Photobucket

Wednesday, November 19, 2008

ကျောင်း ဆိုတာ


ဆရာမက မေးတယ် ကျောင်းသားတစ်ယောက်ကို "ကျောင်းကိုဘာဖြစ်လို့ လာတာလဲ" တဲ့။
ကျောင်းသား ကဖြေတယ်.. "စာသင်ဖို့ လာတာ" တဲ့။
ဆရာမက ပြန်ပြောတယ်..."မဟုတ်ဘူးတဲ့။ စာတတ်ချင်လို့ လာရတာ" တဲ့။
သူငယ်ချင်းတစ်ယောက်ကတော့ ဖြေတယ်..."ကျောင်းတက်ဖို့ လာတာ" တဲ့။
ဘယ်သူ့ အဖြေမှန်တယ်လို့ ထင်လဲ။ ကျွန်တော်က တော့ ကျွန်တော့် သူငယ်ချင်းအဖြေကိုအကြိုက်ဆုံးပဲ။ ဟုတ်တယ်...ကျောင်းလာတာ ကျောင်းတတ်ဖို့ လာတာ.. တခြားဘာကြောင့်မှ မဟုတ်ဘူး။ စာသင်ချင်တတ်ချင်ရင် တခြားနေရာတွေသွားလို့ ရတာပဲ... ကျူရှင်တို့ ဘာတို့ ။ ကျောင်းလာမှတော့ ကျောင်းတက်ဖို့ လာတာပေါ့ :D..

ကျောင်းက ကျွန်တော်တို့ ကိုဘာတွေသင်ပေးလဲ... professions(doctors, engineers, etc...) ဖြစ်ဖို့ လိုအပ်တဲ့ အခြေခံပညာတွေသင်ပေးတာပေါ့။ ပညာတတ်ရင် ထမင်းမငတ်ဖူးတဲ့။(စာပဲတတ်ရင်တော့ ထမင်း ငတ်ချင်ငတ်မှာနော်၊ ပညာတတ်မှရမှာ :D) ဟုတ်တယ်...ကိုယ်သင်ခဲ့တဲ့ ပညာက ကိုယ့်ကို ပြန်လုပ်ကျွေးမှာပဲ။ ထမင်းမငတ်ဖူးဘဲ ပြောတာ..မဆင်းရဲဖူးတို့ ၊ အောင်မြင်မယ်တို့ မပြောဘူး။ အပေါ်က ပုံကို တွေ့ တယ်မှာလား။ အဲ့ပုံကို bell-shaped curve လို့ ခေါ်တယ်လို့ ပြောကြတာပဲ။ ကျွန်တော်ပြောချင်တာက ကျောင်းပြီးသွားလို့  ဘ၀အတွက်ရုန်းကန်တဲ့ အခါ ကျောင်းတုန်းက စာကြိုးစားတယ်..

စာတော်တယ်ဆိုတဲ့လူတွေက အလယ်ပိုင်း common-cases မှာပါသွားတယ်။ သူတို့ ကအဆင်းရဲကြီးလည်း မဟုတ်ဘူး။ အချမ်းသာကြီးလည်းမဟုတ်ဘူး။ အလည်အလတ်တန်းစားတွေဖြစ်လာကြတယ်။ curve ရဲ့ အစွန်းပိုင်းမှာ ရှိတဲ့လူတွေကတော့ ကျောင်းတုန်းက စာမကြိုးစား၊ ဆိုးခဲ့မိုက်ခဲ့သူတွေ ပေါ့။ သူတို့ ကျတော့ ဘ၀မှာ အရမ်းအောင်မြင်ပြီး အရမ်းချမ်းသာတဲ့သူတွေဖြစ်လာနိုင်သလို၊ ဆင်းရဲပြီး ဘ၀မှာ ကျရှုံးတဲ့သူတွေဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် ကျောင်းတုန်းက စာမတော်၊စာမကြိုးစားတဲ့ သူတွေကို မျက်စိမှိတ်ပြီး ဇွတ်အထင်သေးလို့ မရပါဘူး။ သူတို့ ဟာတချိန်မှာ အရမ်း အောင်မြင်ကျော်ကြားတဲ့ သူတွေဖြစ်လာနိုင်ပါတယ်။ တချို့  မိဘတွေရှိပါတယ်။ ကိုယ့်သားသမီးကိုစာအရမ်းကြိုးစားခိုင်းတယ်၊ သားသမီးကလည်းစာကြိုးစားတယ်၊စာတော်တယ်ပေါ့ဗျာ။ ကိုယ့်သားသမီးကို စာကြိုးစားခိုင်းတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့ က ကိုယ့်သားသမီးကို စာမကြိုးစားတဲ့ သူတွေနဲ့ မပေါင်းခိုင်းဘူး။(သူတို့ သားသမီးတွေပျက်စီးသွားမှာဆိုးလို့ တဲ့။ ကျွန်တော်လည်းထောက်ခံပါတယ်။ ဒါပေမယ့် စာမကြိုးစား၊ စာမတော်တဲ့သူတိုင်း ဆိုးမိုက်ပေတေနေတာမဟုတ်ပါဘူး။ သူတို့ မှာလည်းသူတို့ အကြောင်းနဲ့ သူတို့ ရှိပါတယ်။) ပြီးတော့ စာမတော်၊ စာမကြိုးစားတဲ့သူတွေကို အထင်လည်း သေးတတ်ကြတယ်။ အဲ့ထဲမှာ စာမတော်၊ စာမကြိုးစားတဲ့သူတွေကို မှိုချိုး မျှစ်ချိုး ပြောတာတော့ အဆိုးဆုံးပဲ။ ဒါပေမယ့် စဉ်းစားကြည့်ပါ..တချိန်က ကိုယ်အထင်သေးခဲ့တဲ့သူဟာနောင်တချိန်မှာ ကျိကျိတက် အောင်မြင်နေတဲ့သူ ဖြစ်သွားခဲ့မယ်ဆိုရင်......လူ၁ယောက် စာကြိုးစားတယ်၊မကြိုးစားဘူး၊ စာတော်တယ်၊ မတော်ဘူး ကို ကြည့်ပြီး အထင်သေးအထင်ကြီးလို့ မရပါဘူး။ ဘ၀ကို ရုန်းကန် လှုပ်ရှားတဲ့အခါမှာ ကျောင်းတုန်း က သင်ပေးလိုက်တဲ့ပညာတွေဟာ ၀န်ထမ်းကောင်း၁ယောက်ဖြစ်စေဖို့ သင်ပေးလိုက်တဲ့ ပညာတွေပါ။ လုပ်ငန်းရှင်ကောင်း၁ယောက်ဖြစ်အောင်မသင်ပေးလိုက်ပါဘူး။ အဲ့ဒါကြောင့် ကျောင်းပညာဟာ ဘ၀မှ အတိုင်းအတာတခု အထိသာရေးပါအရာရောက်ပါတယ်။ လူ၁ယောက်ရဲ့ အရည်အချင်းကို လူ၁ယောက်ရဲ့ ကျောင်းပညာကို ကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး။ ဒါဆို ကျောင်းမတတ်တော့ဘဲ တခြား ပညာတွေ သင်ရင် ပိုအောင်မြင်နိုင်တယ်ပေါ့.. အဲ့လိုတော့လည်းမဟုတ်ပါဘူး။ ကျောင်းတော့တက်ရမှာပေါ့။ ကျွန်တော်ပြောချင်တာက လူတိုင်းကို မျက်စိမှိတ်ပြီး ဇွတ်အထင်မသေးဖို့ ပါ။

