Photobucket

Sunday, April 27, 2008

ခွေးတစ်ကောင်မှ လူလိုလို ခွေးလိုလို အကောင် မွေးဖွားခြင်း

ကျွန်တော့် ကောလိပ်မှ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ထံ မေးပို့လာတာ။ လွန်ခဲ့သော ၅လလောက်က။ စိတ်ဝင်စားစရာ ကောင်းလို့ သတိရပြီး အားလုံးနှင့် ပြန်မျှဝေတာပါ။ ထို ဓာတ်ပုံတွေ မြင်ပြီး လောက ကြီးက လူတစ်ချို့ တတွေ တော်တော် မုန်းဖို့ကောင်းမှန်း သိမှာပါ။

အောက်မှာပုံတွေ ပါပါတယ်။ ပုံထဲမှာတော့ ခွေးမ တစ်ကောင်ကနေ မွေးဖွားရာမှာ ခွေးကလေး တွေနှင့် အတူ တစ်ခါတည်း လူတစ်ဝက် ခွေးတစ်ဝက် အကောင်တစ်ကောင်ပါ မွေးဖွားလာတာပါ။ လက်တွေ့နည်းပညာ များအရတော့ အထူးအဆန်းတစ်ခုပေါ့ဗျာ။ ထိုသို့ကိစ္စ ဖြစ်လာခြင်းမှာ လူ အထီး တစ်ယောက်မှ ထို ခွေး အမ အား မဖွယ်မရာ အပြုအမူကို မိုက်ရိုင်း ယုတ်မာ စွာ ရက်ရက်စက်စက် ပြုမူခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ပြုခြင်းသည် တိရိစ္စာန်များ အား
စော်ကားခြင်း လည်း ဖြစ်ပါသည်။ ထို့အပြင် ပေါက်ဖွားလာသော သက်ရှိသတ္တ၀ါ အဖို့ ဟိုမရောက် ဒီမရောက် အဆင့်တွင် ရောက်ရှိစေခြင်းဖြင့် အခက်အခဲ အလွန်ဖြစ်စေမည့် အပြင် ငရဲလားမည်သာ ဖြစ်ပါသည်။ အားလုံးဘဲ ဓာတ်ပုံများအား လေ့လာပြီး အကဲဖြတ်ကြကုန်။ မေတ္တာပို့ကြလော့။








တိရစ္စာန်များ အား ချစ်မြတ်နိုးပါလော့။ ဤကမ္ဘာ ကြီး အား သက်ရှိသတ္တ၀ါတိုင်း အတူပိုင်ဆိုင် ပါသည်။ လူသား အချင်းချင်း ရော တိရိစ္စာန်များပါ မကျန် ဒုက္ခရောက်စေသည့် အပြုအမူများ အား အထူး ရှောင်ကြဉ်သင့်ပါသည်။
Give places to the animals! They also own this world.
Tea

11 comments:

Anonymous said...

စိတ်မကောင်းစရာပါလားကွယ်

Anonymous said...

ဟာကွာ..တော်တော်ယုတ်မာတဲ့သူဘဲ..ခွေးတောင်မချန်ဘူး..
တီးရယ် - စိတ်မကောင်းစရာပါ။

WanderFish said...

ကိုတီးရေ၊ တစ်ချို့ ဆိုက်ကိုလူတွေ ခွေး၊နွား မချန် ဟိုဟာလုပ်ကြမယ်ဆိုတာ ကျွန်တော်လဲ လက်ခံပါတယ်။ ဖြစ်ခဲ့ဘူးမယ် ဆိုတာလဲ သံသယ မရှိပါဘူး. ဒီမေးကြောင့် ကျွန်တော်တို့ မေးအုပ်စုမှာ တစ်ခါငြင်းကြပြီးပါပြီ။ ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် လူနဲ့ခွေးဟာ(မျိုးစပ်ဖို့) genes တော်တော်ခြားနားတဲ့ အတွက် သန္ဓေမအောင်နိုင်ပါဘူး။

burmese said...

မွေးလာတဲ့ခလေးရဲ့ အကုသိုလ်ကလဲကြီးမားလှပါလား...ဒီထက်အသေးစိတ်အချက်အလက်တွေတင်ပြပေးနိုင်ရင်ကောင်းမယ်...တီးရေ..ဘယ်မှာသွားရှာရင်ရနိုင်မလဲဗျ..ဒီသတင်းထူးအတွက်တော့တင်ပြပေးထားတာကျေးဇူးတင်ပါတယ်ဗျာ။

Tea said...

ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို လွန်ခဲ့သော ၅လ လောက်က ပို့ထားတာပါ။ အဲ့ဒီတုန်း က ကျွန်တော် အရမ်းအလုပ်ရှုပ်နေလို့ သေချာတောင် မကြည့်ဖြစ်ဘူး။ ကျွန်တော်လည်း အခု မှ မေးလ် အဟောင်းတွေ ပြန်မွှေရင်း တွေ့တာ.. ဓာတ်ပုံတွေဘဲတွေ့တယ်။ တစ်ခြားတော့ ဘာမှ မတွေ့ဘူး။ သူ့ကို မနက်ဖြန်ကျရင် ဖုန်းဆက်ပြီးမေးပေးမယ်.. အသေးစိတ်သိရအောင်.. သူလဲပဲ အင်တာနက်ပေါ်က တွေ့တယ် ထင်ပါတယ်။

ဟုတ်တယ်..လူရဲ့ genes နဲ့ ခွေးရဲ့ ဟာက တော်တော် တော့ ဝေးတယ်ဗျာ။ ဒါပေမယ့် အဲ့ဒါက တကယ်မွေးထွက်လာတာပါ။ လူလား ဘာလားတော့မသိဘူး။ တစ်ခုခုတော့ တစ်ခုခုဘဲ။ ကျွန်တော့်အထင်ပြောရရင်.. ခွေးနဲ့ တစ်ကောင်ကောင်.. မသိတော့ဘူး.. ရှုပ်သွားပြီ။ may be some problem casued at cell, genes crossing :D

i don't know.. this internet life is scary.. ppl may have wrong information sometimes.. i'm just sharing what i got from a mail :D i will try to find out from the original mailer, my friend..

