Photobucket

Tuesday, August 12, 2008

ပြောင်းလဲနေသောကင်မရာလောက - မျက်လုံးကင်မရာ

ဒီတစ်ခေါက်တော့ ကျွှန်တော် ကင်မရာနည်ပညာအသစ်အကြောင်တင်ပြလိုပါတယ်။ ဆေးလောကအတွက်လည်းအကျိုးဝင်သော နည်းပညာအသစ်ဖြစ်ပါတယ်။


Universit of Illinois and Northwestern University မှာရှိတဲ့ သိပ္မံပညာရှင် များသည် လူသားမျက်လုံးဆန်သော ကင်မရာကိုတီထွင်လိုက်ပါသည်။ ယင်းကင်မရာသည် ဆွဲဆန့်ထားကာ အချင်းချင်းဆက်နွယ်နေသောကွန်ယက်ပေါ်တွင်တည်ရှိသော “single-crystalline silicon detectors” ပေါ်အခြေခံထားပါတယ်။ ပုံမှန်ဆို ရိုးရိုးကင်မရာနဲ ပုံရိပ်ယူပါက ဗဟိုကျသော အစိတ်အပိုင်းများသာကြည်လင်စွာရယူနိုင်ပြီ အစွန်းမှာရှိသောအပိုင်းများကမွဲနေလေ့ရှိတတ်သည်။ ယင်း မျက်လုံးကင်မရာကတော့ ကွေးနိုင်သောကွန်ယက်တက်ကနိုလိုဂျီအသစ်ကြောင့်မိမိလိုချင်သောပုံရိပ်တခုလုံးကို focus လုပ်ယူနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ဒီတက်ကနိုလိုဂျီသည်”Terminator” ကားထဲကလို လူသားမျက်လုံးပုံတု (bionic eye)ဖန်တီးတဲနေရာမှာလည်းအထောက်အကူပြုမှာဖြစ်ပါတယ်။



အထက်ပါပုံကတော့ 256 pixel မျက်လုံးကင်မရာဖြင့်ရိုက်ယူထားသော ပုံဖြစ်ပါတယ်။ အပေါ်တစ်ခြမ်းက မျက်လုံးကင်မရာဖြင့်ရိုက်ယူထားသော 3Dမူရင်းပုံဖြစ်ပြီး အောက်ဘက်ခြမ်းကတော့2Dဖြန့်ထားသောပုံဖြစ်ပါတယ်။




ယင်းနည်းပညာသစ်ကိုထောက်ပ့သောThe National Science Foundation ကအထက်ပါပုံတွင် တွေ့ရသော အညိုရောင်အမျှင်က Silicon focal plane array ဖြစ်ပြီး ရေကြည်ရောင်အပိုင်းကတော့ လျှပ်စစ်ပစ္စည်းရှိသော စက်ဝိုင်းခြမ်းပုံ လျှပ်ကူးပစ္စည်းဖြစ်ကြောင်းဆိုပါတယ်။ အီလက်ထရောနစ်မျက်လုံးထုတ်လုပ်ချိန်တွင်ဖမ်းယူထားသောပုံဖြစ်ပါတယ်။










အထက်ကကွန်ယက်ပုံ အစိတ်အပိုင်းများကို photodetectors နဲ့ အခြားလျှပ်စ်ပစ္စည်းရှိသော သေးငယ်သောစတုရန်းအကွက်များဖြင့်တည်ဆောက်ထားပါတယ်။ ယင်းဒီဇိုင်းမျိုးကြောင့်ကင်မရာကိုလူသားမျက်လုံးတဖွယ်ကွေးနိုင်ခြင်းဖြစ်တယ်။

Silicon photodetector pixels နဲ့လျှပ်စစ်ပစ္စည်းများကို လဆန်းပုံအကွင်းများဖြင့်ချိတ်ဆက်ထားပါတယ်။ အရွယ်အစားလည်းအလွန်သေးငယ်ပြီး ၄င်းအစိတ်အပိုင်းများသည် တစ်မီတာ၏ အပုံတစ်သိန်းပုံဆယ်ပုံလောက်တာရှိပါတယ်။




