Photobucket

Saturday, April 5, 2008

Lost in San Francisco

စန်ဖရန်စစ်စကို တွင်ပျောက်ဆုံးခြင်း

စိတ်တွေ အရမ်း ရှုပ်နေတယ်။ ရွှေတိဂုံဘုရားကို သတိရလိုက်တာ၊ အရင်က ဒီလိုစိတ်ရှုပ်ပြီဆိုရင် ညဘက်ဆိုရင် ရွှေတိဂုံဘုရား ရဲ့ အရိပ်အေက်ာမှာ ငြိမ်သက်တိတ်စိတ်စွာ ထိုင်နေပြီ၊ အလွန်အေားမြတဲ့ အရိပ် - ငြိမ်းချမ်းမှုရဲ့ ရောင်စဉ်တွေ ဖြာဝေနေတဲ့နေရာ၊ ကြည်နူးစရာအရမ်းကောင်းတဲ့အချိန်၊ စိတ်ရှုပ်တာတွေ အားလုံး ပျယ်ပျက်သွားပြီး အားလုံးကို မေ့သွားနိုင်လောက်အောင် သာယာလွန်းလှတဲ့ ရွှေတိဂုံဘုရား ရဲ့ အရိပ်။ လွမ်းတယ် . . အရင်ကဆို ခဏခဏ သွားနိုင်ပေမယ့် အခု ဓာတ်ပုံလေးကို ကြည့်ပြီး ဘာမှမတတ်နိုင် . . . .



ဘာလိုလိုနဲ့ သင်္ကြန်တောင်ရောက်တော့မယ်။ ပန်းတောက်ပန်းတွေ လည်း ပွင့်လောက်ပြီ။ သင်္ကြန်မိုး လည်း ရွာနေလောက်ပြီ။ သင်္ကြန်သီချင်းတွေ ၀ဲနေလောက်ပြီ။ ရန်ကုန်ကလူတွေ စိတ်ထဲမှာ သင်္ကြန်ပိုးဆိုတာလည်း ထနေလောက်ပြီ။ ကိုယ်စီကိုယ်စီ အစီအစဉ်တွေ ဆွဲပြီးနေလောက်ပြီ။ သြော် သင်္ကြန် - ဒီနှစ်လည်း ဝေးရပေဦးမည်။ အရင်နှစ်တွေကလည်း ဝေးခဲ့ပြီးပြီ။ နောင်နှစ်တွေလည်းဝေးရဦးမည်။ သင်္ကြန်။

အော် - အခု ညဒီအချိန် ရန်ကုန်မှာဆို တရုတ်တန်းလေးသွားပြီး ကြေးအိုးလေးသောက်လိုက်၊ ၀က်သားပေါင်း လေး စားလိုက်၊ အကင်တွေဝိုက်လိုက်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်မှာ ဆော့နေလောက်ပြီ၊ ဒါမှမဟုတ် ဘုရားပေါ်မှာ ငုတ်တုတ် ထိုင်နေပြီ။ မဟုတ်ရင်လည်း Live Show လေးဘာလေး သွားကြည့်၊ နောက်ဆုံး ဘာမှလုပ်စရာမရှိတာတောင် အိမ်က ရေကူးကန်ဘေးမှာ ထိုင်ပြီး လမင်းသော်တာနှင့် စကားတွေပြောပေါ့။ စိတ်ကူးပေါက်တော့ ရေကန်ထဲခုန်ချပြီး ရေကူးလိုက်ရုံပေါ့။

လွမ်းတယ် . .
အစိမ်းရောင်သစ်ပင်ကြီးကိုလွမ်းတယ်၊
ကော်ဖီဆိုင်တွေကိုလွမ်းတယ်၊
လေပြေလေအေးလေးကိုလွမ်းတယ်၊
မိုးပြေးပြေးလေးကိုလွမ်းတယ်၊
မြေသင်းရနံ့လေးကိုလွမ်းတယ်၊
အားလုံးကိုလွမ်းတယ် . . .


အလွမ်းများစွာဖြင့်ပျောက်ဆုံးနေသူ
Tea

1 comment:

အိတာ said...

bro it also used to happen in my life also . :( i miss my parents especially my parents :(