Photobucket

Saturday, February 21, 2009

eBay.com ၏ အင်တာနက် စီးပွားရေး


ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လေလံပစ်တဲ့ အင်တာနက် နယ်မြေကြီးကို လက်ဝါးကြီးအုပ် ခြုံလွှမ်းထားတဲ့ eBay ဆိုတဲ့ အရာကို မွေးဖွားဖို့ Pierre Omidyar က သူ့အသက် ၂၈နှစ်မှာ ခရီးတစ်ခုထွက်တုန်း computer code (ကုဒ်) တွေကို ရေးဆွဲခဲ့တယ်။ အင်တာနက် ဆိုတဲ့ နေရာကြီးက တစ်ကမ္ဘာလုံးက လူတွေ တစ်နေရာထဲမှာ ရောင်းတဲ့လူက သူတို့ရဲ့ အောက်ခြေဈေးကို သတ်မှတ်၊ ၀ယ်တဲ့ လူတွေကလည်း ထိုက်တန်တဲ့ ဈေးနှုန်းကို လေလံပစ်ဖို့ သင့်တော်တဲ့ အင်တာနက် လေလံ ရပ်ဝန်းလို့ Omidyar က ထင်မြင်ခဲ့တယ်။ နောက်ထပ် ရောင်းသူနဲ့ ၀ယ်သူတွေ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် Rating လုပ်တယ် ဆိုတဲ့ တစ်ခုခု အရောင်းအ၀ယ် ပြုလုပ်ပြီး သွားတိုင်း လိမ်ညာမှုတွေ တတ်နိုင်သမျှ လျှော့ချပေးတဲ့၊ Novel Feedback စနစ်ကြီးက eBay ရပ်ဝန်းကို Fraud ဆိုတဲ့ လိမ်ညာမှုတွေကို အနည်းဆုံးအထိ လျော့ချပေးနေတယ်။ eBay ကို မွေးဖွားပေးခဲ့သူ Pierree Omidyar က "လူတစ်ဦးစီတိုင်းကို ထုတ်လုပ်သူ တစ်ဦးရဲ့ အစွမ်းကို ပေးနိုင်ဖို့ သူ ရည်ရွယ်ခဲ့တယ်၊ ဒါမှ လူတိုင်း လူတိုင်းက Community (ရပ်ဝန်း) တစ်ခုကို ဆောက်လုပ်ဖို့ တာဝန်တွေ နားလည်ပြီး ယူတတ်လာမယ်" လို့ ရှင်းပြခဲ့တယ်။

Aution Website ကို Aution Web ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၁၉၉၅ စက်တင်ဘာ ၄ရက်နေ့ အမေရိကန် ပြည်ထောင်စုရဲ့ Labor Day ၌ စတင် သန္ဓေတည် လာပါတော့သည်။ မကြာမီမှာပဲ Echo Bay Omidyar's consulting firm ဆိုတာကို အတိုချုပ်ပြီး eBay.com လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။


A National Marketplace

Pierre Omidyar ရဲ့ လေလံ Website ကြီးဟာ ခိုင်မာပြီး စနစ်ကျကျ ယုံကြည်မှု၊ တရားမျှတမှုတွေနဲ့ တည်ဆောက် ထားတဲ့ နယ်မြေ တစ်ခု ဖြစ်လာခဲ့တယ်။ ဓာတ်ပုံ ကျောင်းသား တစ်ဦးက အသုံးပြုပြီးသား ကင်မရာ တစ်လုံးကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ များလှစွာသော Camera models တွေထဲမှ ကင်မရာတွေကို စိတ်တိုင်းကျ ယုံကြည်စွာဖြင့် ၀ယ်ယူနိုင်ပြီး အချိန်မှန်မှန် ပစ္စည်းကို နေအိမ်ကနေ လက်ခံရယူ နိုင်တယ်။ အိမ်တွင်း စီးပွားရေး အနေနဲ့ အိမ်မှာ ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀ယ်ယူသူတွေထံ ဖြန့်ဖြူးပေးနိုင်တယ်။ မဟုတ်မမှန် လိမ်ညာတဲ့ လူတွေကို eBay ရပ်ဝန်းက Rating System, Novel Feedback System ဖြင့် ထုတ်ဖော်ပြီး ဈေးကွက်မှ အပြီးအပိုင် ပိတ်ပင် လိုက်မည် ဖြစ်သည်။

