Photobucket

Friday, April 18, 2008

အသွင် အသစ်ဖြင့် ကျွန်တော့်အိမ်

ဟုတ်ကဲ့ပါဗျာ။ ကျွန်တော် ဒီနေ့ဘဲ HTML codes တွေကို နည်းနည်းပါးပါး လေ့လာစည်းပူး ပြီး Style အသစ်နဲ့ ဘလော့ကို ပြုပြင်မွမ်းမံလိုက်ပါတယ်။ အရင်အဟောင်းကတော့ မဲမဲတူးတူး နဲ့ မှိုင်းထိုင်းနေလို့ အခု သစ်သစ်လွင်လွင် နဲ့ လင်းလင်းထင်းထင်း ဖြစ်အောင် လုပ်ထားပါတယ်။ အပေါ်က Banner ကို လည်း အိမ်နှင့် ပိုပြီး သက်ဆိုင်အောင် လုပ်ထားပါတယ်။ ဘလော့ခ် တစ်ခုလုံးကို ၃ကော်လံ စနစ်အဖြစ် အသွင် ပြောင်းလိုက်ပါတယ်။ တော်တော်တော့ ရှုပ်သွားတယ်ဗျ။ Widegets တွေကို BackUp လုပ်တာတို့ ဘာတို့ညာတို့ ပေါ့ဗျာ။ အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်။ လာလည်တာ ကျေးဇူးတင်ပါတယ်။

အကူအညီတောင်းချင်တယ်။
ပြီးတော့ Recent Comments တွေကို ဘေးက side bar မှာ widget တစ်ခု အနေနဲ့ လုပ်နေတာ အခုထိလုပ်လို့မရသေးဘူး။ တော်တော်ကြာနေပြီ - ကြိုးစားနေတာ။ ကိုစေတန် ရေးထားတဲ့ RSS နည်းရော၊ coding နည်းရော လုပ်ပြီး သွားပြီ။ မရဘူးဖြစ်နေတယ်။ Apprenticeship က ဂျီတော့ခ် မှာ ပြောတယ်။ သူ့ widget အောက်က လင်ခ့် ကနေ ယူပြီး လုပ်ဖို့။ အဲ့ဒါလဲ မရဘူးဖြစ်နေတယ်။ ကို ငြိမ်းစု နဲ့လည်း မနေ့ည က ဂျီတောခ့် ပေါ်မှာ တစ်ညလုံး ကြိုးစားကြည့်သေးတယ်။ မရဘူးဖြစ်နေတယ်။ အကူအညီပေးနိုင်ရင် ဂျီတော့ခ်ကို လာခဲ့ပါ။ တီးခမျာ မောလှပြီ။ Thanks!

Tea

4 comments:

Anonymous said...

အခုဟာလေးကပိုကောင်းတယ်။

Apprenticeship said...

Wow.. amazing... Sorry byarr for the recent comments sections.. :( hopefully someone can help you out... Best wishes to your new house journey Tea...

Tea said...

အခု အိုကေသွားပြီဗျို့ .. ရသွားပြီ။
ဒီဝက်ဆိုဒ်လေးက ကျွန်တော့်ကို ကူညီလိုက်တာ

http://tips-for-new-bloggers.blogspot.com/search/label/Recent%20Comments

တော်ကြာကျရင် သူ့အကြောင်း ပိုစ့်တစ်ခုလုပ်ဦးမယ်။ တော်တော်ကောင်းတဲ့ ဆိုဒ်လေးတစ်ခုပါ။

Anonymous said...

http://beautifulbeta.blogspot.com/2006/11/widget-installation-and-downloads-page.html#dlrecentposts
တီးရေ--တွေ့ထားတာလေးတွေလာမျှတာဟေ့