Photobucket

Friday, December 5, 2008

MUST VISIT လည်ပတ်ရမည့် နေရာများ - (၁) Mount Rushmore

အစီအစဉ်အသစ် တစ်ခုနဲ့ မိတ်ဆက် ပေးပါရစေ။ ဒီနေ့က စပြီး စာဖတ်သူတွေ အားလုံးကို ကမ္ဘာကြီး ပေါ်မှာ ရှိနေတဲ့ လည်ပတ် သင့်သည့် နေရာများ နှင့် အလျဉ်းသင့် သလို မိတ်ဆက် ပေးပါမယ်။ ဟိုး အာဖရိက၊ အမေရိက တွေ၊ ကာရေဘီးယမ်း နေရာတွေပါမက အာရှ၊ သြစတေးသျ နဲ့ ဥရောပ၊ အရှေ့ အလည်ပိုင်း ဒေသတွေ ပါမကျန် ရှိရှိသမျှ နေရာ အရပ်တွေက MUST VISIT လည်ပတ်ရမည့် လည်ပတ် သင့်သည့် Destinations များ အကြောင်းကို တင်ပြ သွားပါမယ်။

ဒီနေ့တော့ အမေရိကန်ပြည်ထောင်စုက South Dakota ပြည်နယ်မှာရှိတဲ့ Mount Rushmore ကို အပိုင်း ၁ မှာ ဖော်ပြသွားပါမယ်။

Mount Rushmore ဆိုတာ
Rushmore ဆိုတဲ့ တောင်ပေါ်မှာ အင်မတန် ကြီးမားတဲ့ ရုပ်ထုကြီးတွေကို ထုထွင်းထားတဲ့ နေရာတစ်ခုပါ။ ယခင် အမေရိကန် သမ္မတတွေ ဖြစ်တဲ့ George Washington, Abraham Lincoln, Theodore Roosevelt နှင့် Thomas Jefferson တွေရဲ့ မျက်နှာ ပုံတွေကို ထုထွင်းထားတာပါ။

Location
The Black Hills of South Dakota, United States

ဘယ်အချိန်သွားသင့်လဲ?
လူသွားများတာကတော့ June နဲ့ August ကြား ကာလပါ။ အကောင်းဆုံး သွားသင့်တဲ့ အချိန်ကတော့ September - October သို့မဟုတ် April - May ဖြစ်ပါတယ်။

South Dakota ပြည်နယ်၊ ပင်လယ်ပြင်အထက် အမြင့်ပေ ၁၇၃၇ မီတာ (၅၇၀၀ ပေ) မြင့်မားတဲ့ တောင်တန်း တစ်ခုရဲ့ အရှေ့တောင်ဘက် အခြမ်းမှာ ယခင်က အမေရိကန် ပြည်ထောင်စု၏ သမ္မတများ ဖြစ်ကြတဲ့ George Washington, Thomas Jefferson, Theodore Roosevelt နှင့် Abraham Lincoln တို့ ရဲ့ ကြီးမားလှတဲ့ မျက်နှာ ကြီးတွေ တည်ရှိပါတယ်။ ဒါကတော့ အမေရိကန် ပြည်ထောင်စုကြီး၏ သမိုင်းကြောင်းအတွက် အရေးကြီးလှတဲ့ အမှတ်အသား တစ်ခုဆိုလည်း မမှားပါဘူး။

ရုပ်ထုကြီးတွေကို ထုထွင်းဖို့ အတွက် ခုနှစ်သက္ကရာဇ် ၁၉၂၃ မှာ Doane Robinson ဆိုသူက စတင် တင်သွင်း အကြံပြုခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ South Dakota ပြည်နယ်မှာ ရှိတဲ့ Black Hills တွေကို လည်ပတ်တဲ့ လူဦးရေ တိုးပွားလာစေဖို့ ဖြစ်ပါတယ်။

ပညာရှင် Gutzon Borglum နှင့် အဆိုပါ အစီအစဉ်အရ ရုပ်ထုကြီးတွေကို ထုထွင်းဖို့ အတွက် သဘောတူခဲ့ကြပါတယ်။ Mount Rushmore ကို ရွေးချယ်ခဲ့ခြင်းက အဆိုပါ တောင်သည် ပတ်ဝန်းကျင် တစ်ဝိုက်မှာ အမြင့်ဆုံးနေရာ ဖြစ်ပါတယ်။ အရှေ့တောင်ခြမ်းကို မျက်နှာ မူနေသည့် အတွက် နေ့တာ တစ်လျှောက် နေရောင်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး သမ္မတ လေးဦး၏ မျက်နှာကို ထုထွင်းဖို့ေ၇ွးချယ်ခဲ့ကြပါတယ်။

၁၉၂၇ မှာ တိုင်းတာမှုတွေ ရယူပြီး Plaster Model တစ်ခု စတင် လုပ်ဆောင်ခဲ့ပါတယ်။ ထူထပ်လှတဲ့ ကျောက်တုန်းကြီးတွေကို ၇.၆ - ၁၅ စင်တီမီတာ အလွှာများအထိ ဖြစ်ပေါ်စေရန်အတွက် ဒိုင်းနမိုက်တွေကို အသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံး မျက်နှာပြင်ကို ချောမွေ့သပ်ရပ် သွားစေရန်အတွက် နောက်ဆုံး အဆင့်အနေနဲ့ Honeycombing လို့ ခေါ်တွင်သော နည်းပညာတစ်ခု ကိုလည်း အသုံးပြုခဲ့ပါတယ်။

၁၉၂၇ မှ ၁၉၄၁ အထိ အဆိုပါ Mount Rushmore ကြီးအတွက် အလုပ်လုပ်ရင်း ပညာရှင် Gutzon Borgulum က ၁၉၄၁မာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ သူ၏သား Lincoln Borgulum မှ ဆက်လက်ပြီး တာဝန်ယူ၍ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး အဆိုပါ အစီအစဉ်အတွက် ပိုက်ဆံ ကုန်သွားသည် အထိ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး Studio ကိုပိတ်လိုက်ပါတယ်။ သမ္မတကြီးတွေရဲက မျက်နှာတွေကတော့ ဒီအတိုင်းပဲ ကျန်ခဲ့ပါတယ်။

စာဖတ်သူတွေလည်း အခုလို အမေရိကန် ပြည်ထောင်စု သမိုင်းကြောင်းရဲ့ အရေးပါလှသော သမ္မတ လေးယောက်၏ ရုပ်ထု မျက်နှာကြီးတွေ တည်ရှိရာ Mount Rushmore ကို အမေရိကန်ပြည်ထောင်စု၏ South Dakota ပြည်နယ်မှာ သွားရောက် လေ့လာ လည်ပတ်နိုင်ပါကြောင်း ...

Tea

No comments: