Photobucket

Monday, December 15, 2008

Love is Separateness


"ငါ့သမီး ကြီးလာရင် လူတွေရဲ့ အသက်ကို ကယ်တင်ပေးပြီး ကုသိုလ် ရှိတဲ့ အလုပ်ကို လုပ်တဲ့ ဆရာဝန်ကြီး တစ်ယောက် ဖြစ်ရမယ်" ဆိုတဲ့ စိတ်ဆန္ဒက သီတာထွန်း ရဲ့ အမေဖြစ်တဲ့ ဒေါ်ဥမ္မာ့ ဘ၀မှာ အကြီးမားဆုံး ဆန္ဒတစ်ခုပါ။ "ငါ့သမီး စာကြိုးစားနော်၊ ၁၀တန်းမှာ အမှတ်များအောင်လုပ်၊ ၁၀တန်းပြီးရင် ဆေးကျောင်းတက်ပြီး ဆရာဝန်ကြီး ဖြစ်အောင် လုပ်ရမယ်" ဆိုတဲ့ စကားကတော့ သီတာထွန်း မရိုးနိုင်အောင် မကြားချင်လောက် အောင်ကို ဒေါ်ဥမ္မာက အမြဲတန်း ပြောနေတတ်တယ်။ တစ်ဖက်မှာတော့ သီတာက ဆရာဝန်မပြောနဲ့၊ ဆေးပညာနဲ့ ပတ်သက်လာရင် စိတ်ဝင်စားမှု တစ်ပြားတစ်စိ မှ မရှိတဲ့ အပြင် ၀ါသနာလည်း လုံးဝ မပါပါ။ သီတာ ဖြစ်ချင်တာက နေ့စဉ်နေ့တိုင်း ဝေဟင်ယံမှာ ပျံဝဲနေတဲ့ လေယာဉ်တွေပေါ်မှာ အမြဲတန်း အပြုံးအပြည့်နဲ့ လူတွေနဲ့ ဆက်ဆံရတဲ့ လေယာဉ်မယ်တစ်ဦး။ ငယ်ငယ်ကထဲက လေယာဉ်ပျံကြီး ကောင်းကင်မှာတွေ့ရင် "မေမေ၊ မေမေ၊ ဟိုမှာ လေယာဉ်ကြီး လေယာဉ်ကြီး" ဆိုပြီး မျက်နှာပေါ်မှာ အပြုံး အပြည့် ပန်ဆင်ထားတတ်တဲ့သူပေါ့။ သီတာထွန်း တစ်ယောက် ဆရာဝန် တစ်ဦး လုံးဝ မဖြစ်ချင်မှန်း ဒေါ်ဥမ္မာ ကောင်းကောင်းကြီး သိထားတယ်။ ဒါကြောင့်ပဲ တစ်ချိန်လုံး သီတာထွန်း အီဆိမ့်နေအောင် ဆရာဝန်ကောင်းကြောင်း၊ သမီးဆရာဝန်ဖြစ်ဖို့ ဆိုတာ သူ့အတွက် အရမ်း အရေးကြီး ကြောင်းတွေ ပြောပြီး ဖိအား ပေးနေတတ်တယ်။

