Photobucket

Friday, November 28, 2008

ခရီးထွက်ခြင်း


မ သေချာမှု့ ကလွဲရင် ငါ့ဘ၀မှာ
မ ရေရာမှု့ တွေ ချည်းပဲလို့ နားလည်တတ်ခဲ့တယ်...့ 
ရှုပ်ထွေးများပြားတဲ့
မာယာအတတ်တွေကို
ဘယ်ခေတ်တည်းက
လက်ဆင့်ကမ်းလိုက်သလဲ၊
တကယ်တော့......ငါတို့
မာယာတောမှာမောခဲ့ကြ
ခဏခဏဆိုသလိုပဲ....

ခွဲခဲ့ ခွာခဲ့ကြ
မာယာအနန္တနဲ့လူဖြစ်ခဲ့ကြ
မရနိုင်တော့တဲ့အတိတ်၊ နှိပ်စက်ကြရံဖန်ခါ
အိမ်မြောင်တစ်ကောင်ရဲ့ ဆာလောင်စွာ..................
အစာချောင်းရမှုတွေက ငါဆီကူးစက်လာရဲ့။
ငါလည်း အမှန်တရားတွေကိုဆာတယ်.......၊၊
သို့ပေသော်ငြား
ငါကားဦးမညွတ်...
အလျှင်းသင့်လွန်းစေဖို့ 
ငါလည်း မျက်နှာဖုံးလူသားတစ်ယောက်ဖြစ်ခဲ့တယ်....

ကံကိုသာယိုးမယ်ဖွဲ့ မထူးဟဲ့လို့လက်မှိုင်ချ
စိတ်ဓာတ်ကိုမကျပါစေနဲ့
အချိန်နဲ့သောကကိုရင်း
သစ္စာကိုလက်ကိုင်ပြုပါလို့
အားမာန်ကိုတင်း။
လူဆက်လုပ်ဖို့ 
အများကြီး ကျန်သေးတယ်...
သြော် ... ဆီင်္ဇာရေ
မင်းအတွက် ဘရုတပ်စ် က တစ်ယောက်တည်းနော်.... . . .

လမ်းကိုရှာ ကမ်းတွေပျောက်ရှ
ဗို့အားမပြည့်တဲ့ အလင်းနဲ့ ညတွေပဲ စုပုံ။
လက်ခုပ်နဲ့ ခပ်ယူလိုက်သော သမုဒ္ဒရာတောင်
လက်ချောင်းကြားက ယိုစိမ့်စီး....
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
ကာကွယ်တွန်းလှန်
ကြံ့ကြံ့ခံရင်း
ဇွဲစိတ်တင်းမည်
သွေးတစက်နောက်ဆုံးကျန်သည်အထိ။

မှတ်ချက်... ကေသီပြောတဲ့ အားတက်စေဖို့ ရည်ရွယ်ထားပါတယ်... (အားလျော့သွားသလို ဖြစ်သွားရင် ဆောရီး :D )

6 comments:

Anonymous said...

ကဗျာလေးကို ဖတ်ရတာ အားတက်စရာပါဗျာ.... သွေးတစ်စက်နောက်ဆုံးထိ ကျွန်တော်တို့ စိတ်တင်းပြီး ကြံ့ကြံ့ ခံရမယ်.. တကယ်ကောင်းတယ်ဗျာ...။

တက်လူငယ် said...

ဓါတ်ပုံရှုခင်းထဲကလူတစ်ယောက် ခရီးထွက်နေတဲ့ပုံနဲ့ ကဗျာထဲကစာတွေ အတော်လိုက်ဖတ်ညီပါတယ်။

Anonymous said...

အရမ်းအားတက်မိပါတယ် အိတာရယ်

Anonymous said...

လမ်းကိုရှာ ကမ်းတွေပျောက်ရှ
ဗို့အားမပြည့်တဲ့ အလင်းနဲ့ ညတွေပဲ စုပုံ။
လက်ခုပ်နဲ့ ခပ်ယူလိုက်သော သမုဒ္ဒရာတောင်
လက်ချောင်းကြားက ယိုစိမ့်စီး....
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
ကာကွယ်တွန်းလှန်
ကြံ့ကြံ့ခံရင်း
ဇွဲစိတ်တင်းမည်
သွေးတစက်နောက်ဆုံးကျန်သည်အထိ။

စာသားလေးတွေလည်းကြိုက်တယ်။

Anonymous said...

COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY COPY IF YOU HAVE ENOUGH SHY JUST . IF NOT JUST TELL UR SELF WHAT KIND OF WOMAN ARE U? I WILL WAIT U HAVE ENOUGH SHY OR NOT? COPY FROM OTHERS POEMS IS REALLY SHAMELESS. ZZZZZZZZZZZZZZZZZZZZZZZ

Tea said...

Please behave yourself and do not blame anyone without any PROOF! Be professional.

If you really understand the word, "Shame," I hope you could at least distinguish who is really shameless here.

Thank you.