Photobucket

Tuesday, December 23, 2008

အတိတ်၏အရိပ်


လွမ်းမောလှပြီ။
မ၀ံ့မလပ် ကျိတ်ကျိတ်ဝှက် ထိတ်ငေးခဲ့သမျှ
ကျွနိုပ်၏ လက်ဝဲရင်ခန်းမှာ
သင့်အား ချစ်ခဲ့...မြတ်နိုးခဲ့...ဆုံးရှုံးခဲ့လေပြီ.....

တစ်ခါတစ်ခါတော့လည်း
တစ်ဖိတ်ဖိတ်တောက်ပနေတဲ့ တစ်ကိုယ်တည်းဖထောင်းတိုင်တိုတွေကိုငေးရင်း
မှောင်လာမှသာ မျက်ရည် စွန့်ဝံ့သူကျွနိုပ်
တီတာပြောဆိုချင်သမျှ နားထောင်မယ့်သင်
ဘယ်ဆီဘုံနန်းစိုက်နေပါလိမ့်....

တလိပ်လိပ်လွင့်တက်လာသော
အတိတ်ငွေ့တို့ သည်လည်း
နှလုံးသွေးအကူတို့ ဖြင့် ဆေးခြယ်
အလွမ်းမောဆုံး ပန်းချီကားအဖြစ်သို့ 
ကျွနိုပ်ဘ၀ မှန်ကူကွက်ဝယ် တန်ဆာဆင်ချိတ်ဆွဲ ၀င့်ရဲခဲ့လေပြီ.....

ဘ၀ရဲ့ သဘော
စိတ်မောဖွယ် သာမန်ရိုးကျအလုပ်တွေထဲ
ကျွနိုပ်စိတ်ဝယ် သင်၏ အပြုံးဖျော့တော့မှေးမှိန်ခဲ့သော်လည်း
စစ်မှန်သော ညစဉ်ရက်ဆက်
အဟုန်ပြင်းပြင်း မပျက်မေတ္တာပို့ သသံသည်
ချစ်တဲ့သင် အေးချမ်းစေဖို့ သာ ရွယ်ရည်စူးခဲ့လေသည်........

မှတ်ချက်... အချစ်ကဗျာများမရေးချင်တော့ပါ...ဒါပေမယ့်လဲ...လဲ...လဲ..:D

Type the rest of your post here.

1 comment:

Kaung Kin Ko said...

အိတာရဲ့ ကဗျာလေးတွေကို ခဏခဏ လာဖတ်ဖြစ်တယ်။ ကဗျာလေးတွေကြိုက်တယ်။