Photobucket

Sunday, April 13, 2008

ကျွန်တော် အ၀တီး ခဲ့သော Half Moon Bay သင်္ကြန်

ကျွန်တော်အခုဘဲ Half Moon Bay သင်္ကြန်ကပြန်ရောက်တာ၊
Half Moon Bay ဆိုတာကလည်း San Francisco အကျော်၊
လေဆိပ်တွေဘာတွေကြော်ပြီး မိုင် ၃၀ လောက် ကားမောင်းသွားရင်
အလွန်လှတဲ့ beach တွေရှိ တဲ့နေရာပေါ့။
ဟဲဟဲ - ဘာမှတော့ မဟုတ်ဘူး.. အ၀ကစ်လာတာ။
အလှူငွေ ထည့်ဖို့တောင် မေ့ခဲ့တယ်..ကောင်းရော။
သင်္ကြန်ဆိုပေမယ့် ရေတောင် မဆော့ခဲ့ပါဘူး။
စားနေတာနဲ့ အလုပ်ရှုပ်ခဲ့တာ၊ ဘာမှသတိမရဘူး။
အစားအစာပုံတွေတော့ အောက်မှာပါတယ်။


ဒီပုံက ဘုန်းကြီးကျောင်းကြီးကို ရိုက်ထားတာ


စိတ်ထဲမှာ တော့ - အလို... ကားတွေကလည်းများလိုက်တာ.. ကုန်များကုန်သွားပြီလားမသိဆိုပြီး မြန်မြန်ပြေးရတာ၊

လူကတော့ တော်တော်များတယ်။ ကြည့်ပါဦး -

ပြည့်ကျပ်နေတာပဲ။ ကျွန်တော် စန်ဖရန်စစ်စကို ရောက်တာ ၂ နှစ် တောင်ပြည့်တော့မယ်။ မြန်မာတော်တော်များများ ပထမဦးဆုံးတွေ့ဖူးတာဘဲ။ စိတ်ထဲမှာ တော့... အင်း ကုန်ပါပြီပေါ့၊ ဟားဟား။




ကျွန်တော် အ၀တီး ခဲ့ သော အစားအစာများ

ိသိပါတယ်။ အားလုံးက ဒီဟာတွေပဲ ကြည့်ချင်တယ်ဆိုတာ။ :) တစ်ချို့ပုံတွေက စားရင်း တန်းလန်းနဲ့ သတိရလို့ထရိုက်လိုက်တာ နည်းနည်းတော့ ရုပ်ဆိုးသွားတယ်။ ဗိုက်ဆာဆာ နဲ့ အုပ်တာဆိုတော့ - :D တစ်ချို့ပုံတွေက ပါကိုမပါတာ။ လုံးလုံးမေ့သွားတာ။ စားနေရင်း နဲ့ ဓာတ်ပုံတောင် မရိုက်လိုက်ရဘူး။ မေ့ခဲ့တာတွေက ၀က်သားဒုတ်ထိုးတို့ ၊ ရှမ်းခေါက်ဆွဲတို့၊ ရွှေတောင်ခေါက်ဆွဲတို့။ စားဘဲစားခဲ့တယ်။ ဓာတ်ပုံပါမလာဘူး။ စောတီး။ ကျွန်တော် စုစုပေါင်း ၁၀ မျိုးကျော်လောက်စားခဲ့တယ်။


ကြက်သားဒန်ပေါက်



မုန့်ဟင်းခါး



ကြာဆံဟင်းခါး



ဘူးသီးကြော် ရွရွလေး



ရွှေရင်အေး ပြင်ဆင်နေပုံ


ရွှေရင်အေး



မုန့်လုံးရေပေါ် ပြင်ဆင်နေပုံ


မုန့်လုံးရေပေါ်


ဗိုက်ကြီး လဲ ဖောင်းကားသွားရော - သူငယ်ချင်းတွေကပြောတယ်။ ငါတို့ ဘုရားကော သွားကန်တော့ပြီးပြီလားတယ့်။ အဲ့ဒီအချိန်မှ - အလျင်အမြန်ပြေးပြီး ဘုရားသွားကန်တော့တာ - ဟီးဟီး။ အစတုန်းက ဗိုက်ကအရမ်းစာနေလို့။ မေ့သွားတယ်။ ကန်တော့ပါ။ ကန်တော့ပြီးတော့ အောက်က ပရိတ်ရေ ဘူးပါ ယူလာတယ်။


အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။

Tea

3 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ .. နှစ် စဉ် သာ ခဏခဏ သွားတီး ...
:) မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :P

စူး said...

hint! :(
Want to eat..............
I envy u.

ထွန်း said...

ကံကောင်းတာပေါ့ သူငယ်ချင်းသတိပေးလို့  ဘုရားဦးချ ခဲ့သေးတာ သာဓုပါဗျာ ကံကောင်းသော နစ်ဖြစ်ပါစေ