တစ်ဦးချင်း စီးပွားရေး လုပ်ငန်းရှင်တွေ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်သူတွေ၊ ရောင်းသူ တွေက eBay မှာ တစ်စနှင့် တစ်စ နေရာ ယူလာကြတယ်။ ACNielsen International Research ရဲ့ လေ့လာမှု အရ ယခုအခါ လူတစ်သန်းကျော်က သူတို့ရဲ့ နေ့စဉ်ဘ၀ကို eBay မှာ အရောင်းအ၀ယ် ပြုလုပ်ခြင်းဖြင့် အသက်မွေးနေကြောင်း၊ ၂၀၀၂ ခုနှစ်က လူ ၇သောင်း ၅ထောင်သာ ရှိခဲ့ကြောင်း ပြသခဲ့တယ်။ အဲ့ဒီ အဓိက ရောင်းဝယ်သူတွေ အပြင် အခြား လူ တစ်သန်းခွဲ ကျော်ကလည်း eBay မှာ ရောင်းဝယ်ခြင်းဖြင့် supplemental ၀င်ငွေကို ရှာဖွေနေကြတယ်။

Omidyar စတင် မွေးဖွားခဲ့တဲ့ eBay ဆိုတဲ့ ရပ်ဝန်းဟာ သုံးနှစ်အတွင်းမှာ စတောပ့် တန်ဖိုး ဘီလီယမ် ဒေါ်လာ နှစ်သန်းအထိ တိုးပွားခဲ့တယ်။ ၁၉၉၆ မှာ Standford University ကနေ MBA ရရှိခဲ့တဲ့ Jeffrey Skoll က eBay ကို ၀င်ရောက်ခဲ့တယ်။ ၁၉၈၈ မတ်လမှာ Meg Whitman က eBay ရဲ့ president and CEO ဆိုတဲ့ ရာထူးကို ရယူခဲ့တယ်။ ၁၉၈၈ စက်တင်ဘာမှာတော့ eBay ဟာ IPO ဆိုတဲ့ Initial Public Offering ကို စတင် ကျင့်သုံးရာ Omidyar ရော Skoll ကိုပါ ဘီလံယံနာများ အဖြစ် အသွင်းပြောင်းပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာတော့ eBay ရဲ့ ရှယ်ယာ မီလီယမ် ၂၁၄ ဟာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယမ် အထိ တန်ဖိုး ပေါက်ခဲ့တယ်။


Collaborating with eBay

eBay ဟာ တစ်ချိန်ထဲမှာ Marketplace, Payment, Communication အစရှိတဲ့ ကုမ္မဏီတွေနဲ့ ပူးပေါင်းပြီး eBay ရပ်ဝန်းက လူတွေကို ပိုပြီး ကောင်းတဲ့ Service ၀န်ဆောင်မှုတွေ ဖြည့်စွက်ခဲ့တယ်။

Marketplace - The U.S. Postal Service
eBay မှာ ရောင်းသူတွေက ၀ယ်သူတွေထံ ပစ္စည်းတွေ ပို့ပေးဖို့ အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုကို eBay က အမေရိကန် ဆက်သွယ်ရေး U.S. Postal Service (USPS) နဲ့ ပူးပေါင်းခဲ့တယ်။ USPS ရဲ့ First class mail ပထမတန်း စာပို့စနစ် က ထိုအချိန်မှာ ဈေးတက်မှုတွေနဲ့ အတူ အသုံးပြူသူတွေ လျော့နည်းနေတယ်။ အီးမေးလ်နဲ့ ဖက်စ်တွေ ကြောင့် စာပို့တဲ့ လုပ်ငန်းတွေ ကျဆင်းခဲ့ရာမှာ ကုန်ကျစရိတ်တွေ တက်နေခဲ့တယ်။ eBay နဲ့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရောင်းသူတွေ ထံမှ ကုန်ပစ္စည်းတွေကို လာယူပြီး ၀ယ်သူတွေ ထံ ပေးပို့ခြင်း၊ စာပို့ဗူးများ အလကား ပေးခြင်း၊ ညတွင်းခြင်း ပို့ဆောင်မှုများ အတွက် heavy-duty စာအိတ်များ ပေးခြင်း၊ တံဆိပ်ခေါင်းများက အိမ်၌ မိမိ ကွန်ပျူတာများမှ Printing လုပ်နိုင်ခြင်း၊ အစရှိတဲ့ ပူးပေါင်းမှုများကို eBay ဖြင့် ပြုလုပ်ခဲ့သည်။ ၂၀၀၅ခုနှစ်မှာ eBay မှ သန်း ၂၀ကျော် တံဆိပ်ခေါင်း (Shipping Labels with postage) များကို Print လုပ်ခဲ့တယ်။

