Photobucket

Saturday, January 24, 2009

ရက်စွဲတစ်ခု

အရည်အသွေးတစ်ချို့  ၀တ်ရုံခြုံ
ထမင်းစားလတ်မှတ်တစ်ခု လက်မှာဆုတ်
ဂုဏ်သိက္ခာတစ်ခုကို ခေါင်းပေါ်တင်လို့ 
မီးရောင် ဖျိုးဖျိုးဖျက်ဖျက် အမွှန်းတင်မိန့် ခွန်းတွေကြားမှာ
နှင်ထုတ်ပွဲတစ်ခု စတင်ဖွင့်လှစ်တယ်…


စင်လှေကားထစ်အဆုံးမှာ ပစ်ချရမယ့်
ကျောင်းတော်ကြီးမှာသာ ဖြစ်တည်တဲ့ ပျိုမြစ်တဲ့ရင်ခုန်သံ
ဒီရက်စွဲတွေမှာသာ ရနိုင်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ဘဝ
ဒီနေရာမှာသာ ရှိလေ့ရှိတဲ့ အနီးကပ်စာကျက် Conference room
နေ့ စွဲတစ်ခုတပ်
ယတိပြတ် ဆုံးရှူံးတယ်…



ကျောင်းသားဂုဏ်ဒြပ်တစ်ခုအဆုံး
တာဝန်ယူတတ်မှုတွေဖဲကြိုးဖြတ်နိဒါန်းမှာ
လက်ခုတ်သြဘာသံတွေကြားကများ
ချစ်တဲ့သူငယ်ချင်းတွေ , lecture room တွေ , ဆရာတွေ နဲ့ 
ဝေးကွာခြင်းတွေကို ထောပနာ ကိုယ်စားပြုချင်တာလား…



“Graduation” ဆိုတဲ့ Poster အစား
“ ခမ်းခမ်းနားနား နှင်ထုတ်ခြင်း” လို့  နာမည်ပြောင်းကျင်းပမည်…
သူငယ်ချင်းများ မိဘစုံရာနှင့်
ကြွရောက်ချီးမြှင့်လှည့်ပါ….




5 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

အိတာရဲ့ဒီတစ်ခါကဗျာက အထူးအဆန်းလေးနော်
ခံစားသွားပါတယ်

Tea said...

ဘ၀ဆိုတာ တွေ့ကြုံဆုံကွဲ ဖြစ်နေတာ အမြဲတမ်းပါပဲ
Graduation ပြီးလို့ ခွဲရတာလည်း မထူးဆန်းပါဘူး။
:)
သီချင်းလေးနဲ့ကဗျာလေး ပေါင်းစည်းထားတာ မိုက်တယ်။

Anonymous said...

ကြေကွဲရိပ်တွေ ခံစားရတယ်...

Unknown said...

အားပါး....
အိတာရေ...
အရမ်းကောင်းတဲ့ ကဗျာလေးပဲ...
ကဗျာစပ်ထားတာက အရမ်းလှနေတယ်..
ကိုယ်တို့ရဲ့ ခံစားမူတွေနဲ့ ထပ်တူကျလိုက်တာနော်..
အမြဲတမ်းပဲ ဒီနေရာကို ဒီအချိန်မှာ
ရောက်လာရတဲ့လူတွေနဲ့
ခံစားချက်ချင်း ထပ်တူကျနေလိမ့်မယ်လို့
ယုံကြည်တယ်..
ချစ်ခြင်းဖြင့်