ဒိုင်ယာရီထဲမှ
. . . . . . . . .
ဒီအချိန်ဆိုရင်...
မနက်ပိုင်း အိပ်ရာစောစောထပြီး ကျွန်တော့်အိမ်ခန်း အပြင်မှ ထွက်လာသည်။
သြော် ဘုရားခန်းမှာ အဖေနဲ့ အမေတို့ အလုပ်တွေရှုပ်နေတယ်။ ဘုရား ရေသက်ပယ် နေကြတယ်။ ဗိုက်ဆာဆာနဲ့ အသင့်ပြင်ထားသော အုန်းနို့ခေါာက်ဆွဲကို အ၀တီးပြီး အိမ်ထဲမှအိမ်ပြင်ကို ခဏထွက်။ အိမ်ဝ တည့်တည့် က အလွန်ကြည်နူးစရာကောင်းတဲ့ အတာအိုးကြီးနဲ့ တွေ့။ အော် - Bell မြည်လို့ ခြံတံခါး သွားဖွင့်တယ်။ ဘေးခြံက ပိတောက်ပန်းတွေလာပေးတာ .. လှလိုက်တာ.. မွှေးလိုက်တာ.. ကျေးဖူးတင်ပြီး အိမ်ထဲပြန်ဝင်ဖို့ လှည့်ထွက်အလာမှာ ခြံထဲက ရေတံခွန်ဘေးမှာ ၀ဲပျံနေသော လိပ်ပြာလေးတွေကို တွေ့လိုက်ရသည်။ ပိတုန်းလေးတွေလဲ ရှိတယ်။ သတိထားပြီး နားထောင်လိုက် တော့ ငှက်ကလေးတွေရဲ့ အသံက ကျွန်တော့် ပတ်လည်မှာ ရစ်ဝဲနေတယ်။ အဲ့ဒီလို ဖီလင်ဝင်နေတုန်း အိမ်ကခွေးက သုံးချက်လောက် ဟောင်လိုက် တာ လန့်သွားပြီး အိမ်ထဲဝင်ကာ ပန်းကန်တစ်ချပ်ပေါ်မှာ ပိတောက်ပန်းတွေတင်ပြီး ဘုရားခန်းထဲသို့ ၀င်သွားပါသည်။ ဒီလိုဘဲ ထားခဲ့ပြီး ပြန်ထွက်လာပါသည်။
မကြာခင် ဖုန်းတွေ ၀င်လာပါတော့သည်။ ဟေ့ကောင် မင်းအိပ်ရာ နိုးပြီလား ဘာလား ညာလား နဲ့။ ငါတို့ မကြာခင် ရောက်မယ်ဆိုပြီး ဗုန်းချသွားရာ၊ ကျွန်တော်လည်း ရေမိုးချိုးရတာပေါ့။ အိမ်က အင်းယားလမ်းနဲ့ နီးတော့ သူငယ်ချင်းတွေက အိမ်ကိုဘဲ အရင်လာကြတယ်..
ပြီးတော့.. :(
စိတ်မကောင်းဘူး။ ကျွန်တော်သတိမရတော့ဘူး။ မေ့သွားပြီ။ ဒီုင်ယာရီထဲမှာလည်း တ၀က်ဘဲတွေ့တယ်။ တခြားတစ်ဝက် ကို သင်္ကြန်ရက်တွေက မောမောနဲ့ မရေးဖြစ်ဘူးထင်တယ်။ အဲ့ဒီ သင်္ကြန်ကလည်း လွန်ခဲ့တယ့် ၃နှစ် လောက်ကဟာ။ တော်တော်ဝေးသွားပြီ။
ပန်းတောက်ပန်း မမြင်ရတာ နှစ်တွေချီနေပြီ။ သင်္ကြန်မိုးနှင့် ဝေးနေရတာ ကြာပြီ။
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်သွားရင်း ရေပက်ခံရတဲ့ အရသာကို လွမ်းတယ်။
အင်းယားလမ်းမှာ ရေသွားပက်တာတို့။ မြို့အနှံ့ ရေပက်ခံထွက်တာတို့....
မြို့အနှံ့ လေပေါ်မှာလွင့်နေတယ့် သင်္ကြန်သီချင်း ကိုလည်း မကြားရတာ ကြာပြီ။
မုန့် လုံး ရေပေါ် ဘယ်လိုနေမှန်း တောင် မသိတော့ဘူး။ ရွှေရင်အေးကို သောက်ပြီး ရွှေရင်မှာ မအေးရတာလည်း နှစ်ချီနေပြီ။ အ၀ကဲပြီး မြန်မာထမင်းဆိုင် တစ်ဆိုင်သွားပြီး အ၀တီးတဲ့ အရသာကိုလည်းလွမ်းတယ်။
သင်္ကြန်နောက်ဆုံးရက်တွေ ညတော်တော်နောက်ကျ တဲ့အထိ သောင်းကျန်းတာတွေကိုလည်း သတိရတယ်။
ဒါတွေအားလုံး ကြားထဲ က သင်္ကြန်တိုင်း ရွှေတိဂုံဘု၇ား ကိုသွားဖူးရတာ အရသာတစ်မျိုး...
ဒါတွေအားလုံး အခုတော့ ကျွန်တော့်ရင်ထဲမှာ ဘာနဲ့တူလဲဆိုတော့ -
Memories Playing Like a Film without Sound အသံမပါတဲ့ရုပ်ရှင် တစ်ခုကြည့်နေရသလိုဘဲ ဗျာ..
အားလုံးဟာ အသံတိတ်ပြီး ရင်ထဲမှာ ဗြောင်းဆန်နေတယ်..
ပန်းတောက်ပန်းလေးရဲ့ ရနံ့ကို လွမ်းလိုက်တာ။ ။
အလွမ်းများစွာဖြင့်
အားလုံးဘဲနှစ်သစ်မှာပျော်ရွှင်ကြပါစေ။
Tea
Saturday, April 12, 2008
Memories Playing Like a Film without Sound
Subscribe to:
Post Comments (Atom)
2 comments:
I really miss Thingyan
when u write like this
i even wanna cry
ya, my memories are also playing like a film without a sound
but i can still feel the warm of Thingyan Yay. :(
how do u feel that warm? :) tell me.. lol.. i want to feel also
Post a Comment