လူတွေ ဆိုတာ တကယ်တော့ သီးခြား တည်ရှိနေတဲ့ ခန္ဓာ၊ သီးခြား တည်ရှိနေတဲ့ စိတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီလောက ကြီးမှာ ယုတ္တိရှိရှိ သေချာ တွေးကြည့်မယ်ဆိုရင် ဘယ် လူနှစ်ယောက်မှ ဘယ်လောက်ပဲ ခင်နေပါစေ၊ ချစ်နေကြပါစေ။ ထပ်တူထပ်မျှ ကျဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ လူတိုင်းမှာ မိမိတို့ ကိုယ်စီ ဖြစ်ချင်တာတွေ ကိုယ်စီ ရှိကြပါတယ်။ အပေါ်မှာ ပေးခဲ့တဲ့ ဥပမာ လိုမျိုးပဲ သီတာထွန်း ဖြစ်ချင်နေတာက လေယာဉ်မယ်၊ သီတာထွန်းက သီတာထွန်းရဲ့ ဘ၀တစ်လျှောက်မှာ မိမိ ၀ါသနာပါပြီး စိတ်ချမ်းသာတဲ့ အလုပ်ဖြစ်မယ် ထင်တဲ့ လေယာဉ်မယ် တစ်ဦးဖြစ်ချင်တယ်။ ဒီနေရာမှာ ဖြစ်နေတဲ့ ပြဿနာက ဒေါ် ဥမ္မာ၊ ဒေါ်ဥမ္မာက သူ့သမီးကို ဆရာဝန်ကြီး ဖြစ်စေချင်တယ်။ ဒီဆန္ဒက ဒေါ်ဥမ္မာရဲ့ ဆန္ဒ၊ သီတာထွန်းရဲ့ ဆန္ဒမဟုတ်ပါ။ ဒေါ်ဥမ္မာက မိမိဘ၀နယ်ပယ်ကို ကျော်လွန်ပြီး တစ်ခြား တစ်စုံတစ်ယောက်ရဲ့ ဘ၀ထဲကို သူဖြစ်ချင်တာ ဖြစ်စေချင်တာကို ကျူးကျော်ပြီး သက်ရောက်နေတယ်။

အဆိုပါ ပြသာနာမျိုးက မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာအနှံ့အပြား အဓိက အာရှ မှာ မိဘတွေက ဖြစ်နေတဲ့ ပြဿနာ တစ်ခုပါ။ ဒီမိဘတွေ အားလုံးရဲ့ စိတ်ထဲမှာ တူညီစွာ ခံစားနေတာ တစ်ခုက "အချစ်" ပါ။ သူတို့ သူတို့ သားသမီးတွေကို ချစ်တယ်။ သားသမီးတွေကို အောင်မြင်စေချင်တယ်။ သားသမီးတွေကို သူတို့ရဲ့ ဘ၀မှာ အစစအရာရာ အောင်မြင်စေချင်တယ်။ ဒါတွေဟာ မိဘတွေရဲ့ မေတ္တာလို့ လူအများစုက တွေးခေါ်ချင်ရင် တွေးခေါ်ကြလိမ့်မယ်။ ကျွန်တော်ကတော့ "လွဲမှားသော အချစ်" (သို့) "လွဲမှားသော မေတ္တာ" လို့ပဲ သမုတ်ပါရစေ။

