Photobucket

Monday, November 10, 2008

Google T-mobile G1


Google ရဲ့ G1 ထွက်တာလည်း တစ်လလောက် ရှိပါပြီ။ အခုထိတော့ ဘာပြဿနာ ကြီးကြီး ကျယ်ကျယ်တော့ မကြား သေး ပါဘူး။ မထွက်ခင်က နာမည်ကြီး သလိုလိုနဲ့ အခုတော့ အသံပျောက် နေပါတယ်။ iPhone လောက်တော့ လူတွေ စိတ်မလှုပ်ရှား တာတော့ အမှန်ဘဲ။ G1 ကို ကြည့်ရတာတော့ ပုံစံ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကျွှန်တော့် မျက်စိ ထဲမှာတော့ Apple iPhone လိုမျိုး ဒီဇိုင်းလှလှ မဟုတ်ပါဘူး။ ကျွှန်တော်တို့ တွေ့နေကျ keyboard ဖုန်း အမျိုးအစားတွေနဲ့ သိပ်မကွာပါဘူး။


G1 ဖုန်း touch screen က ၃၂၀-၄၈၀ pixel ရှိပြီး ထိတွေ့မှု ခံစားတဲ့နေရာမှာ အရှိန်မြန်တယ်လို့ ဆိုကြပါတယ်။ Menu, Home, Back, Phone Pick up ခလုတ်တွေ ကတော့ ဖုန်း၏ တဖက်ခြမ်းတွင် ရှိပြီး 3-megapixel ကင်မရာကို အနောက်ဖက်ခြမ်းတွင် တွေ့နိုင်ပါတယ်။ အကယ်၍ ဖုန်းအဖုံးကို အပေါ်ဖက်သို့ လျှောလိုက်ပါက keyboard ကိုတွေ့ရပါလိမ့်မယ်။ keyboard တော့ ရိုးရိုးလို့ဘဲ ပြောရပါ လိမ့်မယ်။ G1 ရဲ့ ရှေးဦးဆုံး စာမျက်နှာ Homepage ကတော့ ကိုယ်တိုင် စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ ၄င်းပေါ်တွင် ရှိသော application များကို ကိုယ်တိုင် စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။ default setting အရဆိုရင် ဖုန်းနဲ့ ပတ်သက်သော application များ အားလုံးကို လက်တစ်ချက် ထိလိုက်ရုံဖြင့် ဖွင့်နိုင်သော drawer တစ်ခု ထည့်ထားပါတယ်။ ပြီးတော့ menu ခလုတ်ကို နှိပ်လိုက်ပါက window shade ချသော option ရွေးချယ် နိုင်မည် ဖြစ်ပြီး ၄င်းသည် message သစ်ရောက်ကြောင်း ကြေညာချက်များနှင့် အထွေထွေ သတိပေးချက် များကို ပိတ်ပင်နိုင်မည်ဖြစ်ပါတယ်။


ဖုန်းခေါ်တဲ့အပိုင်းမှာတော့ G1 ကိုသုံး၇တာ အဆင်ပြေတယ်လို့ပြောကြပါတယ်။ ဖုန်းခေါ်တဲ့ အပိုင်းမှာ ကောင်းသော်လည်း screen သည် ၁၀ စက္ကန့်လောက်ကြာလျှင် ပိတ်သွား ပါတယ်။ screen ကိုပြန်ပြီး ဖွင့်လိုပါက menu ခလုတ်ကို ပြန်ပြန်နှိပ်ရပါတယ်။ ဒီဟာက လွဲလို့ G1 ကတော့ သုံးရတာ စိတ်ချရပါတယ်။ စက်ရပ်တာလို့၊ အလုပ်မလုပ်တော့တာလို့ အခြေအနေမျိုး တော်တော်ရှားပါတယ်။ G1 မှာတော့ အင်တာနက် browser အနေနဲ့ Chrome လိုမျိုး Safari နှင့် Mobile safari တို့သုံးသော Webkit open source browser engine နဲ့ တည်ဆောက်ထားပါတယ်။ သုံးရတာလည်း အဆင်ပြေပါတယ်။ ပြီးတော့ password and logins တွေကိုလည်း desktop browsers တွေလိုမျိုး မှတ်နိုင်စွမ်း ရှိပါတယ်။ Google Map ကို သုံးရတာလည်း desktop မှာသုံးသလို satellite, Traffic and Street View တွေ သုံးလို့ ရပါတယ်။ GPS ဖွင့်လိုက်လျှင်လည်း အိမ်ထည်း ရောက်နေသည်အထိ လမ်းညွန် ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရမ်း တိကျတာတော့မဟုတ်ပါဘူး။


