ဒီနေ့ စနေနေ့ (Weekend) မှာ စာဖတ်သူတွေ အားလုံးကို ဒီလောကမှာ ရှိတဲ့ အစပ်ဆုံး (very spicy) အစပ်ဟင်း တွေနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ စပ်တာကို ကြိုက်ကြလားတော့ မသိဘူး။ အခုပြောပြမယ့် ဟင်းတွေက စပ်တာမှ ရေရေလည်လည်ကို စပ်တာပါ။ မတရား စပ်လို့ စားပြီးရင် လျှာတွေပါ ထူသွားလောက် ပါတယ်။ ရေခဲရေတွေ၊ ရေနွေးကြမ်းတွေ၊ ရိုးရိုးရေတွေ ပတ်လည်မှာ ထားပြီး စားသင့်ရင်လည်း စားရပါတယ်။ ပထမဦးဆုံး အကြိမ်ဆိုရင်တော့ သတိထားပြီး စားရပါတယ်။ ၀မ်းမကောင်း တာတို့ ဘာတို့ ရှိရင်လည်း ရှောင်ရပါမယ်။
Cuisine Background and Information
ဟင်းတွေက တရုတ်ပြည် Szechuan 四川菜 ဒေသက ဟင်းလျာတွေပါ။ Szechuan ရဲ့ ရိုးရာ ဟင်းတွေပါ။ အဆိုပါ ဟင်းလျာတွေက chilis and "numb" or "tingling" flavor Chinese: 麻 of the Sichuan peppercorn (花椒) အမျိုးအစား ငရုတ်သီးတွေကို အဓိက သုံးပြီး ချက်ထားတဲ့ ဟင်းလျာတွေပါ။ အဆိုပါ Szechuan ဒေသမှာ ဆိုရင် အိမ်တွေမှာ ငရုတ်သီးတောင့်တွေကို ချိတ်ထား လေ့ ရှိပါတယ်။ အသုံးလိုတဲ့ အခါကျရင် အလွယ်တကူ ဖြုတ်ပြီး လှော်ပြီး စားရုံပါပဲ။ အစပ်ဟင်းလျာတွေ ထဲမှာဆိုရင် နာမည်ကြီးလို့ ကမ္ဘာပေါ်က နေရာ အနှံ့မှာ Szechuan Style Spicy Restaurants စားသောက်ဆိုင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်လည်း "အစပ်" အရသာကို ကြိုက်လို့ သွားစားဖြစ်ပါတယ်။ စားရင်လည်း သောကြာနေ့ (သို့) စနေနေ့ တို့မှာသာ စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြုံရင် ပိတ်ရက် အားရက်နဲ့ ကြုံတော့ ၀မ်းမကောင်း တာတို့ ဘာတို့ ဖြစ်ရင် အချိန်ရှိအောင်လို့ပါ။ "အစပ်" ကို မခံစားနိုင်တဲ့ လူတွေ ဆိုရင်တော့ Szechuan Style Restaurants တွေဆို၇င် ဝေးဝေး ရှောင်သင့် ပါကြောင်း . . .
Suggested Cuisine at Szechuan Style Restaurants:
Szechuan Style Restaurants များတွင် အကြံပြုချင်သော ဟင်းလျာ (၆မျိုး)-
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - Seafood + သိုးသား + အမဲသား + ကြက်သား + ၀က်သား အစရှိတာတွေကို အရွက်တွေ၊ မျှစ်တွေ၊ မှိုတွေ၊ သစ်ဥတွေ အားလုံး ရောပြီး ငရုတ်သီး အမှုန့် + ငရုတ်သီး အဆီ + ငရုတ်သီး တောင့်တွေ ကို လှိုင်လှိုင်မြိုင်မြိုင် သုံးကာ အိုးအောက်ကနေ ဂက်စ်မီးဖြင့် စဉ်ဆက်မပြတ် ပူနေအောင် စီစဉ်ထားတဲ့ ရှူကနဲ ရှူကနဲ စပ်လှတဲ့ ဟင်းလျာ တစ်မျိုးပါ။ ဟင်းရည် အနေဖြင့် အရည်ကို တစ်ဇွန်းလောက် သောက်လိုက်တာနဲ့ လည်ခေါင်း တစ်လျှောက် စပ်လွန်းလှတဲ့ အရသာကို ခံစား ရမှာဖြစ်ပါတယ်။
x x x x x x x x x x x x x x x x x x x x x
