Photobucket

Saturday, April 26, 2008

စပယ်ရှယ် ဟင်းချက်နည်း ကျမ်းစာအုပ်


အခု အဲ့ဒီ ကျမ်းကြီးထဲမှာ အစုံပလုံ ရှိပါတယ်။ ကြေးအိုး မုန့်ဟင်းခါး က အစ၊ ဘယာကြော် မကျန်၊ အုန်းထမင်း ကြက်ဆီထမင်းများပါ အပါ၊ ငါးပိကြော်၊ ငရုတ်သီးထောင်း များပါတစ်ဆင့်၊ ဆီပြန်ဟင်းမျိုးစုံ၊ အသုပ် အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ အကြော်အမျိုးမျိုး၊ တိုင်းရင်းသားဟင်းလျာများ၊ မြန်မာ့ဟင်းလျာများ၊ အိမ်ချက် နည်းလမ်းများ၊ အထူးနည်းလမ်းများ၊ အားလုံးစုံလင်စွာဖြင့် နည်းလမ်းပေါင်း ၂၀၀ကျော် ပါဝင်ပေါင်းစည်းထားသော အထူးကျမ်းကောင်း တစ်ခု ဖြစ်ပါကြောင်း တီးမှတစ်ဆင့် ပြန်လည် ပြောကြားလိုပါသည်။

ကျမ်းကြီးကို ပြုစုသူက တော့ ကိုဒုက္ခဟု အမည်တွင်သော မြန်မာကရုဘစ်ဖိုရမ်မှ ခေါင်းပြောင်ပြောင် နှင့် ဆံပင်ဖြူဖြူ လူကြီးဖြစ်ပါသည်။ ပါဝင်ကြသော စားဖိုမှုးများကတော့ နိုင်ငံကျော် ကမ္ဘာတစ်ခွင် တွင် ဟိုးလေးတစ်ကြော် ဖြစ်နေကြသည့် ကရုဘစ်ဖိုရမ်မှ ဆရာကြီးများ ဆရာမကြီးများ ဖြစ်ကြပါသည်။ စမ်းချက်ကြည့်ပြီးလျှင် သဘောကျက တီးမှတစ်ဆင့် ထိုပုဂ္ဂိုလ်များ ထံ ပြန်လည် ပြောကြားပေးပါမည်။ သက်ဆိုင်ရာ ရောင်းရင်းများ၊ သယ်ရင်းများ၊ မိတ်ဆွေများ၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို တီးက ကျေးဇူးစကား ပြောကြားလိုက်ပါသည်။


ရယူရန် လိပ်စာများ - ကြိုက်နှစ်သက်ရာ လခ့် တစ်ခုကိုသာ ရွေးပြီး ဒေါင်းဆွဲယူရင် ရပါပြီ။







အားလုံးဘဲ စားကြမယ်ဟေ့ ကောင်းကောင်း။
Tea

7 comments:

Anonymous said...

wow! thank you ko tea!

Anonymous said...

အင်း.. ချက်နည်းတွေကို က ခ ဂ .. အဲ့လိုမျိုး အစဉ်လိုက် စီပေးနိုင်ရင် ပိုကောင်းတယ်.. အခု ဟိုဆင်းလိုက် ဒီတက်လိုက် .. ရှာရတာ သိပ်အစဉ် မပြေဘူး.. ဒါပေမယ့် တီးရယ်.. ကြိုက်တယ်.. ပုံမှန်စာအုပ်တွေနဲ့ မတူဘူး.. အမျိုးအမည်တွေက .. အထူးအဆန်း လေးတွေပါတယ်... ခေါက်ဆွဲထုပ်ကို သုပ်တာတို့ ဘာတို့.. ကျေးဇူးဘဲ

Tea said...

အော် ပြောရပါဦး မယ်.. ကို ဒုက္ခဆိုတာ က သူ့ပုံကို ကျွန်တော် က မှန်းဆထားခြင်းပါ။ အမှန်မဟုတ်ပါ။ :D

မှန်ချင်လဲ မှန်နေပါလိမ့်မည်။ :)

Anonymous said...

မောင်တီးတော့ အတီးခံချင်နေပြီထင်တယ် :D မောင်တီးဘလော့ဂ်မှာ ဖြန့်ချိပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ...

Anonymous said...

မသက်ထားသို့ ပြန်စာ

မသက်ထားခင်ဗျား ဒုတိယအကြိမ်ထုတ်ဝေခြင်းတွင် ဟင်းအမျိုးအမည်များကို အလွယ်တကူ ရှာဖွေနိုင်အောင် စီစဉ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Anonymous said...

ချက်ပြုတ်နည်းတွေတင်ပေးတဲ့အတွက် အထူးကျေးဇူးပါပဲ

Anonymous said...

thanks alot.