Photobucket

Friday, November 7, 2008

ASK ME စားပွဲဝိုင်း (အမှတ် - ၅)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၅) မှာ မေးခွန်း ၅ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


နိုင်ငံရေးဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
Just want to put a question that what do you think of an old saying that says "Every country has the government it deserves".We(burmese) normally complaint that currently ruling military junta is the worst government ever in this 21st century.There is no doubt that they really are but that is not the point.The point is Do we really deserve Democracy ?????Don't get offended, I was just trying to point out from the different perspective.Just sitting down at the corner and keep insist telling people that I want Democracy won't get us anything.I want our people to work even harder than ever to achieve our goal.I hope you all have the ability to read between the lines and would get my point that what I am trying to say.And kindly respond to my question. Regards
Patriot

ကျွန်တော် မြန်မာလို အရင်ဆုံး ဘာသာ ပြန်လိုက်မယ်ဗျာ။
ကျွန်တော်တစ်ခုမေးချင်ပါတယ်။ ရှေးရိုးစကားတစ်ခွန်းရှိတယ်။ "နိုင်ငံတိုင်းဟာ မိမိတို့ နိုင်ငံနှင့် ထိုက်တန်တဲ့ အစိုးရကိုသာ ရရှိပိုင်ဆိုင်ကြပါတယ်" ကျွန်တော်တို့ ဗမာတွေက အမြဲတမ်း စစ်အစိုးရစတက်လာကထဲက သူ့ကိုပဲ အမြဲတမ်း ပြစ်တင်ရှုံချဝေဖန်ကြပါတယ်။ သူတို့ မကောင်းဘူးဆိုတာ ပြောစရာ မဟုတ်ပေမဲ့ ဒါပေမယ့် ဒါဟာလည်း ကျွန်တော် ပြောချင်တာ မဟုတ်ပါဘူး။ ကျွန်တော် ပြောချင် မေးချင်တာက ကျွန်တော်တို့ တိုင်းသူပြည်သားတွေဟာ တကယ်ပဲ Democracy နှင့် ထိုက်တန် ပါသလား? တစ်မျိုးတော့ မထင်ပါနဲ့။ ကျွန်တော်က တစ်ခြား အမြင်တစ်ခုကို ပြောပြချင်တာပါပဲ။ ကျွန်တော်က ကျွန်တော်တို့ တိုင်းပြည်က လူတွေကို အစစအရာရာ ကြိုးစားစေချင်တယ်။ ချောင်ထဲမှာထိုင်ပြီး ဒီမိုကရေစီ ဒီမိုကရေစီလို့ အော်နေတာတော့ ဘာမှ မထူးဘူးလို့ ထင်ပါတယ်။ ဘာမှလည်း ပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အမြင်ကို နားလည်မယ်လို့ ထင်ပါတယ်။ အဖြေကိုလည်း စောင့်မျှောနေပါတယ်။ ကျေးဇူးပါ။