G1 ရဲ operating system ကတော့ သုံးရတာ အဆင်ပြေပါတယ်။ linux လိုမျိုး open source ဖြစ်လို့ လူတိုင်း application တည်ဆောက်တဲ့ နေရာမှာ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ open source ဖြစ်နေတော့လည်း hacker တွေကို နည်းနည်းတော့ လန့်ရပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲကို hack လုပ်တဲ့ application မတော်တဆ သွင်းမိရင်တော့ ရွာလည်ဖို့ သာပြင်ထားရမယ်။ နောက်ဘယ် လိုဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။


G1 ထွက်ပြီး နောက်ပိုင်း လူတွေ မကြိုက်တဲ့ အချက်တွေကတော့ အဓိက လုပ်ဆောင်မှု ပိုင်းဆိုင်ရာ အချက်များ ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရသော် G1 တွင် ၃.၅ မီလီမီတာ headphone ပေါက် မရှိခြင်း ဖြစ်ပါတယ်။ ပြီးတော့ Youtube ကလွဲပြီး တခြား video player သုံးလို့ မရပါဘူး။ ပြီးတော့ တခြား ပြသာနာတွေ ကတော့ MS exchange support မရှိခြင်း၊ desktop နဲ့ SYNC လုပ်လို့ မရခြင်း၊ VolP capabilities မရှိခြင်း၊ အင်တာနက် bandwidth အလွန်ဆုံး ၁ GB တာရခြင်း၊ Amazon မှ Download များကို WiFi မှတစ်ဆင့် လုပ်ရခြင်း စသည်တို့ ဖြစ်ပါတယ်။ အဓိက ပြသာနာကတော့ 1 GB data ကန့်သတ်ထား ခြင်းဖြစ်ပါတယ်။ အကယ်၍ 1GB ကျော်သွားရင်တော့ G1 ၏ internet connection speed သည် 3G နှင့် EDGE speed အောက်ရောက်သွားမှာ ဖြစ်ပြီး T-mobile သတ်မှတ်ထားသော speed အတိုင်းသုံး ရမှာ ဖြစ်ပါတယ်။ T-mobile ကတော့ ဒီကိစ္စကြောင့် complaint အများကြီး ရတော့ အခုနောက်ပိုင်း policy ပြောင်းဖို့တော့ လုပ်နေပါတယ်။ ဒါပေမဲ့ data ကိုတော့ စိတ်ကြိုက် သုံးရင်တော့ နောက်ဆုံး ဘယ်လိုပြောပြော connection speed အလျှော့ခံရမှာ ဖြစ်ပြီး ဒဏ်ခပ်ခံရမှာ ဖြစ်ပါတယ်။ iPhone ကတော့ ဒီအပိုင်းမှာသာပါတယ်။ ဒေါ်လာ ၃၀ ပေပြီး unlimited data သုံးလိုရပါတယ်။ Google ၏ G1 ကျတော့ တစ်လ ၂၅ ဒေါ်လာ ပေးရပြီး 1GB data သာ သုံးစွဲလို့ရပါတယ်။ နောက် အားနည်းချက် ကတော့ 3.5 mm headphone jack မရှိတာတော့ နည်းနည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ သူမရှိတော့ G1 ကိုmusic player လိုမျိုး အဆင်ပြေပြေ မသုံး နိုင်တော့ပါဘူး။ လူတော်တော် များများ complaint တက်ကြတာ နောက်တစ်ချက်ကတော့ T-mobile carrier ကို ဖြစ်ပါတယ်။ T-mobile ရဲ့ Connection ကမကောင်းဘူးလို့ လူတော်တော်များများ ပြောနေကြပါတယ်။ T-mobile ကြောင့်မလို့လဲ 1GB data ရှိနေခြင်း ဖြစ်ပါတယ်။

ချုံပြီးပြောရရင်တော့ Google G1 ဟာ iPhone နဲ့ ယှဉ်လိုလျှင် ဒီဇိုင်းပိုင်းမှာ ပိုလှအောင် လုပ်ဖို့ လိုပါတယ်။ keyboard ကိုလည်း စာရိုက်ရ ပိုလွယ်အောင် လုပ်ဖို့ လိုတယ်။ ပြီးတော့ 3rd party application တွေ ကိုလည်း apple store လိုမျိုး အမျိုးအစား ပေါင်းစုံနဲ့ customer အားလုံး စိတ်ချချ သုံးနိုင်အောင် လုပ်ရပါလိမ့်မယ်။ ဒါမှ လူကြိုက်များလာပြီး apple ၏ iPhone empire ကြီးနဲ့ ယှဉ်နိုင်မှာ ဖြစ်ပါတယ်။



4 comments:

Lin Sit Thu said...

definitely not attractive...
you are right! they need to improve the design.. it looks just like an ordinary lame phone...
obviously not as hot as iphone...
not even appealing like my sony ericsson... lol....

thx for the post... now i can remove it from wish list...

Anonymous said...

အစကတော့ဝယ်မလားလို့
အခုတော့ ၀ယ်တော့ဘူး

Anonymous said...

iPhone ပဲဝယ်တော့မယ်

Anonymous said...

O2 အကြောင်းလဲရေးပါဦး