Photobucket

Wednesday, February 25, 2009

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း)



ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conversation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ (ဒီမိုကရေစီ နှင့် တခြား အကြောင်းများ)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၅ (ဆူဝက်၊ ဂန်ဘာရီ၊ မြန်မာသံရုံး နှင့် တခြား)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၆ (၂၀၀၉ ချစ်သူများနေ့)

ကျွန်တော့်ရဲ့ Gtalk မှာ "အဝေးကို လှမ်းကြည့်လိုက်ရင် မင်းရဲ့ အရိပ်တွေပဲ ... အချစ်ရေ.. ဖြတ်မရတဲ့ အချစ်နဲ့ ချစ်နေဆဲ .." ဒီစာသားလေးတွေကို တွေ့လို့ ခင်လေး တစ်ယောက် လာ စနောက်ရင်း၊ ကျွန်တော်နဲ့ ခင်လေး စကားတွေ ပြောဖြစ်ခဲ့၊ ကဗျာတွေ စပ်ဖြစ်ခဲ့ ပါတယ်။ နောက်ပိုင်း ကျွန်တော် အတွေးတစ်ခုရရင်း ခင်လေးနဲ့လည်း ဒီစကားဝိုင်း အစီအစဉ်မှာ ပြောမယ်လို့ ဟိုး အရင်ထဲက အိုင်ဒီယာလေး ရှိနေတာကြောင့် ခင်လေးနဲ့ အတူ လွမ်းခြင်း အကြောင်းကို ရင်ဖွင့်နေတဲ့ စကားတွေကို ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း) အနေဖြင့် တင်ဆက် ပါရစေ။


ခင်လေးငယ်: ဟေး ကိုတီးတစ်ယောက် သီချင်းတွေ ဟစ်နေတယ်ပေါ့။ ဇီးသီးလေး ဘာလေး ထုတ်ပါလား။
Tea: ဒီမှာ လွမ်းနာကျနေတာနော် .... လာမစနဲ့ ဟွန်း

ခင်လေးငယ်: ဘာလို့စ် ... ပြောပြ ... ကဗျာစပ်ပြစ်မယ် .. ဒါဘဲ
Tea: ဗိုလ်ဆန်လိုက်တာနော် .. "လို့" ကိုတောင် "စ်" တွေထည့်လို့ပါလား

ခင်လေးငယ်: ပြောမယ့် သာ ပြောစမ်းပါ .. ဈေးကိုင်မနေပါနဲ့..
Tea: လွမ်းနေတာပေါ့ ...
ဆုန်သင်းပါရ် ရဲ့ သီချင်းလေး နားထောင်ပြီး လွမ်းနေတာ

ခင်လေးငယ်: ချစ်ချစ်စ် ကိုလား
Tea: ဒီလိုပါပဲလေ .. မပြောချင်တော့ပါဘူး ..

ခင်လေးငယ်: အဲ့ဒါပေါ့ ယူကြတာကိုး လူတွေက... ဟီးးး
ရင်ဘတ်ထဲကို သွင်းတာကိုး လွမ်းနာကျဘီပေါ့ .. ခုတော့
Tea: ဟုတ်ပါ့ ... ပြောကို မပြောချင်တော့ဘူး။ ခက်တယ် ..

Tea: အဝေးကို လှမ်းကြည့်လိုက်ရင် မင်းရဲ့ အရိပ်တွေပဲ ... အချစ်ရေ.. ဖြတ်မရတဲ့ အချစ်နဲ့ ချစ်နေဆဲ ..
ကဗျာစပ်မယ်ဆို .. အဲ့ဒါကို ကဗျာစပ်ပြ
ခင်လေးငယ်: လက်တန်းလား ခု...
Tea: အင်း ... လက်တန်း
လွမ်းနေလို့ အလွမ်းစာသားတွေ ဖတ်ချင်တယ်
ခင်လေးငယ်: ခဏစောင့် ၃ မိနစ်စောင့် အူဝဲ



Tea: မြေပြင်က ပျော့ပျော့လေးဆို ...
ခြေရာလေးများ ဖြစ်ပေါ်တတ်တာ ...
မမာနိုင်တဲ့ ကိုယ့်ရဲ့ အသဲပေါ် ...
ခြေရာလေးများ ရှိနေဆဲပါ

ခင်လေးငယ်: ................ ဆက်ဆိုပြ
Tea: အချိန်တွေ ရက်လ နှစ်ရှည်ကြာ ...
ကွယ်ပျောက်မသွားတဲ့ ကိုယ့်အချစ်များ ...
မမြင်တာ မဆုံတာ ကြာပေမယ့် ..
ရင်မှာ အမြဲတမ်း မင်းရှိတယ်
တော်ပြီ.. အာညောင်းသွားပြီ

ခင်လေးငယ်: ဒီမှာ တီးယားစ်တွေ ဖောလ် နေဘီ
Tea: ဘာတုန်း တီးယားစ် ဆိုတာ

ခင်လေးငယ်: မျက်ရည်လေကွာ
Tea: ခေတ်တွေက မြန်လိုက်တာ၊ ဒိုင်ယာလောခ့်တွေကို လိုက်တောင် မမှီတော့ဘူး

Tea: စပ်လေ.. ကဗျာ ..
ဒီမှာတော့ ခံစားချက်အပြည့်နဲ့ ဆိုပြလိုက်ရတာ
သူကတော့ ဘာမှလည်း မလုပ်ဘူး
ခင်လေးငယ်: သူဘဲ ရန်လာဖြစ်နေပီးတော့
Tea: အင်း.. ဒါဆိုလဲ စောင့်နေမယ် ..

၃မိနစ်ကနေ ၁၀မိနစ်လောက် ကြာသွားပြီး နောက်တွင်..

ခင်လေးငယ်: ဟိတ်....... ဒီမှာ ရပြီ ...


အဆွေးမြစ်

နင်ချန်ခဲ့တဲ့ အချစ်တွေနဲ့
လတ်ဆတ်ဆဲ ငါ့ရင်မှာ
ဝေဒနာက အသစ်ပွင့်နေခဲ့...

ဓူဝံကြယ် မြောက်အရပ်ထွက်နေဆဲ
ရာသီတွေ လှည့်ပတ်နေဆဲ
အချိန်ရထားတွေ ခုတ်မောင်းနေဆဲ
ချစ်သူတွေလည်း ပျော်မြူးနေဆဲ
ငါ့ရင်ဘတ် အဆိပ်တက်ရင်း
အတိတ်ကို မေ့ပစ်ချင်နေခဲ့ ...

အထီးကျန်တဲ့ငါ့ရင်မှာ
အမှတ်တရဆိုတာ
အနမ်းတစ်ပွင့်ဖူးပွင့်ချိန်
စက္ကန့်လေးတစ်စ ဒါပါဘဲ..

ဟုတ်တယ်......
နင်သိပါစေ
ငါလေ....
အဲ့ဒီ စက္ကန့်ပေါ်မှာရပ်နေခဲ့တာ
ရွက်ဝါတွေကြွေ ပင်စည်တွေရင့်လို့
အဆွေးမြစ်တွေတောင် ခိုင်မာခဲ့ပြီလေ...။


Tea: ဒီမှာ ကြွေသွားပြီ
ခင်လေးငယ်: ဘာကိုလည်း

Tea: အနမ်းလေး နဲ့ပဲ စခဲ့တာလေ
အညှာကို ခြွေလိုက်တော့ မကြွေပဲ နေမလား
ကြွေသွားပြီပေါ့
ခင်လေးငယ်: ဟီးးး စိတ်လေတယ်

Tea: လွမ်းတာပဲ သိတယ်
ဘာမှ မသိတော့ဘူး
ဘာမှလည်း မမြင်တော့ဘူး
ခင်လေးငယ်: ဖုန်းဆက်လိုက်ပေါ့ကွာ

Tea: ဖုန်းလား... တွေ့ချင်တာနေတာပါဆိုနေ..
ခင်လေးငယ်: အင်းလေ... သွားတွေ့လိုက်ပေါ့လို့