အထက်ပါပုံကတော့ကင်မရာဖွဲ့စည်းထားပုံဖြစ်ပါတယ်။



မျက်လုံကင်မရာ၏တစ်ခုတည်းသော imaging lens ကိုပြထားပုံဖြစ်ပါတယ်။

ယင်းကင်မရာတည်ဆောက်ရာတွင်သုံးသောနည်းပညာကြောင့် လူသားမျက်လုံးတုတည်ဆောက်ရာတွင်အသုံဝင်မှာဖြစ်ပါတယ်။ သိပ္မပညာရှင်များသည် မျက်စိကန်းနေသူများကိုအထူးထုတ်လုပ်ထားသော computer chips နှင့် ကင်မရာကိုတပ်ဆင်စေခြင်းဖြင့် ပုံရိပ်ကိုအနည်းငယ်မြင်စေနိုင်ပါပြီ။ computer chips များသည် ကင်မရာအတွင်းဝင်လာသော အလင်းတန်းများကို ဦးနှောင့်က နားလည်နိုင်သော signal အဖြစ်ပြောင်းခြင်းဖြင့် မျက်မမြင်များအား ပုံရိပ်အနည်းငယ်မြင်စေနိုင်ပါပြီ။ ယင်းမျက်လုံးပုံ ကင်မရာများကြောင့် အလင်းတန်းများကို ပိုမိုထိရောက်စွာ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ၄င်း နည်းပညာ မြန်မြန်အောင်မြင်ပါစေလို့မျှော်လင့်ရတာပေါ့။


သိပ္ပံမောင်ပိန်

7 comments:

PP said...

ဒါကို ကြားဖူးတာတော့ ကြာပြီ။ ဘယ်လိုလုပ်မှာလဲလို့ တွေးနေတာ မှန်ဘီလူးကို ပြင်လိုက်မှာကိုး။ yayy for nanotechnology. :)

Anonymous said...

သိပ်ကောင်းတာပေါ့ဗျာ မျက်လုံးကန်းမှာ ပူတော့ဘူး ဟီး

တားမြစ် ထားသော... said...

ဗဟုသုတ အတွက်ကျေးဇူးဗျ။

မေသူပိုင် said...

ကိုပိန်ေ၇.... မေသူတို့ကတော့ အဲဒီကင်မရာအကြောင်းကို တစ်ခါမှကိုမကြားဘူးတာ။ အခုမှဘဲ ဟယ်တော် ခေတ်ကြီးကလဲတယ်တိုးတတ်နေပါလား ဆိုပြီးမေသူတို့တော့ခေတ်အတော်နောက်ကျကျန်ခဲ့ပြီ
အဲဒီလို အထူးအဆန်းလေးတွေကိုေ၇းသားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အားပေးလျက်
မေသူ

Tea said...

တယ်.. ကျုပ်ထွင်ထားတဲ့ မဟာစကြာဝဌာ မျက်လုံးကိုတော့ မှီမယ် မထင်ပါဘူးနော်.. အဲ့ဒီမျက်လုံးရဲ့ ထူးခြား ပုံတွေကို ပြောရမယ်ဆိုရင်တော့... သူက ကြိုက်သလို ကိုယ်ခန္ဓာရဲ့ နေရာမျိုးစုံမှာ တပ်လို့ ပြုလို့ ရပါတယ်။ အချိန်မရွေးလည်း ဖြုတ်လို့ ရပါတယ်။ လက်မှာတပ်မလား .. နောက်ထိပ်မှာ တပ်မလား ကြိုက်တဲ့ နေရာ ပြေပါတယ်။ အမြင် ပိုစုံလင် စေမှာ ဖြစ်လို့ ......

(မှတ်ချက် - ပိုစ့်အတွက် ကျေးဇူးတင်၏)

သိပံ္ပမောင်ပိန် said...

ကြိုက်တဲ့နေရာမှာတပ်လို့ ရတဲ့မျက်လုံး? အာရုံကြောတွေနဲဘယ်လို ဆက်ရမလဲ မသိ?

Suburban Area said...

အောင်မြင်လာမှပါ...ဟဲဟဲ ကြိုက်တဲ့နေရာတပ်ရင် ကြိုက်သလိုမြင်မှပေါ့။ကောင်းတယ်ဗျာ..ဖတ်ခွင့်ရတာ ကျေးဇူး...:D