Photobucket

Tuesday, February 10, 2009

Romance

Romance ကို မြန်မာလို ဘယ်လို အသေအချာ ဘာသာ ပြန်ရမယ်တော့ ကျွန်တော် အသေအချာ မသိဘူး။ Oxford Dictionary ကတော့ Romance ဆိုတာ a pleasurable feeling of excitement and wonder associated with love တဲ့။ မြန်မာလို ပြောရမယ် ဆိုရင်တော့ စိတ်လှုပ်ရှားတာ ဖြစ်စေ၊ အချစ်နဲ့ ဆက်နွယ်ပြီး အံသြမှု တစ်စုံတစ်ခုကို ခံစားရတဲ့ အချိန်ကျရင် ဖြစ်ပေါ်လာတဲ့ ကြည်နူးဖွယ် ခံစားချက် တစ်ခုပေါ့။

ကျွန်တော်ကတော့ Romance ကို အဓိပ္ပာယ်ဖွင့်ပေးပါ ဆိုရင်တော့ A colorful tool for a love အချစ်အတွက် ပိုပြီး သာယာလှပစေမယ့် ကိရိယာ တစ်ခု လို့ပဲ ရိုးရိုးလေး ဘာသာပြန် ပါရစေ။ Romanceဆိုတာ အချစ်တစ်ခုမှာ ရှိမှဖြစ်မယ့် မရှိမနေရှိရမယ့် အရာတစ်ခု မဟုတ်ပါဘူး။ Romance က ရှိလည်း ဖြစ်တယ်၊ မရှိလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူရှိနေတဲ့ အချစ်တစ်ခုက သူမရှိနေတဲ့ အချစ်တစ်ခုထက် ပိုပြီး စိုပြေသာယာ စေနိုင်တာ Romance ရဲ့ အစွမ်းပေါ့။

လူတိုင်း ပါးစပ်ဖျားမှာ ပြောပြော လေ့ရှိတယ်။ သူက Romantic ဖြစ်လိုက်တာ၊ အဲ့ဒါ အရမ်း Romantic ဖြစ်တာပဲ။ ဒါပေမယ့် Romantic ဖြစ်တယ် ဆိုတာ ဘာလဲ? များသောအားဖြင့် လူတော်တော် များများက Romantic ဖြစ်တာကို ခုံမင်ကြတယ်။ အားကျကြတယ်။ ဒါပေမယ့်လည်း Romantic မဖြစ်နိုင်တဲ့ လူတစ်ယောက်က Romantic ဖြစ်ဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ တကယ်တော့ Romantic ဖြစ်ဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပဲ ရှိတယ်။ Romance is the ability to express your love. Romance ဆိုတာ သင့်ရဲ့ အချစ်ကို ဖော်ပြနိုင်တဲ့ အရည်အချင်း တစ်ခုပါ။ မိမိ စိတ်ထဲမှာ ရှိတဲ့ အချစ်ကို မိမိချစ်တဲ့လူ အတွက် ထူးထူးခြားခြားလေး ဖော်ပြနိုင်စွမ်း လို့ ပြောလည်း မမှားပါဘူး။

ဘယ်လို အရာတွေက Romantic ဖြစ်လဲလို့ မေးလာရင်တော့ အောက်ကျရင် ဥပမာ အနည်းငယ်ကို ပြောပြပါ့မယ်။ ကျွန်တော်ကတော့ Romance ကို ခုံမင်မြတ်နိုးသလို Romantic လည်း ဖြစ်ပါတယ်။ Romantic ဖြစ်တဲ့ လူတွေကိုလည်း လေးစား ပါတယ်။ တကယ်တော့ စိတ်ထဲမှာ အတွေးရှိနေရင် အချစ်တစ်ခုကို ဖော်ပြဖို့က မခက်ခဲပါဘူး။ အတွေးနဲ့ လက်တွေ့ကို ပေါင်းစည်းလိုက်ပြီး ချစ်သူကို ရုတ်တရက် အံ့သြ ကြည်နူး သွားစေဖို့၊ ပျော်ရွှင်သွားစေဖို့၊ နောင် အချိန်တိုင်းမှာ အဲ့ဒီ ထူးခြားသွားခဲ့တဲ့ အချိန် မိနစ်ပိုင်းလေးကို ပြန်တွေးလိုက်တိုင်း ပျော်ရွှင်နိုင်စေဖို့ ဖန်တီးနိုင်စွမ်း ဆိုတာ Romance ပါပဲ။