Tea: ပြောတော့သာ လွယ်ပါတယ်
ဝေးနေတာက မိုင်ထောင်ချီနေတယ်
တယ်လီပေါ့တေးရှင်း တွေရှိရင်ကောင်းမယ်နော်
တယ်လီဗေးရှင်းတွေတော့ ရှိပြီး တယ်လီပေါ့တေးရှင်းကျ မရှိဘူး
ခင်လေးငယ်: ခက်ပီကော တီးတီးရယ်....
ဘီလိုလုပ်ကြမလဲ
Tea: ဘီလိုမှ လုပ်လို့ မီရတော့ဝူး

Tea: ဟင်းးးး ... မောပါတယ် ခင်လေးရယ်
ခင်လေးငယ်: အဘထ ရှုဆေးလေး... ရော့

Tea: ရှုဆေးဆို ဘယ်ရှုဆေးမှ မသုံးဘူးနော်.. ဒီမှာ အသက်တောင် မနည်းရှုရတာ .. မောလွန်းလို့ .. အသက်ရှုဖို့တောင် ကိုယ်ခန္ဓာတစ်ခုလုံး အရေးကြီး မီတင်တွေ လုပ်ပြီးမှာ ရှုလိုက်ပါမယ် ဆိုပြီး ဒက်ဇင်ရှင် တွေ ချထားတာ
ခင်လေးငယ်: ဘိုလိုတွေ နားလည်ဝူး
Tea: သူပဲ ဘာလိုစ့်တွေ တီးယားစ်တွေ လုပ်ပြီး... ခုမှ

Tea: ဘာလို့များ လွမ်းရတာလဲ
အလွမ်းတရား ဆိုတာ တကယ်တော့ ဘာကြီးလဲ
ခင်လေးငယ်: လုပ်ပြန်ဘီ တီးတီးရယ် ဒင်းဟာလေ...

Tea: ခဏလောက် သူ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး ခဲထားလို့ရလား
ခင်လေးငယ်: ဟီးးးးးး
Tea: ဖြစ်နိုင်ရင် ထုတ်ပြီး ဟိုး အဆုံးမရှိတဲ့ ပင်လယ်ထဲကို ဒီရင်ထဲက အလွမ်းတရားတွေကို မျောပစ်လိုက်ချင်တယ်
ခင်လေးငယ်: နာတောင် လွမ်းလာဘီ တူလုပ်လို့

Tea: တကယ်တော့ မျောမျောပစ်ရတာ မောမောလာပြီကွာ.. ဘာလို့လဲ ဆိုတော့ ... ပင်လယ်ကြီးထဲကို ရောက်သွားတိုင်း.. အဲ့ဒီ အလွမ်းတရားတွေက အချစ်ရောင်ခြည်တွေကြောင့် အငွေ့တွေ ပျံသွားပြီး ကောင်းကင်ထဲကို ရောက်သွားတယ်လေ.. ပြီးတော့ ရင်ထဲကို အလွမ်းမိုးအနေနဲ့ ပြန်ပြန် ရွာချ နေတယ်
ခက်ပါတယ်
သံသရာလည်တယ်ဆိုတာ ဒီလွမ်းတဲ့ နေရာမှတောင် ဖြစ်နေပြီ

ခင်လေးငယ်: စာရေးလေ ကိုတီးရဲ့
Tea: အလွမ်းစာသားတွေ ဆိုတော့ ရတယ်။
I saw everything; the promised future, the determined spirit, and the strong love. But, I see nothing now. I don't see anything. All I see is the universal darkness surrounding me all day and night.
ခင်လေးငယ်: မှောင်မှောင်ငှေး စိတ်ထိမ်းပါ

Tea: ထိန်းမရတော့ဘူး
ခင်လေးငယ်: အပေါင်းကိုပဲတွေးလေ..
အနှုတ်တွေကို မတွေးနဲ့လေ
Tea: တွေ့စရာ ဒီခေါင်းထဲက Center ကနေ ပြဿနာတွေ တက်နေတယ်.. ဘာမှ မမြင်သလို တွေးလိုက်တိုင်း "အတိတ်” ဆိုတဲ့ အရာတွေပဲ ပေါ်ပေါ်လာတယ်
ဒါကြောင့် သိပ်မတွေးပဲ Shut down လုပ်ဖို့ပဲ ကြိုးစားနေတယ်

ခင်လေးငယ်: အတိတ်က လှခဲ့တယ်မလား
Tea: အတိတ်ကလှခဲ့ပေမယ့် ..
အခုအချိန်မှာ
အနာဂတ်က..
ဝိုးတ၀ါးဖြစ်နေပြီ
သဲသဲကွဲကွဲ မမြင်ရတော့ဘူး
တိမ်ညိုတိမ်မဲတွေ ... လေပြင်းမုန်တိုင်းတွေ ရောထွေးကုန်ပြီ
ခင်လေးငယ်: ဒီတော့ လှခဲ့တဲ့ အတိတ်ကိုတွေးရင်း တစ်ယောက်ထဲဖြစ်နေတဲ့ ခု စိတ်တွေနဲ့ အနာဂတ် အတွက် သက်ပျင်းမချပါနဲ့

Tea: တစ်ယောက်ထဲ ဆိုရင်တော့ ဖြေသာတာပေါ့
အခု အနာဂတ်ကို လိုက်ကာတွေကို ချခဲ့တာ ဒီက လွမ်းနေတဲ့သူ မဟုတ်ဘူးလေ
ခင်လေးငယ်: အို.. ဒုက္ခပါပဲကွယ် ... ဘာဖြစ်လို့တုန်း..
Tea: ဘာလို့လဲလို့ မေးခွန်းတွေ ထုတ်တော့ ..
ခင်လေးငယ်: အင်းး ဆိုပါဦး
Tea: မနာကျင် စေချင်ဘူးတဲ့လေ
အဲ့ဒါက ဘာသဘောလဲ .... ပြော

Tea: ခင်လေးရေ .. ပြောင်းလဲမှု ဆိုတာ ဒီလောကရဲ့ နိယာမတရားလား
အကယ်၍ ဟုတ်ခဲ့မယ် ဆိုရင်တောင် ဒီနိယာမတရားကြီး ဒီလို နေရာမှာ ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းနေခဲ့မိတဲ့ ဆုတောင်းတွေ မပြည့်ခဲ့ဘူးလားကွာ..
ခင်လေးငယ်: တီးတီး
ရှေ့ဆက်လို့မရနိုင်တဲ့ သဘောလား

Tea: ရှေ့ဆက်လို့ မရတယ် ဆိုတာထက် ... အရှေ့မှာ အရင်ကလို ခိုင်မာစွာ တည်ဆောက်ထားခဲ့တဲ့ မဟာတံတိုင်းကြီး ဖြိုလှဲခံလိုက်ရတယ်..
တူတူလျှောက်လှမ်းဖို့ ဆောက်တည်ထားတဲ့ တံတားကြီး
ရုတ်တရက် ပျောက်သွားတယ်
ဆက်တော့ လျှောက်နေတုန်းပဲ
ခင်လေးငယ်: တံတားကြီးကို ဆောက်တုန်းက ကံထရိုက်က ရိတ်တာများသွားတာကိုး

Tea: အဲ့ဒါတွေတော့ မသိတော့ပါဘူး... သိတာကတော့ အခု အတတ်နိုင်ဆုံး ပြန်ဆောက်နေတယ်
အချိန်သာ မှီခဲ့မယ်... ဒီရင်ထဲက ဒီအချစ်တွေကိုသာ မိုးနတ်မင်းကြီး နားလည်ပေးခဲ့မယ် ဆိုရင် ...
ဆိုရင်...
ဆိုရင် သီချင်းလေးပဲ ဖွင့်လိုက်တော့ ခင်လေးရေ
ခင်လေးငယ်: မောင်မောင်ဇော်လတ်သီချင်းလား
မိုးနတ်မင်းကြီး ဘာပေးပါဆိုလား
ပထမ ဒုတိယ တတိယ အခွေထဲကလေ
Tea: သိတော့ဘူးကွာ..ဘာမှ မသိဘူး..
ခင်လေးငယ်: punk သီချင်း အသစ်ထင်တယ် :)

Tea: တော်ပါပြီ ခင်လေးရာ.. စိတ်တွေ ပိုပိုညစ်လာပြီ..
မဟူရာညရဲ့ တိတ်ဆိတ်တဲ့ ပန်းခင်းပေါ်မှာ ပူလောင်နေတဲ့ အသဲနှလုံး ကို တင်ပြီး အိပ်တော့မယ် ..


ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း) ကို ဒီမျှနဲ့တင် ရပ်နားပါရစေ။

မှတ်တမ်း။ ။ဤစကားဝိုင်း အမှတ်-၇ အတွက် ကိုရင်နော်ခင်လေးငယ် ဘလောခ့်မှ ခင်လေးအား ကျေးဇူးတင်ပါကြောင်း။

Tea
www.myhome16.com

9 comments:

ကိုချမ်းအေး said...

စကားဝိုင်းလေးမှာ တင်ဆက်တဲ့ အစီအစဉ်လေးတွေကြိုက်တယ်။
အရင်က ပိုစ့်အဟောင်းတွေ ပါ လှန်ဖတ်သွားတယ်။
စိတ်ဝင်စားဖို့ကောင်းတယ်
အားပေးနေပါတယ်

ဒီတစ်ခုက ကဗျာတွေ စာတွေလည်းလည်း လှတယ်ကွာ

ညီမလေး said...

ကိုတီးရယ်လွမ်းနေရတာတွေကို သိသိသာသာခံစားရပါတယ် စကားလုံးတွေက လေးနက်လွန်းတယ်
:(

ညီမလေး said...

ဆုန်သင်းပါရဲ့သီချင်းလေးနဲ့ ပိုပြီးတောင်လေးနက်သွားတယ် စိတ်မကောင်းပါ

Tea said...

အချစ်ကို Royal ဖြစ်ခြင်းက နောက်ဆုံး ခံစားနေရတာက ဒါတွေလား ဆိုတာ ပြောပါ...

အချစ်ကို Committed ဖြစ်ခြင်းက နောက်ဆုံး ခံစားနေရတာက ဒါတွေလား ဆိုတာ ပြောပါ...

အချစ်ကို Devoted ဖြစ်ခြင်းက နောက်ဆုံး ခံစားနေရတာက ဒါတွေလား ဆိုတာ ပြောပါ...

ကိုရင်နော်ခင်လေးငယ် said...

မှတ်မိပါသေးတယ်...
အဲ့ဒီနေ့က ကမ္ဘာမြေတစ်ခြမ်းက တတီတီးတူ ရဲ့ အလွမ်းမိုးတွေနဲ့ ချက်နေရတဲ့ လူတောင် ခိုက်ခိုက်ကို တုန်လို့....

သက်ဆိုင်သူ ချစ်ချစ်ရေ... အမြန်ဆုံးပေးတွေ့လိုက်ပါတော့..
နောက်တစ်ခါ အဲ့လို အလွမ်းတွေ ကြားရရင်တော့ မိုးမိပြီး ဖျားမှာ အသေအချာမို့ပါ...

ပြေလည်ပါစေ... ဒါမှ ကမ္ဘာမြေ ငြိမ်းချမ်းမှာ..
ဟီးးး

ခင်လေးငယ်

Anonymous said...

လွမ်းတယ်ဆိုတာမကောင်းပါဘူးလေ
ခံရခက်ပါတယ်
မလွမ်းနဲ့တော့နော် :)

GreenGirl said...

ကိုတီးနဲ့ အပြိုင်လွမ်းမိသွားတယ် :(
တစ်ခါတစ်လေမှာ ဘာမှန်းမသိပဲ လွမ်းတယ်လို့ ခံစားရတာလည်း ရှိတယ်နော်...

Anonymous said...

လွမ်းတယ်ဆိုတာ လုပ်စရာမရှိလို့လွမ်းတာပါ
လုပ်စရာရှိရင် လွမ်းခဲပါတယ် :)

Unknown said...

su nway, i disagree wif u. this week i busy like hell, but i miss my darling like hell also. sometime can't concentrate on work. if u know about u won't say this, get a life find someone to love.