ချစ်တာတော့ ဟုတ်ပါပြီ။ လက်ခံနိုင်ပါတယ်။ တကယ်တမ်း လူတစ်ဦးဟာ နောက်လူတစ်ဦးကို အမှန်အကန် ချစ်ပြီဆိုရင် မိမိကိုယ်ကို အဆိုပါ လူနဲ့ ခွဲခြား နိုင်စွမ်း ရှိရမယ်။ အချစ်စစ်တစ်ခုမှာ ခွဲခြားနိုင်စွမ်း မရှိပဲနဲ့ အဲ့ဒီအချစ်ကို အချစ်လို့ မသတ်မှတ်နိုင်ဘူး။ လူတွေရဲ့ စိတ်ဆိုတာ အင်မတန်မှာ ထူးခြား ရှုပ်ထွေ တဲ့ ဖွဲ့စည်းမှု တစ်ခုပါ။ စိတ်ဆိုတဲ့ အရာတစ်ခုဟာ နောက်ထပ် တခြား စိတ်ဆိုတဲ့ အရာတစ်ခုနဲ့ ထပ်တူထပ်မျှ ကျဖို့ ဆိုတာ အင်မတန်မှ ရှားလွန်းလှပါတယ်။ မဖြစ်နိုင်ဘူးဆိုရင်တောင် ပိုပြီး လက်တွေ့ ကျပါတယ်။ တစ်နေရာထဲ၊ တစ်ချိန်ထဲ၊ တစ်မိထဲက မွေးဖွားလာတဲ့ အမွှာတွေတောင် စိတ်ချင်း ထပ်တူထပ်မျှ ကျဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်။ အစက ပြောသွားတဲ့ သီတာထွန်းတို့ရဲ့ ပြဿနာကို ပြောရရင် ဒေါ်ဥမ္မာရဲ့ သီတာ့အပေါ်ထားတဲ့ မေတ္တာဟာ နည်းနည်း လွဲမှားသွားပါတယ်။ သမီးကို မိမိ ဖြစ်စေချင်တာထဲကို အတင်း ဆွဲသွင်းမယ့် အစား ငါ့သမီးဘ၀မှာ ငါ့သမီး စိတ်ချမ်းသာတဲ့ အလုပ်တစ်ခုနဲ့ သူ့ဘာသာ ရှင်သန် နေထိုင်ရမှာပဲလေ ဆိုတဲ့ အတွေးကို လက်မခံနိုင်တဲ့ အချက်က မြန်မာပြည်က မိဘတော်တော် များများမှာ တွေ့ရပါတယ်။ "ဟိုဟာ မလုပ်နဲ့။ ဒီဟာ မလုပ်။ ဒီဟာလုပ်၊ ဟိုဟာလုပ်" ဆိုပြီး အမြဲတမ်း ဖိအားပေး နေမယ် ဆိုရင် အချစ်တစ်ခုဟာ မှားယွင်းသွား နိုင်ပါတယ်။ မကောင်းမှု တစ်ခု တစ်စုံတစ်ရာ အမှားမလုပ်နေရင် တော်ပါပြီ။ အစစအရာရာ မိမိတို့ စိတ်တိုင်းကျ ဖြစ်စေရလောက်အောင် သူတို့က ကိုယ် မှ မဟုတ်ပဲလေ။ ကိုယ်ဖြစ်ချင်တာ အားလုံး ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင် လုပ်မှပဲ ရတော့မှာပေါ့။ အမှန် ပြောရမယ် ဆိုရင် ခုနတုန်းက ပြောခဲ့တဲ့ ဒေါ်ဥမ္မာနဲ့ သီတာထွန်း ဇာတ်လမ်းက ကျွန်တော် လက်တွေ့ ဘ၀မှာ သေချာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်တစ်ခုပါ။ သီတာက မိဘစကားကို မလွန်ဆန်နိုင်ပဲ ဆေးပညာကို ဖတ်ခဲ့တယ်။ နောက်ဆုံး သီတာထွန်းခမျာ လေယာဉ် အရုပ်လေး တစ်ရုပ်ကိုင်ထား၇င်း မိမိနာမည်တောင် မမှတ်မိလောက်အောင် ရူးသွားရှာပါတယ်။ ဒေါ်ဥမ္မာလည်း ထိုအချိန်မှာ ရင်ကျိုးနာကျသွားတာ ဘ၀တစ်သက်စာ သေရာပါ ဖြစ်သွားပါတယ်။

တကယ်တော့ အချစ်တစ်ခုမှာ နားလည်မှု ဆိုတာ အ၇မ်း အရေးကြီးပါတယ်။ လူနှစ်ဦးဟာ တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည် ပေးနိုင်ရမယ်။ နားလည်မှု မရှိပဲနဲ့တော့ အချစ်တစ်ခု သာယာ လှပဖို့ဆိုတာ ခက်ပါတယ်။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် ထိုလူနဲ့ မိမိကိုယ်ကို (ထိုလူရဲ့ စိတ်နဲ့ မိမိရဲ့စိတ်) အစစအရာရာ မရမက ပေါင်းစည်းပစ်ဖို့ ထက် နားလည်မှုကို ဦးစားပေး ရှေ့တန်းတင် နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကျွန်တော်ကတော့ ကံကောင်းပါတယ်။ ကျွန်တော့်မိဘက ဘယ်တော့မှ ကျွန်တော့်ကို ဖိအား မပေးဖူးဘူး။ ဒါပေမယ့် ဖိအားပေးတတ်တဲ့ မိဘတွေ အများကြီး ကျွန်တော် မြင်ဖူးပါတယ်။ သူတို့ရဲ့ အံမခန်း မိဘမေတ္တာကိုလည်း မြင်တယ်။ ဒါပေမယ့် မှားနေတဲ့ နေရာလေးတွေ ရှိတယ်။ နောင် ရေရှည် ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိမထားမိပဲ မိမိသိပ်ချစ်ရတဲ့ သားသမီးတွေကို ဒုက္ခ ပေးနေ သလို ဖြစ်သွားတော့ တစ်ချိန်မှာ တစ်ခုခု ရင်နာစရာတွေ ဖြစ်လာရင် သားသမီးလည်း မကောင်းသလို မိဘတွေ လည်း ဘ၀တစ်သက်စာ စိတ်ဆင်းရဲ ရတာမျိုးဖြစ်လာရင် ဘယ်သူမှ မကောင်းပါဘူး။

