Photobucket

Friday, December 5, 2008

ဖောက်သည်တွေပဲ

တရားရုံးသို့ မကြာခဏ ရောက်ရှိပြီး ထောင်ဒဏ် အပြစ် ပေး မှုကို ခဏခဏ ခံနေရသည့် တရားခံတစ်ဦးကို တရား သူကြီးက မေးလေသည်။

တရားသူကြီး - မောင်မင်း ... တရားရုံး ခဏခဏ ရောက်နေပါလား

တရားခံ - ဟုတ်ကဲ့ ...

တရားသူကြီး - ထောင် ဘယ်နှစ်ကြိမ် ကျခံပြီးပြီလဲ

တရားခံ - ၁၂ ကြိမ်ပါ ....

တရားသူကြီး - များလိုက်တာ ... အခုထိ ကောင်းကောင်း မနေဘူးပေါ့ .. ဟုတ်လား ..

တရားခံ - နောက်ဆို နေပါ့မယ် ..

တရားသူကြီး - မဖြစ်ဘူး .. ဒီတစ်ခါ ထောင်ဒဏ် နှစ် များများ ချလိုက်မယ် ..

တရားခံ - ကျွန်တော်တို့ ဖောက်သည်တွေ ဖြစ်နေပြီပဲ .. နည်းနည်း လျှော့ပေးပါ ..

:D

Source : mmcp

No comments: