Photobucket

Tuesday, November 4, 2008

ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်



ဒီတစ်ခေါက်တော့ ပေဖူးရဲ့ Itune ထဲမှာ အထပ်ထပ်အခါခါ Play မိနေတဲ့ သီချင်းလေးတစ်ပုစ်ကို Share ချင်ပါတယ်။ Sheryl Crow ရဲ့ Out of Our Heads ပါ။ သီချင်းလေးကတော့ လူသားတွေ အပြောနဲ့ အလုပ်မညီတာ။ ဖြူစင်တဲ့ နှလုံးသားရှိနေရဲ့သားနဲ့ လက်ကလုပ်နေတာတွေက အကြမ်းဖက်မှုတွေ အကြောင်းကို သီချင်းစပ်ဆိုထားတာပါ။

တို့ဗမာနိုင်ငံတင်မက ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတဲ့ လူသတ်ပွဲတွေကိုပဲ ကြည့်လိုက်တော့လေ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းမယ်ဆိုတဲ့ အမေရိကန်နိုင်ငံလေ ကိုယ်နိုင်ငံသားအပါအ၀င် လူသားပေါင်းမြောက်မြားစွာကို သေစေခဲ့ပြီးပြီ။ ဘာသာတရားကို ကိုင်းရှိုင်းလှပါချည့်ရဲ့ဆိုတဲ့ ထေရ၀ါဒတို့ဗမာနိုင်ငံသားတွေ ဘုရားသားတော်တွေကို မရှုမလှ နှိပ်စက်ခဲ့ပြီးပြီ။ ဒါတွေကို နှလုံးသားနဲ့ နည်းနည်းလေးပဲ ဖြစ်ဖြစ်ခံစားကြည့်မယ်ဆိုရင် ဒီလို အဖြစ်ဆိုးတွေ ကြုံမှာ မဟုတ်ဘူးလေ။

သီချင်းလေးဘက်ကိုပဲ ပြန်သွားရအောင်။ Youtube က video လေးမှာတော့ Celebrity တွေ President တွေရဲ့ လက်နှစ်ချောင်းထောင်ထားတဲ့ Peace Sign တွေကို ထည့်ထားတယ်။ အဆိုတော် Sheryl Crow ပြောချင်တဲ့ နောက်က Message လေးကို အရမ်းကြိုက်တယ်။ လက်ညိုးနဲ့ လက်ခလယ်လေးနှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်လိုက်တာနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်လို့ အသိအမှတ်ပြုနိုင်ပါသလား???? (မှတ်ချက်၊ တို့ဗမာစစ်အစိုးရခေါင်းဆောင်တွေကတော့ ပြတ်တယ်။ Peace Sign လဲ မရှိ။ ဒီတော့လဲ လုပ်ချင်သလိုသာလုပ်တော့တာ) :(

သီချင်းစာသားကိုပါ ဘာသာပြန်ပေးထားတယ်နော။ direct english ကိုတော့ နည်းနည်းရှောင်ထားပြီး သူပြောချင်တဲ့ အာဘော်လေးတွေကို နည်းနည်းထည့်ထားတယ်။ ဘာသာပြန်တာတွေ လွဲနေတယ် ပြောမှာဆိုးလို့။ အဟိ၊ အားလုံးပဲ ကြိုက်ကြမယ်လို့ ယုံကြည်တယ်။ PEACE!!



"Out Of Our Heads"

If you feel you wanna fight me
မင်းငါ့ကို တိုက်ခိုက်ချင်တယ်လို့ ခံစားရရင်
There's a chain around your mind
နောက်ဆက်တွဲတွေ အများကြီးဆက်ပြီး တိုက်ခိုက်ချင်နေလိမ့်မယ်
When something is holding you tightly
တစ်စုံတစ်ခုက မင်းကို တင်းကျပ်ထားရင်
What is real is so hard to find
အမှန်တရားကို ရှာဖွေဖို့ ခက်ခဲနေလိမ့်မယ်

Losing babies to genocide
ကလေးတွေ လူသတ်ပွဲတွေမှာ အသက်တွေ ဆုံရှုံးနေကြတယ်
Oh where's the meaning in that plight
ဒါဟာ ဘာအဓိပါယ်တွေ ရှိနေလဲ
Can't you see that we've really bought into
နောင်တစ်ချိန်မှာ မင်းအတွက် ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုတာကို မင်းမမြင်နိုင်ဘူးလား
Every word they proclaimed and every lie, oh
သူတို့ရဲ့ အာမခံချက်တွေ သူတို့ရဲ့ အလိမ်အညာတွေ……..

