Photobucket

Tuesday, January 20, 2009

MUST VISIT လည်ပတ်ရမည့် နေရာများ - (၂) The Leaning Tower of Pisa

ဒီဇင်ဘာလ ဆန်းပိုင်း လောက် တုန်းက ဒီကမ္ဘာကြီးပေါ်က လည်ပတ် သွားရောက် သင့်သည့် နေရာများကို မျှဝေ ပေးမယ် ဆိုပြီး ဒီ အစီအသစ်လေးကို စတင်ခဲ့တယ်။ အပိုင်း(၁) မှာတော့ အမေရိကန် South Dakota ပြည်နယ်က Mt Rushmore အကြောင်းကို တင်ပြခဲ့တယ်။ ဒီနေ့တော့ အပိုင်း(၂) အနေနဲ့ The Leaning Tower of Pisa (ယိုင်စောင်းနေသော ပီဆာ မျှော်စင်) အကြောင်းကို တင်ပြ ပါရစေ။

The Leaning Tower of Pisa (ယိုင်စောင်းနေသော ပီဆာ မျှော်စင်) ဆိုတာ -
အကျဉ်းချုပ် ပြောရမယ် ဆိုရင် ကမ္ဘာ့ အံ့ဖွယ် ၇ခုထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ မျှော်စင်ကြီး ဖြစ်ပါတယ်။ Cathedral, Bapistery and museum, the Church of Santa Catharina, the National Museum of San Matteo တို့ ရှိပါတယ်။

Location
Pisa မြို့၊ အီတလီ နိုင်ငံ

ဘယ်အချိန်သွားသင့်လဲ?
ရာသီမရွေး သွားလို့ရပါတယ်။

ဘာတွေ သိထားသင့်သလဲ?
အထဲဝင်ဖို့ လက်မှတ်စောင့်ရတာ အ၇မ်း ကြာပါတယ်။ ၀င်ရမယ့် လူဦးရေကိုလည်း ပြင်းပြင်း ထန်ထန် သတ်မှတ် ထားတာကြောင့် လတ်မှတ်ကို စောင့်ဝယ်၇တာ အရမ်းကို ကြာတယ်။ အလကားလည်း ၀င်လို့ မရပါဘူး။ ၀င်ကြေးပေးရတယ်။

အခုနက ပြောခဲ့သလိုပဲ ပီဆာမျှော်စင် ကြီးဟာ ကမ္ဘာ့အံ့ဖွယ် ၇ခုထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ စောင်းနေလို့ အံ့ဖွယ်ထဲ မှာ ပါသွားတယ် လို့လဲ ပြောလို့ မရပါဘူး။ မစောင်းနေလဲ အံ့ဖွယ်ထဲမှာ ပါဦး မှာပါ။ ပီဆာ တာဝါကြီးဟာ Campanile (a free standing bell tower) အမျိုးအစား တာဝါ တစ်ခုပါ။ အဆိုပါ Bell Tower မှာ Steps (အဆင့်) ပေါင်း ၂၉၄ ခု ရှိပါတယ်။ အလေးချိန်အားဖြင့် မက်ထရစ်တန် ၁၄၅၀၀ တန် ရှိတယ်။ အမြင့်ကတော့ စောင်းနေတာ ဖြစ်လို့ အမြင့် ၂ခု ရှိတယ်။ အနိမ့်ဘက် အခြမ်းက 55.86 m (183.27 ft) ရှိပြီး အမြင့်ဘက် အခြမ်းက 56.70 m (186.02 ft) ရှိပါတယ်။ မျှော်စင်ကြီးက တစ်ထပ်ပြီး တစ်ထပ် တစ်ရစ်ပြီး တစ်ရစ် အပေါ်ကို သေးပြီး တက်သွား တာကြောင့် အောက်ဆုံးအထပ်က 4.09 m (13.42 ft) ကျယ်ပြီး အပေါ်ဆုံး အထပ်က 2.48 m (8.14 ft) ရှိပါတယ်။ မျှော်စင်ကြီးက ၃.၉၇ ဒီဂရီဖြင့် တိမ်းစောင်းနေတာ ဖြစ်တယ်။

