Photobucket

Sunday, November 16, 2008

Quotes (အခန်း - ၂)

ကျွန်တော် Quotes အဓိပ္ပာယ်ရှိတဲ့ စကားစု လေးတွေကို စုဆောင်းရတာ ၀ါသနာ ပါတယ်။ အရင်တစ်ခါ တုန်းကလည်း အချစ်နဲ့ ဆိုင်တဲ့ Quotes လေးတွေကို ပိုစ့်တစ်ခု နဲ့ စုဆောင်း တင်ပြပေးဖူးတယ်။ ဒီတစ်ခါတော့ ကျွန်တော် ကြိုက်နှစ်သက်ပြီး ဘာသာပြန်ထားတဲ့ အဓိပ္ပာယ် လေးနက်တဲ့ စကားစုလေး ၁၂ခုကို တင်ပြချင်ပါတယ်။


"What we think, or what we know, or what we believe is, in the end, of little consequence. The only consequence is what we do." John Ruskin
ငါတို့လုပ်နေတာဟာ ငါတို့စဉ်းစားတာတွေ၊ ငါတို့သိထားတာတွေ ဟာ တကယ်တော့ သေးငယ်တဲ့ အကျိုးဆက်တွေတာ ပေးစွမ်း တာပါ။ တကယ်တမ်းအရေးပါတာက ငါတို့ဘာတွေ လုပ်တယ်ဆိုတာပါပဲ။

"It is easier to forgive an enemy than to forgive a friend." William Blake
ရန်သူတစ်ယောက်ကို ခွင့်လွှတ်ရတာဟာ သူငယ်ချင်းတစ်ယောက်ကို ခွင့်လွှတ်ရတာထက် ပိုလွယ်ကူတယ်။

"Quality is not an act. It is a habit." Aristotle
အရည်အချင်းဆိုတာ ဆောင်ရွက်ချက်တစ်ခု မဟုတ်၊ အရည်အချင်းဆိုတာ အကျင့်တစ်ခု။

"Don't look where you fall, but where you slipped." African Proverb
သင်ဘယ်နေရာမှာ ကျဆုံးခဲ့လဲ ဆိုတာ မကြည့်ပါနဲ့။ ဘယ်နေရာမှာ ခြေချော်ခဲ့သလဲဆိုတာ ဆန်းစစ်ပါ။

"Never interrupt your enemy when he is making a mistake." - Napoleon Bonaparte
သင်၏ရန်သူ အမှားတစ်ခု လုပ်နေချိန်မှာ ဘယ်တော့မှ မနှောက်ယှက်ပါနှင့်။

"Advice is what we ask for when we already know the answer but wish we didn't." Erica Jong
အကြံဥာဏ်ဆိုတာ ငါတို့သိထားတဲ့ အဖြေတစ်ခုကို မသိချင်ယောင်ဆောင်ပြီး မေးတဲ့ အရာတစ်ခုပါ။

"The only real prison is fear, and the only real freedom is freedom from fear." Aung San Suu Kyi
ကြောက်လန့်ခြင်းဆိုတာ တစ်ခုတည်း စစ်မှန်တဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ခုတည်း စစ်မှန်တဲ့ လွတ်လပ်ခြင်းဆိုတာ ကြောက်လန့်ခြင်း မှ လွတ်လပ်ခြင်း ဖြစ်တယ်။

"Happiness is not something ready-made. It comes from your own actions." Dalai Lama
ပျော်ရွှင်ခြင်းဆိုတာ အဆင်သင့် ရှိနေပြီးသား အရာတစ်ခု မဟုတ်။ ပျော်ရွှင်ခြင်းသည် သင်၏ ဆောင်ရွှက် ပြုမူခြင်းမှ ဖြစ်ပေါ်လာသည်။

"Friendship is one mind in two bodies." Mencius
ခင်မင်ခြင်း (Friendship) ဟူသည် စိတ်တစ်ခု၊ ခန္ဓာနှစ်ခု။

"I am patient with stupidity but not with those who are proud of it." Edith Sitwell
ငါဟာ တုံးအခြင်းနဲ့ စိတ်ရှည်တယ်။ ဒါပေမယ့် တုံးအမှုနဲ့ ဂုဏ်ယူနေတဲ့ လူတွေနဲ့တော့ စိတ်မရှည်ပါ။

"Forgive your enemies, but never forget their names." John F. Kennedy
သင်၏ ရန်သူတွေကို ခွင့်လွှတ်ပါ။ ဒါပေမယ့် သူတို့ရဲ့ နာမည်တွေကိုတော့ မမေ့ပါနှင့်။

"Only two things are infinite, the universe and human stupidity, and I’m not sure about the former." Albert Einstein
လောကမှာ အဆုံးမရှိတာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက စကြာဝဌာ။ တစ်ခုက လူတွေရဲ့ တုံးအ ခြင်း၊ ဒါပေမယ့် စကြာဝဌာကြီး အဆုံးမရှိဘူး ဆိုတာကိုတော့ ငါမသေချာဘူး။

whitecandle.05@gmail.com ကလည်း ကျွန်တော့်ကို Gtalk မှာ Quote လေးတစ်ခု ဒီနေရာမှာ သုံးဖို့ လာပြောသွားပါတယ်။

"No man really becomes a fool until he stops asking questions." Charles P.Steinmetz
လူတစ်ယောက်ဟာ မေးခွန်းတွေ မေးနေတရွေ့ အရူးမဖြစ်ဘူး


6 comments:

Anonymous said...

Thanks for sharing good quotes!

Anonymous said...

O Lord,
thou givest us everything,at the price of an effort.
_Leonardo Da Vinci

I can see how it might be possible for a man to look down upon earth and be an atheist, but i cannot conceive how he could look up into the heavens and say there is no God.
_Abranham Lincoln

Curiosity is the thirst of the soul.
_Samuel Johnson

Truth between candid minds can never do harm.
_Thomas Jefferson

Tea said...

Candle ရဲ့ Quotes ကို အပိုင်း ၃ ကျရင် မျှဝေပေးလိုက်မယ်နော့်

Unknown said...

တချို့ ဆောင်ပုဒ်တွေက ကိုယ်ပြောချင်ပြီး စကားလုံးရှာမတွေ့တဲ့ အရာတွေအတွက် တကယ်လှတယ်... တချို့ကတော့ ကိုယ့်ကို အမြင်ကျယ်စေတယ်..ကျေးဇူးပဲ တီးရေ...
လက်ဖက်ရည် မသောက်ဖြစ်တာ ကြာပေါ့...
ခုလို ကောင်းကောင်းလေး ဖျော်ပေးတာ ကျေးဇူး...

ချိုသာတေး said...

ချို လည်း အဲလိုလေးတွေ လိုက်ဖတ် စုဆောင်းရတာ ဝါသနာ ပါတယ်။ ဝေမျှတဲ့အတွက် ကျေးဇူးပါ။

တားမြစ် ထားသော... said...

ကောင်းမွန်တဲ့ စကားစုတွေပါပဲ။ နှစ်သက်သဗျ။ ဝေမျှတာကျေးဇူးပါ။

သုခမိန်(E-Journal)