ကျွန်တော့် အမြင်ကျောင်းဆိုတာ ပညာတွေသင်ပေးတဲ့ အဆောက်အဦး၁ခုပါ။ ကျောင်းကနေဘာတွေမွေးထုတ်ပေးလဲဆိုရင် society ၁ ခုအတွက်လို အပ်တဲ့ proffessions တွေကို မွေးထုတ်ပေးပါတယ်။ ကျောင်းက မရှိမဖြစ်လို အပ်တဲ့ ဆောက်အဦး၁ခုပါ။ ကျောင်းမရှိတော့
ရင် society ၁ခုက balance ဖြစ်တော့မှာမဟုတ်ပါဘူး။ ကျောင်းကနေထွက်တဲ့ အထဲမှာ နောင် ဘ၀မှာ ကျိကျိတက် ချမ်းသာပြီးအောင်မြင်ကျော်ကြားတဲ့လူတွေဟာ လူနည်းစုပါ။ ဘယ်တော့မှလဲ လူများစုမဖြစ်လာနိုင်ပါဘူး။ ၀န်ထမ်းဟာ အမြဲတမ်း လုပ်ငန်းရှင်ထက်တော့ အရေအတွက်ပိုများနေမှာပါ။ လူတိုင်းလိုလို ၀န်ထမ်းဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်က လူနည်းစုထဲမှာပါအောင်နေမှာလား။ လူများစုထဲမှာပါအောင်နေမှာလားဆိုတာကတော့ ကိုယ့်အယူအဆနဲ့ ကိုပါ။ တကယ်လို့ ကိုယ်က အေးအေးဆေးဆေး phD ယူပြီးတော့ ဘ၀ကို ဖြတ်သန်းမယ် ဆိုရင် ကျောင်းပညာက လုံလောက်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ်က အရမ်းချမ်းသာချင်တယ်ဆိုရင်တော့ ကျောင်းပညာ၁ခုထဲနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်ပြောချင်တာက ကျောင်းစာ ၁ခုတည်းကိုပဲ အထင်မကြီးပါနဲ့ ။ အထင်လည်းမသေးပါနဲ့ ။အစွန်းမရောက်ပါနဲ့ ။ အရာအားလုံးကို ကျယ်ကျယ်ပြန့် ပြန့် မြင်နိုင်အောင်ကြိုးစားကြပါလို့ ......

ပုဂံသား

ကျွန်တော့်သူငယ်ချင်း ရေးထားတဲ့ ဆောင်းပါး အား မျှဝေပေးလိုက်သည်။

1 comment:

Anonymous said...

အစ်ကိုရဲ့အယူအဆတွေကို ကျွန်တော်သဘောတူပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းအဲဒီလိုခံယူချက်ရှိပါတယ်။ ကျွန်တော်ဖတ်ဘူးတဲ့စာထဲမှာ မှတ်မိတာတစ်ခုရှိတယ်။ ကျောင်းတွေကဗဟုသုတပေးစရာမလိုဘူး စဉ်းစားတွေးခေါ်တတ်အောင်သင်ပေးရမှာတဲ့။ပြီးတော့အစ်ကိုပြောတာ Richdad Poordad ရေးတဲ့ကီယိုဆာကီနဲ့တူတယ်။ဝေဖန်တာမဟုတ်ဘူးနော်အစ်ကို။ကျွန်တော်ကသူ့စာအုပ်တွေကို အမြဲတမ်းဖတ်နေလို့ပါ။ ကျေးဇူးတင်ပါတယ်အစ်ကို က