If we could only get out of our heads, out of our heads
မင်းခေါင်းနဲ့ စဉ်းစားမနေနဲ့တော့
and into our hearts
နှလုံးသားနဲ့ ခံစားကြည့်ပါ။
If we could only get out of our heads, out of our heads
ဦးနှောက်နဲ့ မတွေးနဲ့တော့
And into our hearts
ရင်နဲ့ ခံစားကြည့်ပါ

Someone's feeding on your anger
မင်းဒေါသတွေကို ဆက်မွေးထားရင်
Someone's been whispering in your ear
တစ်စုံတစ်ယောက်က မင်းကို ဆက်လုပ်ဖို့ ပြောနေရင်
You've seen his face before
မင်းဒါတွေ မြင်ခဲ့ပြီးပြီ
You've been played before
မင်းဒါတွေ ကြုံခဲ့ပြီးပြီ
These aren't the words you need to hear
ဒါတွေ မင်းထပ်ကြားချင်မှာလဲ မဟုတ်တော့ဘူး

Through the dawn of darkness blindly
အာရုံတက်ချိန်မှာတောင် မင်းရဲ့စိတ်ဟာ မှောင်မိုက်နေလဲ
You have blood upon your hands
မင်းလက်မှာ သွေးတွေ စွန်းနေလဲ
All the world will treat you kindly
ဒါပေမယ့် တို့ကမ္ဘာကြီးဟာ မင်းကို ကြင်နာစွာနဲ့ ခွင့်လွှတ်နေမှာပါ
But only the heart can understand, oh understand
မင်းနှလုံးသားနဲ့ ခံစားကြည့်ရင် နားလည်မှာပါ

[If we could only get out of our heads, out of our heads
မင်းခေါင်းနဲ့ စဉ်းစားမနေနဲ့တော့
And into our hearts
နှလုံးသားနဲ့ ခံစားကြည့်ပါ။
Children of Abraham lay down your fears, swallow your
Tears and look to your heart
မင်းရဲ့ ကြောက်ရွံ့မှုတွေကို ဘေးဖယ်လိုက်တော့
မျက်ရည်တွေကို သုတ်ပစ်လိုက်
တကယ့်နှလုံးသား အစစ်အမှန်ကို ကြည့်လိုက်တော့။] x2

Every man is his own prophet
လူသားတိုင်းဟာ ကိုယ့်ရဲ့ လမ်းပြပေးသူဖခင်ပဲ
Oh every prophet just a man
ဒါပေမယ့် သူတို့ဟာလဲ လူသားပဲဆိုတာ မမေ့နဲ့လေ
I say all the women stand up, say yes to themselves
မိန်းမသားတွေ အားလုံး ကိုယ့်ဘက်မှာ ရပ်တည်လိုက်စမ်းပါ
Teach your children best you can
ကိုယ့်ရဲ့ ကလေးတွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးလိုက်စမ်းပါ

Let every man bow to the best in himself
ကိုယ်လုပ်ခဲ့တဲ့ အကောင်းဆုံးတွေအတွက် ကိုယ့်ဘာသာကိုယ် အလေးပြုလိုက်စမ်းပါ
We're not killing any more
ငါတို့ အချင်းချင်းမသတ်ဖြတ်ကြတော့ဘူး
We're the wisest ones, everybody listen
ငါတို့ဟာ စဉ်းစားနိုင်စွမ်းရှိတယ်ဆိုရင်
'Cause you can't fight this feeling any more, oh anymore
ငါတို့ အကြမ်းဖက်ချင်မှာ မဟုတ်တော့ဘူးလေ

[If we could only get out of our heads, out of our heads
မင်းခေါင်းနဲ့ စဉ်းစားမနေနဲ့တော့
And into our hearts
နှလုံးသားနဲ့ ခံစားကြည့်ပါ။
Children of Abraham lay down your fears, swallow your
Tears and look to your heart
မင်းရဲ့ ကြောက်ရွံ့မှုတွေကို ဘေးဖယ်လိုက်တော့
မျက်ရည်တွေကို သုတ်ပစ်လိုက်
တကယ့်နှလုံးသား အစစ်အမှန်ကို ကြည့်လိုက်တော့။] x2

သီချင်းများနဲ့ ပျော်ရွှင်နေတဲ့
ပေဖူးလွှာ

1 comment:

Maharburma said...

ဟုတ်တယ် ပေဖူးရေ

လူတွေက သူများကို ကိုယ်ချင်းစာကြည့်ဖို့ မေ့နေတယ်။ အတ္တ နဲ့ မာနကြားမှာပဲ နေရင်းနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတယ်။

အတ္တသမားများ အမြင်မှန် မြန်မြန်ရပါစေ။