Valentine Day လည်း နီးလာပြီ ဆိုတော့ တစ်ချို့လူတွေ Will you be my eternal Valentine? ဆိုပြီး ချစ်သူတွေ ဖြစ်ကြဖို့ အချိန်ကောင်း စောင့်နေသူတွေလည်း ရှိပါတယ်။ ငါ့ရဲ့ Valentine ဖြစ်မလား ဆိုပြီး ရိုးရိုးပြောလိုက်တော့ ရတာပေါ့။ ဒါပေမယ့် Romantic ဖြစ်ချင်ရင်တော့ နည်းနည်းတော့ ကွာတာပေါ့။ ဒီမှာ ဥပမာ တစ်ခုပြောပြမယ်။ ထားပါတော့ ကျွန်တော် Tea က ကောင်မလေး တစ်ယောက်ကို လိုက်နေတယ်ပေါ့။ ဥပမာပြောတာနော်။ ကောင်မလေးကို Feb 14 Valentive Day မှာ အဖြေပေး စေချင်တယ်ပေါ့။ ဘယ်လို လုပ်မလဲဆိုရင် Feb 14 ရောက်ဖို့ တစ်ပတ် နှစ်ပတ်လောက် မတိုင်မီ ညတစ်ညမှာ သူ့အိမ်ကို သွားမယ်။ အပြင်ထွက်လာပါ ဆိုပြီး ခဏလောက် ခေါ်လိုက်မယ်။ သူ ကိုယ့်ရှေ့ ရောက်လာတဲ့ အချိန်ကျရင် လက်တစ်ဖက်က အသဲပုံ ဖယောင်းတိုင်လေးကို ထွန်းပြီး ကိုင်ထားတယ်။ နောက်တစ်ဖက်က လက်ထဲမှာ ရှိတဲ့ အနီရောင် ချောကလက် အသဲဗူးနဲ့ Valentine Card လေးကို သူ့ကို လှမ်းပေးလိုက်မယ်။ ဖွင့်ဖတ်ပါလို့ ပြောလိုက်မယ်။ အထဲမှာတော့ Valentine ကဗျာတစ်ပုဒ်။ ကဗျာလေးက ထိထိမိမိနဲ့ သူဖတ်ပြီးသွားတဲ့ အချိန်ကျရင် မျက်လုံးချင်း ဆုံမိအောင် တည့်တည့် စိုက်ကြည့်ပြီး သုံးလုံးတည်းသော I Love You ဆိုတဲ့ စကားလေးကို လေးလေးနက်နက် ပြောလိုက်မယ်။ ပြီးတော့ I am all yours ငါဟာ မင်းအတွက်ပါ။ Will you be mine? မင်း ငါ့အတွက် ဖြစ်နိုင်မလား? ဆိုပြီး . . . . ဥပမာကိုတော့ ဒီမှာပဲ ရပ်လိုက် တော့မယ်။ ဒါပါပဲ Romance ဆိုတာ ဒီလိုမျိုးပါပဲ။ Will you be my Valentine ဆိုပြီး ရိုးရိုးလေး ဖုန်းထဲကနေ ပြောလိုက်လို့ ရပေမယ့် အခုလို တကူးတက အိမ်မှာ သွားပြီး Surprise တစ်ခု လုပ်လိုက်တာ၊ မမေ့နိုင်စရာ အချိန်တစ်ခု ဖန်တီးလိုက်တာက Romance ပါပဲ။

ချစ်သူတွေ တစ်နှစ်ပြည့်တို့ တစ်လပြည့်တို့ Anniversary တွေ ရှိကြပါတယ်။ ဒါလေးတွေက ဘာမှ အရေးကြီးတာ မဟုတ်ပေမယ့် အဲ့ဒီ နေ့ရက်လေး တွေကို မှတ်မှတ်ရရ သတိရနေပြီး အဲ့ဒီနေ့တွေ ကျရင် ချစ်သူကို နှင်းဆီနီလေး တစ်ပွင့်ပေးပြီး၊ အနမ်းလက်ဆောင် ပေးလိုက်တာ ကလည်း Romance ပဲပေါ့။

ချစ်သူကို တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေး တစ်ခုမှာ ချိန်းပြီး ငါတို့ စတွေ့ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား ဆိုပြီး အရင်က ကြည်နူးစရာ ရယ်စရာတွေ ပြောနေတုန်း ချစ်သူရဲ့ နာမည်နဲ့ အတူ I Love you ဆိုတဲ့ Tattoo လေး တစ်ခုကို ရင်ဘတ်မှာ ထိုးထားတာကို ရုတ်တရက်ကြီး ဖွင့်ပြလိုက်တော့ Romance ပဲလေ။