မျှော်စင်ကြီးကို ၁၁၇၃ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တယ်။ တတိယအထပ် ကို ၁၁၇၈မှာ ပြီးစီးခဲ့တယ်။ အဲ့ဒီ အချိန်မှာထဲက စောင်းနေတာကို သိနေရပြီ ဖြစ်တယ်။ တတိယအထပ် အပြီးမှာ မျှော်စင်ကြီးကို ဆောက်လုပ်တဲ့ လုပ်ငန်းက ရာစုတစ်ခု စာ (နှစ် ၁၀၀) လောက် စစ်ပွဲတွေကြောင့် ရပ်နားသွားခဲ့တယ်။ ၁၂၇၂ ခုနှစ်မှာ ပြန်လည် စတင်ခဲ့တယ်။ လေးထပ်မြောက်ကို အောက်က အထပ်တွေနဲ့ မတူညီတဲ့ ထောင့် (angle) ကနေ ဆောက်လုပ်ခဲ့တယ်။ ၁၂၈၄မှာ ဆောက်လုပ်မှုကို ထပ်မံ ရပ်နားရပြန်တယ်။ ဘာလို့လဲ ဆိုတော့ ပီဆာမြို့ဟာ စစ်ပွဲမှာ Genoa ကို ရှုံးနိမ့်သွားလို့ ဖြစ်တယ်။ Bell-chamber ကို ၁၃၇၂မှာ စတင်ခဲ့တယ်။

မျှော်စင်ကြီး တိမ်းစောင်းနေတာ အောက်ခြေခံ Foundation မကောင်းခဲ့လို့ မြေကြီးထဲကို နစ်နေတာလို့ သိရှိရတယ်။ ဒါကို ပညာရှင်တွေ ဖြေရှင်းဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြတယ်။ သူတို့တွေ မအောင်မြင်တဲ့ အပြင် အခြေအနေက ပြင်လေ ဆိုးလေ ဖြစ်ခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ အောက်ခြေကို ခိုင်မာစေဖို့ စီမံကိန်းတွေ စတင်ခဲ့တယ်။ စောင်းပြီး မြင့်နေတဲ့ ဘက်က မြေအချို့ကို ဖယ်ခဲ့တယ်။ တိမ်းစောင်းမှုကို လျော့ချခဲ့တယ်။

မျှော်စင်ကြီးကို မည်သူမည်ဝါ ဒီဇိုင်းဆွဲခဲ့တယ် ဆိုတာတော့ အခုအခါမှာ အငြင်းအခုန် ဖြစ်စရာ ဖြစ်နေတယ်။ နှစ်ပေါင်းများစွာ တိုင်တိုင် မျှော်စင်ကြီးကို ၁၂ရာစု ပညာရှင် ဖြစ်တဲ့ Guglielmo and Bonanno Pisano ရဲ့ ဒီဇိုင်းပါ ဆိုပြီး သိရှိခဲ့တယ်။ သို့သော် လတ်တလော လေ့လာမှုတွေအရ Deotisalvi or Deustesalvet ကသာ တကယ့် မူရင်း ဒီဇိုင်နာ ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ ဘာပဲ ပြောပြော ကမ္ဘာ့အံ့ဖွယ် ၁ခုဖြစ်တဲ့ ပီဆာ မျှော်စင်ကြီးကို အီတလီ နိုင်ငံ ပီဆာမြို့ကို ရောက်ဖြစ်ခဲ့ရင် မရောက်မဖြစ် သွားသင့်တဲ့ နေရာ တစ်နေရာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Tea

1 comment:

Tea said...

အကြောင်းအရာ တစ်ချို့ကို www.wikipedia.com မှာ ကိုးကား ထားပါသည်။