Payment - Paypal
ငွေချေရာမှာ လျင်မြန် အဆင်ပြေ ချောမွတ်စေဖို့ ၁၉၈၈ မှာ Paypal ဆိုတဲ့ ကုမ္မဏီကို eBay မှာ တည်ထောင်ခဲ့တယ်။ ရောင်းသူနဲ့ ၀ယ်သူကြားမှာ လျင်မြန်စွာ အလွယ်တကူ ပိုက်ဆံ အလွှဲအပြောင်း လုပ်ဖို့ လက်ခံရယူဖို့ အတွက် Paypal က ဆောင်ရွက်ပေးနေတယ်။ Paypal က ရှိနေပြီးသား ဘဏ်အကောင့်တွေ၊ Credit Card တွေကို အခြေပြုပြီး၊ ကမ္ဘာ့ စနစ်အကျဆုံးဖြစ်တဲ့ Fraud prevention လိမ်ညာမှု ကာကွယ်ခြင်း စနစ် နည်းပညာတွေ အသုံးပြုပြီး လုံခြုံ၊ စိတ်ချ၊ တိကျ၊ မှန်ကန်တဲ့ ငွေပေး ငွေယူ စနစ် တစ်ခုကို ဖန်တီးခဲ့တယ်။ မကြာခင်မှာပဲ Paypal က နိုင်ငံတကာ၊ ကမ္ဘာတစ်ဝှမ်း အင်တာနက် ငွေချေစနစ်ကြီးရဲ့ အကြီးမားဆုံးသော ဦးဆောင်သူ တစ်ဦး ဖြစ်လာခဲ့တယ်။ အခုအခါမှာ သုံးစွဲသူပေါင်း သန်း တစ်ရာ ကျော် ရှိနေပြီ ဖြစ်သည်။ နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ ရှိတဲ့ ရောင်းသူတွေ၊ ၀ယ်ယူသူတွေ၊ အင်တာနက် စီးပွားရေး သမားတွေ၊ အင်တာနက် လုပ်ငန်းရှင်တွေ အားလုံး ယုံကြည်စွာ သုံးစွဲနိုင်တဲ့ စနစ်တစ်ခု အဖြစ် ယနေ့ ကမ္ဘာမှာ ရပ်တည်နေတယ်။

Communication - Skype
Skype ဆိုတဲ့ အင်တာနက် ဆက်သွယ်ရေး ကုမ္မဏီရဲ့ လူတွေ ကို အခမဲ့ အတိုင်းအဆမရှိ စကားပြော ဆက်သွယ်နိုင်တဲ့ Skype Software ဟာ သြဂုတ်လ ၂၀၀၃ မှာ ပေါ်ပေါက်ခဲ့တယ်။ နိုင်ငံပေါင်း ၂၂၅ မှာ၊ သန်းပေါင်း တစ်ရာ့ခြောက်ဆယ်ကျော် Download လုပ်ခံ ခဲ့ရတဲ့ Skype က ၄၄ မီလီယမ်ကျော် Registered Users ရှိတယ်။ စက်တင်ဘာ ၂၀၀၅ မှာ eBay က Skype ကို ဒေါ်လာ ၂.၆ ဘီလီယမ်ဖြင့် ရယူခဲ့တယ်။ eBay ရဲ့ ရောင်းသူနဲ့ ၀ယ်သူကြားက ဆက်သွယ်ရေးကို ပိုပြီး အထောက်အကူ ပြုပေးဖို့ တိုးတက်စေဖို့ ရည်ရွယ်ချက်ဖြင့် ၀ယ်ယူခဲ့တယ်။