နောက်ဆုံး အနေနဲ့ Kahlil Gibran ရဲ့ မိဘတွေ အတွက် ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ သတိထားစေဖို့ စာသားလေးတွေကို မျှဝေပေးလိုက်တယ်။ တစ်ချို့စာသားတွေက မြန်မာလို တိုက်ရိုက် အဓိပ္ပာယ် ပြန်လိုက်ရင် လွဲမှားကုန်မှာဆိုးလို့ အင်္ဂလိပ်လိုပဲ ဖတ်တာက ပိုသင့်တော်ပါတယ်။

Your children are not your children.
They are the sons and daughters of Life's longing for itself.
They come through you but not from you,
And though they are with you they belong not to you.

You may give them your love but not your thoughts,
For they have their own thoughts.
You may house their bodies but not their sous,
For their souls dwell in the house of tomorrow, which you cannot visit, not even in your dreams.
You may strive to be like them, but seek not to make them like you.
For life goes not backward nor tarries with yesterday.
You are the bow from which your children as living arrows are sent forth.
The archer sees the mark upon the path of the infinite, and He bends you with His might that His arrow may go swift and far.
Let your bending in the archer's band be for gladness;
For even as He loves the arrow that flies, so He loves also the bow that is stable.

ကမ္ဘာပေါ်က မိဘတိုင်းကို လေးလေးနက်နက် ချစ်ခင် လေးစားလျှက် (ဒေါ်ဥမ္မာ့လို အဖြစ်မျိုး မကြုံပါစေနဲ့လို့ ဆုတောင်းရင်း)
Tea

6 comments:

PP said...

နာလဲ သွက်သွက်ခါအောင် ရူးချင်နေပြီ။
ရူးသွားလဲ အေးရော မနက်ဖြန် final တွေ ဖြေစရာလိုတော့ဘူး။ အဟိ
Anyway, welcome back Tea with your Myanmar Fonts. :)

အိတာ said...

တီးက ၁၆ရက်နေ့ လောက်စအားမယ်လို့  ပေဖူးဆီက
သတင်းရထားလို့ ကဗျာအမြန်တင်လိုက်တာ...အဟီ။။

စကားမစပ်ဒီပို့ စ်လေးကောင်းတယ်...
ဝါသနာနဲ့ အတတ်ပညာထပ်တူမကျသူတွေအများကြီး...


ခင်လျက်မင်လျက်
အိတာ

MANORHARY said...

ကျွန်မလည်းအဲဒီဇာတ်လမ်းလေးကိုကြားခဲ့ဖူးတယ်။
ကျွန်မတို့ကိုအဲလိုမဖြစ်စေခဲ့တဲ့မိဘတွေကိုကျေးဇူးတင်
ရမယ်။ ကျွန်မလည်းအဲလိုမဖြစ်အောင်ကြိုးစားရဦးမယ်။

Anonymous said...

Your children are not your children.
They are the sons and daughters of Life's longing for itself.
They come through you but not from you,
And though they are with you they belong not to you.

You may give them your love but not your thoughts,
For they have their own thoughts.
You may house their bodies but not their sous,
For their souls dwell in the house of tomorrow, which you cannot visit, not even in your dreams.
You may strive to be like them, but seek not to make them like you.
For life goes not backward nor tarries with yesterday.
You are the bow from which your children as living arrows are sent forth.
The archer sees the mark upon the path of the infinite, and He bends you with His might that His arrow may go swift and far.
Let your bending in the archer's band be for gladness;
For even as He loves the arrow that flies, so He loves also the bow that is stable.

great

Anonymous said...

I need to show this blog to my mom... she is still strongly against my major in arts.

Anonymous said...

ဒေါ်ဥမ္မာ is MY MOM!