မေးခွန်း မေးသွားသူ ပြောသွားတဲ့ အချက် တစ်ချက်ဖြစ်တဲ့ “ချောင်ထဲမှာထိုင်ပြီး ဒီမိုကရေစီ ဒီမိုကရေစီလို့ အော်နေတာတော့ ဘာမှ မထူးဘူးလို့ ထင်ပါတယ်။ ဘာမှလည်း ပြီးမြောက်စေမှာ မဟုတ်ပါဘူး။” အဲ့ဒီ အချက် အရမ်းကို မှန်ပါတယ်။ ချောင်ထဲမှာ ပဲ ထိုင်ပြီး ဒီမိုကရေစီလို့ အော်နေတာနဲ့ ဘာမှ ပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ နိုင်ငံတိုင်းဟာ မိမိတို့ နိုင်ငံနဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရရှိပိုင်ဆိုင် ကြပါတယ်။ ကျွန်တော် အဲ့ဒီ အချက်ကိုလည်း သဘောတူပါတယ်။ ကျွန်တော် ဝေဖန်ချင်တာ တစ်ခုက မြန်မာတွေ အလုပ်လုပ် တာ အချိုး မကျပါဘူး။ ဒါ ပြင်းပြင်း ပြောလိုက်တာပါ။ ညီညွတ်မှု ဆိုတာ လုံးဝ မရှိပါဘူး။ အားလုံးဟာ မိမိကောင်းဖို့ ကိုပဲ ကြည့်နေကြပါတယ်။ ဒါဟာ အားလုံးမှာ ဖြစ်နေတဲ့ သဘာဝ တစ်ခုပါ။ တစ်ခုခုဆိုရင် “ငါနာမည်ရဖို့၊ ငါကောင်းဖို့” ဆိုတာတွေကို ကြည့်နေ ဂရုစိုက်နေသူတွေ အများကြီးပါ။ တိုင်းပြည်ကို ကောင်းအောင် လုပ်ဖို့တော့ လက်ချိုးရည်လို့ ရပါတယ်။ နောက်ပြီး လူအများစုကလည်း အခု အခါမှာ ညီညွတ်မှု မရှိတဲ့ အပြင် တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ လွဲနေကြပါတယ်။ နားလည်မှုတွေ မရှိကြဘူး။ စိတ်ဝမ်းကွဲဖို့ အရမ်းလွယ်ကူပါတယ်။ ထစ်ကနဲဆိုရင် ကွဲသွားကြပါတယ်။ အလုပ်လုပ်တာတွေက တစ်ဦးနဲ့တစ်ဦး စည်း မညီပါဘူး။ ပြီးတော့ ခေါင်းဆောင်ကောင်း မရှိဘူး။ လူတွေ တစ်ကွဲတစ်ပြားဆီ ဖြစ်နေတယ်။ ဒီမိုကရေစီ ရဖို့တော့ ဝေးဦးမယ် လို့ထင်တယ်။ ပထမဦးဆုံး “ဒီမိုကရေစီဆိုတာ ဘာလဲ?” ဆိုတဲ့ မေးခွန်းကို ပါးစပ်ကနေ အမြဲတမ်း ဒီမိုကရေစီ ဆိုပြီး ရွတ်နေတဲ့ လူတွေကို ကျွန်တော် လိုက်မေးချင်တယ်။ အဓိပ္ပာယ်ကို သိမှ အော်ကြဖို့ ပြောချင်ပါတယ်။ ဒါလိုမျိုး အဖြစ်အပျက်တွေ အများကြီး ဖြစ်နေတာလည်း ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ လူတွေကို ဒီလိုမျိုး ပညာမဲ့၊ အသိဥာဏ်မဲ့အောင် ဒီ စစ်အစိုးရကပဲ အကြံအစည်နဲ့ အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်။ ပညာရေးကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်။ နောက်ဆုံး ပြောရမယ် ဆိုရင် လက်ရှိ အခြေအနေက မကောင်းဘူးဗျ..
ဒီမေးခွန်း အဖြေက
ကျွန်တော့် အမြင်တစ်ခုသာ ဖြစ်တယ်။ ကျေးဇူးတင်ပါတယ်။
Tea


ကျန်းမာရေး ဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
ဒေါက်တာရမ်းကု ကြီးရေ ကူညီပါဦး ဂျို့ အရမ်းထိုးနေပါတယ်၊ သုံးရက်လောက်ရှိပါပြီ၊ ဘာကြောင့် ဖြစ်ရတာရယ် ဘယ်လို ကုစားရတယ်ဆိုတာလေးကို အမြန်ဆုံးပြောကြားပေးပါဗျာ

ဂျို.ထိုးတာက ရင်ခေါင်းခြားကြွက်သား (diaphragm) ထပ်ခါထပ်ခါကျုံ.လို.ဖြစ်တာပါ။ ရင်ခေါင်းနဲ. လည်ပင်းကြားက အာရုံကြော ဥပမာ - esophageal nerveကိုသွားဆွမိရင်လည်း ဂျို.ထိုးတတ်ပါတယ်။ နောက်တခါ၊ အစားတွေအရမ်းစားလိုက်တဲ့အခါ၊ မြန်မြန်စားလိုက် တဲ့အခါလည်း ဂျို.ထိုးတတ်ပါတယ်။ အရမ်းမခံမရပ်နိုင်အောင် ဂျို.ထိုးနေရင် chlorpromazine, Halopeidol, Metoclopramid ဆိုတဲ့ ဆေးတွေကိုသောက်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဆေးသောက်ခင် အရင်ဆုံး ရေသောက်ကြည့်တာတို.၊ ထမင်းကိုလုံးပြီးမျိုချကြည့်တာတို.ကို လုပ်ကြည့်သင့်ပါတယ်။
ဒေါက်တာရမ်းကု

Anonymous ၏ မေးခွန်း
ကျွန်တော်သိချင်တာက လူတစ်ယောက်ဟာသာမာန် အချိန်မှာ ချွေးမထွက်ပဲ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် မှချွေးထွက်တာပါ..ရေလောင်းထားသလိုအလွန်ထွက်တာပါ အပြင်မှာရာသီ ကမိုးအေးပြီးရွာနေရင်လည်းဖြစ်တာပါပဲ. ညတိုင်းပါ.နေခင်းဘက် air-con ထဲမှာ နေလို့ဖြစ်တာ လားဟင်....ကျွန်တော်အလုပ်က engineer ပါ...singapore မှာပါ.ကိုယ်ကိုယ်ကိုသာမာန် မဟုတ်သလို ခံစားရနေလို့ပါ။
ညဘက်မှာ အိပ်တဲ့အခါ ချွေးထွက်တာက မအိပ်ခင် ပူစပ်တဲ့ အစားအသောက်စားမိလို.၊ ဒါမှမဟုတ် ပူအိုက်တဲ့ ရာသီဥတုရှိလို. ဖြစ်နိုင်ပါတယ်။ အိပ်တဲ့ အခါမှာကော air-con ဖွင့်အိပ်သလား? မအိပ်ခင် ကိုယ်လက်လှုပ်ရှားတာတွေ လုပ်ရင်လည်း အိပ်နေရင်းနဲ.ချွေးထွက်တတ်ပါတယ်။ ပူအိုက်စပ်တဲ့ ညတွေမှာ ချွေးထွက်တာကတော့ ပုံမှန်လို.ပြောနိုင်ပါတယ်။ Singapore ရာသီဥတုက အိုက်စပ်စပ်ဖြစ်တော့ ညဘက်မှာချွေးထွက်တာ ပုံမှန်လို.ထင်ပါတယ်။ Air-con ထဲတစ်နေ.လုံးနေတာနဲ.တော့ မဆိုင်ဘူးလို.ထင်ပါတယ်။
ဒေါက်တာရမ်းကု