Communication ဆိုတဲ့ ဆက်သွယ်ရေးဟာ အင်တာနက် အရောင်းအ၀ယ် နယ်ပယ် ရပ်ဝန်းအတွက် အင်မတန် အရေးပါတဲ့ အကိုင်းအခတ် တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ထိပ်သီး လေလံ ရပ်ဝန်း eBay နှင့် ကမ္ဘာ့ထိပ်သီး ငွေပေး ငွေယူ စနစ် Paypal တို့ကို ကမ္ဘာ့ထိပ်သီး ဆက်သွယ်ရေး Skype ဖြင့် ပေါင်းစည်းလိုက်သည့် အခါမှာ အင်မတန် အစွမ်းထက်တဲ့ အင်တာနက် စီးပွားရေး နယ်မြေတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း eBay ရဲ့ CEO ဖြစ်သူ Meg Whitman မှာ ပြောကြားခဲ့တယ်။ ဒါပေမယ့် Skype ကို ၀ယ်ပြီးပြီးခြင်း တစ်လအတွင်းမှာ Skype ရဲ့ အားနည်းချက်ကြီး နှစ်ခု ကို သတင်းဌာန တစ်ခုမှာ ထုတ်ဖော် ပြောကြားခဲ့ရာ၊ Hackers တွေက ၀င်ရောက်ပြီး တိုက်ခိုက်နိုင်ကြောင်း ကြေညာခဲ့သည်။ တစ်ချိန်ထဲမှာပဲ ရောင်းသူတွေ နဲ့ ၀ယ်သူတွေကို Skype ကို သုံးစွဲဖို့ နောက်ဆုတ်ခဲ့ကြသည်။ Skype ရဲ့ Network Security ပြဿနာများကြောင်း eBay အတွက် Paypal နဲ့ U.S Postal Service လို ထိရောက် အစွမ်းထက်တဲ့ Collaboration Tool တစ်ခု ဖြစ်မလာခဲ့ပါ။

eBay.com ဟာ အရင်တုန်းက အသက် ၂၅ ၀န်းကျင်သာ ရှိတဲ့ Pierre Omidyar ရဲ့ အကြံတစ်ခုသာ ဖြစ်ခဲ့ပါတယ်။ အကြံတစ်ခုကို အသက်သွင်းပြီး စနစ်တကျ ပြင်ဆင်မှု၊ အကျိုးရှိရှိ သုံးချနိုင်တဲ့ စနစ်ဖြစ်အောင် ဖန်တီးနိုင်မှု တွေကြောင့် eBay.com ဟာ ယနေ့ ကမ္ဘာတစ်ဝှမ်း လေလံ နယ်မြေတစ်ခုလုံးကို ထိပ်ဆုံးကနေ လွှမ်းမိုး ပြေးလွှားနေတဲ့ ရပ်ဝန်း ၀န်ဆောင်မှု တစ်ခု ဖြစ်နေပါပြီ။ တကယ်တော့ တီထွင်မှု၊ ဆန်းသစ်မှု၊ နည်းပညာ တွေက စီးပွားရေးရဲ့ အခြေခံ နိယာမ သော့ချက်တွေပင် မဟုတ်ပါပေလော။ တိကျ မှန်ကန် အစွမ်းထက်တဲ့ စနစ်တစ်ခုကို အသက်သွင်း ပေးနိုင် ဖို့က ကြိုးစား အားထုတ် စွမ်းဆောင်မှု၊ ကံတရား နဲ့ အရည်အချင်းတွေ ပေါ်မှာပင် မူတည်ပါပေသည်။

Source: Business Driven Technology, and Wikipedia

5 comments:

Anonymous said...

ကောင်းတယ်ညီ .. ebay အကြောင်းပြည့်ပြည့်စုံစုံ့ ခုမှသိတော့တယ် .. :D

ညီမလေး said...

eBay အကြောင်းသိရလို့ ကျေးဇူးပါရှင်

ညီမလေး said...

နောင်အခါလည်း စီးပွားရေးအကြောင်းတွေဖတ်ဖို့ စောင့်မျှော်နေပါမယ်

NYL

Tea said...

ဟုတ်ကဲပါ ညီမလေးရေ
ကျွန်တော် တတ်နိုင်သလောက် စီးပွားရေးအကြောင်းတွေ ဆွေးနွေးသွားပါ့မယ်။
ကျေးဇူးတင်ပါတယ်..

Anonymous said...

kyae zu tin par tal byo!
I LOVE EBAY!