Photobucket

Friday, December 12, 2008

နှစ်သက်မိသော ကဗျာ လေး

Tag ပြန်ပြီ
ဘယ်သူ ရှိမလဲ စကားမပီကလာ ပီကလာနဲ့ပြောပြီး တီတီမေသူ ဆိုပြီးလာလာချွဲနေတဲ့ ငချွဲမလေး မက်မက် ပေါ့၊
တတ် တာရိုးရိုးမဟုတ်ဘူး နောက်က မေ၇းရင်ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ခြိမ်းလုံးခြောက်လုံးနဲ့ ။
ခေါင်းစဉ်က အနှစ်သက်ဆုံး ကဗျာ တစ်ပုဒ်တဲ့
ကျမ ကဗျာတွေကို ခံစားတတ်သလို နှစ်သက်တယ် ခံစားနေရချိန်မှာ ကဗျာ တစ်ချို့ ပေါက် ကရ ရေးတတ်တယ်၊
အကြိုက်ဆုံး ကဗျာတွေက ဘလောခ်ထဲမှာ ဆို ဂစ်တာရေးတဲ့ကဗျာတွေကို ကြိုက်တယ် (www.mrguiter.blogspot.com)
နောက်ပြီး ညီမလေး အိတာ ကဗျာတွေကိုလဲ နှစ်သက်တယ်၊ ကိုဖြိုးငယ်ကဗျာတွေကိုလဲ ကြိုက်တယ်
ကောင်းကင် ကို ရဲ့ ကဗျာတွေ အားလုံးလိုလို ကြိုက်တယ်၊

ကိုညိမ်းညို ၊ ကိုမျှားပြာ၊ ကိုဆိုးသွမ်း၊ ကဗျာတွေကလည်း အတော်လေး ကောင်းကြတယ် လူချင်းမသိပေမယ့် ကဗျာတွေကိုတော့ နှစ်သက်ပြီးလေးစားမိတယ်၊ နောက်ပြီး မပန်းခရေ ရဲ့ ကဗျာ တစ်ချို့လဲ နှစ်သက်မိသေးတယ်၊မလင်းလက်ကြယ်စင်ရဲ့ ကဗျာ တစ်ချို့လဲ နှစ်သက်မိပါသေးတယ်(၈၈ ပြီးမှလူဖြစ်လာတယ်လို့ သူ့ဘလောခ်မှာရေးထားတာတွေ့ပေမယ့် မကြာမတင်မှာမင်္ဂလာဆောင်တော့မှာလို့ ရေးထာတာတေါ့ တော့ ၀ါကြီးတယ်လေ အဲဒါကြောင့် မ တတ်ခေါ်တာပါကွယ်:P)။ကိုအောင်သာ ငယ် ရဲ့ ကဗျာတွေလဲ ပါမယ် ။

ဆရာကြီးဦးတင်မိုးရဲ့ ကဗျာလေးတွေကိုလဲ နှစ်သက်တယ် ဆရာမ မနောဟရီ ကဗျာတွေ၊တာရာမင်းဝေရဲ့ ကဗျာ၊မင်းခိုက်စိုးစန် ကဗျာတွေ ၊ပြောရင်တော့ ကုန်မယ် မထင်ဘူးထားလိုက်တော့ ကျမ အနှစ်သက်ဆုံး ကဗျာကတော့

ဆရာ အောင်ဝေးရေးထားတဲ့

"ရန် .......ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ" ဆိုတဲ့ကဗျာလေး ပါဘဲ။
အရင် ကတော့ ဘယ်သူ့ကိုမှ Tagလေ့မရှိပါဘူး
ခုတော့ Tag ပြီ

သယ်ရင်း အရင်းခေါက်ခေါက် ဖြစ်တဲ့
ဂစ်တာ(www.mrguiter.blogspot.com)
ကိုဂျုလိုင်အိမ်မက်
ဦးအောင်သာငယ်
ကိုစိုင်း ၀ဏ္ဏ
ကိုရောင်ခြည်ဦး
ညီမလေးရောင်ပြန်
ချစ်ညီမငေး အိမွန်တာ
အအိပ်နဲ့အစားဆို ထိပ်ဆုံးက လို့ပြောတဲ့ ညီမလေး တာတာ
လူငယ်တွေအားလုံးကို အလေးပေးဆက်ဆံပြီး နိုင်ငံ အတွက်အမြဲနားစွင့်နေတဲ့ ပြည်သူ့ဘုန်းဘုန်း
အားလုံးကို တတ်ပါတယ်
အားတဲ့ အချိန်လေးမှာရေးပေးပါ အားရက်နဲ့ရေးမပေးရင်တော့ ကဗျာထဲကလိုဘဲ
သွေးကြွေးမှာဆွေးနွေးစရာ အကြောင်းမရှိဘဲ နော်
ခင်မင်လျက်
မေသူ

5 comments:

Dream said...

ရန် .......ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ"

ကဗျာလေးက တိုတိုနဲ့ အဓိပ္ပါယ် တော်တော်ထိတာပဲ..
ကောင်းတယ်ဗျာ.....
ရေးပေးတာ ကျေးဇူးပါ တီတီမေသူ :)

တီတီမေတူယဲ ရှစ်ဒဲ့တူနဲ့ ညန်ညန်ရေး ပေါင်းနိုင်ပါချေ
နော်.. တီတီမေတူ အတွက် အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး အမြှောက် တသိန်း.. ဒါမမဟုတ် အင်ဖက်နတီ.... အဟိးးးးးးးးးးး :P :P

အိတာ said...

ညီမငေးပါဘူးနော် ..ဟွန့်  :P

ခင်မင်လျက်

GreenGirl said...

Good Poem

ATN said...

ရေးဆိုတော့လည်း ရေးရတော့မှာပေါ့လေ...

ATN said...

အနှစ်သက်ဆုံးကဗျာ... ရေးပြီးသွားပြီနော...