ရာသီဥတုက သာယာနေတယ်၊ ချစ်သူကို ပန်းခြံတစ်ခုထဲ ခေါ်သွားတယ်၊ ဟေး ... ကောင်းကင် ပေါ်က ငှက်ကလေးတွေ ဘာလို့ ပျံနေတာလဲ သိလားလို့ မေးလိုက်တယ်။ ဘာလို့လဲလို့ ပြန်မေးတဲ့ အချိန်ကျရင် ပြန်ဖြေလိုက်တာက ငါမင်းကို ချစ်လို့ ဆိုတဲ့ အဖြေကို ကြားလိုက်တော့ အံသြမှု တွေနဲ့ အတူ ရယ်စရာ တစ်ခု၊ ထူးခြားမှု တစ်ခု ဖြစ်သွားတာကလည်း Romance ပါပဲ။

အရင်တုန်းက သူ့ပါးစပ်ကနေ မတော်တစ်ဆ ထွက်ကျသွားတဲ့ အမှတ်တရ သူကြိုက်တတ်တဲ့ စားစရာ တစ်ခုခုကို ကိုယ်က မှတ်ထားပြီး သူ့မွေးနေ့မှာ အိမ်မှာ နှစ်ယောက်ထဲ မွေးနေ့ပွဲလေး လုပ်ပြီး ကိုယ်တိုင် သူကြိုက်ပါတယ် ဆိုတဲ့ ဟင်းကို ချက်ပြီး နှစ်ဦးတည်း Dinner လေး လုပ်လိုက်တာကလည်း Romance ပါ။

တကယ်တော့ Romance ဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်။ Romance က ရှိလည်း ဖြစ်တယ် မရှိလည်း ဖြစ်တယ် ဆိုပေမယ့် ကျွန်တော်ကတော့ Romance ကို ခုံမင်တယ်။ ဒါပေမယ့် လက်တွေ့မှာ တစ်ဦးက Romantic ဖြစ်နေရင် နောက်တစ်ဦးက Romantic သိပ်မဖြစ်ပါဘူး။ တစ်ခါတစ်လေ Romantic မဖြစ်နိုင်တဲ့ လူတစ်ယောက်က အတင်းကြီး Romantic မဖြစ် ဖြစ်အောင် ရှာကြံပြီး လုပ်တဲ့ အခါမှာ Romantic မဖြစ်သွားပဲ ပိုဆိုးသွားတတ်တဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြုံဖူးတဲ့ လူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ပြောပြောပါ။ Romance ကတော့ အချစ်တစ်ခုကို ဆက်လက်ပြီး ပိုပြီး သာယာ လှပစေမှာ အမှန်ပါပဲလို့ ပြောပါရစေ။

အားလုံးကိုလည်း လာမယ့် ဖေဖော်ဝါရီ တစ်ဆယ့်လေး ချစ်သူများနေ့မှာ Romantic ဖြစ်ပြီး မိမိချစ်သူကို အံသြ ကြည်နူးခြင်းတွေ ပေးစွမ်းနိုင်ပါစေ လို့ ဆုတောင်း ပေးလိုက်ပါတယ်။

Tea

5 comments:

Anonymous said...

တီးက Romantic ဖြစ်လိုက်တာနော်
သူနဲ့များကွာပါ့ ပြောကိုမပြောချင်ဘူး

ချစ်တဲ့သူ said...

Tea,
Will you be my Valentine?
You are so romantic.
နန်း

ချစ်တဲ့သူ said...

အလကားစတာပါနော်
ဒီကလည်း ရိုမန့်ကို အရမ်းခိုက်တာဆိုတော့ ရိုမန့်တစ်ဖြစ်တယ့်လူတွေဆို အရမ်းသဘောကျတယ်
ပြီးတော့ ၂ဦးလုံး ရိုမန့်တစ်ဖြစ်ရင်လည်း ပိုကောင်းတာပဲ

Anonymous said...

ခံစားသွားပါတယ် တီးရေ
သီတာလည်း Romance ကိုကြိုက်တယ်

ကြည်ပြာမောင် said...

သိချင်ဖူး ဒီနှစ်တော့ Lonely Valentine ပဲ