Photobucket

Saturday, January 10, 2009

ခုနှစ်သက္ကရာဇ် ၂၀၀၉ နှင့် myhome16.com

အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ဆက်ပါရစေ။ ကုန်မှန်းမသိ ကုန်သွားလိုက်တာ ဘာရယ်ညာရယ်နဲ့ ခုနှစ်သက္ကရာဇ် ၂၀၀၉ သို့ ရောက်ရှိလို့ လာပါပြီ။ မကြာခင် အချိန်အတွင်းမှာပဲ ဆယ်စုနှစ် တစ်ခု ထပ်မံ ကုန်ဆုံး ပေဦးမည်။

၂၀၀၈ ကနေ ၂၀၀၉ သို့ ဘာတွေများ ဘယ်လို ဖြစ်ကုန်လဲတော့ မသိ။ ကျွန်တော်တို့ www.myhome16.com တစ်ခုလုံးက တစ်အိမ်လုံး ငြိမ်သက် တိတ်ဆိတ် နေကြတယ်။ အိမ်မှာလည်း ဘယ်သူမှ မရှိနေဘူးလေ။ လဘ္ဘရည်ဆိုင်ကိုလည်း ခဏနားပြီး လာလည်တဲ့လူတွေ ကိုတောင် မနှုတ်ဆက် နိုင်ရှာဘူး ဖြစ်သွားတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ အိမ်က လူတွေ အိမ်လုံးကျွတ် တောထွက်ပြီး အတွင်းအား ကျင့်နေကြလို့ပါ။ သဘာဝရဲ့ အလှအပတွေ ကို ငေးမော ကြည့်ရှု ရင်း တစ်ခါတစ်လေ ကျတော့ တရားလေး ဘာလေး အားထုတ်တာပေါ့။ တစ်ခါတစ်လေတော့လည်း စကားလေး ဘာလေး ထိုင်ပြောလိုက်နဲ့။ တစ်နှစ်ပတ်လုံး ရှိခဲ့တဲ့ အရှုပ်တွေကို ရှင်းသူက ရှင်း။ နောင်လာမယ့် အရှုပ်တွေနဲ့လည်း ပြင်စရာရှိတာတွေ ပြင်။ ဒီလိုနဲ့ တောထဲမှာ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်လောက် ကျင်လည် ကျက်စားနေခဲ့တယ်လေ။ နောက်ဆုံး ရိက္ခာပြတ်လို့ အိမ်ကို ပြန်ရောက်လာတယ်။

ဒီကြားထဲမှာ သူငယ်ချင်းတို့၊ ရောင်းရင်းတို့ တွေ ဘာတွေ ဖြစ်နေကြကုန်လဲတော့ ကျွန်တော် မသိဘူး။ ကျွန်တော်လည်း တောထဲမှာ အလုပ်တွေ ရှုပ်နေတာနဲ့ ဘာမှကို မလုပ်ဖြစ်ဘူးလေ။ တောဆိုတော့ သိတယ်မလား? အင်တာနက် ဆိုတာ ရှိတာမှ မဟုတ်တာ။ အွန်လိုင်းပေါ် လာဖို့ နေနေသာသာ တောထဲမှာ မူးနောက်နေတာနဲ့တင် ရူးမတတ်ဖြစ်နေတာ။ အခု အပတ် အိမ်ပြန်ရောက်မှ ကွန်ပျူတာတွေ မိုဒန်းတွေကို ဖုန်ခါပြီး အင်တာနက် ပေါ် တက်လာကြည့်တာ။ အိမ်က ရှိနေတဲ့ အမှိုက်တွေ ရှင်းလင်းပြီး ပြတင်းပေါက်လေး ဘာလေးဖွင့်၊ ပြီးတော့ ကျန်တဲ့ အိမ်က လူတွေလည်း လဘ္ဘရည်ဆိုင်က စားပွဲတွေ သုတ်တဲ့ လူက သုတ်၊ အခန်း သန့်ရှင်းရေး လုပ်တဲ့ လူကလုပ်၊ ပန်းကန်း တွေ ခွက်တွေ ဆေးတဲ့ လူကဆေး၊ တံမြက်စည်း လှည်းတဲ့ လူက လှည်း နဲ့ ခုနှစ်ယောက် လုံး အလုပ်ရှုပ်နေကြပါတယ်။ အလျင်အမြန် ပြင်ဆင်ပြီး နက်ဖြန် မနက် စောစောမှာ ဆိုင်ပြန်ဖွင့်ပြီး အားလုံးကို ကြိုဆိုနိုင်ဖို့ ပြင်ဆင်နေကြတယ်လေ။

ပြောနေကြာတယ်။ လုပ်စရာ ရှိတာလေးတွေ အဆင်သင့် ဖြစ်သွားအောင် ဆက်လက် လှုပ်ရှားလိုက်ဦးမယ်။ မြန်မာဘလောခ့် လောကကြီး ကျန်းမာပါစေ။ အားလုံး အဆင်ပြေပါစေ။ အခု နှစ်သစ်မှာ အားလုံး ပျော်ရွှင် ကြပါစေ။ တောင်းတဲ့ ဆုတွေ ပြည့်ကြပါစေ။

အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်ဗျာ . . .
Tea

2 comments:

PP said...

i thought we all die in the forest
နာက တဂယ် တောထွက်သွားတာနော် ဟင်း ဟင်း ခြောက်ရက်တိတိ :P
ပြန်လာတော့ သံဝေဂကဗျာတွေ ဘာတွေတောင် တင်လိုက်သေးတယ်။ အဟိ
but not anymore, i will provide posts everybody with more merit posts.
Like Lin Sit Thu said, we all here to provide readers with either emotions or knowledge or both. :)
anyway, i m glad that we all back on track!!!

အိတာ said...

haha tea
frankly , we are not in the forest .
We are in the papers!!
hehe


best regards
EItar