Photobucket

Sunday, November 9, 2008

ဖြန့်ဘူး ... ဖြန့်နိုင်ဘူး ..

ကလေး အဖေ တစ်ဦးသည် သူ၏ ပထမဦးဆုံး ကလေးအား မွေးဖွားရက် နီးကပ်လာသဖြင့် ဗေဒင် ဆရာ ထံ သွားမေးလေသည်။

အဖေ - "မွေးလာမယ့် ကလေးရဲ့ ဇာတာကို သိချင်လို့ပါဗျာ"

ဗေဒင် ဆရာ - "ယောက်ျားလေး မွေးမယ်။ လက်သီးဆုပ်ပြီး မွေးလာရင် သူခိုးဖြစ်မယ်။ လက်ဖြန့်ပြီးမွေးရင် ပညာရှိဖြစ်မယ်။

ရက်အနည်းငယ် အတွင်းတွင် ဇနီးဖြစ်သူက သားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကို ပွေ့ချီပြီး အပြင်ဘက်ထုတ်လာလေရာ ..

သူနာပြုဆရာမ - "ကယ်.. အဖေဖြစ်သူ.. ကလေးကြည့်လို့ရပြီ"

အလျင်အမြန် ကလေးကို ကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထား တွေ့ရသဖြင့် ..

အဖေ - "သား .. လက်ဖြန့်လိုက်"

သားငယ် - "လက်ဖြန့်လို့ မဖြစ်ဘူး.. သားလက်ထဲမှာ ဆရာမ လက်စွပ်ရှိတယ်"

အဖေ - " တိန် " :)

Source:mmcp

No comments: