Photobucket

Saturday, February 14, 2009

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၆ (ချစ်သူများနေ့ )

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conversation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ (ဒီမိုကရေစီ နှင့် တခြား အကြောင်းများ)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၅ (ဆူဝက်၊ ဂန်ဘာရီ၊ မြန်မာသံရုံး နှင့် တခြား)


Tea: ဟေး မေသူ
ဒီနှစ် ချစ်သူများနေ့မှာ ဘာအစီအစဉ်တွေရှိသလဲ?

မေသူ: ထွေထွေထူးထူးတော့ မရှိပေမယ့် ချစ်ခင်လေးစားရတဲ့သူတွေအကြောင်းတော့ တွေးနေမိတယ်။ မင်းကေ၇ာ?

Tea: တစ်ကိုယ်တည်း သိုင်းကျင့်နေတယ်

မေသူ: အချစ်သိုင်းလား :)

Tea: ချစ်ခင်လေးစားရတဲ့ လူတွေ အကြောင်းတော့ သိပ်စိတ်မ၀င်စားဘူး။ ချစ်သူများနေ့ဆိုတော့ အဓိကဖြစ်တဲ့ ချစ်သူကို ပိုစိတ်ဝင်စားတယ်။

မေသူ: အယ်။ ချစ်သူများနေ့ဆိုတာ သမီးရည်းစားတွေကို ဘဲ ရည်ရွယ်တာမှ မဟုတ်တာ။

Tea: အင်းလေ.. ဒါပေမယ့် Main Target ကို ပိုစိတ်ဝင်စားတယ်လေ :)

မေသူ: ဒါဆိုတော်က စဉ်းစားရမယ့် ချစ်သူရှိတယ်ပေါ့ အဲလိုလား

Tea: မေသူ့ကို မေးနေတာလေ.. မျှားဦးကို ဘာလို့ လှည့်နေတာလဲ

မေသူ: ကျုပ်လည်းမေးရမှာပေါ့
equal right လေ

Tea: ကယ် ရှိတယ်ဟာ၊ ရှင်းရော :D

မေသူ: ဟီး ပေါ်ပြီ
:P

Tea: ဒါပေမယ့် မိုင်တွေ ထောင်ချီဝေးနေတယ် ဆိုတော့ ချစ်သူများနေ့မှာ ဘာမှ မထူးပါဘူး။ :(

မေသူ: ကိုယ်တို့ဝေးနေ မိုင်ပေါင်းကုဋေသီချင်းဆိုနေပေါ့
:P

Tea: ဒါနဲ့ ကျုပ်ကိုချည်းပဲ မေးခွန်းထုတ်မနေနဲ့။
မေသူ့ ချစ်သူအကြောင်း သိချင်တယ်။ ပြီးတော့ ချစ်သူများနေ့ အစီအစဉ်။

မေသူ: ကျုပ်ချစ်သူအကြောင်းလား
ကျုပ် ချစ်သူ ကျုပ်ကို ၁၂ ကျော်တော့ ဖုန်းခေါ်တယ်

Tea: ဟုတ်တယ်? ဘာတဲ့လဲ? How Are You တဲ့လား? :D

မေသူ: ဒီနေ့ ဘာအစီစဉ်ရှိလဲတဲ့....

Tea: အဲ့တော့ မေသူက ဘာပြန်ပြောလိုက်လဲ?

မေသူ: ဘာမှမရှိဘူး ကျောင်းပိတ်လို့အိပ်မယ် လို့ ပြောလိုက်တယ်
:P

Tea: ဟိုက်!!!
ဒါနဲ့ သူက ဘာမှ မပြောဘူးလား

မေသူ: မပြောပဲ နေမလား
ဒီနေ့ ချစ်သူများနေ့လေတဲ့
အဲတော့ မေ နဲ့ကိုယ်တို့ အမှတ်တရ တော့ရှိသင့်တာပေါ့တဲ့

Tea: ဇာတ်လမ်းက ကောင်းလာပြီ
ဆက်ပြောပါဦး

မေသူ: ကိုယ့်ပို့တဲ့ချောကလပ်ရလားတဲ့
:P

Tea: ပြီးတော့ရော

မေသူ: မရသေးဘူးလို့ပြောတော့
ကိုယ် ဟိုနေ့က ပို့လိုက်တယ်တဲ့လေ။

Tea: ဒါဆိုရင်တော့ ညာပြောတာပဲ ဖြစ်ရမယ်

မေသူ: အခု အခန်းတံခါးသွားဖွင့်ကြည့်လိုက်တဲ့

Tea: ဖွင့်ကြည့်လိုက်တော့ တွေ့ေ၇ာလား

မေသူ: တွေ့တယ်
အိမ်ဘေးက ခွေးက အထုပ်ဖြေပြီး ပွဲတော်တည်နေတယ်

Tea: ဟိုက်

မေသူ: အဲဒါကြောင့်ကျုပ်စိတ်နာနေတာ

Tea: မပြောလိုက်ဘူးလား.. နောက်တစ်ခု ချက်ချင်းပို့ဆိုပြီး

မေသူ: ကိုယ်တို့က မိုင်ပေါင်းထောင်ချီဝေးနေတယ်လေ
ချက်ခြင်းတော့ဘယ်ရောက်မလဲ

Tea: မိုင်ပေါင်းကုဋေ သီချင်းတူတူဆိုလို့ရပြီ :D

မေသူ: အီကဒ်လေးတော့ ခွေးစုတ်က စားမသွားရှာဘူး
အီးကဒ်ထဲမှာ ဘာရေးထားလဲသိချင်လား

Tea: သိချင်တာပေါ့

မေသူ: ဒီထက် မကချစ်တတ်ပြီး နားလည်တတ်အောင် ကြိုးစားသွားမယ် တဲ့.....

Tea: ဟာ!! ဒါပဲလား?

မေသူ: ၇ှိသေးတယ်
အချစ်ကို မကိုးကွယ်တတ်ဘူး နားလည်းမလည်တတ်ပေမယ့် မေ ကို တော့ ကိုယ်ကိုးကွယ်တယ် နားလည်တယ်တဲ့
ဒေါသဖြစ်လာရင်လဲ အထု အထောင်းခံပါတယ်တဲ့
:P

Tea: ဟိုက်ရှားပါး
ကြွေသွားပြီ
ပြန်ဆက်မရတော့ဘူး

မေသူ: နောက်ပြီးပြောသေး

Tea: ဘာတဲ့တုန်း မပြီးသေးဘူးလား :D

မေသူ: Next Valentine's is going to be our wedding !!!
:)

Tea: ဟေးး
ဆက်မရတဲ့အပြင် အပိုင်းအစတွေပါ ရှာမရတော့ဘူး။ ဒုက္ခပဲ..

မေသူ: ဒါတောင် သူက မြန်မာ စကားသိပ်မကျွမ်းလို့ :P

Tea: ဒါနဲ့ ကတ်ဆိုလို့ အခုနက ကျုပ်လဲ မေးလ်တစ်ခု ပို့လိုက်သေးတယ်
စာအိတ်ထဲမှာ စာ အနည်းငယ်ရယ်.. ဓာတ်ပုံတစ်ပုံရယ်.. စီဒီတစ်ချပ်ရယ် ပါတယ်

မေသူ: အလဲ့ လုပ်ပါအုံး ဘာစာတုန်း

Tea: စာကတော့ ကဗျာတိုလေးပါ.. ရှုပ်တာတွေ မကြိုက်တတ်လို့ ၅ကြောင်းထဲပဲ ရှင်းရှင်းလေး ရေးလိုက်တယ်

You're in my thoughts and in my heart
Wherever I may go;
On Valentine's Day I'd like to say
I care more than you know.
Moon proves my Love.
Yours always,

စီဒီလေးကို ဖွင့်လိုက်ရင်တော့ Moon Proves My Love ဆိုတဲ့ သီချင်းလေးက ပေါ်လာမယ်

မေသူ: အမယ်

Tea: ဓာတ်ပုံကတော့ ကိုယ်တိုင် နာရီနဲ့ ချီကြာပြီး လုပ်ထားရတဲ့ ဓာတ်ပုံလေ။
စာရယ်၊ ဓာတ်ပုံရယ်၊ စီဒီရယ်၊ အဲ့ဒီ ၃ခုပေါင်းပြီး ပို့လိုက်တယ်

မေသူ: အလယ်အလယ်
တီးက မထင်ရဘူးသိလား

Tea: ထင်ရဘူးလား? ဟားဟား :)
စိတ်လေတာက ချစ်သူများနေ့မှာ တစ်ကိုယ်တည်း သိုင်းကျင့်နေရတာပဲ

မေသူ: ဘာသိုင်းလဲ
အချစ်သိုင်းလား

Tea: အမုန်းသိုင်း

မေသူ: ဘာလို့

Tea: ချစ်သူများနေ့မှာ အမုန်းသိုင်းကျင့်ရတယ်လေ.. မသိဘူးလား
လွယ်လွယ်နဲ့ မုန်းတတ်အောင် ကျင့်ကြံအားထုတ်နေတာ..ဒါမှ မခံစားရမှာ

မေသူ: အဲဒါ မင်းက မုန်းတတ်အောင်ကျင့်ဆိုတာထက်
မင်းအတ္တတစ်ခုကို ကျင့်နေတာဘဲ
မင်းခံစားရမှာဆိုးလို့ မင်းကိုယ်မင်းကာကွယ်နေတာဘဲ

Tea: ဘာပဲပြောပြော ..
လွယ်လွယ်နဲ့တော့ ချစ်တတ်ပြီး
လွယ်လွယ်နဲ့ ဘာလို့ မမုန်းနိုင်ရတာလဲ
ဒါဟာ အချစ်တဲ့လား

မေသူ: မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး (သီချင်းတောင်ရှိသေးတယ်)

Tea: ဒါနဲ့ ဒီဖေဖော်ဝါရီလ ချစ်သူများနေ့ မှာ ထူးခြားတဲ့ ခံစားချက်တွေ မရှိဘူးလား

မေသူ: ရှိတယ်။ ဖေဖော်ဝါရီကို Valentine's day ကြောင့် ရင်ခုန်ခဲ့တာမဟုတ်ဘူး
ဖေဖော်ဝါရီလ က ငါ့တို့ ရဲ့ လွတ်လတ်ရေးဖခင်ကြီးမွေးနေ့မို့ အသိအမှတ်ပြုဂုဏ်ယူမိတယ် ကမ္ဘာမြေပေါ်သူရဲကောင်းတစ်ယောက်ပေါ်ထွန်းခဲ့လို့ ကျေနပ်မှုတွေကြောင့် ဖေဖော်ဝါရီကို ရင်ခုန်တယ်။ နောက်တစ်ယောက်က ဘယ်တုန်းက မှ တိုင်းပြည် အပေါ်လူမျိုးအပေါ် မှာငဲ့ညှာ မစဉ်းစားခဲ့တဲ့ လူယုတ်မာသန်းရွှေမွေးနေ့အတွက် ဒေါသဖြစ်မိတယ်။နောက်တစ်ယောက်က ကျေးဇူးရှင် အနန္တဂိုဏ်ဝင် ဖေဖေ က လည်း ကျမ ဘ၀ရဲ့ သူရဲကောင်းတစ်ယောက် အဖြစ် ရှင်သန်ခဲ့တဲ့လ။

Tea: ဖေဖော်ဝါရီကို Valentine ကြောင့် ရင်ခုန်တာမဟုတ်တဲ့ မေသူကိုတော့ လေးစားသွားပြီ။ အခုခေတ်မှာ လူငယ်တွေက ဖေဖော်ဝါရီဆိုရင် "ဘက်လက်တန်း" ခေါ် Valentine ကိုပဲ မြင်တာလေ။ တခြားဟာတွေ သိပ်မြင်တတ်တာ မဟုတ်ဘူး။ အမြင်က ကွယ်ခံထားရလို့ပဲလား၊ တကယ်ပဲ မမြင်ကြတော့တာလားတော့ မသိပါဘူး။

Tea: ဒါတွေထားလိုက်ပါတော့လား ... ချစ်သူများနေ့ကို ကြိုဆိုတဲ့ အနေနဲ့ ချောကလက်တွေ စားရအောင် :D

မေသူ: အင်း မဆိုးဘူး။ ငါ့ချောကလက် ခွေးဆွဲသွားတာနဲ့ အတော်ပဲ။
ဘာချောကလက် အမျိုးအစားတုန်း :P

Tea: ရော့ - စပယ်ရှယ် အင်မတန် Romantic အဖြစ်ဆုံး ...

ပြီးတော့ - Valentine Day မှာ ချစ်သူတွေကို ပေးဖို့ အသင့်တော်ဆုံး ...

စားလိုက်ရင်လည်း အင်မတန် Romantic ဖြစ်ဆုံး ...

ပုံသဏ္ဍာန်ကလည်း မတရား Romantic ဖြစ်လှတဲ့ ....

ဟော့ဒီက ...

ဒီတစ်ခေါက် စကားဝိုင်းကိုတော့ ဒီတင်ပဲ ရပ်နားခွင့်ပြုပါ။

အားလုံးပဲ ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေ။
Tea + မေသူ

3 comments:

PP said...

Happy Single Awareness Day everybody!! :P

မိုးစက် said...

မမေသူရဲ့ကိုယ်တော်မြတ်က မြန်မာစကားမကျွမ်းတာတောင် တော်တော်ပြောတတ်တာပဲနော်

Tea said...

ဒါကြောင့်ကျွန်တော်ပြောတာပေါ့ မိုးစက်ရာ
ကြွေသွားလို့ ဆက်မရတဲ့အပြင် အပိုင်းအစတွေပါ ရှာမရတော့ဘူးလို့ :P