Photobucket

Sunday, November 16, 2008

တစ်မိနစ်လောက် စောင့်ပါ


လူတစ်ယောက်က ဘုရားသခင်ကို မေးလေသည်။

လူသား - ကိုယ်တော်တို့ရဲ့ တစ်မိနစ်အချိန်က ကျွန်တော်တို့အတွက် ဘယ်လောက် ကြာပါသလဲ?

ဘုရားသခင် - ငါတို့ရဲ့ တစ်မိနစ်အချိန်က လူ့ပြည်မှာဆို နှစ်ပေါင်း သန်းတစ်ရာ ကြာတယ်။

လူသား - ဒါနဲ့ ကိုယ်တော်တို့ ငွေလဲနှုန်းက ဘယ်လောက် ရှိပါသလဲ?

ဘုရားသခင် - ငါတို့ရဲ့ တစ်ဒေါ်လာဟာ မင်းတို့ ဆီက ငွေနဲ့ဆို သန်းတစ်ရာနဲ့ ညီမျှတယ်။

လူသား - ကျေးဇူးပြုပြီး ကိုယ်တော်တို့ရဲ့ တစ်ဒေါ်လာကို ကျွန်တော့်ကို ပေးသနားတော်မူပါလား

ဘုရားသခင် - အသင်လူသား ငါတို့အချိန်နဲ့ တစ်မိနစ်ပဲ စောင့်လိုက်ပါဦးလေ ....

Source : mmcp

2 comments:

ကဗျာမလေး said...

စောင့်ဦးမှာ ... ။

တားမြစ် ထားသော... said...

ဘုရားသခင်လည်း စကားကပ်သကိုး...း)

သုခမိန်(E-Journal)