WanderFish said...

Well, tea, benefits of internet is huge, especially accessing on numerous data, informations. Rest is on "US", to find out, think, secret, facts or opinions, or just a hoax. Good luck all you all.

ကျော်လင်းထွန်း said...

ကို တီးပြောသလို ဖြစ်နိုင်တယ် ဒါမဖြစ်သင့်ဘူး တိရိတ္ဆန်
လောက်မှ အသိဥာဏ်မရှိတဲ့ကောင်တွေ

Anonymous said...

ကိုTea ရေ
လောကကြီး ဇောက်ထိုးဖြစ်သွားတာလား..

Google Myanmar Services said...

ဒီဓာတ်ပုံနဲ့ ပို့စ်ကို လုံးဝလက်မခံပါ။ သေချာတဲ့ info ရှိမှ Public လုပ်သင့်တယ်... သိပ္ပံနည်းအရ သေချာစမ်းသပ်ထားတဲ့ ... သုတေသန..ပြုသူတွေရဲ့ရှင်းလင်းချက်ကို ပေးနိုင်ရင်ပိုကောင်းမယ်...ဓာတ်ပုံက ဒီလိုပြပေမဲ့... Wanderfish ပြောသလို လူနဲ့ခွေးဟာ(မျိုးစပ်ဖို့) genes တော်တော်ခြားနားတဲ့ အတွက် သန္ဓေမအောင်နိုင်ပါဘူး။ နောက်ပြီး ဆက်ဆံဖိုဆိုတာလည်း သေသေချာချာလေးလေးနက်နက်စဉ်းစားကြည့်ရင်လွယ်ကူတဲ့ကိစ္စဆိုတာလုံးဝမဖြစ်နိုင်ပဘူး ။ နောက်တစ်ခုက ဒီပုံတွေကိုကြည့်ပြီးတော်တော် bad feel ဖြစ်မိတယ်...ဘာလို့လည်းဆိုတော့ ယောင်္ကျားတွေရဲ့ဂုဏ်သိပ့်ခါကိုတော်တော်လေး ထိခိုက်ပြီးတော့ နိပ့်ကျစေတာမို့... ဘယ်လိုမှမခံစားနိုင်ဘူး....ပိုသေချာတဲ့ ဖြေရှင်းချက်တွေရှိစေခြင်ပါတယ်...

***မသေချာရင်...ယောင်္ကျားလေးတွေရဲ့ဂုဏ်သိက္ခာကို လုံးဝထိခိုက်တယ်...နောက်ပြီးခွေးနဲ့ဖြစ်တဲ့အတွက်လည်းလုံးဝအောက်တန်းကျတယ်...

ကျနော့်ကိုလာပြောပြလို့ ကျနော်ဒီကွန်မန်းကိုပေးခဲ့ပေမဲ့..ကျနော့်ကိုစိတ်ဆိုးမယ်လို့မထင်ပါဘူး။
လေးစားစွာဖြင့်..ချစ်ဦး

Tea said...

ကိုချစ်ဦးရေ..
အစ်ကို မထင်နဲ့နော်.. ဒီကမ္ဘာကြီးမှာ တစ်ချို့သော ယောက်ျားတွေ အောက်တန်းကျပုံများ ခွေး၊ မြင်း တွေ တောင် မချန်ဘဲ ဖြစ်ပျက်နေတာတွေ အများကြီးရှိတယ်။ အဲ့ဒါတော့ ကျွန်တော် ရဲရဲကြီးအာမခံ ရဲတယ်။ သေချာသိချင်ရင်တော့ နည်းနည်း လေ့လာကြည့်ပါ။

အဲ့ဒီ လူလိုလို ခွေးလိုလို ဆိုတာကလဲ မှန်းဆခြင်းသက် သက် လို့ အပေါ်မှာ ပြောထားပါတယ်။ ဓာတ်ပုံထဲ အရတော့ လူနှင့်ဆင်နေတာပါ။ လူလား ဘာလားဆိုတာ အသေအချာမသိပါဘူး။ လူနှင့်တူလို့သာ စတင် မျှဝေခဲ့တဲ့ သူတွေက လူလိုလို ခွေးလိုလို လို့ ခန့်မှန်းခဲ့ကြတာပါ။ ပြီးတော့ နောက်ဆက်တွဲ အနေနှင့် အဲ့ဒီလူကို ဝေဖန်ကြတာပါ။

လူတွေကလည်း ဆိုးပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့ မသိသေးတဲ့နေရာတွေမှာ ခွေးတောင် မချန်တဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။

ဒါကြောင့် ကျွန်တော်ဒီပိုစ့်လေးနဲ့ ပြောချင်တာက အဲ့ဒီမွေးထွက်လာတဲ့ အကောင် လူနဲ့စပ်တာလား မစပ်တာလား ဆိုတာထက်.. သတ္တ၀ါတွေကို ညှာနှာ ထောက်ထား ကြင်နာဖို့အတွက်ပါ။

ဝေဖန်တာကျေးဇူးတင်ပါသည်။ စိတ်လည်းမဆိုးပါ။ ပျော်ပါသည်။ :)

Tea

Burmese Gold Bull said...

well i'm relieved. some ppl has sense.. we, Myanmar r not that stupid...

those ppl who don't hve sense, i don't noe wat to say..