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - ကြက်သား (အဓိက ပေါင်သား) တွေကို အလွှာလိုက် လှီးထားပြီး Curry စတိုင်နဲ့ ငရုတ်သီးအမှုန့်နဲ့ အဆီ တွေကို အင်အား အပြည့် သုံးကာ လှော်ပြီး ချက်ထားတဲ့ ဟင်းတစ်မျိုးပါ။ ကြက်သား ဖတ်လေးကို မြည်းလိုက်တာနဲ့ ကြက်သားထဲက ငရုတ်သီး အရသာကိုပါ တပြိုင်ထည်း ခံစား ရမှာ ဖြစ်ပါတယ်။
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
x x x x x x x x x x x x x x x x x x x x x
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
Description - ကြက်ဥ ခေါက်ဆွဲတွေကို ကြက်သား၊ Seafood နှင့် အမဲသား သုံးပြီး အဓိက ငရုတ်သီးမှုန့်နဲ့ ငရုတ်သီးတောင့်တွေကို သုံးက ကြော်ထားသော ဟင်းတစ်မျိုးပါ။ ဒယ်အိုးချ ချိန်မှာ အပေါ်က ဆီအနည်းငယ် ဖြူးပြီး ကြက်သွန်မြိတ်နဲ့ ဖုံးလိုက်ပါတယ်။ ခေါက်ဆွဲအမျှင်တိုင်းဟာ စပ်နေမှာ ဖြစ်တယ်။
x x x x x x x x x x x x x x x x x x x x x
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - HOT POT တစ်မျိုးပါ။ ငရုတ်သီး အဆီ၊ ငရုတ်သီး အမှုန့်၊ ငရုတ်သီး တောင့် တွေကို အင်အား အပြည့် သုံးပြီး Seafood မျိုးစုံ၊ သစ်ရွက်သစ်ဖု၊ ဟင်းသီးဟင်းရွက်၊ မှို၊ မျှစ် တို့ဖြင့် ရောနှောကာ ချက်ထားတဲ့ ဟင်းလျာ တစ်မျိုးပါ။ HOT POT ဖြစ်သောကြောင့် အိုး အောက်ကနေ ဂက်စ် မီးဖိုဖြင့် အဆက်မပြတ် အပူပေး နေသောကြောင့် ပူလည်း ပူ၊ စပ်လည်း စပ်လှပါတယ်။
x x x x x x x x x x x x x x x x x x x x x
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
Description - သိုးသား တွေကို ပါးပါး လေး လှီးထားပြီး ပဲသီး၊ ကြက်သွန်နီပါး၊ တို့ဖြင့် ငရုတ်သီး မှုန့်၊ ငရုတ်သီး တောင့်ကို ရောကာ ကြော်ထားသော ဟင်းတစ်မျိုးပါ။
x x x x x x x x x x x x x x x x x x x x x
လေးစားလျှက်
Tea
9 comments:
hotpot တော့စားချင်စရာကြီးနော်
စားတောင်မစားရသေးကြည့်တာတောင်တော်တော် စပ်သွားတယ်
အိမ်မက်တို့တော့စားနိုင်မှာမဟုတ်ပါဘူး အဲ့လောက်စပ်တာ
ကြည့်တာနဲ့တောင်ငိုချင်လာပြီ
တကယ်စားကြည့်လိုက်ရင် သိပ်မစပ်ပါဘူး
စားပါများရင် ပိုတောင် မစပ်တော့ဘူး
များများစား = လျှာထူ = မစပ်
:P
အစပ်တော့ စားသွားပြီ.. ဒေါက်ဒေါက်ရမ်းကုကြီးရေ ကယ်ပါဦး ဗိုက်နာလို့.. :P :)
imiss spici foods veri muh i havnt eatin them for soo longg! i reallii misss them veri muchhhhhhhhhh!!
ရွှေသွေး: ဘယ်အစပ်ပဲဖြစ်ဖြစ်ရွှေသွေးတို့တော့ အစပ်ဆိုအကုန်စားတယ် ဖြစ်နိုင်ရင်ငရုတ်သီးတောင့်ပဲ ၀ါးစားပစ်ချင်တယ် အူပြသနာတက်မှာစိုးလို့
စားချင်လိုက်တာကွာ.........အဟီးးးးးးးးးးးးး
ဗိုက်တောင်ဆာလာပြီ
စားချင်စရာတွေချည်းပဲနော်
Spicy Chicken Curry လေးက ကောင်းမယ့်ပုံပဲ
Spicy Chicken က အရမ်းကောင်းတယ်ဗျာ့ တကယ်ကောင်းတာ
အိတာရေ စားချင်ရင် ယူစားလိုက်နော် အားမနာနဲ့
ရွှေသွေးရေ အူမကောင်းရင် မစားတာကောင်းမယ်။
ကိုရင်ရေ ဒေါက်တာတော့ သေသွားပြီလား မသိပါဘူး :D
Post a Comment