ဘ၀မှာ သွားပြီး စမ်းဆစ်ကြည့်ရင်လည်း တူညီတဲ့ အဖြေကို တွေ့ရမှာပါ။ အမှားတစ်ခုခုကို ပြောထားတာ မဟုတ်သလို ထိုကိစ္စတွေကလည်း လက်တွေ့ဘ၀မှာ မှန်ကန် နေသည့်အတွက် အားလုံး မြင်သာ သိသာ စေရန် လက်တွေ့ ဥပမာတွေ ပေးခြင်းဖြစ်သည်။

သဘောထားခြင်း မတိုက်ဆိုင်ခဲ့ပါက ကြိုတင်တောင်းပန်ပါကြောင်း

Tea said...

ကို Alex ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ကျရင် စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို တင်ဆက်သွားပါဦးမယ်။