နည်းပညာဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
My name is Tom. I want to ask you some question. If you can, pls help me. I'm not very good with computer. My computer had already got virus, and I tried to install anti- virus software, but it didn't work. So what I'm soppose to do. I also couldn't install flash player after my computer was attacked by virus. I also couldn't find run box in start menu. I will really appreciate for your help. Thanks.
ပုံမှန်အားဖြင့် virus တော်တေင်များများကို ကွန်ပျူတာထဲတွင်ရှိပြီးသား antivirus software နဲ့ ရှင်းလို့ရပါတယ်။ တချို့ virus၊ ဥပမာ Antivirus XP 2007 ကြတော့ user ကို အင်တာနက်မှတစ်ဆင့် antispyware သွင်းခိုင်းပြီး သူကိုယ်နှိုက်က virus ဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွင် virus removal tool ဖြစ်သော BartPE CD ကိုယ်ကျွှန်တော်တို့သုံးလေ့ရှိပါတယ်။ ဒါမှမအောင်မြင်ရင်တော့ နောက်ဆုံးနည်းလမ်းအနေနဲ့ virus လည်းရှင်း file လည်းဖြစ်သော reimaging ကို လုပ်ဖို့လိုပါလိမ့်မယ်။ ကွန်ပြူတာအကြောင်း လုံးဝ နားမလည်ဘူး ဆိုရင်တော့ Service Center ကို သာ သွားပေးဖို့ အကြံပြုပါရစေ။
သိပ္ပံမောင်ပိန်

zepeian ၏ မေးခွန်း
ကျွန်တော်မေးချင်တာလေးတစ်ခုရှိလို့ပါ။ ဟမ်းဖုန်းတွေကနေအင်တာနက်ကြည့်တာကို မြန်မာနိုင်ငံမှာ လည်းရနေပြီ လို့ပြောပါတယ်။ အဲဒီအကြောင်းသိချင်လို့ပြည့်ပြည့်စုံစုံလေးပြောပြပေးပါခင်ဗျာ။ ၀ီမက်စ်စနစ်နဲ့ ကြည့်ရတာလို့ လည်းပြောကြပါတယ်။ ဟုတ်ပါသလား။ ၀န်ဆောင်ခတွေက ကော ဘယ်လိုရှိပါသလဲ သိချင်ပါတယ်။
ကျွန်တော်လည်း သေချာ မပြောတတ်ဘူးဗျ။ အကောင်းဆုံးကတော့ ဒဂုံစင်တာကို ယူသွားပြတာ ပိုကောင်းမယ်ထင်တယ်။ ယုဇနပလာဇာဆိုလည်း အဆင်ပြေပါတယ်။ ဖုန်းရောင်းတဲ့ နေရာတွေကို သွားစုံစမ်းကြည့်ပါလား? ကျွန်တော်တို့က အခု မြန်မာနိုင်ငံမှာ မရှိနေဘူးဆိုတော့ ပြောရခက်ပါတယ်။
သိပ္ပံမောင်ပိန်

အားလုံးကို လေးစားလျှက်
www.myhome16.com



2 comments:

Unknown said...

အချိန်အခါနဲ့ ကိုက်ညီတဲ့ မေးခွန်းကို မေးတဲ့သူက မေးပြီး ဖြေတဲ့လူကလည်း လူတိုင်း လက်ခံနိုင်အောင် ဖြေနိုင်ပါပေတယ်နော်...
ဟုတ်ပါတယ်..
လက်ရှိအခြေအနေ မကောင်းပါဘူး..
အများကြီး ကြိုးစားရဦးမှာပါ..
သူများတွေကို နမူနာကြည့်ပြီး ကိုယ့်လမ်းတော့ ကိုယ်သေချာ လျှောက်မှ ရမှာပါ..

Anonymous said...

T Bေ၇ာဂါ ရှိ ရင် လဲ ည ဘက် အိပ်ရင် ချွေး ထွက် တတ် ပါ တယ်