အကျွနိုပ် ကဗျာ စပ်မယ်ကြံတိုင်း မွေးရာပါ ကဗျာစပ်ရေစက် မပါတာက တစ်ကြောင်း၊ ကဗျာ စပ်တိုင်း မစပ်တတ်တော့ ချရေးလိုက်တိုင်း ကဗျာထွက်မလာပဲ စာသား အကြမ်း ထွက်လာတာက တစ်ကြောင်းကြောင့် ဤတစ်ခါ တော့ အကျွနိုပ် သီကုံးထားသော ခေါင်းစဉ်နဲ့ စာသားတွေကို အပြည်ပြည် ဆိုင်ရာ ကဗျာ ဆရာမကြီး၊ Myhome16 ၏ ပင်တိုင် ကဗျာဆရာမကြီး၊ ပါမောက္ခ ဒေါက်တာ ဒေါ်အိတာ ထံသို့ ပေးပို့ခဲ့ပါသည်။ Myhome16 က စာဖတ်သူများကို အကျွနိုပ်၏ စာသား အကြမ်းများနှင့် ဒေါ်အိတာ၏ ကဗျာကို ယှဉ်တွဲ ခံစား ကြည့်ပါလို့ ပြောကြားလိုရင်း . . .
Myhome16 presents . . .
a poem . . .
a poem . . .
Tea နှင့် အိမွန်တာ၏ ပူးပေါင်းတင်ဆက်မှု
ဘာလို့မှန်းမသိပဲ လွမ်းတယ် ...
အားလုံးက ဖြစ်ပျက်သွားတာ အရမ်းမြန်တယ်။
ဘေးနားမှာ ချစ်သူရှိမနေဘူး ဆိုတာ အခုထိ ထူးဆန်း နေတုန်းပဲ။
အချိန်ကုန်တာ မြန်လိုက်တာ ...
မနေ့ကမှ အတူတူ ဟင်းချက်စား ခဲ့သလိုပဲ။
စိတ်ထဲမှာ တစ်ခါတစ်ခါ အားပြတ်မိတယ် . . .
ဘ၀ကြီးက ဆားမပါတဲ့ ဟင်းတစ်ခွက် ပါလား။
ဒါပေမယ့် အမြဲတမ်း အားတင်း ထားတယ် . . .
အနာဂတ်မှာ အတူ လျှောက်လှမ်းဖို့ အတွက် ပေါ့။
စိတ်ဓာတ်ကျရင် အတူရှိ ရမယ့် အချိန်တွေကို စဉ်းစားတယ်။
အတိတ်က အတူရှိခဲ့တဲ့ အချိန်တွေကိုလည်း စဉ်းစားတယ်။
ဘေးမှာ ချစ်သူက ရှိနေတယ်လို့ တွေးတွေး ထားတယ် . .
ဒါပေမယ့် ချစ်သူက ဟိုးအဝေး တစ်နေရာမှာ ဖြစ်နေတယ်။
မနက် အိပ်ရာနိုးတိုင်း၊ ညဘက် အိပ်ယာဝင်တိုင်း . .
အတူရှိနေတတ်တဲ့ ချစ်သူကို သတိရမိ ပြန်တယ်။
အချိန်တွေ ကုန်ဆုံးနေတယ်၊ ရာသီတွေ ပြောင်းလဲနေတယ် . .
ရင်ထဲမှာတော့ . . အတူမရှိနိုင်တဲ့ အချိန်ကို ရင်နာမိတယ်။
ဟိုး အနာဂတ်က အတူရှိရမယ့် အချိန်ကို စိတ်လှုပ်ရှားမိတယ်။
ထိုအချိန်တွေကိုပဲ အမြဲတမ်း စောင့်ဆိုင်း နေမိတယ်။
ဒီလိုနဲ့ပဲ ပုလောင်ခံစားရင်း နေ့ရက် တစ်ရက် ကုန်ဆုံးခဲ့ပြန်တယ်။
Tea
မနက်ခင်းအချိန်
ပြတင်းပေါက်က တီတီတာတာ ကျေးငှက်လေးတွေက
ဒီအချိန်တွေဆို ကိုယ့် အပါးမှာ မင်းရှိနေတတ်တယ်လို့ 
သတိပေး တတ်တယ်….
နေ့ လည်မွန်းလွဲအချိန်
ကိုယ့်အခန်းရဲ့  တစ်ဖက်တစ်ချက်က မီးဖိုချောင်လေးက
ငါတို့နှစ်ယောက် အတူတူ ဟင်းတွေချက်စား ခဲ့ဖူးတယ်လို့ 
ပြောပြနေ ပြန်တယ်….
နေ၀င်ချိန် ၀ိုးတ၀ါး
အိမ်အပြန် လမ်းတွေထဲ အတူရှိခဲ့တဲ့ အသိတွေက
အနာဂတ်မှာ အတူရှိနေမယ့် ပျော်ရွှင်ဖွယ်အချိန်တွေကို
အလည်သွားပါလို့  စေစားကြတယ်….
အိပ်ရာဝင်ချိန်
ကိုယ့်အနား ခေါင်းအုံးလေးက
မင်းစကားသံလေးတွေ မကြားရတာကြာလို့ တဲ့
အတူမရှိနေနိုင်တဲ့ အချိန်တိုင်းအတွက် ရင်နာစွာ တီးတိုးဖွင့်ဟတယ်….
ကုန်ဆုံးသွားတဲ့အချိန်တွေအတွက်
ကိုယ့်အခန်း နာရီလေးက သတိတရနဲ့ 
အနာဂတ်ရဲ့ မိနစ်တိုင်းကိုစောင့်ဆိုင်း
စိတ်လှုပ်ရှား တမ်းတမိကြောင်း ခပ်ဖွဖွ ၀န်ခံတယ်….
ဒီလိုနဲ့ ပဲ…
နေ့ ရက်တွေ ပူလောင်စွာ ကုန်ဆုံးခဲ့ရ…
စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
အိမွန်တာ
Tea နှင့် အိမွန်တာ၏ ပူးပေါင်းတင်ဆက်မှု
www.myhome16.com
6 comments:
သစ်ပေါ်လာတာ မြင်လို့ လာဖတ်သွားတယ် Tea ရော အိတာရော အပြိုင်အဆိုင် ခံစားမှုတွေနဲ့ ကိုယ်စီ ပွဲကြမ်းထားတာ လေ့လာသွားတယ် မိုက်တယ်ကွာ
This is different style of bringing up a poem! Interesting
လန်း၏ ဆန်း၏
ဒီလိုနဲ့ ပဲ…
နေ့ ရက်တွေ ပူလောင်စွာ ကုန်ဆုံးခဲ့ရ…
စကားတွေလည်း ဆွံ့အ
မနက်ခင်းတွေတောင်မှ မလှပတော့တာ ကြာပေါ့။
ပူလောင်လိုက်တာ
:) This is a really nice one...
But what has been passed had passed... Only memories left..
တီးရေးထားတာလည်း ကဗျာဆန်ဆန် စာသားစုတွေပါပဲ အိတာကစပ်ပေးလိုက်တော့လည်း ကဗျာဖြစ်သွားတာပဲ
ခံစားချက်တွေပြင်းထန်နေတယ်ထင်ပါတယ်
ကဗျာလေးအတွက် ကျေးဇူးတင်သည်။
Post a Comment