Photobucket

Friday, November 14, 2008

မပေးဖြစ်တဲ့စာ

မတော်တဆ မျက်ဝန်းတစ်ချက်မှာ
တစ်တပ်လုံး ပျက်လို့ 
လက်ထဲက တိုက်ပွဲဝင်ဓားတောင်
သင့်ဖ၀ါးအောက် ပျော်စီးကျသွားပါပေါ့....

ချစ်သလားဆိုလည်း
သင့်မျက်ဝန်း ၀ိုင်းဝိုင်းနက်နက်လေးတွေထဲ
ကိုယ့်ပုံရိပ်ရှိနေစေချင်တဲ့ အတ္တအပြင်
ကိုယ်ဘာဖြစ်ချင်ခဲ့လည်း ကိုယ်ကိုတိုင် မသိရချင်...

နားလည်တတ်ခဲ့ပေမယ့်
အစွမ်းမဲ့ခဲ့ခြင်းက
ငါ့ရဲ့ အပြစ်တွေပေါ့..
သည်ဘ၀က သိပ်ကိုမှောင်လွန်းပါတယ် အချစ်ရယ်....

ဆုံးရှုံးရမှာကို
တွေးရင်းကြောက်ပေမယ့်
ပျော့ညံ့နေခဲ့တဲ့ နေရက်တွေကိုပဲ
နှမြောမိပြန်တယ်....

တစ်ဖတ်တည်းခတ်တဲ့ လက်ခတ်သံ
ဘယ်သူမှ မသိလိုက်ပေမယ့်
လေညှင်းလေးတွေ ရိပ်မိပါစလေ...
သင် မထူးခြားသလိုသာ ဆက်ဖတ်ပါ...
အုံ့ ပုန်းဆိုတဲ့ ငါဆိုတဲ့ကောင် အကြောင်းကိုလေ.....

7 comments:

Anonymous said...

You are very nice at poems.
Really good to read them.

Tea said...

အိတာရေ..
အသဲတွေပဲကွဲနေတာပဲ :P

နိုင်ငံရေးကဗျာလေးရေးပါဦး.. ကြိုက်လို့..

အိတာ said...

တီး
i have never been အုံ့ ပုန်း before ...ဟီဟီ
(ကြော်ငြာ)...တီးတို့ ကမတယ်နော်...အနော်ကို :(..
နိုင်ငံရေးကဗျာက မရေးတတ်ဘူး.....:D

Anonymous said...

အိတာရဲ့ကဗျာလေးတွေဖတ်ပြီးရင်အမြဲဆွေးရတယ်
မဆွေးရအောင် အင်အားလေးတွေပေးတဲ့ကဗျာလေး တစ်ပုဒ်လောက်ရေးပါလား

အကြံပေးတာပါနော်

Anonymous said...

နောက်ပြီး ဘယ်လိုမှ မထင်ပါနဲ့လို့ ပြောတာပါ

တားမြစ် ထားသော... said...

“တစ်ဖတ်တည်းခတ်တဲ့ လက်ခတ်သံ
ဘယ်သူမှ မသိလိုက်ပေမယ့်
လေညှင်းလေးတွေ ရိပ်မိပါစလေ...”

ဖတ်လို့ကောင်းတယ်ဗျ။

သုခမိန်(E-journal)

Unknown said...

Fbမှာ ပြန်ပြီး မျှဝေလိုက်မယ်နော်